Viser opslag med etiketten Windows Vista. Vis alle opslag
Viser opslag med etiketten Windows Vista. Vis alle opslag

lørdag den 15. maj 2010

Lock/Unlock Download

ကျွန်တော်ဒီရက်ပိုင်းအတွင်းမအားတာနဲ့ ပိုစ့်တွေမတင်ဖြစ်ဘူးဗျ...ဘလော့ကိုတော့
Check မိတယ်...ဒါကိုလည်းနားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ဒီနေ့ 
ပဲသူငယ်ချင်းအိမ်မှာ ကွန်ပြူတာသွားကြည့်တယ်သူခေါ်လို့ .....ဘာတစ်ခုမှဒေါင်း
လို့ မရဘူးတဲဗျ...ကြည့်လိုက်တော့ဒေါင်းလော့လုပ်ဖို့ သော့ခတ်ထားတယ်...အဲဒါ
သော့ပြန်ဖြုတ်ပေးလိုက်တယ်..ဒါနဲ့ ရသွားတာပေါ့ဗျာ...စာဖတ်သူငယ်ချင်းများ
လည်းအခုလိုဖြစ်ရင်ပြင်ရအောင်ဆိုပြီး ပိုစ့်လေးနဲ့ တင်ပေးလိုက်တယ်....လုပ်နည်း
ကတော့.....

ပထမဦးဆုံး Enternet Explorer ကိုဖွင့်ပါ..ပြီးလျှင် Tools>Internet Options
ကိုသွားပါ။














ပြီးလျှင် Security>Custom Level... ကိုသွားပါ။














သွားပြီးလျှင် File Download ဆိုတာကိုရှာပြီး Enable လုပ်ပေးလိုက်ပါ။
ပြီးရင် OK ကိုနှိပ်ပါ။

source:ကိုကြီး

lørdag den 13. marts 2010

Vipre Vipre Antivirus+ Anti-spyware


Vipre ဟာ antivirus Antispyware ကိုရောပြီးပေးထားတဲ့ အင်ဂျင်ဖြစ်ပါတယ်။ ဖိုင်တွေကို လုံးဝပျက်သွားအောင် ဖျက်ဖို့၊ browsing သမိုင်းကိုနောက်လူဝင် မကြည့်နိုင်အောင် ဖျက်ဖို့နဲ့ ကွန်ပျူ တာ နောက်ကွယ်မှာမသိတဲ့ ပရို ဂရမ်တွေ အလုပ်မလုပ်နိုင်ဖို့ စတဲ့ လုပ်ဆောင်ချက်တွေကို အပြည့် (Vipre Antivirus+ Anti-spyware) အ၀ပေးထားတဲ့ ပရိုဂရမ်ဖြစ်ပါ တယ်။ မကောင်းတဲ့အချက်ကတော့ Vipre မှာ ယခုလက်ရှိအထိ firewallိ ကာကွယ်မှုမပါရှိသေးတာဖြစ် ပါတယ်။ CounterSpy antispyware ဆုကို ဆွတ်ခူးသွားခဲ့တဲ့ Sunbelt Software ဟာ ယခုအခါမှာ antivirus နဲ့ပတ်သက်တဲ့အတွေ့ အကြုံနှစ်ပေါင်းနှစ်ဆယ်ကျော်ပေါ် မှာ အခြေခံပြီး ဒီဆော့ဖ်ဝဲကို ထုတ် လိုက်တာဖြစ်ပါတယ်။

Antivirus နဲ့ antispyware အင်ဂျင်တွေကို တွဲဆက်ပြီးလက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ရှင်းနိုင်ဖို့ စီမံပေး ခဲ့တာဖြစ်ပါတယ်။ Vipre ဟာ လက်ရှိဈေးကွက် ထဲမှာရှိနေတဲ့ antivirus ထုတ်ကုန် သုံးပုံနှစ်ပုံထက် ပိုမိုကောင်းမွန် ပါတယ်။ လုပ်ဆောင်ချက်ကလည်း အလွန်ကောင်းပါတယ်။ Vipre တစ်ဦးတည်းသုံးဖို့ အတွက် လိုင်စင်ယူမယ်ဆိုလျှင် တော့ ၂၉.၉၅ ဒေါ်လာတောင်းခံ ထားပါတယ်။ သုံးယောက်သုံးမယ် ဆိုလျှင်တော့ ၃၉.၉၅ ဒေါ်လာ တောင်းခံမှာဖြစ်ပြီး အိမ်မှာရှိတဲ့လူ တွေအားလုံးသုံးမယ်ဆိုလျှင်တော့ ၄၉.၉၅ ဒေါ်လာပေးချေရမှာဖြစ်ပါတယ်။

Upgrade လုပ်ဖို့အတွက် ၉၅.၉၅ ဒေါ်လာပေးရမှာဖြစ်ပါ တယ်။ ဆယ့်ငါးရက်လောက် အခ မဲ့ပေးသုံးထားပါတယ်။ Vipre ကို သုံးမယ်ဆိုလျှင် Windows 2000, Windows XP သို့မဟုတ် Vista တို့အပေါ်မှာ သုံးစွဲနိုင်ပါတယ်။ Windows 95,98 သို့မဟုတ် Me နှင့် Linux သို့မဟုတ် Macin-tosh တို့အပေါ်မှာတော့ အလုပ် လုပ်နိုင်စွမ်းမရှိပါဘူး။ Vipre ကို instalူ လုပ်တဲ့အခါ မှာ မိနစ်အနည်းငယ်သာကြာမှာ ဖြစ်ပြီး reboot လုပ်ဖို့ မလိုအပ်ပါ ဘူး။ ဖိုင်တွေကို install လုပ်ပြီးတဲ့ အခါမှာ wizard က ဖော်ပြပါ ခေါင်းစဉ်တွေအတွက် မေးခွန်း အနည်းငယ်မေးပါလိမ့်မယ်။ အင် တာနက်နှင့် proxy Setting? အလိုအလျောက် update ပြုလုပ် ခြင်း (default အားဖြင့် နှစ်နာရီ တစ်ကြိမ်)၊ active ကာကွယ်မှုettinှ (အဆင့်မြင့်၊ အလယ် အလတ်၊ အနိမ့်ပိုင်း) နဲ့ အချိန် ဇယားနှင့် scan့ ဖတ်မလား စသည်တို့ဖြစ်ပါတယ်။

Vipre ရဲ့ interface (မျက်နှာ စာ) ဟာ ဘယ် antivirus တွေ ထက်မဆို ရိုးရှင်းမှုရှိလှပါတယ်။ စွမ်းဆောင်ရည်မြင့်သလို သုံးစွဲရ တာလည်း လွယ်ကူမှုရှိပါတယ်။ ab လေးခုပါရှိပြီး Scan, Manage, Toolsး နဲ့ Overview Page ဆိုပြီးဖြစ်ပါတယ်။ Vipre ကို ဖယ် ရှားပစ်မယ်ဆိုလျှင်တော Windows Control Paneူ ရဲ့ Add and Remove Software ကနေ ဖယ်ရှားပစ်ရမှာဖြစ်ပါတယ်။ ဒီ ဆော့ဖ်ဝဲက uninstall လုပ် ဆောင်ချက်ကို ထည့်ပေးမထားပါ ဘူး။ အင်္ဂါရပ်များ Antivirus နဲ့ antispyware ကာကွယ်မှုတို့ကို ပေါင်းစပ်ထား တာဖြစ်ပြီး ဖိုင်ဖျက်မှု စတဲ့အခြား သော အသုံးဝင်တဲ့ tool တွေကို လည်း ထည့်ပေးထားပါတယ်။

PC Explorer သို့မဟုတ် အင်တာနက် browser cache တို့ကို ရှင်းထုတ် တာတွေကိုလည်း ထည့်ပေးထား ပါတယ်။ Firewall ကာကွယ်မှုဟာ အခြားသော antivirus software တွေမှာပါသလို မပါဝင်တာ ကတော့ အားနည်းချက်ဖြစ်နေပါ တယ်။ လုပ်ဆောင်ချက် CET, Lab ရဲ့ Windows XP့ မှာ စမ်းသပ်မှုအရVipreရ ဟာ တစ် စက္ကန့်အတွင်းမှာ iTune စမ်းသပ် မှုကို ကျော်လွှားနိုင်ခဲ့ပြီး၊ မိုက္ကရို ဆော့ဖ် Office ကို စမ်းသပ်တဲ့ အခါမှာ ၁,၃၇၈.၆, စက္ကန့်သာ ကြာတာကိုတွေ့ရပါတယ်။ Folder တစ်ခုထဲမှာ ဖိုင်တွေ အမြောက် အမြားထည့်ပြီး စမ်းသပ်တဲ့အခါ မှာတော့ ၁၂၂ စက္ကန့်သာကြာတဲ့ အချိန်မှာ အောင်မြင်စွာ လုပ် ဆောင်နိုင်ခဲ့ပါတယ်။ Vipre ရဲ့ boot အမြန်နှုန်းဟာ ၂၈.၇၃ စက္ကန့်ဖြစ်ပါတယ်။

søndag den 28. februar 2010

Windows and Zawgyi

ဝင်းဒိုးမှာ ဇော်ဂျီဖောင့် ကို install လုပ်တာက စပြောပေးပါ့မယ်။ XP မှာ ဆိုရင်တော့ အောက်ကပေးထားတဲ့ installer ကို Download လုပ်ပြီး run ပေးလိုက်ပါ။ Blogger day အတွက် ဆိုပြီး အမှတ်တရ ထုတ်ထားတဲ့ font and keyboard installer ဖြစ်ပါတယ်။ font ရော keyboard ရော install လုပ်ပေးမှာ ဖြစ်ပြီး၊ IE တွင် ဇော်ဂျီဖောင့် ပေါ်ရန် ပြောင်းလဲပေးခြင်း၊ အခြား installer များကဲ့သို့ password ရိုက်ပေးရမှု မရှိခြင်း၊ အခြားသော ၀င်းဒိုးမှာ ဖောင့်အတွက် ပြောင်းပေးရတဲ့ clear type ပြောင်းတာတွေ ဇော်ဂျီရွေးပေးရတာတွေကို ဒီ installer ကို run ပြီး restart လုပ်ပေးလိုက်ရုံနဲ့ အလိုလိုလုပ်ပေးပါတယ်။ အောက်မှာ ထူးခြားချက် အားလုံးကို ရေးထားပါတယ်။ ဖတ်ကြည့်ပါဦး။ ပုံအောက်က လင့်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Image Hosting by imagefra.me

