Viser opslag med etiketten Software. Vis alle opslag
Viser opslag med etiketten Software. Vis alle opslag

søndag den 3. juli 2011

FreePhone ခေါ်လို့ ရတဲ့ Software


Portable VoipDiscount v4.04 ကတော့ Phone ခေါ်တဲ့ Program တခုပါခင်ဗျား။ တော်တော်လေးကိုကောင်းပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ US မှာဆိုရင် Free ခေါ်လို့ရတယ်။ ပြီးတော့ နာမည်ကြီး နိုင်ငံတော်တော်များများကို Free ခေါ်လို့ရပါတယ်။

အဲ့ဒီထဲမှာ ထိုင်းပါတယ်။ သူ့ရဲ့ အထာက Free ခေါ်လို့ရတယ်ဆိုပေမဲ့ တချားသော နိုင်ငံတွေကို ကြတော့ ပိုက်ဆံပေးရတယ်။
Portable VoipDiscount v4.04 ရဲ့အကြောင်းကိုထက်ပြီးသိချင်ရင်တော့အောက်မှာပေးထားတဲ့ Link ကနေတဆင့်သွားပြီး Download လုပ်လိုက်ကြပါခင်ဗျား။
အားလုံးက Free ပါဘဲ။ ကျွန်တော် အရင် တုံးက Installer လေးကို တင်ပေးခဲ့ပါတယ်။ အခုတော့ Portable လေးလုပ်ပြီး တင်ပေးလိုက်ပါတယ်။
ဝန်ဆောင်မှုကအမျိုးမျိုးပေါ့…နောက်ပိုင်းတွေမှာတော့ သူတို့ Service ကဘယ်လို့ ဆက်လုပ်မယ်ဆိုတာလဲကျနော်မသိပါဘူး အခုသုံးကြည့်တာတော့မဆိုးပါဘူး…..
Download Link Here

lørdag den 28. august 2010

CCleaner setup v2.14

ccleaner software လေးပါ ။ CCleaner is a freeware system optimization, privacy and cleaning tool. It removes unused files from your system - allowing Windows to run faster and freeing up valuable hard disk space. It also cleans traces of your online activities such as your Internet history. Additionally it contains a fully featured registry cleaner. But the best part is that it's fast (normally taking less than a second to run) and contains NO Spyware or Adware!

Cleans the following

Internet Explorer
Temporary files, history, cookies, Autocomplete form history, index.dat.

Firefox
Temporary files, history, cookies, download history, form history.

Google Chrome
Temporary files, history, cookies, download history, form history.

Opera
Temporary files, history, cookies.

Safari
Temporary files, history, cookies, form history.

Windows
Recycle Bin, Recent Documents, Temporary files and Log files.

Registry cleaner

Advanced features to remove unused and old entries, including File Extensions, ActiveX Controls, ClassIDs, ProgIDs, Uninstallers, Shared DLLs, Fonts, Help Files, Application Paths, Icons, Invalid Shortcuts and more... also comes with a comprehensive backup feature.


Third-party applications

Removes temp files and recent file lists (MRUs) from many apps including Media Player, eMule, Kazaa, Google Toolbar, Netscape, Microsoft Office, Nero, Adobe Acrobat, WinRAR, WinAce, WinZip and many more...

100% Spyware FREE
This software does NOT contain any Spyware, Adware or Virus

fredag den 6. august 2010

Windows 7: Hack To Run Super Fast

Windows 7 ကတော့ နဂိုထဲက မြန်ပြီးသားပါ။ ဒါပေမဲ့ Gamer တွေကစားလို့ရှိရင် Performance တွေ မြန်လာအောင် လုပ်တဲ့ နည်းလေးပါ။ နှဂိုထက်တော့ 5 ဆလောက်ပို့မြန်ပါတယ်ခင်ဗျား။

ပထမဦးဆုံး Run ကိုသွားပြီး regedit ကိုနှိပ်ထည့်လိုက်ပါ။ ပြီးရင် HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control ကိုသွားကာ WaitToKillServiceTimeout မှာ 2000 ပြောင်းလိုက်ပါ။

http://1.bp.blogspot.com/_7FFCr2FOODY/TFdRUnuNQJI/AAAAAAAAG1Q/iAOs7w2VN_Q/s1600/KyawswarNyein.Com_Regedit_Wait_To_Kill_Process.png
Start > Right Click On Computer > Manage ကိုသွားပါ။ ပြီးရင် Service and Applications ကို Double Click လိုက်ပြီး Service ကိုဆက်နှိပ်ပါခင်ဗျား။ ပြီးရင် အဲ့ဒီမှာရှိတဲ့ Unnecessary Services တွေကို Manual အဖြင့်ပြောင်းလိုက်ပါ။

