søndag den 28. februar 2010

ကမ္ဘာ့အမြန်ဆုံး browser ဖြစ်လာမည့် Opera 10.5

ကမ္ဘာ့အမြန်ဆုံး browser ဖြစ်လာမယ့် Opera 10.5 beta ကို Opera Software မှ မကြာခင်ရက်ပိုင်းက ထုတ်လုပ်လိုက်ကြောင်း သိရပါတယ်။အဆိုပါ browser တွင် JavaScript engine သစ်ကိုအသုံးပြုထားပြီး Computerworld မှ စမ်းသပ်အသုံးပြုချက်အရ ၎င်းဟာ လက်ရှိထိပ်တန်း browser များဖြစ်တဲ့ Safari ထက် ၁၅ ရာခိုင်နှုန်း၊ Google Chrome ထက် ၂၀ ရာခိုင်နှုန်းပိုမိုမြန်ဆန်ကာ Mozilla Firefox 3.6 ထက် နှစ်ဆပိုမိုမြန်ဆန်ပြီး Microsoft ရဲ့ Internet Explorer 8 ထက် ဆယ်ဆပိုမိုမြန်ဆန်ကြောင်း သိရပါတယ်။ Opera 10.5 တွင် Carakan လို့ခေါ်တဲ့ JavaScript engine ကိုအသုံးပြုထားပြီး browser အတွင်းရှိ graphic ဖော်ပြမှုများကိုထိန်းချုပ်နိုင်မယ့် Vega ကိုမြှင့်တင်ပေးထားကာ ၎င်းအနေဖြင့် Opera 10.10 ထက် graphic လုပ်ဆောင်မှုကို သုံးဆပိုမိုလျင်မြန်စွာ ပြုလုပ်နိုင်စေမှာဖြစ်ကြောင်း သိရပါတယ်။ Windows 7 ရဲ့ Aero Peek နဲ့ Jump List feature တို့ကိုထောက်ပံ့ပေးနိုင်ပြီး interface ကို ပြင်ဆင်ပေးထားတယ်လို့ဆိုပါတယ်။ Opera 10.5 beta ကို Windows တွင်သာအသုံးပြုနိုင်သေးပြီး Final ဗားရှင်းထုတ်လုပ်မယ့်ရက်ကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။
source:mminternetjournal

Ingen kommentarer:

Send en kommentar