Viser opslag med etiketten Windows 7. Vis alle opslag
Viser opslag med etiketten Windows 7. Vis alle opslag

onsdag den 22. juni 2011

ဝင်းဒိုးဆဲဗင်းပရော်ဖက်ရှင်နင်64-bit

ဝင်းဒိုးဆဲဗင်း လိုချင်တဲ့ ကျွန်တော့်ရဲ့ သူငယ်ချင်းများ အတွက် ဟောဒီမှာ ဝင်းဒိုးဆဲဗင်း ပရော်ဖက်ရှင်နယ် 64-bit ပါ။ ရှိပြီးသား သူတွေအတွက် အသုံးတည့်ချင်မှ တည့်ပါမယ်။ သို့သော် ဝင်းဒိုးဆဲဗင်း ပရော်ဖက်ရှင် အလိုရှိနေတဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းများ အတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော် တင်ပေး လိုက်တာကတော့ ဝင်းဒိုးဆဲဗင်း ပရော်ဖက်ရှင်နယ်ရဲ့ ISO ဖိုင်ဖြစ်ပါတယ်။ HJspliter နဲ့ split လုပ်ပြီး တင်လိုက်ပါတယ်။ HJspliter မရှိသေးသူတွေ အတွက်တော့ ဒီမှာ ဒေါင်းလိုက်ပါ။ ဖိုင်တွေ အားလုံး ဒေါင်းလုပ်ပြီးရင် HJSPLIT နဲ့ JOINT လုပ်ပါ။ အဲဒါဆိုရင် ISO ဖိုင်တစ်ခု ရရှိပါလိ့်မယ်။ အဲဒီ ISO ကို Burn လိုက်ပါ။ အဲဒီလို Burn တဲ့အချိန်မှာ ISO Error တက်ခဲ့တယ် ဆိုရင်တော့ FileHelper လေးနဲ့ ပြင်လိုက်ပါ။ Filehelper ကိုတော့ ဒီမှာ ယူလိုက်ပါ။ ISO Burner လည်း မရှိသေးပါဘူး ဆိုရင်တော့ ဒီမှာ ActiveISOBurner ဆိုတာရှိပါတယ်။ အောက်က လင့်ခ်တွေမှာ ဒေါင်းကြနော်။ Mediafire က ဒီနေ့မှ ရလို့ အမှားအယွင်း ရှိရင်လည်း နားလည် ပေးစေချင်ပါတယ်။ အခက်အခဲရှိရင်လည်း မေးလ်ပို့ထားကြပါ။

အဆင်ပြေပါစေ.....

Mediafire
အပိုင်း(၁)အပိုင်း(၂)အပိုင်း(၃)အပိုင်း(၄)အပိုင်း(၅)အပိုင်း(၆)အပိုင်း(၇)အပိုင်း(၈)အပိုင်း(၉)အပိုင်း(၁၀)အပိုင်း(၁၁)အပိုင်း(၁၂)အပိုင်း(၁၃)အပိုင်း(၁၄)အပိုင်း(၁၅)အပိုင်း(၁၆)အပိုင်း(၁၇)အပိုင်း(၁၈)အပိုင်း(၁၉)အပိုင်း(၂၀)အပိုင်း(၂၁)အပိုင်း(၂၂)အပိုင်း(၂၃)အပိုင်း(၂၄)အပိုင်း(၂၅)အပိုင်း(၂၆)အပိုင်း(၂၇)အပိုင်း(၂၈)အပိုင်း(၂၉)အပိုင်း(၃၀)အပိုင်း(၃၁)အပိုင်း(၃၂)အပိုင်း(၃၃)အပိုင်း(၃၄)အပိုင်း(၃၅)အပိုင်း(၃၆)အပိုင်း(၃၇)အပိုင်း(၃၈)အပိုင်း(၃၉)အပိုင်း(၄၀)အပိုင်း(၄၁)အပိုင်း(၄၂)အပိုင်း(၄၃)အပိုင်း(၄၄)အပိုင်း(၄၅)အပိုင်း(၄၆)အပိုင်း(၄၇)အပိုင်း(၄၈)အပိုင်း(၄၉)အပိုင်း(၅၀)အပိုင်း(၅၁)အပိုင်း(၅၂)အပိုင်း(၅၃)အပိုင်း(၅၄)အပိုင်း(၅၅)အပိုင်း(၅၆)အပိုင်း(၅၇)အပိုင်း(၅၈)အပိုင်း(၅၉)အပိုင်း(၆၀)အပိုင်း(၆၁)အပိုင်း(၆၂)

torsdag den 17. juni 2010

Windows and Zawgyi

ဝင်းဒိုးမှာ ဇော်ဂျီဖောင့် ကို install လုပ်တာက စပြောပေးပါ့မယ်။ XP မှာ ဆိုရင်တော့ အောက်ကပေးထားတဲ့ installer ကို Download လုပ်ပြီး run ပေးလိုက်ပါ။ Blogger day အတွက် ဆိုပြီး အမှတ်တရ ထုတ်ထားတဲ့ font and keyboard installer ဖြစ်ပါတယ်။ font ရော keyboard ရော install လုပ်ပေးမှာ ဖြစ်ပြီး၊ IE တွင် ဇော်ဂျီဖောင့် ပေါ်ရန် ပြောင်းလဲပေးခြင်း၊ အခြား installer များကဲ့သို့ password ရိုက်ပေးရမှု မရှိခြင်း၊ အခြားသော ၀င်းဒိုးမှာ ဖောင့်အတွက် ပြောင်းပေးရတဲ့ clear type ပြောင်းတာတွေ ဇော်ဂျီရွေးပေးရတာတွေကို ဒီ installer ကို run ပြီး restart လုပ်ပေးလိုက်ရုံနဲ့ အလိုလိုလုပ်ပေးပါတယ်။ အောက်မှာ ထူးခြားချက် အားလုံးကို ရေးထားပါတယ်။ ဖတ်ကြည့်ပါဦး။ ပုံအောက်က လင့်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

Image Hosting by imagefra.me

Zawgyi keyboard and font installer Download (IEZawgyiGtalkfont.exe)

အားနည်းချက်ကတော့ Vista နဲ့ Windows 7 အချို့စက်များတွင် installing မပြီးဆုံးသော ပြဿနာများကို ကြုံရပါတယ်။ ပြီးတော့ 64-bit အတွက် support မရှိပါဘူး။ အဲဒါကို ဖြေရှင်းဖို့ အရင်ဆုံး manually install အနေနဲ့ ပြောပြပါ့မယ်။ Zawgyi font Installer များ run သော်လည်း စာရိုက်လို့ မရဘူး၊ သူများရေးတာပဲ မြင်ရတယ်ဆိုသူများအတွက်ပါ။ သူများရေးတာ မြင်ရတာက မိမိမှာ ဇော်ဂျီဖောင့် ရှိနေလို့ပါ။ ကိုယ်ပြန်ရေးမရတာက မိမိ zawgyi keyboard က အဆင်မပြေဖြစ်နေလို့ပါ။ ဘာသာစကား အမျိုးမျိုးကို ရိုက်နိုင်ရန်အတွက် keyboard တွေကို add ထားလို့ ရပါတယ်။
run မှာ intal.cpl လို့ ရိုက်၍သော်လည်းကောင်း၊ သို့မဟုတ် control panel မှ Region and Language ကို နှိပ်၍သော်လည်းကောင်း သွားပါ။ ပေါ်လာတဲ့ Region and Language box မှာ အလယ် tab ဖြစ်တဲ့ keyboards and languages ကို နှိပ်ပြီး၊ change keyboards ကို နှိပ်ပါ။
Image Hosting by imagefra.me
မလိုအပ်တာများရှိနေခဲ့ရင် click နဲ့ ရွေးပြီး remove လုပ်နိုင်သလို မိမိလိုချင်တဲ့ keyboard ကိုလည်း add လုပ်နိုင်ပါတယ်။ တကယ်လို့ အောက်မှာ ပြထားတဲ့အတိုင်း zawgyi keyboards ကို run ပေးထားရဲ့ သားနဲ့ ရှိမနေခဲ့ဘူးဆိုပါစို့။ ကိုယ့်ဘာသာ ရှာပြီး add ပေးကြည့်ရအောင်။
Image Hosting by imagefra.me
ပြထားတဲ့အတိုင်း add ကို နှိပ်ပါ။ မြန်မာဘာသာ ဆိုပြီး ၀င်းဒိုးမှာ ထည့်ပေးထားခြင်း မရှိသေးတဲ့အတွက် မြန်မာဇော်ဂျီ ကီးဘုတ်များကို English (United State) အောက်မှာ ထည့်ထားပါတယ်။ ရှာပြီး check ပေးပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။
Image Hosting by imagefra.me
ခုနက add နှိပ်ခဲ့တဲ့ နေရာမှာ ဇော်ဂျီကီးဘုတ် လာဝင်နေပါပြီ။ (အခြားကီးဘုတ်တစ်ခု ထည့်ချင်တယ်ဆိုလည်း ဒီအတိုင်းပါပဲ။ ဘယ်ဘာသာစကားလဲဆိုတာကိုရှာ keyboard ဆိုတာကို check ပေးပြီး apply လိုက်ရုံပါပဲ)။ အဲဒီထည့်လိုက်တဲ့ ကီးဘုတ် အမျိုးမျိုးကို shortcut key တွေသုံးပြီး ပြောင်းရေးနိုင်အောင်အတွက် သတ်မှတ်ပေးလို့ရပါတယ်။ XP မှာတုန်းကတော့ အဲဒီ add နှိပ်ပေးရတဲ့ box ရဲ့ အောက်မှာပဲ key setting ဆိုပြီး ပါတာပါ။ Vista နဲ့ 7 အတွက်တော့ လက်ရှိပွင့်နေတဲ့ box ရဲ့ နောက်ဆုံး tab ဖြစ်တဲ့ Advanced key settings ဆိုတာကိုနှိပ်ပြီး key setting တွေ ပြောင်းပေးလို့ရပါတယ်။
Image Hosting by imagefra.me
နောက်တစ်ခုက အခုလို ဇော်ဂျီကီးဘုတ် add ပေးထားတာတောင် မိမိ taskbar မှာ keyboard icon ပေါ်မနေဘူးဆိုရင်လည်း စာရိုက်မရတာ ဖြစ်တတ်ပါတယ်။ ခုနက ဖွင့်ထားတဲ့ ဒုတိယ tab မှာ language အတွက် setting တွေ ရှိပါတယ်။ ဖတ်ကြည့်လိုက်ရင် နားလည်မှာပါ။ မိမိရဲ့ keyboard icon ကို ဘယ်မှာ ဘယ်လို ပေါ်ချင်လဲ ရွေးပေးနိုင်ပါတယ်။ တစ်နေရာရာမှာတော့ language bar ရှိမှ ကီးဘုတ်တွေပြောင်းပြီး ဘာသာအမျိုးမျိုးကိုရိုက်နိုင်မှာပါ။
Image Hosting by imagefra.me
အပေါ်ကအတိုင်း လုပ်ပေးလိုက်ရင်တော့ ဇော်ဂျီဖောင့်ကီးဘုတ်အတွက် အဆင်ပြေပြီး စာရိုက်နိုင်ပါပြီ။ ဒါပေမယ့် မိမိအသုံးပြုခဲ့တဲ့ installer နဲ့ ၀င်းဒိုး အဆင်မပြေတာရှိခဲ့ရင်တော့ ဇော်ဂျီကီးဘုတ်ကို add တဲ့အချိန်မှာ error ပြပါတယ်။ အဲဒါမျိုးဆိုရင်တော့ ဒီဝင်းဒိုးမှာ မိမိသုံးထားတဲ့ ကီးဘုတ်က ဘယ်လိုမှ အသုံးပြုလို့မရတာပါ။ (အပေါ်က manually install လုပ်ဖို့ ပြောခဲ့တာပါ။ အဆင်သင့်သုံးချင်သူများအတွက် အောက်က နည်းအတိုင်းသုံးနိုင်ပါတယ်)။ အခြို့က zawgyi အတွက်ဆိုရင် အနည်းဆုံးနှစ်မျိုးကလေ လေးမျိုးလောက်ထိ run ပေးတတ်ကြတယ်ဗျ။ အဲဒီမှာ ရှုပ်ကုန်ပြီး ပြဿနာတွေလည်း တတ်တတ်ပါတယ်။ နောက်ပြီး လက်ရှိ http://www.mandalayalpha.com/ မှာ ကီးဘုတ်အမျိုးအစား အမျိုးမျိုးနဲ့ removal တွေပါ free download ပေးပါတယ်။ ကျနော်မကြိုက်ပါဘူး။ ဘာလို့လဲတော့ မမေးနဲ့။ အပေါ်က ကျနော်ပေးခဲ့တဲ့ installer တစ်ခုထဲကိုပဲ သုံးကြည့်ပါ။ installing complete ဖြစ်တယ်ဆိုရင် သူတောင်းတဲ့အတိုင်း restart ပေးလိုက်ပါ။ နေရာတိုင်းအတွက် လုံးဝ အဆင်ပြေပါတယ်။ အကယ်၍ အခြို့ ၀င်းဒိုးမှာ installing မပြီးခဲ့ရင် အောက်က keyboard installer ကို run ပေးပါ။ (Vista နဲ့ Windows 7 မှာ ဖြစ်တတ်ပါတယ်။ 64-bit windows ဆိုရင်လည်း အခုပေးတဲ့ ကီးဘုတ်ပဲ အဆင်ပြေမှာပါ)