နှောက်ပြီးရင် Start > Computer > C: Drive ပေါ်မှာ Right Click နှိပ်ပြီး Properties ကိုသွားလိုက်ပါ။ ပြီးရင် Allow files on this drive to have contents indexed in addition to file properties ကို Un-Ckeck ပြီး Apply changes to drive C:\, subfolders and files ကိုနှိပ်လိုက်ပါ။

ပြီးရင် My Computer ကိုပြန်သွားက Menu က Tools > Folder Options ကိုသွားပြီး အောက်မှာပေးထားတဲ့ ဟာတွေကို Disable လိုက်ပါ။




  • Display file size information in folder tips


  • Hide extensions for known file types


  • Show encrypted or compressed NTFS files in color


  • Show pop-up description for folder and desktop items


ပြီးရင် Task Bar ပေါ်က Sound Icon ပေါ်မှာ Right Click နှိပ်ပြီး Sound ကိုနှိပ်လိုက်ပါ။ ပြီးရင် No Sound ကိုရွေးပြီး Apply, Ok လိုက်ပါ။

ပြီးရင် Start > Right Click On Computer > Properties ကိုသွားပြီး Right Panel က Advanced System Settings ကိုသွားကာ Settings ကိုသွားပြီး အောင်မှာပေးထားတဲ့ ဟာတွေကိုဘဲ Enable လိုက်ပါ။




  • Enable Aero Peek


  • Enable desktop composition


  • Enable transparent glass


  • Show thumbnails instead of icons


  • Show window contents while dragging


  • Smooth edges of screen fonts


  • Use drop shadows for icon labels on the desktop


  • Use visual styles on windows and buttons


နောက်ပြီးတော့ Start > Run ကိုသွားပြီး msconfig ကိုသွားပြီး Start Up မှာ Necessary Program တွေကိုဘဲ Enable လုပ်ထားပါ။ မလိုအပ်တဲ့ ဟာတွေကိုတော့ Disable လုပ်ထားပါ။

ပြီးလို့ရှိရင်တော့ အမြဲတမ်း C Drive ကို Defragment လုပ်ပေးပါ။ Unnecessary Files တွေ Software တွေကိုလဲ Delete လုပ်ပေးပါ။ Latest Softwares တွေကိုလဲ အမြဲတမ်းသုံးပြီး Update လုပ်ပေးပါ။ ဒါဆိုရင် သူငယ်ချင်းတို့ Computer က Super Fast ဖြစ်သွားပါ့မယ်ခင်ဗျား။

tirsdag den 20. juli 2010

Gtalk Always Idel

Gtalk Always Idel ကတော့ Gtalk မှာ မီးဝါ တချိန်လုံး ဖြစ်အောင် လုပ်ပေးနိုင်တဲ့ Hack လေးပါခင်ဗျား။
Gtalk မှာဘဲ ရပါတယ်ခင်ဗျား။ Gmail မှာတော့ မရပါဘူး။ Gtalk Labs Edition မှာကတော့ Invisible လဲရပါတယ် လိုချင်ရင်တော့ ဒီမှာ သွားပြီး Download လုပ်နိုင်ပါတယ်ခင်ဗျား။

lørdag den 22. maj 2010

ဖုန်းဖြင့် ဂျီတော့ သုံးမယ်

..ဖုန်းနဲ့ ဂျီတော့ သုံးတဲ့ဆော့ဝဲတွေထဲမှာ Talkonaut ဆော့ဝဲလေးကို အရမ်းသဘောကျတယ်ဗျာ......

