onsdag den 3. februar 2010

Windows 7 and System Reserved Partition

Windows 7 ကို Fresh installation အနေနဲ့ တင်လိုက်မယ်ဆိုရင် System Reserved Partition တစ်ခုကို Windows 7 က ဖန်တီးပေးသွားမှာပါ။ အဲဒီ Partition ထဲမှာ bootmgr နဲ့ boot လုပ်ဖို့အတွက် လိုအပ်တဲ့ file တွေကို ထည့်သွင်းပေးထားပါတယ်။ ပြီးတော့ bitlocker encryption အတွက်လည်း ရည်ရွယ်ထားတယ်လို့ Microsoft က ပြောပါတယ်။ System Reserved Partition ရဲ့ size ဟာ 100 MB ရှိပြီး သူ့ကို System, Active နဲ့ Primary partition အနေနဲ့ ဖန်တီးထားပါတယ်။ အဲဒီ 100MB partition လေး ရှိနေမယ်ဆိုရင် Windows တစ်ခုခု ဖြစ်ရင် Troubleshoot လုပ်တဲ့အခါမှာ Windows ခွေ သုံးစရာမလိုပဲ လွယ်လွယ်ကူကူ Troubleshoot လုပ်နိုင်သွားမှာပါ။

ကျွန်တော်ကတော့ အဲဒီ partition လေးကို စိတ်ဝင်စားပါတယ်။ ပါစေချင်တယ်ပေါ့။ သို့ပေမယ့် တချို့စက်တွေ မှာ အဲဒီ partition လေးပါပြီး တချို့စက်တွေမှာကျ Windows 7 က ဖန်တီးမပေးပါဘူး။ ဘာကြောင့်လဲဆိုပြီး လိုက်ရှာကြည့်တော့ Windows 7 တင်တဲ့အခါမှာ Hard Disk မှာ partition တွေ၊ volume တွေ ရှိမထားမှ ဖန်တီးပေးတယ်လို့ သိသွားပါတယ်။ လုံးဝ unallocated space ဖြစ်နေမှ ရတယ်တဲ့။

အဲဒါကြောင့် Windows 7 တင်တဲ့အခါမှာ အဲဒီ partition လေး ရဖို့အတွက် Hard Disk တစ်ခုလုံးမှာ ရှိတဲ့ Partition တွေ ဖျက်ပြီးမှ တင်မှ အဆင်ပြေပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ စက်အသစ်တစ်လုံးအတွက် ကိစ္စမရှိပေမဲ့ သုံးနေတဲ့စက်တစ်လုံးကို Windows 7 အဖြစ် Upgrade လုပ်မယ်ဆိုရင်တော့ ရှိပြီးသား Data တွေကို နေရာရွှေ့ ရမှာကတော့ အတော်လေး လက်ဝင်တဲ့ကိစ္စပါ။

ကဲ စာဖတ်သူရော System Reserved Partition ထည့်မလား၊ မထည့်ဘူးလား။
source:IT Men

Ingen kommentarer:

Send en kommentar