Zawgyi keyboard installer Download (x86 and x64-bit windows)

ကျနော်ပေးထားတာကို ဇစ်ဖြည်လိုက်ရင် Zawgyil ဆိုပြီး ဖိုဒါတွေ့လိမ့်မယ်။ အဲဒီထဲမှာ setup ဆိုတဲ့ ကမ္ဘာလုံးပုံလေးကို run ပေးပါ။ ၅ စက္ကန့် ခန့်အတွင်း complete လို့ ပြပါလိမ့်မယ်။ (loading တွေ installing တွေ ဘာမှ မပြပါဘူး)။ Finish ဆိုတာကို နှိပ်ပေးလိုက်တာနဲ့ taskbar မှာ ဇော်ဂျီကီးဘုတ် ပေါ်လာမှာ ဖြစ်ပါတယ်။ (ဒီ installer နဲ့ အလွဲအချော်ဖြစ်တာ၊ အဆင်မပြေတာ တခါမှ မတွေ့ဘူးသေးပါဘူး။ ၀င်းဒိုးအားလုံးအတွက် အဆင်ပြေပါတယ်)။ ဒီ installer က ကီးဘုတ် တစ်ခုထဲကိုသာ ထည့်သွင်းပေးတာဖြစ်လို့ ဖောင့်မပါသေးပါဘူး။ (အပေါ်က ပေးခဲ့တဲ့ installer သို့မဟုတ် အခြား Installer တွေ run ပြီးလို့ အဆင်မပြေမှ ဒါကို run တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါတစ်ခုထဲ run ထားတာ ဆိုရင်တော့ ဖောင့်ကို မိမိဘာသာ ထည့်ပေးရမှာဖြစ်ပါတယ်။

XP မှာ ဖောင့်တစ်ခုကို ထည့်သွင်းဖို့က ဖောင့်ကို copy ယူလာပြီး Control panel – Font ထဲမှာ paste ချပေးပါ။ ပြီးရင် ထည့်ပေးလိုက်တဲ့ ဖောင့်ကို double click နှိပ် (သို့) restart ချပေးမှ ဖောင့် active ဖြစ်ပါတယ်။ ဖောင့်အများကြီးကို install လုပ်ချင်တာ ဆိုရင်တော့ Control panel – Font ရဲ့ နေရာလွတ်တစ်ခုမှာ right-click လုပ်ပြီး install font ကို နှိပ်ပါ။ ပြီးရင် မိမိဖောင့်ထည့်ထားတဲ့နေရာကေို ရွေးပေးပြီး၊ select လုပ်ကာ install လို့ ပေးလိုက်လို့ရပါတယ်။

Vista နဲ့ windows 7 အတွက်တော့ အရမ်းလွယ်သွားပါပြီ။ Install လုပ်ချင်တဲ့ ဖောင့်ပေါ် right-click ထောက်ပြီး install ဆိုတာကို နှိပ်ပေးရုံပဲ။ အများကြီး install လုပ်ချင်ရင် အားလုံးကို select လုပ်ပြီး right-click ထောက် install နှိပ်ပါ။

Zawgyi font ဆိုလို့ သက်တမ်းတစ်လျှောက်မှာ ထူးခြားတဲ့ ဖောင့်တမျိုးရှိပါတယ်။ စာလုံးမှားရေးတတ်သူတွေအတွက် အတော်လေး အထောက်ကူရပါတယ်။ ဥပမာ – သုညနဲ့ ၀လုံးလိုမျိုးပေါ့။ အခြားဖောင့်တွေ အားလုံးက အတူတူပါပဲ။ အဲဒီအတွက် အလွယ်ပဲ ၀လုံးနေရာ သုညကိုပဲ ရေးလိုက်ပါတယ်။ ဒီဖောင့်မှာကျတော့ သုည အပေါက်လေး နှစ်ပေါက် လုပ်ပေးလိုက်တဲ့အတွက် ၀လုံးနဲ့ သိသိသာသာကြီး ကွာခြားသွားပါတယ်။ နောက်ပြီး “နု” ဆိုပြီးရေးမယ်ဆိုပါစို့ မိမိက န ကို အခုအတိုင်း ခြေထောက်ပါတဲ့ အရှည်ရေးမိလိုက်ရင်လည်း -ု ထည့်တဲ့ အချိန်မှာ သူ့ဘာသာ ခြေထောက်မပါတဲ့ နငယ် ဖြစ်အောင် ပြောင်းလဲပြီး နု အဖြစ်ရေးပေးသွားပါတယ်။ အထူးသဖြင့် ယရစ်တွေပေါ့။ မြန်မာစာလုံးမှာ ယရစ်တွေ အမျိုးမျိုးရှိပါတယ်။ လုံးကြီးတင်ပါ ၊ မပါ ၊ ယရစ်ကြီး၊ သေး တွေ ရှိပါတယ်။ြ-ြ-ြ-ြ- စသဖြင့်တွေ့ပါလိမ့်မယ်။ လုံးကြီးတင်ပါရဲ့သားနဲ့ အပြည့်ယရစ်နဲ့ရေးမိရင် မလှသလို၊ လုံးကြီးတင်မပါပဲနဲ့ အပွင့်နဲ့ဆိုလည်း မလှပါဘူး။ အဲလို မျိုးအတွက် ဒီဖောင့်က မိမိကြိုက်တာရေးလိုက် သူ့ဘာသာ ပြောင်းလဲသွားပေးပါတယ်။ ဒါတွေရဲ့ creator က မာ့ခ် လို့ သိရပါတယ်။ ကျနော်ပြောတာထက် အများကြီးပိုပြီး update လုပ်ထားပြီးပါပြီ။ ဒီနေရာမှာ ဖောင့်တွေအတွက် သူပြောထားတာ အများကြီးရှိပါတယ်။ လေ့လာကြည့်ပါဦး။

Zawgyi font 2009 Download

ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်တွေအတွက် အဆင်မပြေဖြစ်နေသေးသူများအတွက် ဒီပို့စ်ကို ရေးသားပါတယ်။ အစကတော့ all about of Zawgyi ဆိုပြီး ဇော်ဂျီနဲ့ other application အားလုံးအတွက်ရေးဖို့ ရည်ရွယ်တာပါ။ ပို့စ်အရမ်းရှည်သွားမှာစိုးလို့ ၀င်းဒိုးဆိုင်ရာကို တစ်ပိုင်း ပိုင်းလိုက်ပါတယ်။ ebook ထုတ်မှပဲ အားလုံးကို တစုတစည်းတည်း ပေါင်းပြီး ထည့်ပေးပါ့မယ်။ အဆင်ပြေပါစေ …. all about of zawgyi ကို နောက်ဆက်တွဲ အနေနဲ့ ရေးပါ့မယ်။ … ဟေးဟေး … ဒီလိုပြောပေါင်းများပြီ။ ဒီနေ့ကို ရေးပါ့မယ်။

Window 7 မှ ပြဿနာအချို့

Window 7 က latest ဆိုတော့ မိမိ ပတ်ဝန်းကျင်က လူတိုင်းနီးပါး သုံးစွဲနေကြလေရဲ့။ ဟိုကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 ၊ ဒီကွန်ပျူတာ ကြည့်လိုက်ရင်လဲ Window 7 နဲ့။ တော်တော်ကို တွင်တွင်ကျယ်ကျယ် သုံးနေကြ၏။ ကောင်းသည်။ ကြိုက်သည် စသဖြင့် တုံ့ပြန်သံများ ကြားရ၏။

" စိတ်ညစ်တယ်။ ဆော့ဝဲလ်တိုင်းလဲ တင်လို့ မရတော့ပါလား။ ခက်တာက ငါတို့သုံးနေတာတွေက Version နိမ့်နေတယ်။ " အယ်။ ဘယ်လို ဖြစ်ကြတာတုန်း။ အသံတွေကလဲ အရင်က ကောင်းသည်ဟု ဆိုကြပြီး အခုမှ ဘာဖြစ်ကြရပြန်တာတုန်း။ Negative အသံများ ကြားရ၏။

မကြာပါ။ မိမိဆီ ရောက်လာကြသည်။ ပြဿနာကို မေးကြည့်တော့ သူတို့ Printer Software က Window 7 ကို Support မလုပ်ကြောင်း၊ Window XP SP 1,2,3 တို့တွင်သာ Support လုပ်ကြောင်း၊ ဒါကြောင့် ဆော့ဝဲလ်တင်ရာတွင် လက်မခံကြောင်း ရှင်းပြကြ၏။ မိမိက Window 7 ကို မသုံးတော့ သေချာ မပြောပြနိုင်။ ဒါနဲ့ ထုံးစံအတိုင်း Google တွင် ရှာဖွေရေး ဆင်းလိုက်သည်။ တွေ့ပါပြီ။

တွေ့သည့်နည်းအတိုင်း လုပ်လိုက်တာ အဆင်ပြေခဲ့ပါ၏။ စာဖတ်သူများလဲ Window 7 ကြောင့် ဆော့ဝဲလ်များ Installation လုပ်ရာမှာ အခက်အခဲရှိလျှင် အသုံးပြုနိုင်ရန် ဖော်ပြလိုက်သည်။

(၁) Install လုပ်ချင်သည့် ဆော့ဝဲလ်၏ icon ကို Right Click လုပ်၍ Properties ကို ဖွင့်ပါ။
(၂) Box ကျလာလျှင် Compatibility tab ကို ရွေးပါ။

(၃) Run this program in compatibility mode for: ကို အမှန်ခြစ်ပေးပါ။
(၄) Window XP (Service Pack 3) သို့မဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
(၅) Apply လုပ် Ok ။
(၆) မိမိ Install လုပ်ချင်သည့် ဆော့ဝဲလ် Setup.exe ဖိုင်ကို ပြန်ဖွင့်ပြီး Install လုပ်နိုင်ပါပြီ။ အဆင်ပြေ လိမ့်မည်ဟု မျှော်လင့်ရင်း။