ဒီဆော့ဝဲကိုဖုန်းထဲမှာ အင်စတောလုပ်ထားရင်ဖြင့်
အချိန်မရွေးGtalk သုံးလို့ရပြီပေါ့
ဒီဆော့ဝဲမှာ
ကွန်ပြူတာမှာချက်သလိုမျိုး
- သူငယ်ချင်းဓာတ်ပုံတွေကို လည်းမြင်ရတယ်.ပြီးတော့ သူတို့တင်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ကိုယ့်ဖုန်းထဲမှာ save လုပ်လို့ရတယ်

- smile ပုံလေးတွေ ပို့လို့ရတယ်
- custom message ကို စိတ်ကြိုက်ပြန်ရေးလို့ရတယ်
- invisible နဲ့လည်းချက်လို့ရတယ်
- ရိုက်ပြီးသားစာတွေကိုလည်း ကော်ပီလုပ်လို့ရတယ်
- chat history ကိုလည်း ပြန်ကြည့်လို့ရတယ်...
သုံးလို့ရတာတွေအများကြီးရှိပါသေးတယ်....
ဒီနေရာမှာ သွားကြည့်လိုက်ပါ

http://www.talkonaut.com/

onsdag den 12. maj 2010

Gtalk ကဲ့သို့ အသုံးပြုနိုင်မည့် Mtalk

မြန်မာနိုင်ငံ၏ပထမဆုံးသော အွန်လိုင်းမှပြည်တွင်း၊ ပြည်ပဖုန်းခေါ်ဆိုခြင်း၊ အီးမေးလ်၊ ချက်တင် အသုံးပြုခြင်းများကို ၀န်ဆောင်မှုပေးမည့် Mtalk ဆားဗစ်ကို မကြာမီကာလအတွင်း အများပြည်သူသို့ စတင်သုံးစွဲခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဝန်ဆောင်မှုအား ပြည်တွင်းမှနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Myanmar Technology Gateway မှဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ Mtalk ဆားဗစ်မှာ မြန်မာပြည်တွင်း၌လူသုံးများလျက်ရှိသော Gtalk နှင့် Pfingo ကဲ့သို့ ၀န်ဆောင်မှုများအတိုင်း ၀န်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။ “ Mtalk ဆားဗစ်ကို စပြီးအကောင်အထည်ဖော်ခဲ့တာကြာပါပြီ။ အဓိကရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာရှိတဲ့သူတွေအနေနဲ့ နိုင်ငံတကာသို့ အွန်လိုင်းပေါ်ကနေဖုန်းခေါ်တာတို့၊ chatting လုပ်တာတွေကို ပြည်တွင်းကနေ ၀န်ဆောင်မှုပေးချင်တာကြောင့်ဖြစ်ပါတယ်။ နောက်ထပ် ၂လ၊ ၃လအတွင်းလောက်မှာ Pfingo လိုမျိုးအကောင့်ရှိရုံနဲ့ ပြည်တွင်းရော၊ ပြည်ပရော အွန်လိုင်းကနေ ဖုန်းခေါ်ပြောဆိုနိုင်မဲ့ဝန်ဆောင်မှုကို စတင်တော့မှာဖြစ်ပါတယ်” ဟု Myanmer Technology Gateway မှ တာဝန်ရှိသူ ဦးအောင်ကျော်စိုးဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။ လက်ရှိအချိန်တွင် Mtalk Application အားစတင်သုံးစွဲရန် Download လုပ်ခွင့်ပေးထားပြီး သုံးစွဲသူ၏အမည်နောက်တစ်ခုနှင့် email Chatting အသုံးပြုနိုင်ကြောင်းသိရသည်။ Mtalk ၏၀န်ဆောင်မှုတွင် ထူးခြားချက်မှာ Mtalk အသုံးပြု သူများသည် Gtalk အသုံးပြုသူများကိုပါဖိတ်ခေါ်၍ပြောဆိုနိုင်ခြင်း၊ Mtalk မှတဆင့် နိုင်ငံတကာဖုန်းများကို တိုက်ရိုက်ခေါ်ဆိုနိုင်သည့် ၀န်ဆောင်မှုများကိုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ လတ်တလောမှာအီးမေးလ်နဲ့ chatting ကိုအခမဲ့သုံးခွင့်ပေးမယ်၊ VOIP ကိုစမ်းသုံးခွင့်ပေးမယ်၊ အွန်လိုင်းပေါ်ကနေ ဖုန်းခေါ်ဆိုတဲ့စနစ်အတွက်ကိုတော့ ငွေပေးသွင်းတဲ့စနစ်နဲ့ စီစဉ်ထားပါတယ်။ လောလောဆယ်ကတော့ ဘယ်လောက် ပေးသွင်းရမယ်ဆိုတာကို မသတ်မှတ်ရသေးပါဘူး” ဟုတာဝန်ရှိသူဦးဇော်မင်းဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။ ယင်းကုမ္ပဏီ၏ Mtalk အတွက် အသုံးပြုသည့်ဆာဗာမှာ ပြည်တွင်း၌ပင်ရယူထားကြောင်းသိရသည်။ Mtalk ၀န်ဆောင်မှုအား အသေးစိတ်လေ့လာလိုသူများအနေဖြင့် www.Myanmartalk.net တွင် ၀င်ရောက်လေ့လာနိုင်သလို Mtalk Application Software ကိုလည်း အခမဲ့ Download လုပ်ခွင့်ပေးထားကြောင်းသိရသည်။
source:internetjournal

