søndag den 28. februar 2010

Windows Phone 7 တွင် Xbox Live ဖြင့် ချိတ်ဆက်ကစားနိုင်မည်

Microsoft မှ အသစ်မိတ်ဆက်ပြသခဲ့တဲ့ Windows Phone 7 Series mobile operating system တွင် Xbox Live ဂိမ်းများကိုကစားနိုင်မည့် စနစ်များပါဝင်လာကြောင်း သိရပါတယ်။ Microsoft ရဲ့အဆိုအရ WP7 တွင် ဖုန်းမှတဆင့် Xbox Live ကစားနိုင်ခြင်းကို ပထမဦးဆုံးအနေဖြင့် ထည့်သွင်းပေးထားခြင်းဖြစ်သည့်အပြင် Spotlight ကဏ္ဍနဲ့ ဂိမ်းကစားသူတွေရဲ့ပုံရိပ်များကိုပါ မြင်တွေ့နိုင်စေမှာဖြစ်ကြောင်း သိရပါတယ်။ Interface ကလည်း စိတ်အနှောင့်အယှက်မဖြစ်စေဘဲ mutiplayer မှ cell phone, PC နဲ့ Xbox 360 ဂိမ်းစက်များနှင့် ချိတ်ဆက်ကာလည်း ကစားနိုင်မှာဖြစ်တယ်လို့ Microsoft မှပြောကြားခဲ့ပါတယ်။
source:mminternetjournal

Ingen kommentarer:

Send en kommentar