Zawgyi keyboard and font installer Download (IEZawgyiGtalkfont.exe)
အားနည်းချက်ကတော့ Vista နဲ့ Windows 7 အချို့စက်များတွင် installing မပြီးဆုံးသော ပြဿနာများကို ကြုံရပါတယ်။ ပြီးတော့ 64-bit အတွက် support မရှိပါဘူး။ အဲဒါကို ဖြေရှင်းဖို့ အရင်ဆုံး manually install အနေနဲ့ ပြောပြပါ့မယ်။  Zawgyi font Installer များ run သော်လည်း စာရိုက်လို့ မရဘူး၊ သူများရေးတာပဲ မြင်ရတယ်ဆိုသူများအတွက်ပါ။ သူများရေးတာ မြင်ရတာက မိမိမှာ ဇော်ဂျီဖောင့် ရှိနေလို့ပါ။ ကိုယ်ပြန်ရေးမရတာက မိမိ zawgyi keyboard က အဆင်မပြေဖြစ်နေလို့ပါ။ ဘာသာစကား အမျိုးမျိုးကို ရိုက်နိုင်ရန်အတွက် keyboard တွေကို add ထားလို့ ရပါတယ်။
run မှာ intal.cpl လို့ ရိုက်၍သော်လည်းကောင်း၊ သို့မဟုတ် control panel မှ Region and Language ကို နှိပ်၍သော်လည်းကောင်း သွားပါ။ ပေါ်လာတဲ့ Region and Language box မှာ အလယ် tab ဖြစ်တဲ့ keyboards and languages ကို နှိပ်ပြီး၊ change keyboards ကို နှိပ်ပါ။
Image Hosting by imagefra.me
မလိုအပ်တာများရှိနေခဲ့ရင် click နဲ့ ရွေးပြီး remove လုပ်နိုင်သလို မိမိလိုချင်တဲ့ keyboard ကိုလည်း add လုပ်နိုင်ပါတယ်။ တကယ်လို့ အောက်မှာ ပြထားတဲ့အတိုင်း zawgyi keyboards ကို run ပေးထားရဲ့ သားနဲ့ ရှိမနေခဲ့ဘူးဆိုပါစို့။ ကိုယ့်ဘာသာ ရှာပြီး add ပေးကြည့်ရအောင်။
Image Hosting by imagefra.me
ပြထားတဲ့အတိုင်း add ကို နှိပ်ပါ။ မြန်မာဘာသာ ဆိုပြီး ၀င်းဒိုးမှာ ထည့်ပေးထားခြင်း မရှိသေးတဲ့အတွက် မြန်မာဇော်ဂျီ ကီးဘုတ်များကို English (United State) အောက်မှာ ထည့်ထားပါတယ်။ ရှာပြီး check ပေးပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။
Image Hosting by imagefra.me
ခုနက add နှိပ်ခဲ့တဲ့ နေရာမှာ ဇော်ဂျီကီးဘုတ် လာဝင်နေပါပြီ။ (အခြားကီးဘုတ်တစ်ခု ထည့်ချင်တယ်ဆိုလည်း ဒီအတိုင်းပါပဲ။ ဘယ်ဘာသာစကားလဲဆိုတာကိုရှာ keyboard ဆိုတာကို check ပေးပြီး apply လိုက်ရုံပါပဲ)။ အဲဒီထည့်လိုက်တဲ့ ကီးဘုတ် အမျိုးမျိုးကို shortcut key တွေသုံးပြီး ပြောင်းရေးနိုင်အောင်အတွက် သတ်မှတ်ပေးလို့ရပါတယ်။ XP မှာတုန်းကတော့ အဲဒီ add နှိပ်ပေးရတဲ့ box ရဲ့ အောက်မှာပဲ key setting ဆိုပြီး ပါတာပါ။ Vista နဲ့ 7 အတွက်တော့ လက်ရှိပွင့်နေတဲ့ box ရဲ့ နောက်ဆုံး tab ဖြစ်တဲ့ Advanced key settings ဆိုတာကိုနှိပ်ပြီး key setting တွေ ပြောင်းပေးလို့ရပါတယ်။
Image Hosting by imagefra.me
နောက်တစ်ခုက အခုလို ဇော်ဂျီကီးဘုတ် add ပေးထားတာတောင် မိမိ taskbar မှာ keyboard icon ပေါ်မနေဘူးဆိုရင်လည်း စာရိုက်မရတာ ဖြစ်တတ်ပါတယ်။ ခုနက ဖွင့်ထားတဲ့ ဒုတိယ tab မှာ language အတွက် setting တွေ ရှိပါတယ်။ ဖတ်ကြည့်လိုက်ရင် နားလည်မှာပါ။ မိမိရဲ့ keyboard icon ကို ဘယ်မှာ ဘယ်လို ပေါ်ချင်လဲ ရွေးပေးနိုင်ပါတယ်။ တစ်နေရာရာမှာတော့ language bar ရှိမှ ကီးဘုတ်တွေပြောင်းပြီး ဘာသာအမျိုးမျိုးကိုရိုက်နိုင်မှာပါ။
Image Hosting by imagefra.me
အပေါ်ကအတိုင်း လုပ်ပေးလိုက်ရင်တော့ ဇော်ဂျီဖောင့်ကီးဘုတ်အတွက် အဆင်ပြေပြီး စာရိုက်နိုင်ပါပြီ။ ဒါပေမယ့် မိမိအသုံးပြုခဲ့တဲ့ installer နဲ့ ၀င်းဒိုး အဆင်မပြေတာရှိခဲ့ရင်တော့ ဇော်ဂျီကီးဘုတ်ကို add တဲ့အချိန်မှာ error ပြပါတယ်။ အဲဒါမျိုးဆိုရင်တော့ ဒီဝင်းဒိုးမှာ မိမိသုံးထားတဲ့ ကီးဘုတ်က ဘယ်လိုမှ အသုံးပြုလို့မရတာပါ။ (အပေါ်က manually install လုပ်ဖို့ ပြောခဲ့တာပါ။ အဆင်သင့်သုံးချင်သူများအတွက် အောက်က နည်းအတိုင်းသုံးနိုင်ပါတယ်)။ အခြို့က zawgyi အတွက်ဆိုရင် အနည်းဆုံးနှစ်မျိုးကလေ လေးမျိုးလောက်ထိ run ပေးတတ်ကြတယ်ဗျ။ အဲဒီမှာ ရှုပ်ကုန်ပြီး ပြဿနာတွေလည်း တတ်တတ်ပါတယ်။ နောက်ပြီး လက်ရှိ http://www.mandalayalpha.com/ မှာ ကီးဘုတ်အမျိုးအစား အမျိုးမျိုးနဲ့ removal တွေပါ  free download ပေးပါတယ်။ ကျနော်မကြိုက်ပါဘူး။ ဘာလို့လဲတော့ မမေးနဲ့။ အပေါ်က ကျနော်ပေးခဲ့တဲ့ installer တစ်ခုထဲကိုပဲ သုံးကြည့်ပါ။ installing complete ဖြစ်တယ်ဆိုရင် သူတောင်းတဲ့အတိုင်း restart ပေးလိုက်ပါ။ နေရာတိုင်းအတွက် လုံးဝ အဆင်ပြေပါတယ်။ အကယ်၍ အခြို့ ၀င်းဒိုးမှာ installing မပြီးခဲ့ရင် အောက်က keyboard installer ကို run ပေးပါ။ (Vista နဲ့ Windows 7 မှာ ဖြစ်တတ်ပါတယ်။ 64-bit windows ဆိုရင်လည်း အခုပေးတဲ့ ကီးဘုတ်ပဲ အဆင်ပြေမှာပါ)
Zawgyi keyboard installer Download (x86 and x64-bit windows)
ကျနော်ပေးထားတာကို ဇစ်ဖြည်လိုက်ရင် Zawgyil ဆိုပြီး ဖိုဒါတွေ့လိမ့်မယ်။ အဲဒီထဲမှာ setup ဆိုတဲ့ ကမ္ဘာလုံးပုံလေးကို run ပေးပါ။ ၅ စက္ကန့် ခန့်အတွင်း complete လို့ ပြပါလိမ့်မယ်။ (loading တွေ installing တွေ ဘာမှ မပြပါဘူး)။ Finish ဆိုတာကို နှိပ်ပေးလိုက်တာနဲ့ taskbar မှာ ဇော်ဂျီကီးဘုတ် ပေါ်လာမှာ ဖြစ်ပါတယ်။ (ဒီ installer နဲ့ အလွဲအချော်ဖြစ်တာ၊ အဆင်မပြေတာ တခါမှ မတွေ့ဘူးသေးပါဘူး။ ၀င်းဒိုးအားလုံးအတွက် အဆင်ပြေပါတယ်)။ ဒီ installer က ကီးဘုတ် တစ်ခုထဲကိုသာ ထည့်သွင်းပေးတာဖြစ်လို့ ဖောင့်မပါသေးပါဘူး။ (အပေါ်က ပေးခဲ့တဲ့ installer သို့မဟုတ် အခြား Installer တွေ run ပြီးလို့ အဆင်မပြေမှ ဒါကို run တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါတစ်ခုထဲ run ထားတာ ဆိုရင်တော့ ဖောင့်ကို မိမိဘာသာ ထည့်ပေးရမှာဖြစ်ပါတယ်။
XP မှာ ဖောင့်တစ်ခုကို ထည့်သွင်းဖို့က ဖောင့်ကို copy ယူလာပြီး Control panel – Font ထဲမှာ paste ချပေးပါ။ ပြီးရင် ထည့်ပေးလိုက်တဲ့ ဖောင့်ကို double click နှိပ် (သို့) restart ချပေးမှ ဖောင့် active ဖြစ်ပါတယ်။ ဖောင့်အများကြီးကို install လုပ်ချင်တာ ဆိုရင်တော့ Control panel – Font ရဲ့ နေရာလွတ်တစ်ခုမှာ right-click လုပ်ပြီး install font ကို နှိပ်ပါ။ ပြီးရင် မိမိဖောင့်ထည့်ထားတဲ့နေရာကေို ရွေးပေးပြီး၊ select လုပ်ကာ install လို့ ပေးလိုက်လို့ရပါတယ်။
Vista နဲ့ windows 7 အတွက်တော့ အရမ်းလွယ်သွားပါပြီ။ Install လုပ်ချင်တဲ့ ဖောင့်ပေါ် right-click ထောက်ပြီး install ဆိုတာကို နှိပ်ပေးရုံပဲ။ အများကြီး install လုပ်ချင်ရင် အားလုံးကို select လုပ်ပြီး right-click ထောက် install နှိပ်ပါ။
Zawgyi font ဆိုလို့ သက်တမ်းတစ်လျှောက်မှာ ထူးခြားတဲ့ ဖောင့်တမျိုးရှိပါတယ်။ စာလုံးမှားရေးတတ်သူတွေအတွက် အတော်လေး အထောက်ကူရပါတယ်။ ဥပမာ – သုညနဲ့ ၀လုံးလိုမျိုးပေါ့။ အခြားဖောင့်တွေ အားလုံးက အတူတူပါပဲ။ အဲဒီအတွက် အလွယ်ပဲ ၀လုံးနေရာ သုညကိုပဲ ရေးလိုက်ပါတယ်။ ဒီဖောင့်မှာကျတော့ သုည အပေါက်လေး နှစ်ပေါက် လုပ်ပေးလိုက်တဲ့အတွက် ၀လုံးနဲ့ သိသိသာသာကြီး ကွာခြားသွားပါတယ်။ နောက်ပြီး “နု” ဆိုပြီးရေးမယ်ဆိုပါစို့ မိမိက  န ကို အခုအတိုင်း ခြေထောက်ပါတဲ့  အရှည်ရေးမိလိုက်ရင်လည်း  -ု ထည့်တဲ့ အချိန်မှာ သူ့ဘာသာ ခြေထောက်မပါတဲ့ နငယ် ဖြစ်အောင် ပြောင်းလဲပြီး နု အဖြစ်ရေးပေးသွားပါတယ်။ အထူးသဖြင့် ယရစ်တွေပေါ့။ မြန်မာစာလုံးမှာ ယရစ်တွေ အမျိုးမျိုးရှိပါတယ်။ လုံးကြီးတင်ပါ ၊ မပါ ၊ ယရစ်ကြီး၊ သေး တွေ ရှိပါတယ်။ြ-ြ-ြ-ြ-        စသဖြင့်တွေ့ပါလိမ့်မယ်။ လုံးကြီးတင်ပါရဲ့သားနဲ့ အပြည့်ယရစ်နဲ့ရေးမိရင် မလှသလို၊ လုံးကြီးတင်မပါပဲနဲ့ အပွင့်နဲ့ဆိုလည်း မလှပါဘူး။ အဲလို မျိုးအတွက် ဒီဖောင့်က မိမိကြိုက်တာရေးလိုက် သူ့ဘာသာ ပြောင်းလဲသွားပေးပါတယ်။ ဒါတွေရဲ့ creator က မာ့ခ် လို့ သိရပါတယ်။ ကျနော်ပြောတာထက် အများကြီးပိုပြီး update လုပ်ထားပြီးပါပြီ။ ဒီနေရာမှာ ဖောင့်တွေအတွက် သူပြောထားတာ အများကြီးရှိပါတယ်။ လေ့လာကြည့်ပါဦး။
Zawgyi font 2009 Download
ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်တွေအတွက် အဆင်မပြေဖြစ်နေသေးသူများအတွက် ဒီပို့စ်ကို ရေးသားပါတယ်။ အစကတော့ all about of Zawgyi ဆိုပြီး ဇော်ဂျီနဲ့ other application အားလုံးအတွက်ရေးဖို့ ရည်ရွယ်တာပါ။ ပို့စ်အရမ်းရှည်သွားမှာစိုးလို့ ၀င်းဒိုးဆိုင်ရာကို တစ်ပိုင်း ပိုင်းလိုက်ပါတယ်။ ebook ထုတ်မှပဲ အားလုံးကို တစုတစည်းတည်း ပေါင်းပြီး ထည့်ပေးပါ့မယ်။ အဆင်ပြေပါစေ …. all about of zawgyi ကို နောက်ဆက်တွဲ အနေနဲ့ ရေးပါ့မယ်။ … ဟေးဟေး … ဒီလိုပြောပေါင်းများပြီ။ ဒီနေ့ကို ရေးပါ့မယ်။
source:သံလုံငယ်