(Ref: http://www.sevenforums.com)

fredag den 28. maj 2010

Windows 7 Loader v1.8

ဒါကတော့ Windows 7 Loader v1.8 လေးဖြစ်ပါတယ် ဒီဆော့လ်ဝဲ ကတော့ window 7 တွေကို full activate လုပ်ပေးတဲ့ ဆော့လ်ဝဲလေး ဆိုတာကို သိကြမှာပါ ကျွန်တော်တို့ သုံးတဲ့ဝင်းဒိုး window 7 တွေဟာ full activate မရပါဘူး အဲ့ဒါကြောင့် ဒီ Windows 7 Loader v1.8 လေးနဲ့ သုံးလိုက်ရင် full activate ဖြစ်သွားပါပြီး လိုရင်အောက်မှာယူလိုက်ပါ။

Download ifile.it Download mediafire
source:ညီနေမင်း

lørdag den 15. maj 2010

Lock/Unlock Download

ကျွန်တော်ဒီရက်ပိုင်းအတွင်းမအားတာနဲ့ ပိုစ့်တွေမတင်ဖြစ်ဘူးဗျ...ဘလော့ကိုတော့
Check မိတယ်...ဒါကိုလည်းနားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ဒီနေ့ 
ပဲသူငယ်ချင်းအိမ်မှာ ကွန်ပြူတာသွားကြည့်တယ်သူခေါ်လို့ .....ဘာတစ်ခုမှဒေါင်း
လို့ မရဘူးတဲဗျ...ကြည့်လိုက်တော့ဒေါင်းလော့လုပ်ဖို့ သော့ခတ်ထားတယ်...အဲဒါ
သော့ပြန်ဖြုတ်ပေးလိုက်တယ်..ဒါနဲ့ ရသွားတာပေါ့ဗျာ...စာဖတ်သူငယ်ချင်းများ
လည်းအခုလိုဖြစ်ရင်ပြင်ရအောင်ဆိုပြီး ပိုစ့်လေးနဲ့ တင်ပေးလိုက်တယ်....လုပ်နည်း
ကတော့.....

ပထမဦးဆုံး Enternet Explorer ကိုဖွင့်ပါ..ပြီးလျှင် Tools>Internet Options
ကိုသွားပါ။

ပြီးလျှင် Security>Custom Level... ကိုသွားပါ။

သွားပြီးလျှင် File Download ဆိုတာကိုရှာပြီး Enable လုပ်ပေးလိုက်ပါ။
ပြီးရင် OK ကိုနှိပ်ပါ။

source:ကိုကြီး

mandag den 5. april 2010

Windows 7 တွင် Crack ဖြည်ရသော Software နှင့် Game အချို့ ပြဿနာအနည်းငယ်ရှိ

Windows 7 တွင် Crack ဖိုင်ဖြည်ရသော Software အချို့နှင့် Game အချို့သွင်းရာတွင် အခက်အခဲအနည်းငယ်ရှိကြောင်း သိရသည်။

အချို့ Game များသွင်းရာတွင် .exe file မရှိကြောင်း Message ပြသည်ကိုတွေ့ရသည်။ “ကျွန်တော် Game ခွေတစ်ခွေသွင်းဖို့လုပ်တော့ အဲ့ဒီ Game က Auto run တက်လာပါတယ်။ install လုပ်တော့ .exe မပါဘူးလို့ Message ပြပါတယ်။ အဲ့ဒါနဲ့ ကျွန် တော်လည်း အခွေဝယ်တဲ့ဆိုင်မှာသွားလဲတော့ ဆိုင်ကစမ်းပြပါတယ်။ သူတို့ဆီမှာကျတော့ ရတယ်။ အဲ့ဒါနဲ့ဆိုင်ကလဲ နောက်တစ်ခွေလဲပြီးပြန်လာတော့ အဲ့ဒီအတိုင်းပဲဖြစ်နေပါတယ်။ ဆိုင်ကိုဖုန်းဆက်တော့ ဆိုင်က Windows 7 သုံးတာလားလို့မေးပါတယ်။ ကျွန်တော်လည်း Windows 7 တင်ထားတာ ဟုတ်ပါတယ်လို့ပြောတော့ ဆိုင်က User account ထဲက never notify ကိုလျှော့ချဖို့ပြောပါတယ်။ Never Notify ကိုလျှော့ချပြီး သုံးတဲ့အခါကျတော့ သွင်းလို့ရသွားတယ်” လို့ Windows 7 အသုံးပြုသူ လူငယ်တစ်ဦးမှပြောပြသည်။ “ကျွန်တော်တို့ဆိုင်မှာရှိတဲ့ Software အချို့နဲ့ Game အချို့မှာ အဲဒီလိုပဲ ပြဿနာတက်လို့ပြန်လာတဲ့သူတွေ တွေ့ရပါတယ်။ Windows 7 မှာက အဲ့ဒီ Crack ဖိုင်ဖြည်ရတဲ့ Software အချို့နဲ့ Game အချို့ကို နည်းနည်းပိတ်ထားပါတယ်။ ပြီးတော့ အချို့ Software တွေဆိုရင်သွင်းပြီး Run လို့မရတာလဲရှိပါတယ်။ အဲဒီအခါကျရင် Software ကို Run as administrator ဒါမှမဟုတ် Software ရဲ့ properties ထဲက compatibility mode ထဲမှ windows mode ကိုပြောင်းသုံးရင်လည်း အဆင်ပြေသွားတတ်ပါတယ်” လို့ National CD မှကိုမိုးမင်းဟိန်းမှပြောပြသည်။
“Windows 7 က security ပိုင်းမှာ လုံခြုံတယ်လို့ဆိုရမှာဖြစ်တယ်။ Windows 7 ကို ဘာပဲလုပ်လုပ် သေချာရဲ့လားဆိုတာကို proof လုပ်ပါတယ်။ သေချာမှသာခွင့်ပေးပြီး အချို့ Crack ဖြည့်တဲ့ Software တွေကိုသွင်းဖို့ကော၊ သုံးဖို့ပါ နည်းနည်းခက်ခဲနိုင်ပါတယ်။ အသုံးပြုတဲ့ user အချို့ကလည်း အဲဒီလို Windows 7 ကမေးနေတာကို မကြိုက်ကြပါဘူး။ File မှားပြီး ဖွင့်မိတဲ့အခါမှာဆိုရင်တော့ သူကအဆင်ပြေပါတယ်။ ပြီးတော့ online သုံးတဲ့သူတွေအတွက်ဆိုရင် ဒီလိုမေးတာက ဖြစ်သင့်ပါတယ်။ ဥပမာ- ကိုယ်က download ဆွဲထားတာတွေကို zip ဖိုင်နဲ့ရတဲ့အခါ တကယ်ဖြည်မှာလား မဖြည်ဘူးလားဆိုတာမျိုးမှာ မေးတတ်ပါတယ်။ Virus တွေဆိုတာ online ကတဆင့် အလွယ်တကူကူးတာဖြစ်လို့ သတိထားပြီးဖွင့်နိုင်တဲ့အတွက် အဆင်ပြေမှာဖြစ်ပါတယ်။ အကယ်၍ ကိုယ်ကဒီဖိုင်က virus မဟုတ်တာသေချာတယ်ဆိုရင် control panel ထဲက user account ပြီးတော့ change user account control setting မှ never notify လုပ်ထားပြီး Software ကိုသွင်းပြီးရင် Always Notify ပြန်လုပ်ရင် အဆင်ပြေနိုင်ပါတယ်။ Software သွင်းပြီး တဲ့အပြင် နောက်ပိုင်းကျရင်လည်း Windows က သေချာမသေချာမေးမှာဖြစ်တဲ့အတွက် သုံးတဲ့အခါ သတိထားပြီးသုံးနိုင်ပါတယ်လို့” MRS မှကိုဇော်လှိုင်ဘွားမှရှင်းပြသည်။

onsdag den 17. marts 2010

How To Disable Search In Windows 7

ကဲ့ဒီနေ့တော့ Windows 7 မှာ Search တွေကို Disable လုပ်တဲ့နည်းလေးပါ။ ကျွန်တော်ပြောချင်တာက Start Menu အပေါ်က Search ပါတခါထဲပြောက်သွားပါ့မယ်ခင်ဗျား။ ပထမဦးဆုံး Start Menu ကိုသွားပြီး Control Panel ကိုသွားပါ။ ပြီးရင် Programs and Features ကိုသွားပါ။
ပြီးရင် Programs တွေကို Uninstall လုပ်နိုင်တဲ့ Windows ကြလာပြီး ဘယ်ဘာက်ထောင့် အပေါ်ဆုံးက Turn Windows features on or off ကိုသွားလိုက်ပါ။
ပြီးရင် ခဏစောင့်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီထဲမှာ Features တွေများတယ်ဆိုတော့ နဲနဲ Loading Time ကြာပါတယ်။ နောက်ပြီး Folders တွေ တန်းစိပြီး ကြလာပါ့မယ်ခင်ဗျား။ ပြီးရင် ဟို့ အောက်ဆုံးကို Scroll Down ဆွဲချလိုက်ပါ။ ပြီးရင် Windows Search ဆိုတဲ့ Folder ကိုတွေ့ရင် အမှတ်ချစ်ထားတာ တွေ့ရင် ပြန်ပြီး ဖြုတ်လိုက်ပါ။
အပေါ်က အမှတ်ချစ်ထားတာကို ဖြုတ်လိုက်တာနဲ့ အောက်မှာ ပြထားတဲ့ ပုံအတိုင်း Alert ပေါ်လာပါ့မယ်ခင်ဗျား။ အဲ့ဒီ Alert ကလဲ ဘာမှ မဟုတ်ပါဘူး။ သူပြောတာက ဒီ Windows Search ကို Disable လုပ်ရင် အခြားသော အစိတ် အပိုင်းမှာ ရှိတဲ့ Features တွေကို ပါ ထိခိုက်စေပါတယ်တဲ့။ ဒါပေမဲ့ စိတ်မပူပါနဲ့ လုပ်သာလုပ်လိုက်ပါ။
ပြီးရင် Ok ကိုဘဲဆက်နှိပ်လိုက်ပါ။ နောက်တခါ Ok ကိုဆက်နှိပ်ရင် သူအလုပ်လုပ်နေတာကို တွေ့ရပါ့မယ်ခင်ဗျား။ အဲ့ဒါကိုလဲ ခဏစောင့်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ Features ကို Enable လုပ်နေလို့ပါ။
အားလုံးပြီးသွားရင်တော့ Restart Now ဆိုတာကိုပြောပါ့မယ်။ ဘာဖြစ်လို့ Restart လုပ်ရတဲ့ဆိုတော့ ကျွန်တော်တို့ Windows Search ကို ရဖို့ အတွက်ပါ။ Restart လုပ်ပြီး ရင် Search Menu လို့ ၊ Search တို့မှာ ဘာမှ မတွေ့ရတာကိုတွေ့ရပါ့မယ်။

mandag den 15. marts 2010

Window 7 Keyboard Shortcuts

Window Seven သုံးနေတာ အခုထိတော့ ပြဿနာ မတွေ့သေးဘူး။ သုံးလို့လဲ ကောင်းနေတုန်းပဲ။ အခု သုံးနေတဲ့ Window 7 က Activated Key တောင်းတယ်။ ဆိုင်က ၀ယ်တုန်းကတော့ ကီး(၅)ခု ပါလာတယ်။ အင်တာနက် ချိတ်ဆက်ပြီး Activate လုပ်ရတယ်။ ကွန်မကောင်းရင် အပြည့်သုံးဖို့ မလွယ်လှဘူး။ အခု ခွေအသစ်တစ်ခု ရထားတယ်။ သူငယ်ချင်းတစ်ယောက်က ၀ယ်ထားတာ။ Full Version လို့ ဆိုတာပဲ။ ကီးလဲ မတောင်းဘူးတဲ့။တောင်းပြီး ထပ်တင်ကြည့်မလားလို့ စိတ်ကူးမိတယ်။ အခုကတော့ English Site တော်တော်များများမှာ Window 7 ရဲ့ ကောင်းကွက်တွေ၊ အသုံးဝင်ပုံတွေ ရေးထားတာတွေ့ရတယ်။ မိမိကလဲ အင်္ဂလိပ်စာ ခပ်ကျွမ်းကျွမ်းဆိုတော့ ဟီး။ Window 7 Keyboard Shortcuts တစ်ချို့တော့ ရလာတယ်။
Win+Home: Clear all but the active window
Win+Space: All windows become transparent so you can see through to the desktop
Win+Up arrow: Maximize the active window
Win+Down arrow: Minimize the active window or restore the window if it's maximized
Win+Left/Right arrows: Dock the active window to each side of the monitor
Win+Shift+Left/Right arrows: If you've got dual monitors, this will move the active window to the adjacent monitor
Win+T: Shift focus to and scroll through items on the taskbar
Win+P: Adjust presentation settings for your display
Win+(+/-): Zoom in/out
Shift+Click a taskbar item: Open a new instance of that particular application