søndag den 2. maj 2010

Acoolsoft PPT to Video Pro




Maximize the Utilities of PowerPoint to Video Conversion

Acoolsoft PPT to Video Pro is an all-in-one PowerPoint to video converter that enables you to convert PowerPoint Presentations to video of up to 130 video formats including AVI, WMV, MPEG, MP4, MOV, FLV, 3GP and multiple HD videos with excellent quality.


Highlighted Features:
- Up to 130 video formats supported
- Conversion of Unlimited slides
- Batch converstion of 12 Presentations at one time


tirsdag den 27. april 2010

Xilisoft HD Video Converter 5.1.26.0925 Portable

ဒါကတော့ ဟိုနေ့က ညီလေးလား ညီမလေးလားတော့ မသိဘူး Flv Converter လေးရှိရင်တင်ပေးပါလားတဲ့ ကျွန်တော် Converter တွေတင်ထားပေးတာတော်တော်စုံနေပါပြီး ဒါပေမဲ့ တစ်ချို့က ဆော့လ်ဝဲရဲ့သုံးနည်းကိုမသိကြလို့ပါ ဟိုတစ်လောက လေ့လာနေဆဲ ဖြစ်တဲ့ညီလေးတစ်ယောက်က ကျွန်တော့်ကို မေးဖူးပါတယ် အစ်ကိုရေ ကျွန်တော် youtube ကနေ သီချင်းတွေ ဇာတ်ကားတွေကို VCD ဘန်းချင်တယ် ဒါပေမဲ့ ဘန်းလို့မရဘူးတဲ့ ဘန်းလို့ဘယ်ရမှာလဲ သူ့ကိုသေချာမေးကြည့်တော့ Converter မလုပ်ရသေးပဲ ဒီဒေါင်းထားတဲ့ Flv formart အတိုင်း ကူးလိုက်တာကို အဲ့ဒီညီငယ် တစ်ယောက်ထဲမကပါဘူး formart အကြောင်းနားမလည်တဲ့ ကျွန်တော့သူငယ်ချင်းတွေ တော်တော်များများရှိပါတယ် တချို့က youtube ကနေ သီချင်းတွေ ဇာတ်ကားတွေကို ဒေါင်းပြီးတော့ Usb ထဲထည့်ပြီး DVD စက်နဲ့ပြန်ထိုးကြည့်လို့မရဘူးတဲ့ တချို့က Mobile ဖုန်းထဲထည့်ပြီး ပြန်ကြည့်လို့မရဘူးတဲ့ ဘယ်ရမှာလဲ သေချာမေးကြည့်တော့ Converter မလုပ်ရသေးပဲ Flv formart နဲ့ထည့်လိုက်တာကိုး နောက်တချို့ကတော့ အစ်ကိုကျွန်တော့် Mobile ဖုန်းက Mp4 ကြည့်လို့ရတယ် Vcd ခွေထဲကသီချင်းတွေ ထည့်တော့ကြည့်လို့မရဘူးတဲ့ နောက်ပြီး လေးငါးပုဒ်ပဲရတယ် သွားပြီပေါ့ အဲ့ဒီအတိုင်းဆို DVD တစ်ခွေလောက်ထည့်မယ်ဆို Memory ကပ် အိပ်အလိုက်ဆောင်ထားရမှာပေါ့နော် အင်းပေါ့နားမလည်တော့လည်း ဒုက္ခပေါ့ နားလည်တဲ့သူတွေကျတော့ အဆင်ပြေတာပေါ့ ကျွန်တော့်မှာက ကော်နယ်ရှင်အခက်ခဲကြောင့် ပြန်ဖြေနောက်ကျတာကိုတော့ နားလည်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ် လေ့လာနေဆဲဖြစ်တဲ့ ညီတွေ ညီမတွေ အားလုံး အခက်အခဲရှိရင် ကျွန်တော့်ကိုမေးနိုင်ပါတယ် ကျွန်တော်တတ်နိုင်သလောကူညီပေးမှာပါ ဆော့လ်ဝဲတွေလိုရင်လဲ အီးမေးပို့ပြီးတောင်းနိုင်ပါတယ် အခုလဲ ကျွန်တော် Xilisoft_HD_Video_Converter_v5.1.26 Portable လေးကိုတင်ပေးလိုက်ပါတယ် ဘာဖြစ်လို့ Portable တင်ပေးလဲဆိုတော့ install နဲ့ကတော့အွန်လိုင်း သုံးသူတွေနဲ့ဆိုရင် မကြာဘူး Serial ကီးပြန်တောင်းမှာသေချာတယ် အဲဒီအခါကျရင် ဘယ် Serial ကီးနဲ့မှမရတော့ပဲ နောက်ဆုံး Uninstall လုပ်ဖို့ပဲရှိတော့တာပေါ့ အခု Portable ဆိုတော့ဘာ Serial ကီးမှမလိုပါဘူး သတိထားရမှာက အခုကျွန်တော်ပေးတဲ့ Xilisoft_HD_Video_Converter_v5.1.26 Portable လေးက Run လိုက်ရင် (portable4pro.ru/Stubs) ဆိုပြီးဖိုင်နှစ်ဖိုင်ပေါ်လာမှပါ အဲ့ဒီဖိုင်နှစ်ဖိုင်ကို Serial ကီးပြန်တောင်းရင်ဖျက်ပေးလိုက်ပါ Serial ကီးပြန်တောင်းတိုင်း အဲ့ဒီဖိုင်နှစ်ဖိုင်က ဖျက်လိုက်ပါ
ဒီဆော့လ်ဝဲက အွန်လိုင်းနဲ့တွဲသုံနေရင် Serial ကီးပြန်တောင်းပါတယ် အဲ့ဒီအခါကျရင် အပေါ်ကအတိုင်းလုပ်ပေးလိုက်ပါ ကျွန်တော်ကိုယ်တိုင်လဲ အခုလက်ရှိသုံးနေပါတယ် သူကတော formart အမျိုးမျိုး Converter လုပ်ပေးနိုင်ပါတယ် စမ်းကြည့်လိုက်ပါ သတိထားရမှာက ကိုယ်သုံးချင်တဲ့ formart ကိုသတိထားပြီးရွှေးပေးပါ Size လဲသတိထားရမယ်နော် formart ချင်းတူပေမဲ့ Size မတူတာတွေ အမျာကြီးရှိပါတယ် ကဲဗျာ စာလည်းတော်တော်ရှည်သွားပြီး Flv Converter လိုချင်တဲ့သူတွေရော
VCD ဘန်းချင်တယ် ဆိုတဲ့ညီလေးရေ VCD Video (*.mpg) ကိုရွှေးပြီး Converter လုက်လိုက်ပါ ပြီးရင် ကြိုက်တဲ့ Burner Tool နဲ့ Burner နိုင်ပါပြီး Usb ထဲထည့်ချင်တဲ့ ကျွန်တော့သူငယ်ချင်းတွေလဲ အဲ့ဒီအတိုင်ပါပဲ Mobile ဖုန်းနဲ့ကတော့ 3gp နဲ့ဆိုပိုအဆင်ပြေမယ်လို့ထင်ပါတယ် Mp4 ကျတော့ တချို့ဖုန်းက လက်မခံလို့ပါ ဒီလောက်ဆို နားလည်မယ်လို့ထင်ပါတယ် လိုတာရှိရင်ကျွန်တော့ကို ပြန်မေနိုင်ပါတယ် ဆော့လ်ဝဲလိုချင်ရင် အောက်မှာ အဆင်ပြေတဲ့ လင့်ကနေဒေါင်းယူလိုက်ပါ အဆင်ပြေပါစေ။ 19.37mb
Download ifile.it Download mediafire