torsdag den 25. februar 2010

System Unit တစ်လုံးကို Monitor နှစ်လုံးတပ်ဆင်

အများအပြားဖွင့်ထားတဲ့အခါ Monitor တစ်လုံးထဲကနေ အလုပ်လုပ်ဖို့ဆိုလျှင် အဆင်မပြေနိုင်ပါဘူး။ဒီအတွက် Monitor နှစ်လုံးကို ချိတ်ဆက်ပြီး PC တစ်လုံးထဲတွင် အသုံးပြုခြင်းဖြင့် Multiple Displays အဖြစ်အသုံးပြုနိုင်မှာဖြစ်ပြီး သင်လုပ်ကိုင်နေသော အလုပ်များကို အလွယ်တကူ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ဒီလိုလုပ်ဖို့အတွက် အမျိုးအစားတူညီတဲ့ Monitor နှစ်လုံးနဲ့ Display Adapter လိုအပ်မှာဖြစ်ပါတယ်။၁။ Monitor နှစ်လုံးတပ်ဆင်တော့မယ်ဆိုရင် ပထမဦးစွာ သင့်ရဲ့ ကွန်ပျူတာကို Shutdown ချထားပါ။၂။ ထို့နောက် Monitor နှစ်လုံးကို Display Adapter နဲ့ချိတ်ဆက်ထားလိုက်ပါ။၃။ သင့်ကွန်ပျူတာရဲ့ စနစ်ကို စတင်ဖွင့်ပြီး Display Setting ချိန်ညှိပေးပါ။၎။ Desktop ပေါ်တွင် Right Click နှိပ်ပြီး "Window XP" ဆိုလျှင် Properties ကို ရွေးချယ်ပြီး WindowVista ဆိုလျှင် "Personalize" ရွေးချယ်ပေးပါ။ Display Properties Box ကျလာပါလိမ့်မယ်။ Display Settingကို ရွေးချယ်ပေးလိုက်ပါ။၅။ ဒုတိယတပ်ထားသည့် Monitor ကို ရွေးချယ်လိုက်ပါ။၆။ အားလုံးပြီးသွားပြီဆိုလျှင် Apply Button ကို Click နှိပ်ပြီး OK ကို Click နှိပ်လိုက်ပါ။ Monitor နှစ်လုံးကိုSystem Unit တစ်လုံးထဲတွင် တပ်ဆင်ပြီး စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။
source: ICT Reader

Microsoft ရဲ့ EU Settlement အတွက် IE Icon တွေလာတော့မည်

နောက်ဆုံးထွက်လာတဲ့ Updated တွေအရ Consumers တွေအတွက် Windows ရဲ့ Browser ကို အသုံးပြုခွင့်၊ EU Law နှင့် အညီ Internet Explorer ကို အသုံးပြုခွင့် အစရှိတဲ့ Microsoft ရဲ့ အစီအစဉ်တွေဟာ အရေးပါမှု နည်းပါးနေပါတယ်။

Opera Software ရဲ့ COT, Hakon Wium Lie က Micorsoft ရဲ့ Windows မှာ ထည့်သုံးတော့မယ့် IE Icon အကြောင်းကို မေးမြန်ခဲ့ပါတယ်။ Lie အနေနဲ့ ကမ္ဘာအနှံ့ Users တွေအတွက် ကိုယ်ကြိုက်ရာ Browser ကိုသုံးနိုင်တဲ့အထိ ဖြစ်လာစေချင်တယ်။ Windows တွေ Install လုပ်တဲ့အခါ Browsers List မှ ကြိုက်ရာရွေးသုံးနိုင်စေမယ့် Ballot Screen ကို Microsoft က Friday မှာ ထုတ်ခဲ့တယ်။ ဒီ Screen ဟာ Windows 7 နှင့် အတူထွက်လာမှာ ဖြစ်ပြီး Windows XP နှင့် Windows Vista အထိ Update လုပ်ထားတဲ့ Software နှင့် Download လုပ်နိုင်ပါတယ်။

User တစ်ယောက်က အလိုရှိတဲ့ Browser ကို Click လုပ်တဲ့အခါ Dowload Site ကို ရပါလိမ့်မယ်။

Lie ထပ်ပြောတာကတော့ Ballot Screen မှာ Icons ကို အသုံးပြုလာခြင်းကြောင့် IE ကို လူကြိုက်များလာနိုင်ပါတယ်။ ပြီးတော့ IE ရဲ့ Logo ဟာ Windows 7 နှင့် ပုံစံတူဖြစ်ပါတယ်။

ယေဘုယျ အားဖြင့် Blue 'e' ကို Internet နှင့်တွဲဖက်ထားပါတယ်။ ဒါပေမယ့် TechFlash က Blue 'e' ကို အသုံးပြုဖို့ သိပ်မကောင်းကြောင်းပြောခဲ့ပါတယ်။

Lie အနေနဲ့ Microsoft ရဲ့ အစီအစဉ်ကို ကြိုက်နှစ်သက်ပါတယ်။ ဒီအစီအစဉ် ဟာ EU ရဲ့ Antitrust Law အတွက် ပထမ ဆုံးကမ်းလှမ်းမှု ဖြစ်ပါတယ်။

Microsoft ရဲ့ IE နှင့် Windows ပေါင်းစပ်ထားခြင်းကို EU မှာ စတင် Complain လုပ်တဲ့အဖွဲ့ကတော့ Opera ဖြစ်ပါတယ်။ IE 8 နှင့် Windows 7 ရဲ့ နောက်ဆုံး Version ကိုဘဲ ပွင့်ပွင့်လင်းလင်း ပြောထားတာပါ။

ဒီနှစ်အစောပိုင်းမှာ IE နှင့် Windows ကို တွဲဖက်ထားခြင်းဖြင့် EU Anit-Trust Law ကို ချိုးဖောက်ရာ ရောက်နေသော်လည်း EU က Microsoft ရဲ့ ဒီအစီအစဉ် ကိုကြိုဆိုနေပါတယ်။
source: :ICT Reader

torsdag den 18. februar 2010

မြန်မာဖောင့်မရှိလဲ Website/Blog ကိုဖတ်လို့ ရတယ်.

Myanmar Unicode သုံးထားတဲ့ သင့်ရဲ့  website/blog ကို ဘယ် Myanmar font မှ မရှိတာတောင် ဖတ်လို့ ရသွား စရပါမယ်။ ဒီ software ကျေးဇူးနဲ့ Website ပိုင်ရှင်တိုင်း Unicode ကို စိတ်ချလက်ပြောင်းသုံးနိုင်ပါပြီး။ ကိုယ့် WebSite ကိုတခြားလူဖတ်လို့ မရမှာ စိုးရိမ်စရာမလိုတော့ပါဘူး။ ဒီ Software ကို ထီထွင်ပေးတဲ့ ဆရာကြီးနှစ်ယောက်ကို ကျေးဇူးတင်စကား စာရေးပို့ နိုင်ပါကြောင်းပါခင်ဗျာ တကယ်ကို လေးစားထိုက်ပါတယ်.


*Keith Stribley -- http://www.thanlwinsoft.org
*Wunna Ko Ko -- http://my.openoffice.org/bur/

လုပ်နည်းကတော့လွယ်ပါတယ်. ၃ ခုလုပ်ရုံပါဘဲ၊ Web page တိုင်းမှလုပ်ရမှာဆိုတော့ Wordpress,Joomla,Blog တို့ သုံးရင်တော့ Template ထဲမှာပြင်လိုက်ရုံပါပဲ၊ HTML တွေဆိုရင်တော့ စာမျက်နှာတိုင်းမှာပြင်ရပါလိမ်မယ်.။

1.<head> နဲ့ </head> ကြားထဲမှာ ဒါလေး ထည့်ထားပါ။

<!--[if IE]>

<style>vml\: * { behavior:url(#default#VML); display:inline-block }</style>

<xml:namespace ns="urn:schemas-microsoft-com:vml" prefix="vml" />

<![endif]-->

<script type="text/javascript" src="http://mut.rit- alumni.info/styles/myDetection.js"></script>

<script type="text/javascript" src="http://mut.rit- alumni.info/styles/xmlRequest.js"></script>



2. <body>tag ကို ဒီလို အစားထိုး ဘို့ လိုပါတယ်။
<body onload="myUnicode.initParse('http://mut.rit-alumni.info/styles/');">

3. invisible code လေးတစုကို footer မှာဘဲဖြစ်ဖြစ်web page ရဲ့ တနေရာမှာ ထည့်ပေးဖို့ လိုပါတယ်.။
<span class="myUniTest" id="myWidth2">ကက</span>

<span class="myUniTest" id="myWidth1">က္က</span>
source:winmyanmar

søndag den 7. februar 2010

Serial World 2010(2.77mb)

Serial World ကတော့အရမ်းမိုက်တယ်ဗျာ။Serial keyတွေပါတဲ့ဆော့ဝဲလေးပါ။portableလေးပါ။ကျွှန်တော်တင်ပေးထားတဲ့Power Iso 4.6ဆိုရင်သူက4.5အထိပါပါတယ်။တော်တော်ကောင်းပါတယ်။Serialအတွက်အခက်တွေ့ နေသူများအတွက်ကြော်ငြာစရာတောင်မလို တော့ပါဘူး။ဟိးအောက်မှာဒေါင်းလိုက်ပါ။
Download Serial World 2010(megaupload)
source: မောင်ဝေယျံထက်:

onsdag den 27. januar 2010

Windows 7, Vista, Server 08 Activator (x32 , x64)

ဒါကတော့ version 1.7.7 ပါ window 7, vista, server 8 အတွက်ပါ . အားလုံးနှင့် အဆင်ပြေပါတယ် . လိုချင်သူများ အောက်မှာ Download လုပ်လိုက်ပါ .
Download ifile.it /Download mediafire
Download multiupload
source:ညီနေမင်း

window တင်ပြီးခါမှ HDD ကို partition ဘယ်လို ပြန်ပိုင်းမလဲ


EASEUS Partition Master Pro 4.1.1
ဒါကတော့ ကျွန်တော်တို့ window တင်ပြီးခါ ကျမှ partition ပြန်ပိုင်းချင်တယ် တစ်နည်းအားဖြင့် HDD ကို ထပ်ပြီးတော့ တစ်ပိုင်း ထပ်ခွဲချင်တာမျိုး ပေါင်းချင်တာမျိုး လုပ်ချင်တယ် အခက်အခဲ ဖြစ်နေတယ် ဆိုရင်တော့ အခု တင်ပေးလိုက်တဲ့ EASEUS Partition Master နဲ့ ပိုင်းလို့ ရပါတယ် . XP/Vista/Windows 7 32/64 bit စတဲ့ window operation system အတွက်ပါ . တစ်ခြား os တွေတော့ မရပါဘူး .
Download EASEUS
source:ညီနေမင်း

Realtek High Definition Audio Driver R2.39

အသံမလာတဲ့ ညီအစ်ကိုများရဲ့ pc ကို အခုတင်ပေးလိုက်တဲ့ realtek high definition audio driver ကိုသာတင်လိုက် မရတဲ့အသံ ထွက်လာလိမ့်မယ် .Download Driver for Windows 2000, Windows XP/2003 (32/64 bits)Download Download Driver for Windows 7/ Vista (32/64 bits)Download
source:ညီနေမင်း

lørdag den 23. januar 2010

PC တစ်လုံး တပ်ဆင်ရန် ရွေးချယ်ခြင်း (အပိုင်း-၂)