သုံးကြည့်ပေါ့။ ကောင်းတာတွေ ပါပါတယ်။ မိမိတော့ သုံးကြည့်နေတယ်။

source:မောင်စေတနာ

søndag den 7. marts 2010

Window 7 Screen Keyboard

Window 7 မှာပါတဲ့ Screen Keyboardလေးပါခင်ဗျာ......သိပြီးတဲ့သူတွေလည်းရှိကြမှာပါ ဘယ်လိုဖွင့်ရမလဲဆိုတော့
Start>Search မှာ On-Screen Keyboard ရိုက်ပြီး Enter ခေါက်လိုက်..ပေါ်လာလိမ့်မယ်။
ပျော်ရွှင်စေဗျာ......

søndag den 28. februar 2010

Windows and Zawgyi

ဝင်းဒိုးမှာ ဇော်ဂျီဖောင့် ကို install လုပ်တာက စပြောပေးပါ့မယ်။ XP မှာ ဆိုရင်တော့ အောက်ကပေးထားတဲ့ installer ကို Download လုပ်ပြီး run ပေးလိုက်ပါ။ Blogger day အတွက် ဆိုပြီး အမှတ်တရ ထုတ်ထားတဲ့ font and keyboard installer ဖြစ်ပါတယ်။ font ရော keyboard ရော install လုပ်ပေးမှာ ဖြစ်ပြီး၊ IE တွင် ဇော်ဂျီဖောင့် ပေါ်ရန် ပြောင်းလဲပေးခြင်း၊ အခြား installer များကဲ့သို့ password ရိုက်ပေးရမှု မရှိခြင်း၊ အခြားသော ၀င်းဒိုးမှာ ဖောင့်အတွက် ပြောင်းပေးရတဲ့ clear type ပြောင်းတာတွေ ဇော်ဂျီရွေးပေးရတာတွေကို ဒီ installer ကို run ပြီး restart လုပ်ပေးလိုက်ရုံနဲ့ အလိုလိုလုပ်ပေးပါတယ်။ အောက်မှာ ထူးခြားချက် အားလုံးကို ရေးထားပါတယ်။ ဖတ်ကြည့်ပါဦး။ ပုံအောက်က လင့်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Image Hosting by imagefra.me

Zawgyi keyboard and font installer Download (IEZawgyiGtalkfont.exe)
အားနည်းချက်ကတော့ Vista နဲ့ Windows 7 အချို့စက်များတွင် installing မပြီးဆုံးသော ပြဿနာများကို ကြုံရပါတယ်။ ပြီးတော့ 64-bit အတွက် support မရှိပါဘူး။ အဲဒါကို ဖြေရှင်းဖို့ အရင်ဆုံး manually install အနေနဲ့ ပြောပြပါ့မယ်။  Zawgyi font Installer များ run သော်လည်း စာရိုက်လို့ မရဘူး၊ သူများရေးတာပဲ မြင်ရတယ်ဆိုသူများအတွက်ပါ။ သူများရေးတာ မြင်ရတာက မိမိမှာ ဇော်ဂျီဖောင့် ရှိနေလို့ပါ။ ကိုယ်ပြန်ရေးမရတာက မိမိ zawgyi keyboard က အဆင်မပြေဖြစ်နေလို့ပါ။ ဘာသာစကား အမျိုးမျိုးကို ရိုက်နိုင်ရန်အတွက် keyboard တွေကို add ထားလို့ ရပါတယ်။
run မှာ intal.cpl လို့ ရိုက်၍သော်လည်းကောင်း၊ သို့မဟုတ် control panel မှ Region and Language ကို နှိပ်၍သော်လည်းကောင်း သွားပါ။ ပေါ်လာတဲ့ Region and Language box မှာ အလယ် tab ဖြစ်တဲ့ keyboards and languages ကို နှိပ်ပြီး၊ change keyboards ကို နှိပ်ပါ။
Image Hosting by imagefra.me
မလိုအပ်တာများရှိနေခဲ့ရင် click နဲ့ ရွေးပြီး remove လုပ်နိုင်သလို မိမိလိုချင်တဲ့ keyboard ကိုလည်း add လုပ်နိုင်ပါတယ်။ တကယ်လို့ အောက်မှာ ပြထားတဲ့အတိုင်း zawgyi keyboards ကို run ပေးထားရဲ့ သားနဲ့ ရှိမနေခဲ့ဘူးဆိုပါစို့။ ကိုယ့်ဘာသာ ရှာပြီး add ပေးကြည့်ရအောင်။
Image Hosting by imagefra.me
ပြထားတဲ့အတိုင်း add ကို နှိပ်ပါ။ မြန်မာဘာသာ ဆိုပြီး ၀င်းဒိုးမှာ ထည့်ပေးထားခြင်း မရှိသေးတဲ့အတွက် မြန်မာဇော်ဂျီ ကီးဘုတ်များကို English (United State) အောက်မှာ ထည့်ထားပါတယ်။ ရှာပြီး check ပေးပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။
Image Hosting by imagefra.me
ခုနက add နှိပ်ခဲ့တဲ့ နေရာမှာ ဇော်ဂျီကီးဘုတ် လာဝင်နေပါပြီ။ (အခြားကီးဘုတ်တစ်ခု ထည့်ချင်တယ်ဆိုလည်း ဒီအတိုင်းပါပဲ။ ဘယ်ဘာသာစကားလဲဆိုတာကိုရှာ keyboard ဆိုတာကို check ပေးပြီး apply လိုက်ရုံပါပဲ)။ အဲဒီထည့်လိုက်တဲ့ ကီးဘုတ် အမျိုးမျိုးကို shortcut key တွေသုံးပြီး ပြောင်းရေးနိုင်အောင်အတွက် သတ်မှတ်ပေးလို့ရပါတယ်။ XP မှာတုန်းကတော့ အဲဒီ add နှိပ်ပေးရတဲ့ box ရဲ့ အောက်မှာပဲ key setting ဆိုပြီး ပါတာပါ။ Vista နဲ့ 7 အတွက်တော့ လက်ရှိပွင့်နေတဲ့ box ရဲ့ နောက်ဆုံး tab ဖြစ်တဲ့ Advanced key settings ဆိုတာကိုနှိပ်ပြီး key setting တွေ ပြောင်းပေးလို့ရပါတယ်။
Image Hosting by imagefra.me
နောက်တစ်ခုက အခုလို ဇော်ဂျီကီးဘုတ် add ပေးထားတာတောင် မိမိ taskbar မှာ keyboard icon ပေါ်မနေဘူးဆိုရင်လည်း စာရိုက်မရတာ ဖြစ်တတ်ပါတယ်။ ခုနက ဖွင့်ထားတဲ့ ဒုတိယ tab မှာ language အတွက် setting တွေ ရှိပါတယ်။ ဖတ်ကြည့်လိုက်ရင် နားလည်မှာပါ။ မိမိရဲ့ keyboard icon ကို ဘယ်မှာ ဘယ်လို ပေါ်ချင်လဲ ရွေးပေးနိုင်ပါတယ်။ တစ်နေရာရာမှာတော့ language bar ရှိမှ ကီးဘုတ်တွေပြောင်းပြီး ဘာသာအမျိုးမျိုးကိုရိုက်နိုင်မှာပါ။
Image Hosting by imagefra.me
အပေါ်ကအတိုင်း လုပ်ပေးလိုက်ရင်တော့ ဇော်ဂျီဖောင့်ကီးဘုတ်အတွက် အဆင်ပြေပြီး စာရိုက်နိုင်ပါပြီ။ ဒါပေမယ့် မိမိအသုံးပြုခဲ့တဲ့ installer နဲ့ ၀င်းဒိုး အဆင်မပြေတာရှိခဲ့ရင်တော့ ဇော်ဂျီကီးဘုတ်ကို add တဲ့အချိန်မှာ error ပြပါတယ်။ အဲဒါမျိုးဆိုရင်တော့ ဒီဝင်းဒိုးမှာ မိမိသုံးထားတဲ့ ကီးဘုတ်က ဘယ်လိုမှ အသုံးပြုလို့မရတာပါ။ (အပေါ်က manually install လုပ်ဖို့ ပြောခဲ့တာပါ။ အဆင်သင့်သုံးချင်သူများအတွက် အောက်က နည်းအတိုင်းသုံးနိုင်ပါတယ်)။ အခြို့က zawgyi အတွက်ဆိုရင် အနည်းဆုံးနှစ်မျိုးကလေ လေးမျိုးလောက်ထိ run ပေးတတ်ကြတယ်ဗျ။ အဲဒီမှာ ရှုပ်ကုန်ပြီး ပြဿနာတွေလည်း တတ်တတ်ပါတယ်။ နောက်ပြီး လက်ရှိ http://www.mandalayalpha.com/ မှာ ကီးဘုတ်အမျိုးအစား အမျိုးမျိုးနဲ့ removal တွေပါ  free download ပေးပါတယ်။ ကျနော်မကြိုက်ပါဘူး။ ဘာလို့လဲတော့ မမေးနဲ့။ အပေါ်က ကျနော်ပေးခဲ့တဲ့ installer တစ်ခုထဲကိုပဲ သုံးကြည့်ပါ။ installing complete ဖြစ်တယ်ဆိုရင် သူတောင်းတဲ့အတိုင်း restart ပေးလိုက်ပါ။ နေရာတိုင်းအတွက် လုံးဝ အဆင်ပြေပါတယ်။ အကယ်၍ အခြို့ ၀င်းဒိုးမှာ installing မပြီးခဲ့ရင် အောက်က keyboard installer ကို run ပေးပါ။ (Vista နဲ့ Windows 7 မှာ ဖြစ်တတ်ပါတယ်။ 64-bit windows ဆိုရင်လည်း အခုပေးတဲ့ ကီးဘုတ်ပဲ အဆင်ပြေမှာပါ)
Zawgyi keyboard installer Download (x86 and x64-bit windows)
ကျနော်ပေးထားတာကို ဇစ်ဖြည်လိုက်ရင် Zawgyil ဆိုပြီး ဖိုဒါတွေ့လိမ့်မယ်။ အဲဒီထဲမှာ setup ဆိုတဲ့ ကမ္ဘာလုံးပုံလေးကို run ပေးပါ။ ၅ စက္ကန့် ခန့်အတွင်း complete လို့ ပြပါလိမ့်မယ်။ (loading တွေ installing တွေ ဘာမှ မပြပါဘူး)။ Finish ဆိုတာကို နှိပ်ပေးလိုက်တာနဲ့ taskbar မှာ ဇော်ဂျီကီးဘုတ် ပေါ်လာမှာ ဖြစ်ပါတယ်။ (ဒီ installer နဲ့ အလွဲအချော်ဖြစ်တာ၊ အဆင်မပြေတာ တခါမှ မတွေ့ဘူးသေးပါဘူး။ ၀င်းဒိုးအားလုံးအတွက် အဆင်ပြေပါတယ်)။ ဒီ installer က ကီးဘုတ် တစ်ခုထဲကိုသာ ထည့်သွင်းပေးတာဖြစ်လို့ ဖောင့်မပါသေးပါဘူး။ (အပေါ်က ပေးခဲ့တဲ့ installer သို့မဟုတ် အခြား Installer တွေ run ပြီးလို့ အဆင်မပြေမှ ဒါကို run တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါတစ်ခုထဲ run ထားတာ ဆိုရင်တော့ ဖောင့်ကို မိမိဘာသာ ထည့်ပေးရမှာဖြစ်ပါတယ်။
XP မှာ ဖောင့်တစ်ခုကို ထည့်သွင်းဖို့က ဖောင့်ကို copy ယူလာပြီး Control panel – Font ထဲမှာ paste ချပေးပါ။ ပြီးရင် ထည့်ပေးလိုက်တဲ့ ဖောင့်ကို double click နှိပ် (သို့) restart ချပေးမှ ဖောင့် active ဖြစ်ပါတယ်။ ဖောင့်အများကြီးကို install လုပ်ချင်တာ ဆိုရင်တော့ Control panel – Font ရဲ့ နေရာလွတ်တစ်ခုမှာ right-click လုပ်ပြီး install font ကို နှိပ်ပါ။ ပြီးရင် မိမိဖောင့်ထည့်ထားတဲ့နေရာကေို ရွေးပေးပြီး၊ select လုပ်ကာ install လို့ ပေးလိုက်လို့ရပါတယ်။
Vista နဲ့ windows 7 အတွက်တော့ အရမ်းလွယ်သွားပါပြီ။ Install လုပ်ချင်တဲ့ ဖောင့်ပေါ် right-click ထောက်ပြီး install ဆိုတာကို နှိပ်ပေးရုံပဲ။ အများကြီး install လုပ်ချင်ရင် အားလုံးကို select လုပ်ပြီး right-click ထောက် install နှိပ်ပါ။
Zawgyi font ဆိုလို့ သက်တမ်းတစ်လျှောက်မှာ ထူးခြားတဲ့ ဖောင့်တမျိုးရှိပါတယ်။ စာလုံးမှားရေးတတ်သူတွေအတွက် အတော်လေး အထောက်ကူရပါတယ်။ ဥပမာ – သုညနဲ့ ၀လုံးလိုမျိုးပေါ့။ အခြားဖောင့်တွေ အားလုံးက အတူတူပါပဲ။ အဲဒီအတွက် အလွယ်ပဲ ၀လုံးနေရာ သုညကိုပဲ ရေးလိုက်ပါတယ်။ ဒီဖောင့်မှာကျတော့ သုည အပေါက်လေး နှစ်ပေါက် လုပ်ပေးလိုက်တဲ့အတွက် ၀လုံးနဲ့ သိသိသာသာကြီး ကွာခြားသွားပါတယ်။ နောက်ပြီး “နု” ဆိုပြီးရေးမယ်ဆိုပါစို့ မိမိက  န ကို အခုအတိုင်း ခြေထောက်ပါတဲ့  အရှည်ရေးမိလိုက်ရင်လည်း  -ု ထည့်တဲ့ အချိန်မှာ သူ့ဘာသာ ခြေထောက်မပါတဲ့ နငယ် ဖြစ်အောင် ပြောင်းလဲပြီး နု အဖြစ်ရေးပေးသွားပါတယ်။ အထူးသဖြင့် ယရစ်တွေပေါ့။ မြန်မာစာလုံးမှာ ယရစ်တွေ အမျိုးမျိုးရှိပါတယ်။ လုံးကြီးတင်ပါ ၊ မပါ ၊ ယရစ်ကြီး၊ သေး တွေ ရှိပါတယ်။ြ-ြ-ြ-ြ-        စသဖြင့်တွေ့ပါလိမ့်မယ်။ လုံးကြီးတင်ပါရဲ့သားနဲ့ အပြည့်ယရစ်နဲ့ရေးမိရင် မလှသလို၊ လုံးကြီးတင်မပါပဲနဲ့ အပွင့်နဲ့ဆိုလည်း မလှပါဘူး။ အဲလို မျိုးအတွက် ဒီဖောင့်က မိမိကြိုက်တာရေးလိုက် သူ့ဘာသာ ပြောင်းလဲသွားပေးပါတယ်။ ဒါတွေရဲ့ creator က မာ့ခ် လို့ သိရပါတယ်။ ကျနော်ပြောတာထက် အများကြီးပိုပြီး update လုပ်ထားပြီးပါပြီ။ ဒီနေရာမှာ ဖောင့်တွေအတွက် သူပြောထားတာ အများကြီးရှိပါတယ်။ လေ့လာကြည့်ပါဦး။
Zawgyi font 2009 Download
ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်တွေအတွက် အဆင်မပြေဖြစ်နေသေးသူများအတွက် ဒီပို့စ်ကို ရေးသားပါတယ်။ အစကတော့ all about of Zawgyi ဆိုပြီး ဇော်ဂျီနဲ့ other application အားလုံးအတွက်ရေးဖို့ ရည်ရွယ်တာပါ။ ပို့စ်အရမ်းရှည်သွားမှာစိုးလို့ ၀င်းဒိုးဆိုင်ရာကို တစ်ပိုင်း ပိုင်းလိုက်ပါတယ်။ ebook ထုတ်မှပဲ အားလုံးကို တစုတစည်းတည်း ပေါင်းပြီး ထည့်ပေးပါ့မယ်။ အဆင်ပြေပါစေ …. all about of zawgyi ကို နောက်ဆက်တွဲ အနေနဲ့ ရေးပါ့မယ်။ … ဟေးဟေး … ဒီလိုပြောပေါင်းများပြီ။ ဒီနေ့ကို ရေးပါ့မယ်။
source:သံလုံငယ်