source:ညီနေမင်း

tirsdag den 20. april 2010

Keyboard Shortcut ဖန်တီးခြင်း

Software တွေကို ဖွင့်တဲ့အခါ Mouse နဲ့ Double Click နှိပ်ပြီး ဖွင့်ရမှာအချိန်ကြာတယ်လို့ ထင်တဲ့သူ
တွေအတွက် Software Program တွေကို Keyboard Shortcut ဖန်တီးထားလို့ရပါတယ်။Keyboard
shortcut ဖန်တီးဖို့အတွက် ကိုယ်ဖန်တီးချင်တဲ့ Software Program ကို Right Click နှိပ်ပြီး Proper-
-ties ထဲကိုသွားပါ။ကျွန်တော်ကတော့ Mozilla Firefox Browser Program တစ်ခုကို ဥပမာအနေနဲ့ Shortcut ဖန်တီးပြပေးထားပါတယ်။
(၁)

Shortcut Key ဆိုတဲ့နေရာမှာ ကိုယ်ပေးချင်တဲ့ Key တစ်ခုကို နှိပ်လိုက်ပါ။ကျွန်တော် ကတော့ M ကို
နှိပ်ပြပေးထားပါတယ်။နှိပ်လိုက်တဲ့အခါ ကိုယ်နှိပ်လိုက်တဲ့ Key အပြင် Ctrl + Atl ပါပေါ်လာတာတွေ့
ရပါလိမ့်မယ်။ပြီးရင် Apply >> Ok ကိုနှိပ်ပါ။ဒါဆိုရင် Keyboard Shortcut လုပ်ခြင်းပြီးဆုံးသွားပါပြီ
Mozilla Firefox ကိုဖွင့်ချင်တဲ့အခါ Ctrl + Alt + M ကိုနှိပ်လိုက်တာနဲ့ Program ပွင့်လာပါလိမ့်မယ်။
source:it-media

mandag den 19. april 2010

1CLICK DVD COPY PRO 4.0.9.0 Portable

1CLICK DVD COPY - PRO™ is a fast, easy-to-use, full featured software for copying DVD movies onto DVD discs. The latest version now incorporates CPRx™ technology to ensure the highest level of success copying the latest generation of DVD movies.

You now have complete control over the final copy. Use the Copy Presets™ or the more advanced features to select what content will be copied and how much compression will be used. With 1CLICK DVD COPY - PRO, you can make a perfect copy with just one click.

Features:

* Windows Vista Compatible
* CPRx™ technology for copying new DVD movies.
* Copy Presets™ - One click preset for each type of DVD copy.
* Preview the movie, extras and menus.
* Include or exclude movie and menus based on preview.
* Select individual audio, video, and subtitles streams.
* Control the amount of video compression used.
* Make additional backup copies without re-copying the DVD.
* Copy Episodic DVD Movies, TV Series, etc.
* Copy a movie to your hard drive - great for laptops.
* Supports copying of Multi-Channel Audio (Dolby Digital 5.1, DTS).
* Supports both NTSC and PAL DVD movies.
* Supports Dual Layer media.
* Free software updates for a year.
* Free technical support.

Download rapidshare ၊ Download mediafire ၊ Downlaod ifile.it

source:နေညီမင်း

lørdag den 17. april 2010

VOIP နှင့် နိုင်ငံတကာသို့ဖုန်းဖရီးခေါ်ကြစို့


VOIP ဆော့ဖ်ဝဲဖြင့်မန်ဘာဝင်ပြီးနိုင်ငံပေါင်း 24 နိုင်ငံသို့
ဖရီးခေါ်ကြရအောင်..မန်ဘာစစဝင်ဝင်ချင်းfree test call ပေးပါတယ်
ပြီးရင်အကောင့် မိမိအကောင့်ထဲသို့Account Reseller ထံတွင်သော်
လည်းကောင်း..မိမိဘဏ်ကဒ်နဲ့သော်လည်းကောင်း အနည်းဆုံး
Euro 10 ဒေါ်လာဖိုးဖြည့်လိုက်ပါ..မိမိပိုက်ဆံမကုန်ပဲနိုင်ငံ
(24)နိုင်ငံကို(4)လဖရီးဆက်လို့ရပါတယ်..ဖရီးကုန်သွားရင်လည်း
အသက်သာဆုံးဝန်ဆောင်မှုစနစ်ဖြင့်ဆောင်ရွက်ပေးပါသည်..
အသေးစိတ်သိလိုလျှင်http://www.lowratevoip.com/pl/calling-rates.html်လေ့လာနိုင်ပါသည်။
ကျွန်တော်ကတော့ထိုင်းကိုဖရီးဆက်လို့ရတဲ့အတွက်အများကြီး
အဆင်ပြေတယ်ဗျို့..ဟီးဟီး..ကောင်မလေးနဲ့စကားပြောလို့
ကောင်းမှကောင်းအကြားကြီးပြော..ကြိုက်သလိုပြောပိုက်ဆံကုန်ဘူး
ဟဲဟဲဒေါင်းလိုက်ကြစို့သူငယ်ချင်း..