ဒီဆောင်းပါးကို မြန်မာနိုင်ငံမှာ ပုံနှိပ်ထုတ်ဝေတဲ့ Knowledge Bridge မဂ္ဂဇင်း သို့ စာမူပို့ထားပါတယ်။ ကျနော့်ဘလော့မှာ ရေးသားဖော်ပြမယ်လို့ ပြောထားတဲ့အတွက် ဒီမှာအရင် တင်လိုက်တာပါ။

ဆောင်းပါးတစ်ခုလုံး Ebook အဖြစ် လိုချင်သူများအတွက် pdf ဖိုင်ကို အောက်မှာဒေါင်းနိုင်ပါတယ်။
Download Mediafire ifile (Choose for building a PC.pdf)

online တွင် ဖတ်ရှူချင်သူများအတွက် ဒုတိယပိုင်းကို ဆက်လက် တင်ပြပေးလိုက်ပါတယ်။

Hard Disk ရွေးချယ်ခြင်း
HDD (Hard Disk Drive) သည် အချက်အလက်များကို သိုလှောင်ပေးထားသော အဓိက storage device တစ်ခုဖြစ်ပါတယ်။ non-volatile memory (ပါဝါ မပေးထားသည့် အချိန်တွင်လည်း data များကို သိုမှီးထားနိုင်ပြီး၊ မိမိကိုယ်တိုင် Delete မလုပ်မချင်း data များကို ထိန်းသိမ်းပေးထားနိုင်သော memory) အမျိုးအစားဖြစ်ပါတယ်။ Capacity ကို HDD ထဲတွင် သိုလှောင်ထိန်းသိမ်း ထားနိုင်မည့် data ပမာဏဖြင့် ဖော်ပြပြီး bytes(B) ယူနစ် စနစ်ဖြင့် တိုင်းတာပါတယ်။ Bytes unit system ၏ တွက်ချက်ပုံမှာ -
1 bit = 0 or 1
1 Byte = 8 bits (01, 001, 111)
1 KB (kilobyte) = 1024 bytes
1 MB (megabyte) = 1024 kilobytes
1 GB (gigabyte) = 1024 megabytes
1 TB (tetrabyte) = 1024 gigabytes
စသည်ဖြင့် သတ်မှတ်တွက်ချက်ပါတယ်။ (HDD ထုတ်လုပ်ရောင်းချသော ကုမ္ပဏီများသည် 1000 000 Kb ကို 1Gb အဖြစ် ယေဘူယျ သတ်မှတ်ကာ ရောင်းချကြပါတယ်။ ကွန်ပျူတာတွင် တပ်ဆင်သောအခါ system များက အထက်ပါ စနစ်အတိုင်း တွက်ချက်ပြသသောကြောင့် 1Gb အပြည့်မဖြစ်တော့ပဲ 953 Mb ခန့်သာ ကျန်ရှိတော့တာကို တွေ့ကြမှာပါ။ flash drive များနှင့် Hard disk များ အားလုံး ထိုအတိုင်းပင် ဖြစ်ပါတယ်။ Gigabyte ဘယ်လောက်ဝယ်ရင် ဘယ်လောက်ကျန်မလဲဆိုတာကို အထက်ပါစနစ်အတိုင်း မိမိဘာသာ တွက်ချက်ကြည့်နိုင်ပါတယ်)။

လက်ရှိအသုံးပြုနေသော Hard drive များကို အရွယ်အစားနှစ်မျိုး၊ ကြိုးဆက်သွယ်မှု နှစ်မျိုး ကွာခြားနေတာကို တွေ့ကြပါလိမ့်မယ်။ 2.5” HDD နှင့် 3.5” HDD ဆိုပြီး အရွယ်အစား နှစ်မျိုးရှိပြီး၊ ATA (IDE) နှင့် S-ATA ဆိုပြီး connector နှစ်မျိုးရှိပါတယ်။ ၂.၅ လက္မ hard disk ကို laptop နှင့် Extra Dard disk များထဲတွင် အသုံးပြုနေကြပါတယ်။ မူလအရွယ်အစား ပါးလျသေးသွယ်တာကြောင့် connector အရွယ်အစားကြီးမားတဲ့ IDE ဖြင့် ထုတ်လုပ်ခြင်းမရှိပဲ S-ATA ဖြင့်ပဲ ထုတ်လုပ်ပါတယ်။ ၃.၅ လက္မ hard disk ကို PC ပုံးများတွင် တင်ဆင်အသုံးပြုပါတယ်။ အရင် extra hard disk အနေဖြင့်လည်း ပြုလုပ် အသုံးချခဲ့ပေမယ့် အရွယ်အစား ကြီးမားခြင်းကြောင့် ယခုအခါတွင် PC HDD အဖြစ်သာ သုံးကြပါတယ်။ 3.5” HDD ကိုတော့ IDE ရော S-ATA ဖြင့်ပါ ထုတ်လုပ်ပါတယ်။ S-ATA သည် IDE ကဲ့သို့ master နှင့် Slave drive ခွဲပေးရန် မလိုခြင်း၊ ကြိုးအရွယ်အစားသေးသောကြောင့် PC အတွင်း လေ၀င်လေထွက် ပိုမိုကောင်းမွန်ခြင်း၊ တပ်ဆင်ရ ပိုမိုလွယ်ကူခြင်းတို့ကြောင့် နောက်ပိုင်းမှာ S-ATA ကိုသာ လူသုံးများလာကြပါတယ်။ S-ATA များရဲ့ Data Transfer rate ဟာ IDE ထက်ပိုမြန်ပြီး 150 Mb/Sec ဖြစ်ပါတယ်။
Hard disk ၀ယ်ယူရန်အတွက် စဉ်းစားရန် နှစ်ချက်ရှိပါတယ်။ သိုလှောင်မှု ပမာဏ ဘယ်လောက်သုံးမှာလဲ ? ဘယ်လို connector အမျိုးအစား သုံးမှာလဲ ? ။ အရွယ်အစားကတော့ PC ဆင်မှာဖြစ်လို့ 3.5” ကိုပဲ သုံးရပါမယ်။ HDD ကို သိုလှောင်ထိန်းသိမ်းနိုင်တဲ့ သေတ္တာ တစ်လုံးအဖြစ်သာ သုံးတာမို့ သိုလှောင်မှု ပမာဏ ကိုတော့ မိမိကြိုက်သလောက် ထည့်လို့ရပါတယ်။ (Windows Vista အတွက်တော့ အနည်းဆုံး 12Gb လိုတာမို့ ဘယ်လောက်များများ ပြဿနာ မရှိပေမယ့် နည်းသွားခဲ့ရင်တော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး)။ သိုလှောင်မှု ပမာဏ နှင့် အမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားတဲ့အပြင် cache ပမာဏဟာလည်း HDD ရဲ့ ဈေးနှုန်းကို အနည်းငယ် ကွာခြားစေပါတယ်။
(ဥပမာ - Seagate S-ATAII 250GB ,8MB ဆိုပြီးရေးထားတတ်ပါတယ်။ 8Mb ဆိုတာ cache ဖြစ်ပြီး၊ cache နှစ်ဆ ဖြစ်သွားရင် ဈေးလည်း နှစ်ဆ ဖြစ်သွားတတ်ပါတယ်)။ connector အမျိုးအစားကိုတော့ Motherboard ကိုကြည့်ပြီးတော့ဝယ်ယူပါ။ SATA ရဲ့ အားသာချက်တွေ ပြောခဲ့ပြီးပါပြီ။ ဒါပေမယ့် တိုးတက်တီထွင်တဲ့ နည်းပညာ အသစ်ဖြစ်လို့ ဟိုးအရင်က PIII board တွေမှာ SATA မပါပါဘူး။ SATA ရော IDE ရော ပါခဲ့မယ်ဆိုရင်တော့ ပြောစရာတောင်မလိုတော့ပါဘူး SATA ပဲ သုံးမှာပါ။


Optical Drive ရွေးချယ်ခြင်း
Laser ကိုသုံးပြီး data များကို ဖတ်ရှူခြင်း၊ ရေးသားခြင်း ပြုလုပ်တဲ့ Drive တွေကို Optical drive လို့ ခေါ်တာ သိပြီးဖြစ်မှာပါ။ လက်ရှိအနေအထားမှာ Optical drive တစ်ခု ရွေးမယ်ဆိုရင် အနည်းဆုံး DVD-RW လောက်တော့ ရွေးရပါလိမ့်မယ်။ Windows Vista က စလို့ အလားတူ OS version အားလုံး၊ Game တွေအားလုံးလိုလို နှင့် ဇာတ်ကားများဟာလည်း DVD version တွေ ဖြစ်နေပါပြီ။ Blu-ray drive တွေကို အသုံးပြုလာပြီဆိုပေမယ့် ဈေးနှုန်းကတော့ အလွန်မြင့်မားနေပါသေးတယ်။ CD-R, CD-RW, DVD Combo, DVD-RW, BR-R ဆိုပြီး ကွာခြားတာနှင့်အမျှ အမျိုးအစားမြင့်လေ ဈေးမြင့်လေပဲပေါ့။ (DVD ကို ဖတ်ရုံသာဖတ်နိုင်ပြီး၊ CD ကို ရေးနိုင်၊ ဖတ်နိုင်တဲ့ drive ကို DVD combo drive လို့ခေါ်ပါတယ်)။ optical drive နှင့် HDD ဟာ storage device ချင်း တူတာနှင့်အမျှ connector အမျိုးအစားတွေဟာလည်း အတူတူပဲ ဖြစ်ပါတယ်။ အဲဒီအတွက် optical drive မှာ disc အမျိုးအစား ရွေးချယ်ရတာဖြစ်ပြီး၊ HDD မှာ storage ပမာဏ ရွေးချယ်ရတာပဲ ကွာပါတယ်။ ကျန်တာ အတူတူပါပဲ။
(motherboard အတွက် တစ်ခု ဖြည့်ပြောချင်တာက SATA ဟာ IDE လို နှစ်ခွ သုံးလို့မရတဲ့အတွက် SATA slot လေးခုပဲ ပါရင် HDD drive ဖြစ်စေ၊ Optical drive ဖြစ်စေ စုစုပေါင်း လေးခုပဲ သုံးလို့ရမှာဖြစ်ပါတယ်။ အဲဒီအတွက် CD Burning ကို စီးပွါးဖြစ် သုံးလိုသူများအတွက် SATA Drive များကို ရွေးချယ် ခဲ့မယ်ဆိုရင်၊ SATA Slots များများပါတဲ့ motherboard ကို ရွေးချယ်ရမှာဖြစ်ပါတယ်)