ကမ္ဘာ့အမြန်ဆုံး browser ဖြစ်လာမည့် Opera 10.5

ကမ္ဘာ့အမြန်ဆုံး browser ဖြစ်လာမယ့် Opera 10.5 beta ကို Opera Software မှ မကြာခင်ရက်ပိုင်းက ထုတ်လုပ်လိုက်ကြောင်း သိရပါတယ်။အဆိုပါ browser တွင် JavaScript engine သစ်ကိုအသုံးပြုထားပြီး Computerworld မှ စမ်းသပ်အသုံးပြုချက်အရ ၎င်းဟာ လက်ရှိထိပ်တန်း browser များဖြစ်တဲ့ Safari ထက် ၁၅ ရာခိုင်နှုန်း၊ Google Chrome ထက် ၂၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်ကာ Mozilla Firefox 3.6 ထက် နှစ်ဆပိုမိုမြန်ဆန်ပြီး Microsoft ရဲ့ Internet Explorer 8 ထက် ဆယ်ဆပိုမိုမြန်ဆန်ကြောင်း သိရပါတယ်။ Opera 10.5 တွင် Carakan လို့ခေါ်တဲ့ JavaScript engine ကိုအသုံးပြုထားပြီး browser အတွင်းရှိ graphic ဖော်ပြမှုများကိုထိန်းချုပ်နိုင်မယ့် Vega ကိုမြှင့်တင်ပေးထားကာ ၎င်းအနေဖြင့် Opera 10.10 ထက် graphic လုပ်ဆောင်မှုကို သုံးဆပိုမိုလျင်မြန်စွာ ပြုလုပ်နိုင်စေမှာဖြစ်ကြောင်း သိရပါတယ်။ Windows 7 ရဲ့ Aero Peek နဲ့ Jump List feature တို့ကိုထောက်ပံ့ပေးနိုင်ပြီး interface ကို ပြင်ဆင်ပေးထားတယ်လို့ဆိုပါတယ်။ Opera 10.5 beta ကို Windows တွင်သာအသုံးပြုနိုင်သေးပြီး Final ဗားရှင်းထုတ်လုပ်မယ့်ရက်ကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။
source:mminternetjournal

Windows Phone 7 တွင် Xbox Live ဖြင့် ချိတ်ဆက်ကစားနိုင်မည်

Microsoft မှ အသစ်မိတ်ဆက်ပြသခဲ့တဲ့ Windows Phone 7 Series mobile operating system တွင် Xbox Live ဂိမ်းများကိုကစားနိုင်မည့် စနစ်များပါဝင်လာကြောင်း သိရပါတယ်။ Microsoft ရဲ့အဆိုအရ WP7 တွင် ဖုန်းမှတဆင့် Xbox Live ကစားနိုင်ခြင်းကို ပထမဦးဆုံးအနေဖြင့် ထည့်သွင်းပေးထားခြင်းဖြစ်သည့်အပြင် Spotlight ကဏ္ဍနဲ့ ဂိမ်းကစားသူတွေရဲ့ပုံရိပ်များကိုပါ မြင်တွေ့နိုင်စေမှာဖြစ်ကြောင်း သိရပါတယ်။ Interface ကလည်း စိတ်အနှောင့်အယှက်မဖြစ်စေဘဲ mutiplayer မှ cell phone, PC နဲ့ Xbox 360 ဂိမ်းစက်များနှင့် ချိတ်ဆက်ကာလည်း ကစားနိုင်မှာဖြစ်တယ်လို့ Microsoft မှပြောကြားခဲ့ပါတယ်။
source:mminternetjournal

torsdag den 25. februar 2010

Windows 7 and System Reserved Partition

Windows 7 ကို Fresh installation အနေနဲ့ တင်လိုက်မယ်ဆိုရင် System Reserved Partition တစ်ခုကို Windows 7 က ဖန်တီးပေးသွားမှာပါ။ အဲဒီ Partition ထဲမှာ bootmgr နဲ့ boot လုပ်ဖို့အတွက် လိုအပ်တဲ့ file တွေကို ထည့်သွင်းပေးထားပါတယ်။ ပြီးတော့ bitlocker encryption အတွက်လည်း ရည်ရွယ်ထားတယ်လို့ Microsoft က ပြောပါတယ်။ System Reserved Partition ရဲ့ size ဟာ 100 MB ရှိပြီး သူ့ကို System, Active နဲ့ Primary partition အနေနဲ့ ဖန်တီးထားပါတယ်။ အဲဒီ 100MB partition လေး ရှိနေမယ်ဆိုရင် Windows တစ်ခုခု ဖြစ်ရင် Troubleshoot လုပ်တဲ့အခါမှာ Windows ခွေ သုံးစရာမလိုပဲ လွယ်လွယ်ကူကူ Troubleshoot လုပ်နိုင်သွားမှာပါ။ ကျွန်တော်ကတော့ အဲဒီ partition လေးကို စိတ်ဝင်စားပါတယ်။ ပါစေချင်တယ်ပေါ့။ သို့ပေမယ့် တချို့စက်တွေ မှာ အဲဒီ partition လေးပါပြီး တချို့စက်တွေမှာကျ Windows 7 က ဖန်တီးမပေးပါဘူး။ ဘာကြောင့်လဲဆိုပြီး လိုက်ရှာကြည့်တော့ Windows 7 တင်တဲ့အခါမှာ Hard Disk မှာ partition တွေ၊ volume တွေ ရှိမထားမှ ဖန်တီးပေးတယ်လို့ သိသွားပါတယ်။ လုံးဝ unallocated space ဖြစ်နေမှ ရတယ်တဲ့။
source:IT Men

