fredag den 5. februar 2010

CD Burning for Windows 7

ခေါင်းစဉ်တပ်လိုက်တာတော့ windows 7 မှာ ခွေ ရိုက်ဖို့ပဲ။ ဒါပေမယ့် ၀င်းဒိုးတိုင်းမှာ ဆော့်ဝဲ install ထပ်လုပ်စရာမလိုပဲ windows system အရ ရိုက်လို့ရပါတယ်။ ၀င်းဒိုးပြောင်းလို့ အနည်းငယ်လိုက်ပြောင်းပေမယ့် ဒီပုံစံ ဒီ flow ပါပဲ။ ထူးထူးခြားခြား မပြောင်းသွားပါဘူး။ ဘာအတွက် ပြောချင်တာလဲ ဆိုတော့ အခြားခြားသော burning လုပ်ငန်းစဉ်များအတွက် ပိုမိုကောင်းမွန်တဲ့ specially burning software တစ်ခု သုံးဖို့အတွက် ပြောချင်တာပါ။ နာမည်ကျော်ခဲ့တဲ့ Nero … မြောင်းထဲရောက်လုလုပါပဲ။ အရွယ်အစားတွေကြီးလာတယ်၊ ဈေးနှုန်းတွေ မတရားမြင့်လာတယ်၊ ပြဿနာတွေလည်း များလာပါတယ်။ အဲ .. ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတယ်ဆိုပြီး သုံးခဲ့တဲ့ BurnAware လိုမျိုးကောင်တွေကျတော့ Windows 7 မှာ Drives ရှာမတွေ့ဘူးတဲ့ အေးရော။ အဲဒါနဲ့ အဲလိုပဲ ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူ သုံးနိုင်တာတွေ ရှာကြည့်တာပေါ့။ အောက်ကကောင်လေးတွေ့တယ်ဗျ ။
Express Burn တဲ့။ သုံးရတာတော့ တော်တော်လွယ်ပါတယ်။ အရင် ကျနော်ရေးပြခဲ့ဖူးတဲ့ BurnAware အတိုင်းပဲ အရမ်းကြီး မကွာပါဘူး။ Disc အမျိုးအစား အကုန်လုံးကိုလည်း ရေးပေးနိုင်တယ်။ Windows 7 အတွက်လည်း ကောင်းစွာ အလုပ်လုပ်ပါတယ်။ ဒါက ကောင်းတာတွေ။ အဆင်မပြေတာတွေက CD to CD (သို့) DVD to DVD ပေါ့နော်။ အဲလို ခွေခွေချင်း တည့်ကူးတဲ့နေရာမှာ original ခွေ ထည့်တာနဲ့ သူက iso အဖြစ် ဖန်တီးလိုက်တယ်။ အဲဒီအတွက် CD ကို နှစ်မိနစ် သာသာလောက်တော့ စောင့်ရတယ်။ (Drivers နဲ့ Disc ရဲ့ အမြန်နှုန်းပေါ်လည်း မူတည်ပါမယ်)။ ပြီးတော့မှ Copy ခွေအတွက် ရိုက်မယ့်အရည်အတွက်၊ အမြန်နှုန်း စတာတွေကို မေးတယ်။ အဲဒီမှာ iso လုပ်လို့မရတဲ့ movies CD တွေကို Disc to Disc တိုက်ရိုက်ကူးမရတော့ဘူး။ စက်ပေါ်ကူးတင် ပြီးတော့မှ DVD movies (သို့) CD စသဖြင့် ပြန်ပြီး Create လုပ်ယူရပါတယ်။မကောင်းတာတွေ များတယ်လို့ ထင်သွားရင် ရေးရတာလည်း အလကားဖြစ်သွားဦးမယ်။ ကောင်းတာလေးတွေ ပြန်ပြောဦးမှ … ကျနော်က ကျနော့်အမြင်အတိုင်း အကောင်းရော အဆိုးရော ဝေဖန်ပြတာပါ။ ပေါ့ပါးတယ်၊ ပြဿနာကင်းတယ် ဆိုကတည်းက (စီးပွါးရေးလုပ်ငန်းသုံး VCD ကူးသူများမှ အပ) အားလုံးအတွက် အဆင်ပြေတယ် သုံးသင့်ပါတယ်။ စိတ်အညစ်ခံပြီး လေးလံလှတဲ့ Nero ကြီးရဲ့ နေရာနဲ့ Windows 7 နဲ့အတွေ့မှာ ကြောင်တောင်တောင် ဖြစ်သွားတဲ့ BurnAware နေရာကို ပျော်ပျော်ကြီး အစားထိုးနိုင်ပါတယ်။ Burner တွေ အများကြီးရှိတယ်။ ဒါပေမယ့် Disc အမျိုးအစားအားလုံး သုံးလို့ရတာရှားတယ်။ DVD movies ဖြစ်ဖို့က တစ်ခု၊ iso လိုမျိုး windows ဖိုင်တွေအတွက်က တစ်ခုဆို စိတ်ညစ်စရာကြီးဗျာ။ အဲလို ဆိုတော့ ဘာပဲဖြစ်ဖြစ် ကျနော်ကတော့ Windows 7 အတွက် Express Burn ကို အခြားကောင်တွေထက် ပိုပြီး သဘောကျပါတယ်။ သူ့အတွက် ScreenShots တွေကို ဒီမှာ ကြည့်နိုင်ပါတယ်။ သုံးကြည့်ပါ။ ဪ မေ့လို့ ဒေါင်းလုပ် ပေးရဦးမလား။ အောက်မှာ ဒီလောက် နေရာတွေ အများကြီး ညွှန်းထားပြီးပြီဗျာ။ ကျနော်တင်ပေးရင်တောင် နှစ်နေရာလောက်ပဲ ရှိဦးမယ်။ katz.cd တစ်ခုထဲနဲ့တင် လင့် ၄၀ ကျော် နဲ့ version အမျိုးမျိုးရှိပါ့။ ကျနော်ညွှန်းထားတဲ့ အခြား ဆိုဒ်ပေါင်းများစွာမှာလည်း ပေါများစွာ တွေ့မှာပါ။ အဲဒီတော့ ဒီပို့စ်ကနေ စလို့ အဆင်ပြေတာ ကြိုက်တာတွေ့ရင် နာမည်နဲ့ Version ပြောမယ်။ ကြိုက်ရင် ဘူဖေးစနစ်နဲ့ ကိုယ်တိုင်ယူ။ အိုကေမယ်ထင်ပါတယ်။ ကိုယ်တိုင်လုပ်ရတော့ ပိုတောင် ကျွမ်းကျင်သေးတာပေါ့ ။ နော့် …..
အဲ …. အကြောင်းသိတွေမို့ ကြိုပြောလိုက်ပါဦးမယ်။ Windows 7 မှာတောင် သုံးလို့ရတယ်ဆိုမှတော့ သူ့ထက်နိမ့်တဲ့ ၀င်းဒိုးမှန်သမျှလည်း အကုန်ရပါတယ်။ Requirements အတိအကျ ပြောထားလိုက်တာကောင်းပါတယ်။
System Requirements
Works on Windows 7 2000/XP/2003/Vista/2008
For earlier Windows versions (98, ME) click here
Mac OS X 10.2 or later
CD-ROM drive which supports recording
For DVDs a DVD-ROM drive which supports recording
For Blu-ray Discs a BD-ROM drive which supports recording
source:သံလုံငယ်

Ingen kommentarer:

Send en kommentar