Heat sink ရွေးချယ်ခြင်း
Heat sink လို့ခေါ်တဲ့ CPU cooler ကို မြင့်မားလှတဲ့ CPU အပူချိန် လျှော့ချဖို့အတွက် မရှိမဖြစ် အသုံးပြုရပါတယ်။ CPU ၀ယ်ယူစဉ်မှာ Core 2 Duo T6500 - BOX ဆိုပြီး တွေ့မိကြမယ်ထင်ပါတယ်။ (online store များမှ ၀ယ်ယူသူများအတွက် ပြောတာဖြစ်ပါတယ်) CPU ကို ဒီတိုင်းရေးပြထားရင် CPU တစ်ခုတည်းသာဖြစ်ပြီး၊ BOX လို့ပါရင် Heat sink ပါ တွဲရောင်းတဲ့ အမျိုးအစားဖြစ်ပါတယ်။ Heat sink အတွက် ဒေါ်လာ သုံးဆယ်ခန့် ပိုယူတတ်ပါတယ်။ မိမိဘာသာ Heat sink သက်သက် ၀ယ်ယူ တပ်ဆင်မယ်ဆိုရင်တော့ ပထမဆုံး ကြည့်ရမှာက CPU Slot အမျိုးအစားဖြစ်ပါတယ်။ Slot တူမှသာ အထိန်းကုပ် ရမယ့် တိုင်တွေ စကူတွေ တပ်ဆင်လို့ ရမှာဖြစ်ပါတယ်။ မိမိပုံးရဲ့ အကျယ်အ၀န်းနှင့် Heat sink ရဲ့ အမြင့်ကို ထည့်တွက်ပါ။ Motherboard ရဲ့ CPU slot ပတ်ပတ်လည်မှာ conductors လေးဝိုင်းနေတာမျိုး ရှိတတ်ပါတယ်။ ကျနော်ရွေးထားခဲ့တဲ့ board ကလည်း ဒီအတိုင်းပါပဲ။ ဒီလို motherboard မျိုးမှာ အောက်ခြေနိမ့်တဲ့ Heat sink မျိုး သုံးခဲ့ရင် တပ်ဆင်လို့ မရတာမျိုး ရှိပါတယ်။ အဲဒီအတွက် ဒါကိုလည်း ထည့်စဉ်းစားပေးပါ။ ပန်ကာပါတဲ့ Active Heat sink နှင့် ပန်ကာမပါတဲ့ passive Heat sink နှစ်မျိုး ရှိတာသိကြပါလိမ့်မယ်။ လက်ရှိအသုံးပြုနေတဲ့ CPU ရဲ့ အလုပ်လုပ်နှုန်းနှင့် အပူချိန်တွေကြောင့် ပန်ကာပါတဲ့ Active Heat sink ကိုပဲ ရွေးချယ်သင့်ပါတယ်။ ပုံသဏ္ဌန်နှင့် အမျိုးအစားကိုတော့ မိမိစိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ကွန်ပျူတာ တစ်ခုလုံး အသံအကျယ်ဆုံး ဆူညံတာဆိုလို့ (CD drive အရမ်းအလုပ်လုပ်နေချိန်မှ အပ) Heat Sink ပဲ ရှိပါတယ်။ power supply မှာလည်း ပန်ကာပါပေမယ့် heat sink လောက် အပတ်ရေ မမြန်ပါဘူး။ အဲဒါကြောင့် ဆူညံသံ နည်းပါးတဲ့ Heat sink ကို စုံစမ်း ရွေးချယ်သင့်ပါတယ်။


Power Supply ရွေးချယ်ခြင်း
Power supply ကို casing မှာ တစ်ခါတည်း တပ်ဆင်ပြီး ရောင်းချတာများပါတယ်။ သတိပြုရွေးရမှာတော့ Power ပေးနိုင်တဲ့ Watt လုံလောက်ဖို့နှင့် ရွေးချယ်ထားတဲ့ drive များအတွက် connector မှန်ကန်ဖို့ပဲဖြစ်ပါတယ်။ Watt လုံလောက်ဖို့အတွက် တွက်ချက်ပုံကတော့ အကြမ်းဖျင်း စိတ်မှန်းဖြင့် ၀ယ်ယူနိုင်သလို အတိအကျလည်း တွက်ယူလို့ရပါတယ်။ မိမိရွေးချယ်ထားတဲ့ device တွေဖြစ်တဲ့ CPU ကနေ DVD drive၊ Heat sink တို့အထိ သူတို့ မှာရေးထားတဲ့ လိုအပ်တဲ့ ပါဝါပမာဏ Watt အားလုံးကို ချပေါင်းလိုက်ပါ။ (device အားလုံးရဲ့ အရည်အသွေးတွေ ပြသထားတဲ့နေရာမှာ သူတို့အတွက် လိုအပ်တဲ့ W အားကိုလည်း ရေးပြထားပါတယ်)။ မိမိရွေးချယ်ထားတဲ့ device အားလုံးရဲ့ လိုအပ်တဲ့ ပါဝါပမာဏဟာ 250W ဖြစ်မယ်ဆိုရင် 400W power supply ကို ရွေးချယ်သင့်ပါတယ်။ disk drive များနှင့် fan များတွင် ရှိသော motor များသည် ပါဝါခလုပ် စဖွင့်ချိန်တွင် full speed သို့ ရောက်အောင် ပါဝါ ပိုမိုသုံးစွဲရသောကြောင့် ဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့ power supply က Watt အားပိုနေရင် ပြဿနာ မရှိပေမယ့်၊ လောက်ငှမှု ရှိဖို့တော့ လိုအပ်ပါတယ်။ device တွေရဲ့ ပါဝါလိုအပ်မှု အကြမ်းမျဉ်းကို ဖော်ပြပေးလိုက်ပါတယ်။

Motherboard 15-30 watts
ပါဝါစားနည်းသော CPU 20-50 watts
အလယ်အလတ်နှင့် အမြင့်ဆုံးပါဝါလိုအပ်သော CPU 40-100 watts
RAM 128MB လျှင် 7 watts
PCI add-in card 5 watts
အနိမ့်ဆုံးမှ အလယ်အလတ် graphics card 20-60 watts
အမြင့်ဆုံး ပါဝါလိုအပ်သော graphics card 60-100 watts
IDE hard drive 10-30 watts
Optical drives 10-25 watts

(ကျနော်အခုရွေးချယ်ထားတဲ့ devices တွေနှင့်ဆိုလျှင် 450 W Power supply အသုံးပြုပါက လောက်ငှမှု ရှိပါတယ်)။


Casing ရွေးချယ်ရန်အတွက်
Casing ရွေးချယ်ခြင်းကတော့ မိမိကြိုက်တဲ့အရွယ်အစားနှင့် ဒီဇိုင်းပေါ်မူတည်သည့်အတွက် အများကြီးပြောစရာမရှိပါဘူး။ optical drive များများတပ်ဆင်ချင်သူအတွက် လေးခုတပ်ဆင်နိုင်သော mid tower နှင့် ခြောက်ခုနှင့်အထက် တပ်ဆင်နိုင်သော full tower များကို အသုံးပြုသင့်ပါတယ်။ mini tower တွေက optical drive အတွက်နေရာ နှစ်ခုခန့်သာ ပါဝင်ပြီး သေးငယ်ပေမယ့် အရွယ်အစား အနည်းငယ်ကြီးမားတဲ့ motherboard နှင့် VGA card တို့အတွက် အခက်အခဲရှိနိုင်ပါတယ်။ စီးပွါးရေးလုပ်ငန်းအတွက် အသုံးပြုလိုသူများနှင့် gamer များအတွက် mid tower က လေ၀င်လေထွက်ကောင်းပြီး လွတ်လပ်စွာ ဖြုတ်တပ်နိုင်အောင် ကျယ်ဝန်းသည့်အတွက် အသင့်လျှော်ဆုံးဖြစ်ပါတယ်။ Casing များမှာ power supply များပါ တပ်ဆင်ရောင်းချခြင်းဖြစ်လို့ မိမိလိုချင်တဲ့ casing မှာ လိုအပ်တဲ့ power ပမာဏ မလုံလောက်ခဲ့ရင် (သို့မဟုတ်) power supply မပါခဲ့ရင် သီးသန့် ၀ယ်ယူ တပ်ဆင်ရမှာဖြစ်ပါတယ်။


အခြားသော devices များအတွက်
Sound card, LAN card နှင့် USB port များအတွက် နောက်ဆုံးပေါ် motherboard များမှာ ထည့်သွင်းစဉ်းစားစရာမလိုပါဘူး။ Soundcard အတွက် အချို့ board များမှာ 6 channels အထိ build on ပါဝင်တဲ့အတွက် Sound Edition အတွက် Specialist မဟုတ်ခဲ့ရင် ထပ်စိုက်စရာမလိုပါဘူး။ Sound card ကဒ်စိုက်ဖို့ လိုအပ်ခဲ့မယ်ဆိုရင်လည်း motherboard ပေါ်ရှိ slot လက်ကျန်များနှင့် ကိုက်ညီအောင် ရှာဖို့ပဲ လိုပါတယ်။ TV tuner card ကဲ့သို့သော Media card များအတွက်လည်း ကျန်ရှိသော media slots နေရာလွတ်များနှင့် ကိုက်ညီဖို့သာ လိုပါတယ်။ ကီးဘုတ်နှင့် မောက်စ် အတွက်တော့ ကျနော်အထူးတလည် ရေးသားနေစရာမလိုတော့ပါဘူး။ PS 2 နှင့် USB နှစ်မျိုးသာ ရှိတော့တာ ဖြစ်ပြီး မိမိနှစ်သက်အဆင်ပြေသလို ၀ယ်ယူသုံးစွဲနိုင်ပါတယ်။


ယခုရေးသားခဲ့သော ဆောင်းပါးသည် ကွန်ပျူတာရှိ အစိတ်အပိုင်းများအား အနည်းငယ် နားလည်စေပြီး ကိုက်ညီအဆင်ပြေမှု ရှိသော PC တစ်လုံး တည်ဆောက်နိုင်ရန်အတွက် ရွေးချယ် ပြင်ဆင်မှု အပိုင်းပင်ဖြစ်ပါတယ်။ ဘယ်အမျိုးအစား၊ ဘယ်တံဆိပ်ကိုမှ ပိုကောင်းတယ်လို့ မရည်ညွှန်းခဲ့ပါဘူး။ ဒီအတိုင်း တစ်ခုချင်း အသေးစိတ်လိုက်မကြည့်ပဲ ကွန်ပျူတာ ဆင်သူတွေ များစွာရှိပါလိမ့်မယ်။ အလွဲအချော်မရှိ အတိအကျရွေးချယ်ပြီး နားလည်ချင်သူတွေအတွက် အတတ်နိုင်ဆုံး ကြိုးစားရေးသားခြင်းသာ ဖြစ်ပါတယ်။ ဘာမှ မမြင်ရပဲ အချက်အလက်တွေကိုကြည့်ပြီး ၀ယ်ယူရတဲ့ Online store များမှ ၀ယ်ယူသူများအတွက် အဓိကထားရေးခဲ့ခြင်းဖြစ်ပါတယ်။ Showroom များတွင် ၀ယ်ယူပါက ဒီ့ထက်ပိုမို လွယ်ကူလိမ့်မယ်လို့ ထင်ပါတယ်။ ယခုဆောင်းပါးဖြင့် ကွန်ပျူတာအစိတ်အပိုင်းများ ၀ယ်ယူပြီးဖြစ်လို့ နောက်ဆောင်းပါးတစ်ခုမှာ တပ်ဆင်ခြင်းကို ရေးသားပါ့မယ်။
source:သံလုံငယ်

onsdag den 20. januar 2010

PC တစ်လုံး တပ်ဆင်ရန် ရွေးချယ်ခြင်း (အပိုင်း-၁)

ဒီဆောင်းပါးကို မြန်မာနိုင်ငံမှာ ပုံနှိပ်ထုတ်ဝေတဲ့ Knowledge Bridge မဂ္ဂဇင်း သို့ စာမူပို့ထားပါတယ်။ ကျနော့်ဘလော့မှာ ရေးသားဖော်ပြမယ်လို့ ပြောထားတဲ့အတွက် ဒီမှာအရင် တင်လိုက်တာပါ။