Microsoft, Intel Design Windows 7 to be Speedy

(Network World Middle East Via Acquire Media New Edge) ဟာ Microsoft နဲ့ပူးပေါင်းပြီး Software giant ရဲ့ upcoming Windows 7 OS ကို ပြုလုပ်ခဲ့ပါတယ်။ ၎င်းရဲ့ ရည်ရွယ်ချက်ကတော့ မြန်ဆန်တဲ့ Application တွေရဲ့ Performance တွေအတွက် Multithreaded နဲ့ Multicore Intel Chips တွေရဲ့ ကောင်းကျိုးတွေကို ယူဆောင်ဖို့ပဲ ဖြစ်ပါတယ်။
Micorsoft နဲ့ Intel ဟာ ပူးပေါင်းပြီး Windows 7 ကို Resources Available တွေသတ်မှတ်ရာမှာ ပိုပြီးကောင်းမွန်လာအောင် Break Up Application တွေကို Multiple Chip Cores နဲ့ Thread တွေပေါ်မှာ အလုပ်လုပ်နိုင်အောင် စသည့် စွမ်းဆောင်ရည်အမျိုးမျိုးပေးနိုင်လာအောင် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြပါတယ်။
SMT Parking ဆိုတဲ့ Feature တစ်မျိုးဟာ Windows 7 ကို Better Performance on Hyperthreaded Multicore Intel Processor တွေ အတွက် Intel Hyperthreading မှ နည်းပညာတွေကို ရယူဖို့အတွက် ခွင့်ပြုပေးထားတယ်လို့ Intel Alliance Manager တစ်ယောက်ဖြစ်တဲ့ "Joakim Lialias" က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Microsoft Web Site တစ်ခုပေါ်မှာ ရေးသားခဲ့တယ်။
၎င်း SMT Parking ဟာ User တွေကို Break Up Tasks များ (ဥပမာ- Video Encoding) နဲ့ Multiple Task Execution Threads ပေါ်မှာ Image တွေကို Fillter လုပ်ရာမှာ ကူညီပေးပါလိမ့်မယ်.... လို့ Intel ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ "George Alfs" က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၎င်းပုဂ္ဂိုလ်ကပဲ "သင့်မှာ CUP ရဲ့ Core တွေများများရှိလေ ပိုကောင်းလေပဲ" လို့လည်း ပြောကြားခဲ့ပါသေးတယ်။ Intel Chips တွေဟာ New Nehalem Architecture ပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ ထို Nehalem ဟာ Threads Per Cores နှစ်ခုကို Run ဖို့လည်း တတ်နိုင်ပါတယ်။ နောက်ဆုံးမှာ Intel's Laptop နဲ့ Desktop Chip တွေဟာ Nehalem Architecture ပေါ်မှာ အခြေခံလာရလိမ့်မယ်....လို့လည်း "George Alfs" က ပြောကြားခဲ့ပါတယ်။
Microsoft နဲ့ Intel ကုမ္ပဏီနှစ်ခုဟာ Windows 7 ကို Boot လုပ်တဲ့အခါ၊ Shut Down လုပ်တဲ့အခါတွေမှာ မြန်ဆန်မှုရှိစေရန်အတွက် နည်းပညာ အားဖြင့်လည်း ပူးပေါင်းလုပ်ကိုင်ခဲ့ပါတယ်လို့ Alfs က ပြောကြားခဲ့ပါတယ်။ Driver နဲ့ BIOS Level Improvement တွေဟာ Start, Shut Down, Sleep and Resume Time တွေမှာ တိုးတက်လာနိုင်ပါတယ်။ Nehalem Microarchitecture ပေါ်မှာ အခြေခံထားတဲ့ Chips တွေဟာ အရင်တုန်းက ထုတ်ခဲ့တဲ့ Chips တွေထက် Idle State ကို ပိုမြန်မြန်သွားနိုင်ပါတယ်။ ပြီးတော့ Windows 7 ကိုလည်း ဒီလိုအားသာချက်တွေကို တတ်နိုင်အောင်၊ လက်ခံနိုင်တဲ့ Design ပုံစံလုပ်ထားတယ်လို့ George Alfs က ထပ်မံ ပြောကြားခဲ့ပါတယ်။
အခုလို Intel နဲ့ Microsoft တို့ပူးပေါင်းပြီး အတူတကွ လုပ်ကိုင်ကြတာဟာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုနောက်ပိုင်း အသုံးပြုလာကြတဲ့ PCs အများစုဟာ Intel Chips နဲ့ Microsoft's Window Operating System တွေ ဖြစ်လာတာကြောင့်ပါပဲ။ ဒါဟာ Company နှစ်ခု ပူးပေါင်းလုပ်ကိုင်ရခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။
Lialias ရဲ့ ပြောကြားချက်အရ Intel နဲ့ Microsoft ဟာ နောင်နှစ်ပေါင်း ၂၀ လောက်အထိ ပူးပေါင်းသွားကြဖို့ ရှိကြောင်းသိရပါတယ်။ Lialias ဟာ သူရဲ့ ဆောင်းပါးထဲမှာ ကျွန်တော်တို့ Company နှစ်ခုရဲ့ အဓိက ရည်မှန်းချက်ပန်းတိုင်တွေဆီကို အသီးသီး ရောက်နိုင်ဖို့အတွက်က ကိုယ့်မှာ ရှိတဲ့ Experience တွေကို အပြန်အလှန် ကောင်းစွာ နှီးနှောဖလှယ်ခြင်း ဖြစ်ကြတယ်လို့ဆိုပါတယ်။
Microsoft ရဲ့ အရင်တုန်းက Operating Systems ဟာ Multicore နဲ့ Multithread Chips တွေရဲ့ ကောင်းကျိုး၊ အားသာချက်တွေသိပ်မရှိခဲ့ဖူး လို့ လေ့လာသူတွေက ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် အခုထုတ်လိုက်တဲ့ Windows 7 ကတော့ Hardware Resources ကနေ ခွဲဝေပေးလိုက်တဲ့ Intelligent Job တွေကို ကောင်းစွာလုပ်ဆောင်နိုင်တယ်လို့ Technology strategist with In.Stat ရဲ့ "Chief" တစ်ယောက်ဖြစ်တဲ့ "Jim McGregor" က အခုလို ပြောကြားခဲ့ပါတယ်။
CUP ရဲ့ Clock Speed ကို cranking up လုပ်ခြင်းအားဖြင့် PCs ပေါ်မှာ Boosting Application Performance ဟာ အစဉ်အလာအတိုင်း ဖြစ်လာခဲ့ပါတယ်လို့ McGregor က ပြောကြားခဲ့ပါတယ်။ ၎င်းဟာ CPU ရဲ့ Core တစ်ခုခုကို execute လုပ်ဖို့အတွက် အစီအစဉ်တကျ ရေးဆွဲထားတဲ့ Software တွေကို ဦးဆောင်ပေးပြီး၊ Clock Speed ကို တိုးတက်လာစေဖို့အတွက် Boot ရဲ့ Performance ကိုလည်း ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ Intel မှာလိုမျိုးပဲ အပြင်က Chip Maker တွေက Boot လုပ်တဲ့နေရာမှာ Core တွေကို စတင်ပေါင်းထည့်လာကြပါတယ်။ အဲဒီအခါမှာ Clock Speed ရဲ့ cranking up ဟာ များပြားလာတာကြောင့် အပူချိန်လည်းပိုများလာပြီး Power လေလွင့်မှုလည်း များလာပါတယ်။
Software များဟာ Hardware တွေ develop ဖြစ်ပြီးတဲ့နောက်ပိုင်း ၃ နှစ်ကနေ ၅ နှစ်လောက်အထိကို နောက်ကျ ကျန်ရစ်နေတာပါ။ ဒါကြောင့် Software Developer တွေဟာ Hardware Improvement ကို အမှီလိုက်နိုင်အောင် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ဒီလို ကြိုးစားနေဆဲမှာတောင် ဒီနေ့အချိန်ထိ Software Application ကို အသုံးပြုကြသူများဟာ Multiple Core ရဲ့ ကောင်းကျိုးတွေကို ရယူနိုင်တဲ့ Design ကို မထုတ်နိုင်သေးပါဘူး။ ဒါပေမယ့် Windows 7 ကတော့ Developer တွေကို Multicore Chips အတွက် Application တွေကို စတင်ရေးနိုင်အောင် အားပေးနိုင်ပါတယ်။
နောင်နှစ်အနည်းငယ် ကြာပြီးနောက် Solid-State Drive တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ၎င်း Drive ဟာ Hard Drives ထက် Consider(ဆုံးဖြတ်ရာမှာ) လုပ်ရာမှာ ပိုပြီးမြန်ဆန်ပါတယ်။ Intel နဲ့ Microsoft ဟာ Read/ Write လုပ်ရာမှာ လျင်မြန်စေတဲ့ SSDs ရဲ့ Speed ကို access လုပ်ပေးနိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုများ ပြုခဲ့ကြပါတယ်။ Intel ရဲ့ အစီအစဉ်ကတော့ Windows 7 မှ Trim Command တွေကို ထောက်ပံ့ပေးတဲ့ SSDs အတွက် Firmware တွေ ဝေငှပေးဖို့ ဖြစ်ပါတယ်။ Trim Command ဆိုတာက Writing ကို အရှိန်မြှင့်ပေးတာ၊ ပြန်ဖျက်တာ စသည်ဖြင့် ဆိုလိုခြင်း ဖြစ်ပါတယ်။
Microsoft ကလည်း Windows 7 ထဲကို Direct X 11 graphics drivers ကို ထပ်မံ ပေါင်းထည့်ခဲ့ပါတယ်။ ထိုသို့ ပေါင်းထည့်ရခြင်း အကြောင်းကတော့ break up task တွေကို Multiple Core ပေါ်မှာ boot လုပ်တဲ့အခါ graphic တွေကို အသုံးပြုတဲ့အချိန်မှာ ပိုပြီး ထိရောက် အကျိုးရှိစေချင်တာကြောင့်ပဲ ဖြစ်ပါတယ်။ Intel ကတော့ June လ အစောပိုင်းကတည်းက New Graphic driver ကို ထုတ်လုပ်ခဲ့ပြီး Windows 7 နဲ့ အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းရဲ့ Driver ဟာ Driect X 10 Graphic ကိုသာ Support လုပ်နိုင်ပါတယ်။ Apple ကတော့ New Featuers တစ်ခုဖြစ်တဲ့ "Tap" နဲ့ မိတ်ဆက်၊ တင်သွင်းပေးခြင်းအားဖြင့် upcoming Mac OS X 10.6 OS, Code-Named Snow Leopard တို့ရဲ့ အခြေခံ Architecture ကို ပြောင်းလဲခဲ့ပါတယ်။ ၎င်း Tap ဟာ Multiple CPU ရဲ့ Power နဲ့ Graphic Cores တွေကို အလုပ်လုပ်ဆောင်ပေးပါတယ်။ တိုးလာတဲ့ Number အရေအတွက်ကလည်း OS ကို တစ်ပြိုင်နက်တည်း execute လုပ်ထားတဲ့ Cores တွေအတွက် Divvy up task ကို လုပ်ဖို့ရာလည်း ခွင့်ပြုထားပါတယ်။
source:ICT Reader

torsdag den 18. februar 2010

မြန်မာဖောင့်မရှိလဲ Website/Blog ကိုဖတ်လို့ ရတယ်.