PC ကွန်ပျူတာ တစ်လုံးကို ရွေးချယ်တပ်ဆင်ဖို့အတွက် အကြောင်း နှစ်ချက်အပေါ် မူတည် စဉ်းစားပါတယ်။
၁။ ဘာအတွက် သုံးစွဲမှာလဲ ? ၂။ ငွေဘယ်လောက် အကုန်ခံမလဲ ?
မိမိအသုံးပြုလိုတဲ့ ကွန်ပျူတာအမျိုးအစားပေါ် မူတည်ပြီး တပ်ဆင်မည့် Hardware တွေကို ရွေးချယ်ရတာဖြစ်ပါတယ်။ (ဥပမာ - ဗီဒီယို လုပ်ငန်းအတွက် အသုံးပြုမယ်ဆိုရင် Graphic ပိုင်းကို ဦးစားပေးပြီး၊ သူနဲ့ လိုက်ဖက်မည့် RAM, CPU တို့ကို ရွေးချယ်ရပါတယ်။) တပ်ဆင်ထားတဲ့ Hardware များက အသုံးပြုမည့် Software များရဲ့ လိုအပ်ချက်ထက် သာလွန်နေမှသာ အဆင်ပြေပါလိမ့်မယ်။ Game တစ်ခု ဆော့မယ် ဆိုပါစို့။ အဲဒီဂိမ်းအတွက် 3.0GHz CPU, 2Gb RAM နဲ့ 256Mb VGA တို့ အနည်းဆုံး လိုအပ်တယ်လို့ တောင်းဆိုခဲ့ရင် သူ့ထက် ပိုသာတဲ့ Hardware မိမိမှာ ရှိထားမှသာ အသုံးပြုရ အဆင်ပြေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဂိမ်းကို ကစားနေစဉ်အတွင်းမှာ အခြား အသုံးပြုမှု အားလုံး ပိတ်ထားခဲ့မယ်ဆိုရင်တောင် OS တစ်ခုနဲ့ Anti-Virus ကဲ့သို့သော software များကို တစ်ပြိုင်တည်း အသုံးပြုနေရဦးမှာ ဖြစ်လို့ပါပဲ။ Hardware ကို တိုးမြှင့်သုံးစွဲသည်နှင့်အမျှ အသုံးပြုရသော ငွေလည်း များပြားလာမှာပါ။ အဲဒီအတွက် မိမိသုံးချင်သလောက်နဲ့ ငွေသုံးနိုင်သလောက်ကို မျှတအောင် ချင့်ချိန် ရွေးချယ်ရမှာဖြစ်ပါတယ်။

CPU ရွေးချယ်ခြင်း
ကွန်ပျူတာ တစ်လုံးကို CPU မှ စတင်ပြီး ရွေးချယ်ကြပါတယ်။ ဈေးနှုန်းအများဆုံး အစိတ်အပိုင်းဖြစ်ပြီး သူ့အပေါ်မူတည်ကာ အခြားပစ္စည်းများလည်း ဈေးနှုန်း လိုက်မြင့်သွားပါတယ်။ ကွန်ပျူတာရဲ့ အမြန်နှုန်းကလည်း သူ့အပေါ်မူတည်ကာ ကွာခြားသွားခြင်းကြောင့်လည်း သူ့ကို အဓိက စဉ်းစားပါတယ်။ ကွန်ပျူတာရဲ့ တွက်ချက်ပုံ တစ်ခုလုံးနဲ့ လုပ်ဆောင်နိုင်မှုတွေကိုပါ ပြောရမယ်ဆိုရင် စာအုပ်တစ်အုပ်စာမက ဖြစ်သွားပါလိမ့်မယ်။ ကျနော်ရေးသားချင်တာက တပ်ဆင်နိုင်ရန် ရွေးချယ်ခြင်းလောက်ပဲ ဖြစ်လို့ လိုအပ်တဲ့ သဘောတရားလောက်ကိုပဲ တင်ပြသွားပါ့မယ်။

မိမိ အသုံးပြုမည့် Software က 3.0 GHz CPU လောက် လိုအပ်မယ် ဆိုရင်တော့ 2.0GHz ရှိတဲ့ Core 2 CPU တစ်ခုကို အနည်းဆုံးအနေနဲ့ ရွေးချယ်သင့်ပါတယ်။ CPU ရဲ့ လုပ်ဆောင်နိုင်မှုကို speed ၂ မျိုးနဲ့ တွက်ချက် သတ်မှတ်ပါတယ်။ CPU Clock Speed နဲ့ FSB speed တို့ ဖြစ်ကြပါတယ်။ 2.0GHz ဆိုတဲ့ Core 2 CPU ရဲ့ speed က CPU clock speed (သို့) processor speed ကို ရည်ညွှန်းခြင်းပဲ ဖြစ်ပါတယ်။ Core 2 ဖြစ်တဲ့အတွက် ရေတွက်ပုံ နှစ်ဆ ဖြစ်ပြီး ရေးသားထားတဲ့ အမြန်နှုန်းရဲ့ နှစ်ဆလို့ ဆိုလိုပါတယ်။ (ဥပမာ - intel T4200 Duo Core 2.0 GHz ဆိုရင် core နှစ်ခု မို့လို့ 4.0GHz ဖြစ်ပါတယ်) ။ CPU ဟာ ဈေးအကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး၊ တပ်ဆင်မှုရဲ့ အဓိက အစိတ်ပိုင်းလည်း ဖြစ်ပါတယ်။ လက်ရှိ Intel Core 2 Duo Processor တစ်ခုရဲ့ တန်ဖိုးဟာ 150 $ ၀န်းကျင်မှာ ရှိပါတယ်။ သူနဲ့လိုက်ဖက်အောင် တပ်ဆင်မယ်ဆိုရင် ခန့်မှန်းခြေ သူ့ရဲ့ သုံးဆ ခန့် ကုန်ကျနိုင်ပါတယ်။ (PC ပုံး တစ်ခုတည်းအတွက် ခန့်မှန်းခြေဖြစ်ပါတယ်)။ ဘယ်လောက် အကုန်ခံပြီး ဘာကိုရွေးချယ်ရမယ်ဆိုတာ အားလုံးဖတ်ပြီးချိန်မှာ စဉ်းစားနိုင်မှာပါ။ ကျနော် စာဆက်ရေးဖို့ အဆင်ပြေရန်အတွက် Intel® Core™2 Duo Processor E8200 ကို ဥပမာထား ရွေးချယ်ပြီး ရေးသွားပါ့မယ်။
မိမိ စက်မှာ အသုံးပြုမယ့် CPU ရဲ့ အချက်အလက် အသေးစိတ်ကို သိရဖို့ သူ့ရဲ့ မူရင်းဝဘ်ဆိုဒ်မှာ ရှာဖွေကြည့်ရှူနိုင်ပါတယ်။ (Intel CPU ကို အသုံးပြုမယ်ဆိုရင် www.intel.com ပေါ့) ။ အခု ရွေးချယ်ထားတဲ့ E8200 ကို စံထားပြီး အနည်းငယ် ရေးသားသွားပါ့မယ်။ E8200 ကို www.intel.com ရဲ့ Search box မှာ ထည့်ရေးပြီး ရှာလိုက်ရင် သူ့ရဲ့ အသေးစိတ် အချက်အလက်တွေကို ဇယားအနေနဲ့ ပြမှာဖြစ်ပါတယ်။
အကြမ်းဖျင်း သိရမယ့် အချက်အလက်ကတော့ -
CPU Clock speed (or) Processor Base Frequency - 2.66 GHz
FSB speed – 1333 MHz
# of Core – 2
L2 Cache – 6 Mb
Instruction Set – 64 bit
Max TDP - 65 W
Sockets Supported – LGA 775 တို့ဖြစ်ပါတယ်။
Clock speed များအကြောင်းကို သေချာရှင်းပြရင် အရမ်း ရှည်လျားသွားမှာ ဖြစ်ပါတယ်။ အသေးစိတ် သိချင်ရင် A+ စာအုပ်တွေမှာ ထပ်မံလေ့လာကြည့်ပါ။ အခုက ရွေးချယ် တပ်ဆင်နိုင်ရုံ အကြမ်းဖျင်း ပြောချင်တာ ဖြစ်လို့ နားလည်ရုံလောက်ပဲ ပြောပါ့မယ်။ ကွန်ပျူတာအစိတ်အပိုင်းတွေ တစ်ပြိုင်တည်း အလုပ်လုပ်နိုင်ရန် signal clock များလိုအပ်ပါတယ်။ clock အကြိမ်အရေအတွက် များလေ ကွန်ပျူတာ လုပ်ဆောင်နှုန်း မြန်လေ ဖြစ်တဲ့အတွက် CPU clock speed ဟာလည်း ကွန်ပျူတာ အမြန်နှုန်းအတွက် တိုက်ရိုက်ပတ်သတ်ပါတယ်။ FSB speed ဆိုတာကတော့ processor နှင့် motherboard ပေါ်ရှိ အစိတ်အပိုင်းတို့ရဲ့ အပြန်အလှန် communicate လုပ်နိုင်သော speed ပဲ ဖြစ်ပါတယ်။ Core ဆိုတဲ့ data စီးဆင်းမှုက 2 (Duo) ဖြစ်တဲ့အတွက် CPU clock speed နှင့် FSB speed တို့ကို နှစ်ဆ ဖြစ်စေပါတယ်။ (Core™2 Quad ဆိုရင် core – 4 ဖြစ်လို့ ရေတွက်ပုံလည်း လေးဆ ဖြစ်ပါတယ်)။
Cache မှာ L1 နှင့် L2 ဆိုပြီး ရှိပါတယ်။ CPU cache များဟာ CPU နှင့် Main memory (RAM) တို့ကြားတွင် ကြားခံ Buffer အဖြစ် ဆောင်ရွတ်ပါတယ်။ ထပ်ခါ ထပ်ခါ လုပ်ဆောင်ရသော လုပ်ငန်းများ အတွက် data နှင့် instruction များကို အသုံးပြုမှု အကြိမ်အရေအတွက် ပေါ်မူတည်၍ သိမ်းဆည်းပါတယ်။ တောင်းဆိုလိုက်သော data များကို ဖော်ပြရန်အတွက် CPU သည် cache ထဲတွင်ရှာဖွေပါတယ်။ မရှိမှသာ RAM ဆီမှ စောင့်ဆိုင်းရပါတယ်။ Main memory (RAM) သည် CPU လောက် လျှင်မြန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် စောင့်ဆိုင်းချိန် (loading time) ရှိလာပါတယ်။ ထို့ကြောင့် cache ပမာဏ များလေ ကွန်ပျူတာ ရဲ့ လုပ်ဆောင်ချိန် စောင့်ဆိုင်းရမှု ကင်းဝေးလေ ပဲ ဖြစ်ပါတယ်။
Instruction Set – 64 bit ဆိုပြီး အခုရွေးချယ်ထားတဲ့ CPU အတွက် တွေ့ပါလိမ့်မယ်။ 64 bit CPU မှသာလျှင် x64 bit OS ကို သုံးနိုင်ပါလိမ့်မယ်။
Max TDP ဆိုတာက CPU ရဲ့ ပါဝါလိုအပ်တဲ့ ပမာဏ ဖြစ်လို့ Power supply ရွေးချယ်မှု အပိုင်းမှပဲ ဆက်ပြောပါ့မယ်။
Sockets – 775 ဖြစ်တဲ့အတွက် motherboard ကိုလည်း 775 sockets တပ်ဆင်ထားတဲ့ board ကို ရွေးချယ်ရမှာဖြစ်ပါတယ်။

၎င်းဇယားရဲ့အောက်မှာလည်း တွဲဖက် အသုံးပြုနိုင်တဲ့ Chipset အမျိုးအစားတွေ ပြထားပါတယ်။ ဒီ processor ကို သုံးမယ်ဆိုရင် အဲဒီ chipset တစ်မျိုးမျိုး တပ်ဆင်ထားတဲ့ Motherboard ကို ရွေးချယ်ရမှာဖြစ်ပါတယ်။

Motherboard ရွေးချယ်ခြင်း
Motherboard ရွေးချယ်ဖို့အတွက် အဓိက နှစ်ချက်က မိမိအသုံးပြုလိုတဲ့ processor နဲ့ ကိုက်ညီဖို့နဲ့ တပ်ဆင်လိုတဲ့ casing အရွယ်အစားနဲ့ အဆင်ပြေဖို့ပဲ ဖြစ်ပါတယ်။ အခု ကျနော်ရွေးချယ်ထားတဲ့ processor နဲ့ ကိုက်ညီတဲ့ ASUS P5E64 WS EVOLUTION ကို နှိုင်းယှဉ်ပြပါ့မယ်။
၁။ sockets 775 ဖြစ်ပြီး Core 2 Duo CPU ကို support လုပ်ပါတယ်။
၂။ FSB speed 1333 MHz ကို support လုပ်ပါတယ်။
၃။ Intel X48 chipset တပ်ဆင်ထားတဲ့အတွက် ရွေးချယ်ထားတဲ့ CPU နဲ့ ကိုက်ညီပါတယ်။

ဒီသုံးချက် ကိုက်ညီပြီဆိုရင် ရွေးချယ်ထားတဲ့ CPU နဲ့ motherboard အဆင်ပြေသွားပါပြီ။ ကျန်တဲ့ hardware ကိုတော့ motherboard ပေါ်မူတည်ပြီး စဉ်းစားပါ့မယ်။ ၎င်းမှာ တပ်ဆင်ထားတဲ့ slots များအလိုက် RAM, VGA, Hard disk, Optical drive တို့ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။
Motherboard ရဲ့ နောက်ထပ် သတိပြုစရာတစ်ချက်က အရွယ်အစားဖြစ်ပါတယ်။ mini casing သုံးလိုသူများအတွက် motherboard အရွယ်အစားကြီးတာကို ရှောင်သင့်ပါတယ်။ လက်ရှိ ရွေးချယ်ထားတဲ့ motherboard ကတော့ Dimension: 12 inch x 9.6 inch ဖြစ်ပါတယ်။ ဒါကိုမှတ်ထားပြီး casing ၀ယ်ရင် ပြန်ကြည့်ရပါမယ်။

RAM ရွေးချယ်ခြင်း
RAM (Random Access Memory) လို့ခေါ်တဲ့ memory ဟာ ကွန်ပျူတာ လုပ်ဆောင်ရန် လိုအပ်သော instruction နှင့် data များကို ယာယီသိုလှောင်ထားရန် အသုံးပြုခြင်းဖြစ်ပါတယ်။ volatile memory (ပါဝါ ပေးထားချိန်တွင်သာ data များကို သိုမှီးထားနိုင်ပြီး၊ ပါဝါ ဖြတ်တောက်လိုက်သည်နှင့် အားလုံး ပျောက်ပျက်သွားသော memory) အမျိုးအစားဖြစ်ပါတယ်။ RAM အမျိုးအစား ရွေးချယ်ရန်မှာ motherboard ပေါ်မှ slots များပေါ် မူတည်သောကြောင့် motherboard ကို ပြန်ကြည့်ပါတယ်။ (website များမှ ၀ယ်ယူခြင်းမဟုတ်ပဲ show room များမှ တိုက်ရိုက် ၀ယ်ယူပါက motherboard ဘူးထဲတွင်ပါသော လမ်းညွှန်စာအုပ်ကို ကြည့်ရှူပါ။ )

ကျနော်ရွေးချယ်ထားသော Asus board ကတော့ RAM အတွက်အောက်ပါအတိုင်း ပြောထားပါတယ်။
4 x DIMM, Max. 8 GB, DDR3 (1800)(1600)1333/1066/800 Dual Channel memory architecture
စုံတွဲလိုက် စိုက်ရသော DIMM နှစ်ချောင်းတွဲ slots လေးခု ပါပြီး၊ အများဆုံး 8 Gb ထိ စိုက်နိုင်ပါတယ်။ DDR 3 အမျိုးအစားကို ရွေးချယ်ရမှာဖြစ်ပြီး၊ ဖော်ပြထားတဲ့ RAM speed တွေထဲက တစ်မျိုးမျိုး ဖြစ်ရပါမယ်။ DIMM Dual Channel တွေဖြစ်တဲ့အတွက် memory နှင့် speed တူညီသော RAM နှစ်ချောင်းကို ရွေးချယ်သင့်ပါတယ်။ (တစ်ချောင်းတည်း တပ်ဆင်အသုံးပြုနိုင်သော်လည်း parallel အသုံးပြုခြင်းက ကောင်းပါတယ်။ ထို့ကြောင့် 1Gb သာတပ်ဆင်လိုလျှင် 512 Mb နှစ်ချောင်းကို ရွေးချယ်သင့်ပြီး၊ 2Gb အသုံးပြုလိုပါက 1Gb နှစ်ချောင်း အသုံးပြုခြင်းက ပိုသင့်တော်ပါတယ်)။ လက်ရှိရွေးချယ်ထားတဲ့ ပစ္စည်းတွေအရ အနည်းဆုံး 2Gb တော့ တပ်ဆင်သင့်ပါတယ်။ DIMM DDR3 (1066) 1024Mb Kingston ကို ရွေးချယ်ပြီး နှစ်ချောင်း ၀ယ်ယူပါမယ်။

Graphic Card ရွေးချယ်ခြင်း
Video card (or) graphic card ကို မော်နီတာပေါ်မှာ မြင်တွေ့ရသော ပုံရိပ်များ ပုံဖော်ရန်အတွက် အသုံးပြုပါတယ်။ ယခု လက်ရှိ ထုတ်လုပ်အသုံးပြုနေသော motherboard အတော်များများမှာ display adapter တစ်ခုအဖြစ် သာမာန် OS တစ်ခု အသုံးပြုနိုင်ရုံတော့ ထည့်သွင်းတည်ဆောက်လာတာ တွေ့ရပါတယ်။ မည်သို့ပင် ဖြစ်စေ graphic အသုံးပြုမှုများသော windows Vista နှင့်အထက် OS များအတွက် လည်းကောင်း၊ Photoshop နှင့် Video Edition software များအတွက် လည်းကောင်း၊ Game များအတွက်လည်းကောင်း လုံလောက်မှု မရှိပါ။ ထို့အတွက် သီးသန့် Graphic card တစ်ခုကို တပ်ဆင် အသုံးပြုရပါမယ်။ VGA card တစ်ခုရဲ့ memory ဟာ RAM ရဲ့ လေးပုံ တစ်ပုံခန့် ဖြစ်သင့်ပါတယ်။ (ဥပမာ - RAM ကို 2Gb တပ်ဆင်မယ်ဆိုရင် VGA ကို 512Mb ရွေးချယ်ခြင်းဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်)။
VGA အမျိုးအစားတွေထဲမှာ PCI Express ကတော့ ယနေ့နောက်ဆုံးပေါ် BUS တစ်မျိုးပဲ ဖြစ်ပါတယ်။ PCI Express မှာ slot အမျိုးအစား လေးမျိုးရှိပါတယ်။ မိမိ motherboard မှာ ရှိတဲ့ slot နဲ့ ကိုက်ညီတဲ့ PCI Express တစ်ခုကိုရွေးချယ်မှာ ဖြစ်ပါတယ်။ PIC Express 1X, 4X, 8X, 16X ဆိုပြီး လေးမျိုးဖြစ်ပါတယ်။ အောက်ပါပုံမှာ သုံးမျိုးပြထားပါတယ်။ 8X ကတော့ 4X နှင့် 16X ကြားထဲက အရွယ်အစားဖြစ်ပါတယ်။

မိမိရွေးချယ်ထားတဲ့ motherboard က ဘာ slots ကို အသုံးပြုနိုင်မလဲ ပြန်ကြည့်ပြီး၊ အပေါ်က ပြောခဲ့တဲ့ memory ရွေးချယ်မှုအတိုင်း ရှာဖွေကြည့်ပါ။ ကျနော်တို့ ရွေးထားတဲ့ Motherboard က PCIe x16 slot လေးခု ပါပြီး၊ PCIe x4 slot တစ်ခု ပါပါတယ်။ PCIe X16 ကို dual channel သုံးလို့ ရအောင် စီစဉ်ပေးထားတဲ့ အတွက် VGA အရမ်းကောင်းဖို့ လိုအပ်တဲ့ စက်အတွက် အထူးသင့်လျှော်တဲ့ motherboard ပါ။ အခုဆက်ရေးဖို့အတွက် ASUS EN GTS 250 OC ကိုရွေးချယ်ပါတယ်။ nVidia 512Mb DDR3 ဖြစ်လို့ ကျနော်တို့ လိုချင်တဲ့ memory ပမာဏ ကိုက်ညီပြီး၊ PCIe 16X ဖြစ်လို့ တပ်ဆင်ဖို့လည်း ကိုက်ညီပါတယ်။

credit to : Knowledge Bridge Magazine

ဒုတိယပိုင်းအနေနဲ့ Hard disk ရွေးချယ်ခြင်း၊ Optical drive ရွေးချယ်ခြင်းနှင့် အခြားသော PC divice များရွေးချယ်ရန် အတွက် ဆက်လက်ရေးသားလျှက်ရှိပါတယ်။ အခုရေးထားပြီးသလောက် တင်ပေးလိုက်တာပါ။ ဝေဖန်ဆန်းစစ်ပေးရင်း ....

ဒုတိယပိုင်းမျှော် ..... :P

source:သံလုံငယ်

søndag den 17. januar 2010

How To Enable Remote Control

ဒီနည်းလေးကတော့ ကိုယ့်ရဲ့ Computer မှာ Remote Enable လုပ်တဲ့နည်းလေးပါခင်ဗျား။ ပထမဦးဆုံး MyComputer ပေါ်မှာ Right Click ပြီး Properties ကိုသွားလိုက်ပါ။ ပြီးရင် Windows System Information Window တက်လာရဲ့ အဲ့ဒီ Window ရဲ့ Left Panel Top မှာ Advanced System Settings ကိုသွားပါ။

ပြီးရင် Allow Remote... ကို Mar ပြီး Apply နှင့် Ok လိုက်ရင် ရပါပြီးခင်ဗျား။ ပိုပိုမိုမိုသိချင်ရင်တော့ ဒီမှာ Windows တွေရဲ့အကြောင်းကို အသးစိတ်လေ့လာနိုင်ပါတယ်။
source: မောင်ကျော်စွာငြိမ်း

onsdag den 6. januar 2010

Windows 2000, XP and Vista အတွက် Driver ပေါင်း 75,000 တဲ့

ဒါကတော့ window 2000, window xp နဲ့ window vista လို့ ခေါ်တဲ့ window os တွေအတွက် Driver အခွေပါ . အားလုံးပဲ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ် . ဟိုတစ်ရက်က ညီငယ်တစ်ယောက် လာတောင်းပါတယ် . xp အတွက် audio လိုတယ်ဆိုပြီးတော့ပါ . နာမည်ကိုတော့ ကျွန်တော် မမှတ်မိတော့ပါဘူး . အဲ့ဒီ့ညီလေး အတွက်လဲ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ် .ကျွန်တော်ကတော့ ဒီအခွေကို မစမ်းကြည့်ရသေးတာကို ၀န်ခံပါတယ်. အဲ့ဒီ့အတွက်ကြောင့်မို့ မူရင်း link ကိုပဲ ထည့်ပေးလိုက်ပါတယ် . password တောင်းခဲ့လျှင် vinasoft4all.net ဆိုပြီးထည့်ပေးလိုက်ပါ .
Download mediafire ၊Download hotfile >>
Part(1)Part(2)Part(3)Part(4)Part(5)Part(6)
source:ညီနေမင်း

lørdag den 2. januar 2010

Windows Movie Maker For Windows 7 OS

ဒီ Windows Movie Maker software က Photos & Video Clips တွေကို Create & Edit လုပ်နိုင်တဲ့ Software တစ်ခုပါ။ Professional အတွက်ဆိုရင်တော့ ဒီထက်ကောင်းတဲ့ Software တွေ အများကြီးရှိပါတယ်။ Windows XP & Vista users တွေအတွက်ကတော့ Auto Install ထားပြီးဖြစ်လို့ စက်ထဲမှာ အသင့်ပါပြီးဖြစ်ပါတယ်။ ဒါပေမယ့် Windows 7 users တွေကတော့ Windows Movie Maker ကို စက်ထဲမှာ တွေ့ရမှာ မဟုတ်ပါဘူး။ ဒီ့အတွက် Microsoft က New version အနေနဲ့ Windows Movie Maker software ကို Windows Vista & 7 users များအတွက်ဆိုပြီး ထုတ်ထားပါတယ်။ Windows 7 users များ အောက်မှာ ပေးထားတဲ့ လင့်ခ်ကို သွားပြီး New Movie Maker software ကို Download ချနိုင်ပါတယ်။ ပြီးရင်တော့ ဒီ Windows Movie Maker software နဲ့ Movie-making, Improved editing, Slide show creation နဲ့ web publishing တွေအတွက် အသုံးပြုနိုင်ပါပြီ။ { Only for Windows Vista & 7 users (not for XP users) }
Download Movie Maker
source:မနောသား

onsdag den 23. december 2009

Zaw gyi ကို vista မှာ တင်တာ အဆင်ပြေစေဖို့ .

istar: အခုကျွန်တော်သုံးနေတာ window vista ပါ.. ကျွန်တော့် window မှာ ဇော်ဂျီဖောင့် ကို install လုပ်တာမရဘူးဖြစ်နေလို့ပါ .