Myanmar Unicode သုံးထားတဲ့ သင့်ရဲ့  website/blog ကို ဘယ် Myanmar font မှ မရှိတာတောင် ဖတ်လို့ ရသွား စရပါမယ်။ ဒီ software ကျေးဇူးနဲ့ Website ပိုင်ရှင်တိုင်း Unicode ကို စိတ်ချလက်ပြောင်းသုံးနိုင်ပါပြီး။ ကိုယ့် WebSite ကိုတခြားလူဖတ်လို့ မရမှာ စိုးရိမ်စရာမလိုတော့ပါဘူး။ ဒီ Software ကို ထီထွင်ပေးတဲ့ ဆရာကြီးနှစ်ယောက်ကို ကျေးဇူးတင်စကား စာရေးပို့ နိုင်ပါကြောင်းပါခင်ဗျာ တကယ်ကို လေးစားထိုက်ပါတယ်.

*Keith Stribley -- http://www.thanlwinsoft.org
*Wunna Ko Ko -- http://my.openoffice.org/bur/

လုပ်နည်းကတော့လွယ်ပါတယ်. ၃ ခုလုပ်ရုံပါဘဲ၊ Web page တိုင်းမှလုပ်ရမှာဆိုတော့ Wordpress,Joomla,Blog တို့ သုံးရင်တော့ Template ထဲမှာပြင်လိုက်ရုံပါပဲ၊ HTML တွေဆိုရင်တော့ စာမျက်နှာတိုင်းမှာပြင်ရပါလိမ်မယ်.။

1.<head> နဲ့ </head> ကြားထဲမှာ ဒါလေး ထည့်ထားပါ။

<!--[if IE]>

<style>vml\: * { behavior:url(#default#VML); display:inline-block }</style>

<xml:namespace ns="urn:schemas-microsoft-com:vml" prefix="vml" />

<![endif]-->

<script type="text/javascript" src="http://mut.rit- alumni.info/styles/myDetection.js"></script>

<script type="text/javascript" src="http://mut.rit- alumni.info/styles/xmlRequest.js"></script>

2. <body>tag ကို ဒီလို အစားထိုး ဘို့ လိုပါတယ်။
<body onload="myUnicode.initParse('http://mut.rit-alumni.info/styles/');">

3. invisible code လေးတစုကို footer မှာဘဲဖြစ်ဖြစ်web page ရဲ့ တနေရာမှာ ထည့်ပေးဖို့ လိုပါတယ်.။
<span class="myUniTest" id="myWidth2">ကက</span>

<span class="myUniTest" id="myWidth1">က္က</span>
source:winmyanmar

fredag den 12. februar 2010

Windows 7 or XP install with USB flash drive

စာမရေးနိုင်အောင် မအားမလပ်ဖြစ်နေတာရယ်၊ နက်ကျသွားတာရယ်နဲ့ တော်တော်လေး ကင်းကွာသွားပါတယ်။ ဆိုဒ်ကိုလည်း စိတ်တိုင်းမကျသေးတာပါပါတယ်။ ပြင်ရင်း ပြင်ရင်းနဲ့ နည်းနည်းတော့ ပိုလှလာတယ်လို့ ထင်ပါတယ်။ အရင် ဘလော့ဒီဇိုင်းကို ပိုကြိုက်တယ်လို့ပြောကြတယ်။ အခုဘလော့က အားလုံးအတွက် ဖတ်ရတာ ပိုအဆင်ပြေမှာပါ။ ပိုကောင်းလာအောင် ကျနော် တဖြည်းဖြည်းချင်း ကြိုးစားသွားပါ့မယ်။ အခု လွယ်လွယ်ကူကူနဲ့ windows 7 ကို usb drive ကနေ တင်နိုင်အောင် ပြောပြပေးပါ့မယ်။ ၀င်းဒိုးတင်ဖို့ DVD drive သို့မဟုတ် DVD ခွေ အဆင်သင့်မဖြစ်သူတွေ နဲ့ Optical drive မပါတဲ့ netbook တွေအတွက် ဒီနည်းက မသိမဖြစ် လိုအပ်ပါတယ်။ ၀င်းဒိုး တင်ချင်တိုင်း ခွေလိုက်ရှာနေရတဲ့ ဒုက္ခ၊ ခွေမကောင်းလို့ စိတ်ညစ်ရတဲ့ ဒုက္ခက ကင်းဝေးသွားတာပေါ့ …
Windows 7 USB/DVD Download Tool ဆိုတာလေး လိုအပ်ပါတယ်။ ဒီနေရာကို နှိပ်ပြီး ဒေါင်းနိုင်ပါတယ်။ freeware ဖြစ်ပြီး Download.cnet.com က sever ခံပေးထားပါတယ်။ ဒေါင်းလိုက်ပါ။ သူ့ကိုဒေါင်းပြီး install လုပ်လိုက်ပါ။ ပြီးပြီဆိုရင် Desktop ပေါ်မှာ ပေါ်လာတဲ့ shortcut ကပဲ ဖြစ်ဖြစ်၊ all programs ထဲက ပဲဖြစ်ဖြစ် Windows 7 USB/DVD Download Tool ကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်း box လေးပေါ်လာပါလိမ့်မယ်။
အဲဒီမှာ ပြထားတဲ့အတိုင်း browse နဲ့ မိမိ သိမ်းထားတဲ့ windows 7 iso ဖိုင်တစ်ခုကို ရွေးပေးလိုက်ပါ။ (windows7 အတွက် ဆော့ဝဲဖြစ်လို့ 7 ရဲ့ iso ဖိုင် တစ်ခုထဲကိုပဲ support လုပ်ပါတယ်။ ကျနော် windows 7 အတွက် ဒေါင်းလုပ်ချဖို့ ရှယ်ယာပေးခဲ့ပါတယ်။ အားလုံးလည်း iso ဖိုင်အနေနဲ့ ရမှာဖြစ်ပါတယ်။ တကယ်လို့ ကျနော်ပေးခဲ့တာတွေ သုံးလို့ ဒေါင်းလို့ အဆင်မပြေဘူးဆိုရင် free downloads ဆိုပြီး တွဲပေးထားတဲ့ sidebar မှာရှိတဲ့ site များထဲက အဆင်ပြေရာတစ်ခုမှာ ရှာဖွေ ဒေါင်းယူနိုင်ပါတယ်)
iso ဖိုင် ရွေးပေးပြီးလို့ Next ကိုနှိပ်လိုက်ရင် အောက်ပါအတိုင်း ဘယ်မှာ burn မှာလဲဆိုတာကို ရွေးခိုင်းပါတယ်။ usb flash drive နဲ့ တင်ချင်တာမို့ USB device ကို ရွေးပေးလိုက်ပါတယ်။
USB drive တစ်ခု ထိုးထားခဲ့ရင် မိမိမှာနေရာလွတ်ရှိတဲ့ ပမာဏနဲ့ ၀င်းဒိုးရဲ့ လိုအပ်တဲ့ ပမာဏကို နှိုင်းယှဉ်ပြပါလိမ့်မယ်။ 4GB လိုအပ်တဲ့ windows တစ်ခုအတွက် 4GB ထက် ကျော်တဲ့ flash drive တစ်ခုကို ရွေးချယ်ရမှာပါ။ တကယ်တမ်း ကွန်ပျူတာက 4GB usb drive တစ်ခုကို 3.7 GB အဖြစ်ပဲ သိမှာမို့ပါ။ ဘာလို့ နည်းသွားရလဲဆိုတာကို ကျနော့်ရဲ့ “PC တစ်လုံး တပ်ဆင်ရန် ရွေးချယ်ခြင်း” ပို့စ်နဲ့ “CPU,RAM,VGA,HDD တွေ ကြည့်ရအောင်” ဆိုတဲ့ ပို့စ်တွေမှာ ရေးခဲ့ပြီးပါပြီ။ Knowledge ဆိုတဲ့ categories ရဲ့ ရှေးအကျဆုံး စာမျက်နှာများမှာလည်း ကွန်ပျူတာရဲ့ သိုလှောင် ပစ္စည်းများအကြောင်း သေချာစွာ တင်ပြထားပါတယ်။ မဖတ်ရသေးရင် ဖတ်ကြည့်လိုက်ပါဦး။ ထို့အတွက် 4GB လိုအပ်တဲ့ ၀င်းဒိုးတင်မယ်ဆိုရင် 4GB ထက် ပိုတဲ့ drive ကို သုံးရပါမယ်။ ကွန်ပျူတာမှာ တပ်ဆင်လိုက်ပြီး my computer ကို ဖွင့်၍ ထို drive ကို format လုပ်ပေးပါ။ ပြီးလျှင်အောက်မှာ ပြထားတဲ့ ပုံအတိုင်း refresh ခလုပ်ကို နှိပ်ပေးလိုက်ပါက လိုအပ်တဲ့ ပမာဏနဲ့ ရှိတဲ့ပမာဏ နှိုင်းယှဉ် ပြပါလိမ့်မယ်။ အဆင်ပြေတယ်ဆိုရင် Begin copying ကို နှိပ်လိုက်ပါ။ရာခိုင်နှုန်းနဲ့ ပြပြီး သူ့ဘာသာ အလုပ်လုပ်သွားပါလိမ့်မယ်။ ပြီးရင် back up complete လို့ ပြောပါတယ်။ ဒါဆိုရင် ကွန်ပျူတာကို restart ချပြီး boot menu ကို ခေါ်ပါ။ motherboard အမျိုးအစားအလိုက် ကွာပါတယ်။ Esc နှိပ်ရတာ ရှိသလို F2, F8, F12 ဆိုပြီး လေးမျိုးတွေ့ရပါတယ်။ အချို့ HP notebook များမှာတော့ F9 ကို သုံးထားပါတယ်။ မိမိကွန်ပျူတာက ဘာကီးနှိပ်ရင် boot menu ပေါ်နိုင်သလဲ ရှာနှိပ်ကြည့်ပါ။ ပေါ်လာရင် windows burn ထားတဲ့ usb device က တပ်ထားပြီးဖြစ်လို့ ထို device ရဲ့ နာမည်ပေါ်နေပါတယ်။ အဲဒီ drive ကို arrows ကီးနဲ့ ရွေးချယ်ပြီး Enter နှိပ်လိုက်ပါ။ ဒါဆိုရင် USB device မှာ burn ထားတဲ့ windows စတင် set up လုပ်ပြီ ဖြစ်ပါတယ်။ ၀င်းဒိုးတင်နည်း အသေးစိတ်တော့ သိပြီးသားဖြစ်မှာပါ။ တကယ်လို့ လိုအပ်တယ်ဆိုတဲ့ သူများရှိခဲ့ရင် ပြောပေးပါ။ ဒီပို့စ်က usb device မှာ windows burn ပြီး တင်တတ်အောင် ရေးရုံသာဖြစ်လို့ ဒီမှာပဲ နားလိုက်ပါတယ်။ အဆင်ပြေကြပါစေ …
Source:သံလုံငယ်

onsdag den 10. februar 2010

Driver CD ပျောက်ဆုံးနေသူများအတွက် Driver Updater Pro 2.2.8.0

အကြောင်း အမျိုးမျိုးကြောင့် window 7 ကို မသုံးနိုင်သူများ၊ window xp ကို သံယောဇဉ် မပြတ်သူများ အနေဖြင့်တော့ Driver ဆိုတာ လိုအပ်နေဦးမှာပါ . အဲ့တော့ window xp ကိုလဲ သုံးချင်တယ် Driver ကလဲ ပျောက်သွားပြီ ဆိုရင် ဘယ်လိုလုပ်မလဲ။ ကိစ္စ မရှိပါဘူး . Driver Updater ဆိုတဲ့ program ရှိပါတယ် . သူက Driver မရှိလျှင် ရှာပေးပြီးတော့ . Driver ရှိသူများအတွက် ကိုတော့ Driver များကို update လုပ်ပေးနိုင် ပါတယ် . အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် . အောက်မှာ Download လုပ်လိုက်ပါ .

søndag den 7. februar 2010

Serial World 2010(2.77mb)

Serial World ကတော့အရမ်းမိုက်တယ်ဗျာ။Serial keyတွေပါတဲ့ဆော့ဝဲလေးပါ။portableလေးပါ။ကျွှန်တော်တင်ပေးထားတဲ့Power Iso 4.6ဆိုရင်သူက4.5အထိပါပါတယ်။တော်တော်ကောင်းပါတယ်။Serialအတွက်အခက်တွေ့ နေသူများအတွက်ကြော်ငြာစရာတောင်မလို တော့ပါဘူး။ဟိးအောက်မှာဒေါင်းလိုက်ပါ။
Download Serial World 2010(megaupload)
source: မောင်ဝေယျံထက်:

fredag den 5. februar 2010

CD Burning for Windows 7

ခေါင်းစဉ်တပ်လိုက်တာတော့ windows 7 မှာ ခွေ ရိုက်ဖို့ပဲ။ ဒါပေမယ့် ၀င်းဒိုးတိုင်းမှာ ဆော့်ဝဲ install ထပ်လုပ်စရာမလိုပဲ windows system အရ ရိုက်လို့ရပါတယ်။ ၀င်းဒိုးပြောင်းလို့ အနည်းငယ်လိုက်ပြောင်းပေမယ့် ဒီပုံစံ ဒီ flow ပါပဲ။ ထူးထူးခြားခြား မပြောင်းသွားပါဘူး။ ဘာအတွက် ပြောချင်တာလဲ ဆိုတော့ အခြားခြားသော burning လုပ်ငန်းစဉ်များအတွက် ပိုမိုကောင်းမွန်တဲ့ specially burning software တစ်ခု သုံးဖို့အတွက် ပြောချင်တာပါ။ နာမည်ကျော်ခဲ့တဲ့ Nero … မြောင်းထဲရောက်လုလုပါပဲ။ အရွယ်အစားတွေကြီးလာတယ်၊ ဈေးနှုန်းတွေ မတရားမြင့်လာတယ်၊ ပြဿနာတွေလည်း များလာပါတယ်။ အဲ .. ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်ဆိုပြီး သုံးခဲ့တဲ့ BurnAware လိုမျိုးကောင်တွေကျတော့ Windows 7 မှာ Drives ရှာမတွေ့ဘူးတဲ့ အေးရော။ အဲဒါနဲ့ အဲလိုပဲ ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူ သုံးနိုင်တာတွေ ရှာကြည့်တာပေါ့။ အောက်ကကောင်လေးတွေ့တယ်ဗျ ။
Express Burn တဲ့။ သုံးရတာတော့ တော်တော်လွယ်ပါတယ်။ အရင် ကျနော်ရေးပြခဲ့ဖူးတဲ့ BurnAware အတိုင်းပဲ အရမ်းကြီး မကွာပါဘူး။ Disc အမျိုးအစား အကုန်လုံးကိုလည်း ရေးပေးနိုင်တယ်။ Windows 7 အတွက်လည်း ကောင်းစွာ အလုပ်လုပ်ပါတယ်။ ဒါက ကောင်းတာတွေ။ အဆင်မပြေတာတွေက CD to CD (သို့) DVD to DVD ပေါ့နော်။ အဲလို ခွေခွေချင်း တည့်ကူးတဲ့နေရာမှာ original ခွေ ထည့်တာနဲ့ သူက iso အဖြစ် ဖန်တီးလိုက်တယ်။ အဲဒီအတွက် CD ကို နှစ်မိနစ် သာသာလောက်တော့ စောင့်ရတယ်။ (Drivers နဲ့ Disc ရဲ့ အမြန်နှုန်းပေါ်လည်း မူတည်ပါမယ်)။ ပြီးတော့မှ Copy ခွေအတွက် ရိုက်မယ့်အရည်အတွက်၊ အမြန်နှုန်း စတာတွေကို မေးတယ်။ အဲဒီမှာ iso လုပ်လို့မရတဲ့ movies CD တွေကို Disc to Disc တိုက်ရိုက်ကူးမရတော့ဘူး။ စက်ပေါ်ကူးတင် ပြီးတော့မှ DVD movies (သို့) CD စသဖြင့် ပြန်ပြီး Create လုပ်ယူရပါတယ်။မကောင်းတာတွေ များတယ်လို့ ထင်သွားရင် ရေးရတာလည်း အလကားဖြစ်သွားဦးမယ်။ ကောင်းတာလေးတွေ ပြန်ပြောဦးမှ … ကျနော်က ကျနော့်အမြင်အတိုင်း အကောင်းရော အဆိုးရော ဝေဖန်ပြတာပါ။ ပေါ့ပါးတယ်၊ ပြဿနာကင်းတယ် ဆိုကတည်းက (စီးပွါးရေးလုပ်ငန်းသုံး VCD ကူးသူများမှ အပ) အားလုံးအတွက် အဆင်ပြေတယ် သုံးသင့်ပါတယ်။ စိတ်အညစ်ခံပြီး လေးလံလှတဲ့ Nero ကြီးရဲ့ နေရာနဲ့ Windows 7 နဲ့အတွေ့မှာ ကြောင်တောင်တောင် ဖြစ်သွားတဲ့ BurnAware နေရာကို ပျော်ပျော်ကြီး အစားထိုးနိုင်ပါတယ်။ Burner တွေ အများကြီးရှိတယ်။ ဒါပေမယ့် Disc အမျိုးအစားအားလုံး သုံးလို့ရတာရှားတယ်။ DVD movies ဖြစ်ဖို့က တစ်ခု၊ iso လိုမျိုး windows ဖိုင်တွေအတွက်က တစ်ခုဆို စိတ်ညစ်စရာကြီးဗျာ။ အဲလို ဆိုတော့ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ Windows 7 အတွက် Express Burn ကို အခြားကောင်တွေထက် ပိုပြီး သဘောကျပါတယ်။ သူ့အတွက် ScreenShots တွေကို ဒီမှာ ကြည့်နိုင်ပါတယ်။ သုံးကြည့်ပါ။ ဪ မေ့လို့ ဒေါင်းလုပ် ပေးရဦးမလား။ အောက်မှာ ဒီလောက် နေရာတွေ အများကြီး ညွှန်းထားပြီးပြီဗျာ။ ကျနော်တင်ပေးရင်တောင် နှစ်နေရာလောက်ပဲ ရှိဦးမယ်။ katz.cd တစ်ခုထဲနဲ့တင် လင့် ၄၀ ကျော် နဲ့ version အမျိုးမျိုးရှိပါ့။ ကျနော်ညွှန်းထားတဲ့ အခြား ဆိုဒ်ပေါင်းများစွာမှာလည်း ပေါများစွာ တွေ့မှာပါ။ အဲဒီတော့ ဒီပို့စ်ကနေ စလို့ အဆင်ပြေတာ ကြိုက်တာတွေ့ရင် နာမည်နဲ့ Version ပြောမယ်။ ကြိုက်ရင် ဘူဖေးစနစ်နဲ့ ကိုယ်တိုင်ယူ။ အိုကေမယ်ထင်ပါတယ်။ ကိုယ်တိုင်လုပ်ရတော့ ပိုတောင် ကျွမ်းကျင်သေးတာပေါ့ ။ နော့် …..
အဲ …. အကြောင်းသိတွေမို့ ကြိုပြောလိုက်ပါဦးမယ်။ Windows 7 မှာတောင် သုံးလို့ရတယ်ဆိုမှတော့ သူ့ထက်နိမ့်တဲ့ ၀င်းဒိုးမှန်သမျှလည်း အကုန်ရပါတယ်။ Requirements အတိအကျ ပြောထားလိုက်တာကောင်းပါတယ်။
System Requirements
Works on Windows 7 2000/XP/2003/Vista/2008
For earlier Windows versions (98, ME) click here
Mac OS X 10.2 or later
CD-ROM drive which supports recording
For DVDs a DVD-ROM drive which supports recording
For Blu-ray Discs a BD-ROM drive which supports recording
source:သံလုံငယ်

onsdag den 3. februar 2010

Windows 7 and System Reserved Partition

Windows 7 ကို Fresh installation အနေနဲ့ တင်လိုက်မယ်ဆိုရင် System Reserved Partition တစ်ခုကို Windows 7 က ဖန်တီးပေးသွားမှာပါ။ အဲဒီ Partition ထဲမှာ bootmgr နဲ့ boot လုပ်ဖို့အတွက် လိုအပ်တဲ့ file တွေကို ထည့်သွင်းပေးထားပါတယ်။ ပြီးတော့ bitlocker encryption အတွက်လည်း ရည်ရွယ်ထားတယ်လို့ Microsoft က ပြောပါတယ်။ System Reserved Partition ရဲ့ size ဟာ 100 MB ရှိပြီး သူ့ကို System, Active နဲ့ Primary partition အနေနဲ့ ဖန်တီးထားပါတယ်။ အဲဒီ 100MB partition လေး ရှိနေမယ်ဆိုရင် Windows တစ်ခုခု ဖြစ်ရင် Troubleshoot လုပ်တဲ့အခါမှာ Windows ခွေ သုံးစရာမလိုပဲ လွယ်လွယ်ကူကူ Troubleshoot လုပ်နိုင်သွားမှာပါ။

ကျွန်တော်ကတော့ အဲဒီ partition လေးကို စိတ်ဝင်စားပါတယ်။ ပါစေချင်တယ်ပေါ့။ သို့ပေမယ့် တချို့စက်တွေ မှာ အဲဒီ partition လေးပါပြီး တချို့စက်တွေမှာကျ Windows 7 က ဖန်တီးမပေးပါဘူး။ ဘာကြောင့်လဲဆိုပြီး လိုက်ရှာကြည့်တော့ Windows 7 တင်တဲ့အခါမှာ Hard Disk မှာ partition တွေ၊ volume တွေ ရှိမထားမှ ဖန်တီးပေးတယ်လို့ သိသွားပါတယ်။ လုံးဝ unallocated space ဖြစ်နေမှ ရတယ်တဲ့။

အဲဒါကြောင့် Windows 7 တင်တဲ့အခါမှာ အဲဒီ partition လေး ရဖို့အတွက် Hard Disk တစ်ခုလုံးမှာ ရှိတဲ့ Partition တွေ ဖျက်ပြီးမှ တင်မှ အဆင်ပြေပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ စက်အသစ်တစ်လုံးအတွက် ကိစ္စမရှိပေမဲ့ သုံးနေတဲ့စက်တစ်လုံးကို Windows 7 အဖြစ် Upgrade လုပ်မယ်ဆိုရင်တော့ ရှိပြီးသား Data တွေကို နေရာရွှေ့ ရမှာကတော့ အတော်လေး လက်ဝင်တဲ့ကိစ္စပါ။

ကဲ စာဖတ်သူရော System Reserved Partition ထည့်မလား၊ မထည့်ဘူးလား။
source:IT Men