ကျွန်တော် တင်ပေးလိုက်ပါတယ် . Vista အသုံးပြုသူများ အဆင်ပြေနေကြတဲ့ zawgyi ကို တင်ပေးလိုက်ပါတယ် . တစ်ခုနဲ့အဆင်မပြေရင် နောက်တစ်ခု ထပ်စမ်းပါ . များသောအားဖြင့်တော့ Blogger Day Zawgyi နဲ့အဆင်ပြေကြတာ များပါတယ် . အောက်မှာ ၂ ခုတင်ပေးလိုက်ပါတယ် . အဆင်မပြေရင် ပြန်အော်ခဲ့ပါ .

Blogger Day Zawgyi >> Download

ကဲ အဲ့ဒါနဲ့မှ အဆင်မပြေသေးရင် ဒီကို သွားပြီးတော့ Zawgyi Myanmar Unicode Keyboard L ကို ဒေါင်းလိုက်ပါ
source:ညီနေမင်း

onsdag den 9. december 2009

IP Change နည်း

ဒီနေ့တော့ ကျွန်တော် IP Change လို့ရတဲ့ နည်းလေးကို ကျွန်တော်တင်ပြပေးပါမည်။ အလျှင်သင့်သလို ကျွန်တော် (၃) မျိုးလောက်ထိ တင်ပြပေးပါမည်။ ဒါပေးမဲ့ ဦးစွာ တောင်းပန်ချင် တာကတော့ ဒီနည်းကို အသုံးချပြီ ဆိုဒ်တွေကို လိုက်ဆဲတာတို့ မဟုတ်မတန်ရာတွေ ရေးတာတွေကို ရှောင်းရှားပေးဖို့ တောင်းဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် တင်ပြပေးတယ်ဆိုတာကလဲ မိမိတို့ လုံခြုံရေး အတွက်ဘဲ သုံးဖို့ဘဲ ဖြစ်ပါတယ်။ သူတစ်ပါးကို ညစ်ပတ်ဖို့ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော် တို့ သူငယ်ချင်းများကို တောင်းပန်နေတာပါ။ မိမိရဲ့ လုံခြုံရေးတစ်ခုထဲ အတွက် သုံးပေးကျပါရန် တောင်းပန်ပါတယ်။ ဒါပေးမဲ့ သိတဲ့ သူတွေ အတွက် Proxy scan နဲ့ လုပ်ရင်တော့ IP အမှန်ကို သိနိုင် ပါတယ်။ ဒါပေးမဲ့ အားလုံးမလွယ်ကူနိုင်ပါဘူး။ အခုတင်ပြမှာကတော့ FIREFOX PLUNIN လေးနဲ့ Software တစ်ခုဘဲ ဖြစ်ပါတယ်။ Software ကို ကျွန်တော်တို့ မိမိ သုံးတဲ့ OS လိုက် Download ချလိုက်ပါ။ ကျွန်တော်မှုလဆိုဒ်ကို တင်ပြပေးလိုက်ပါတယ်။ အောက်မှာ ၀ိုင်းထားတဲ့ နေရာမှ ချလိုက်ပါ။ ကျွန်တော် ၀ိုင်းပြထားတဲ့နေရာက Windows 7, Vista, XP, 2000, 2003 Server အတွက်ဖြစ်ပါတယ်။ ကျွန်တော် အထင် ဒီ OS တွေဘဲ အသုံးများကျမှာပါ။ Linux တောင် အသုံးနည်းနေတာဘဲ။ လေရှည်သွားပြီ အောက်မှာ ကြည့်လိုက်ပါ။1. ပထမ အောက်ကဆိုဒ်ကနေ Troproject ကို Download ချပြီ Install လုပ်လိုက်ပါ။ ( Stable နှင့် UnStable ဆိုတာ ရှိပါတယ်။ Download Stable ကိုသာ ချပါ။ ကျွန်တော်က UnStable ကို ချထားတာကို ပြထားပါတယ်။

http://www.torproject.org/download.html.en

2. အထက်ပါဆိုဒ်ကို Install လုပ်ပြီတာနဲ့ အောက်က TOR plugin ကို Firefox မှာ Install လုပ်လိုက်ပါ။ ပြီးရင် Firefox ကို Restart ချလိုက်ပါ။ ( Firefox Add On မလုပ်တက်တဲ့ သူများ Labels က Firefox Add On မှာ လေ့လာနိုင်ပါတယ်။

౩" target=_blank>https://addons.mozilla.org/en-US/firefox/addon/2275౩

အထက်ပါအဆင့်တွေ ပြုလုပ်ပြီးရင် အောက်မှာတွေ့ရတဲ့ အတိုင်း မိမိ Firefox ရဲ့ ညာဘက်ထောင့်မှာ Tor Disabled ဆိုတာ တွေ့ရပါတယ် ။ မိမိက ဆိုဒ်တွေကို IP Change ပြီးဝင်ချင်ရင် Tor Disabled ကို Tor Enabled ဖြစ်အောင် ပြုလုပ်ရုံပါဘဲ။ (မှတ်ချက် ။ ၊၊ Net Speed အနည်းငယ်ကျသွားပါတယ်။) မိမိတို့ Site တစ်ခုကို ၀င်ကြည့်လိုက်ပါ။ မိမိ IP Change သွားတာကို တွေ့ရမှာဖြစ်ပါတယ်။ တစ်ခါဝင် တစ်ခါ IP က ချိန်းနေမှာ ဖြစ်ပါတယ်။

source:knowledge

mandag den 7. december 2009

အကောင်းဆုံး ဇော်ဂျီ မြန်မာ - Fonts

ပေါ်မှာကျွန်တော်ပြထားတဲ့ အတိုင်းဘဲ တခုက Blogger Day နဲ့ နောက်တခုကAlpha Zawgyi ပါခင်ဗျား။ တခါတလေကြရင် ဇော်၈ျီ မြန်မာ Font တွေကို အဆင်မပြေကြပါဘူးခင်ဗျား။ကျွန်တော်အပေါ်မှာပေးထားတဲ့ Version နှစ်ခုကလွဲရင်တခြားသော Version လေးတွေကိုက တခါတလေ ပြဿနာ ရှိတက်ပါတယ်။ဒါကြောင့် မို့လို့ လိုအပ်ရင် ကျွန်တော်ပေးထားတဲ့ဟာနဲ့ဘဲ သုံးကြပါခင်ဗျား။ နှစ်ခုလုံးအောက်မှာပေးထားပါတယ်ခင်ဗျား။
Download Zawgyi Font
source:မောင်ကျော်စွာငြိမ်း

Zawgyi Font For Windows 7 64-Bit And Other OS

Windows 7 64-Bit မှာ ဇော်ဂျီ Font ရေးလို့မရတဲ့သူတွေရော ၊ တခြားသော OS တွေမှာ ဇော်ဂျီ Font ရေးလို့မရတဲ့သူတွေရော အားလုံးအဆင့်အောက်လို့ ဒီမှာကျွန်တော်ပေးထားတဲ့ Keyboard Installer လေးနဲ့အဆင်ပြေနိုင်ပါတယ်။

ဘာဖြစ်လို့ဒါလေးကိုပေးရသလဲဆိုတော့ OS တော်တော် များများက ဇော်ဂျီ Installer နဲ့ အားလုံးအဆင်
ပြေတက်ကြပါတယ်။ ဒါပေမဲ့ Windows ပြန်တင်ပြီး ဇော်ဂျီ Font ကို Install လုပ်ပြီး သုံးတဲ့အခါမှာ တခါတလေမရကြပါဘူးခင်ဗျား။ ရလားမရလားသိ ချင်ရင်တော့ ဇော်ဂျီ Font ကို Install လုပ်ပြီး Restart လိုက်ပါခင်ဗျား။ ပြီးရင် Control Panel\Reigon and Language\Keyboards and Languages\
Change keyboards...\General ကိုသွားပြီး Alpha Zawgyi ပေါ်မှာ Double Click နှိပ်ကြည့်တဲ့အခါမှာ ကျွန်တော်အပေါ်မှာ ပြထားတဲ့ အပုံတိုင်း ဘဲ ဘာမှ မပေါ်နေဘူးဆိုရင်အခု ကျွန်တော်ပေးထားတဲ့ ဇော်ဂျီ Keyboard Installer လေး နဲ့အဆင်ပြေပါတယ်ခင်ဗျား။ ပုံမှန်ကတော့ အဲ့ဒီမှာ လေးထောင့်အကွက်လေးတွေ ပေါ် နေတက်ပါတယ်ခင်ဗျား။

ကျွန်တော်လဲ ဇော်ဂျီ Font Installer လေးနဲ့ သုံးခဲ့တာ Vista ရော ၊ Windows 7 Enerprise Edtion 32-Bit ရောအဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီနေ့မနက် Windows 7 Ultimate Edition 64-Bit ကို Download ပြီးတင်
လိုက်တဲ့အခါ ကြတော့ ဇော်ဂျီ မြန်မာစာကို Install လုပ်ပြီး ရေးကြည့်တာ ဘာမှာကိုမပေါ် တော့ဘူးခင်ဗျ။ ပြီးတော့ ကျွန်တော်အမျိုးမျိုး စမ်းကြည့်ပါသေးတယ်။ ဒါမေဲ့ဘယ်ကောင်မှ အကြိုးမပေးပါဘူး။ ဒါကြောင့်မို့လို့ Internet ပေါ်မှာရှာရင်း ရှာရင်း တွေ့သွားတာ တာပါ။ ကျွန်တော့လိုမျိုး အဖြစ်ဆိုးတွေကို ဖြစ်နေတဲ့
သူတွေအတွက် ကျွန်တော် ပြန်ပြီး Share လိုက်ပါတယ်ခင်ဗျား။ အားလုံးဘဲလိုချင်ရင်အောက်မှာဘဲ Download
လိုက်ပါခင်ဗျား။
Download ဇော်ဂျီ-မြန်မာ Keyboard Installer

source:မောင်ကျော်စွာငြိမ်း

torsdag den 26. november 2009

Allok Video Joiner

ဒီကောင်လေးကတော့ Videos လေးက အပိုင်းပိုင်း ဖြစ်နေရင်
ပြန်ပြီး ဆက်လို့ရတဲ့ဟာလေးပါခင်ဗျား။

* Join or merge various video files to a large one.
* Join video files directly without re-encoding, very fast and without any quality loss.
* Supports AVI, Divx, XviD, MPEG, WMV, ASF, RM, MOV, 3GP, MP4, FLV, MKV files.
* Join or merge supported files to AVI, DivX, Xvid .
* Join or merge supported files to MPEG1, MPEG2.
* Join or merge supported files to VCD,SVCD,DVD compatible MPEG formats.
* Join or merge supported files to VCD SVCD image(*.BIN,*.CUE) and DVD-Video files(*.IFO,*.VOB,*.BUP).
* Join or merge supported files to WMV, ASF.
* Join or merge supported files to MP4, 3GP, FLV.
* Cut unwanted parts by specifying start time and end time.
* All encoders/codec are built-in and any supported conversion can be done once you downloading the software.
* NTSC/PAL setting options for DVD, VCD, SVCD exporting.
* Support "Drag and Drop" from Windows Explorer.
* Custom define the output audio volume.
* Add letterbox to keep the original aspect ratio.
* Support large video file, even large then 2GB.
* Fast conversion speeds and high quality.
* Simple GUI and very EASY to use.
* Lifetime FREE Technical Support and FREE upgrade. Free trial download. 30 day money back guarantee.

လိုချင်ရင်တော့အောက်မှာပေးထားတဲ့ Link ကနေတဆင့်သွားပြီး
Download လိုက်ပါခင်ဗျား။ Serial Key ပါထည့်ထားပေးပါတယ်။
home page

Download Allok joiner


source:မောင်ကျော်စွာငြိမ်း