download voip



torsdag den 15. april 2010

Driver Software For Windows XP

Windows XP သုံးသူများအတွက် Drivers အခက်အခဲဖြစ်နေသူများအတွက် နောက်ထပ်မိတ်ဆက်ပေးချင်တဲ့ ဆော့ဝဲလ်လေး ကတော့ Driver Scanner 2009 software လေးဖြစ်ပါတယ်ခင်ဗျာ။ သုံးကြည့်နိုင်ပါတယ်။ သူလည်းပဲ လိုအပ်နေတဲ့ Drivers တွေကို အလိုအလျှောက် အင်တာနက်မှာ ဒေါင်းလုပ်ချပေး ပါတယ်ခင်ဗျာ။ Serials Keys ထည့်ပေးထားပါတယ်ခင်ဗျာ။ အားလုံးပဲ အဆင်ပြေကြပါစေ။





Download
Mediafire

source:မောင်နိုင်



torsdag den 8. april 2010

Speed Video Converter

Video တွေ Conver လုပ်ရာမှာ မြန်မြန်ဆန်ဆန် လုပ်လို့ရတဲ့ ဆော့ဝဲလ်လေး ဖော်ပြပေးလိုက်ပါတယ်။ လုပ်နည်း လုပ်ပုံ ရိုးရှင်းပြီး အဆင်ပြေစွာ Conver လုပ်နိုင်ပါတယ်။ သို့ပေမယ့် မိမိတို့ သုံးနေတဲ့ Format Factory ကတော့ အကောင်းဆုံးလို့ ဆိုလိုရပါတယ်။ Speed Video Converter လေးကိုတော့ လိုလိုမယ်မယ် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။

source:မောင်စေတနာ

onsdag den 7. april 2010

Adobe Illustrator CS4 LS1 (2009 ENG)

ဒါကတော့ Adobe Illustrator CS4 LS1 ဖြစ်ပါတယ် ညီတစ်ယောက်က ဒီဆော့လ်ဝဲကို တောင်းထားလို့ ကျွန်တော် အားလုံးသုံးလို့ရအောင် တင်ပေးလိုက်ပါတယ် သူကတော့ Graphic ပိုင်း ဝါသနာပါသူတွေအတွက် အဆင်ပြေပါတယ် connection အခက်အခဲကြောင့် အခုမှတင်ဖြစ်တယ် ကဲတောင်းထားတဲ့ ညီလေးလည်း အောက်မှာဒေါင်းလိုက်ပါ နားနားပြီးဒေါင်းပေါ့ တချား Adobe တွေလည်းအရင်က တင်ထားပါတယ် အဲ့မှာ သွားကြည့်ပါ လိုနေသေးရင်လဲ မေးပို့ ပြီးတောင်းနိုင်ပါတယ် ကျွန်တော်ပြန်တင်ပေးမှာပါ (သတိထားရမှာက install လုပ်တဲ့အခါမှာ trail ပေးပြီး install လုပ်လိုက်ပါ ) ဆော့လ်ဝဲ ပြန်သုံးမယ့်အခါကျမှ ကီးပြန်ဖြည့်ပေးလိုက်ပါ အဆင်ပြေပါစေ။ 1.25 Gb

Download mediafire ၊
part01 ၊ part02 ၊ part03 ၊ part04 ၊ part05 ၊ part06 ၊ part07 ၊ part08 ၊ part09 ၊ part10 ၊ part11 ၊ part12 ၊ part13 ၊ part14 ၊ part15 ၊ part16 ၊ part17 ၊ part18 ၊ part19 ၊ part20 ၊ part21 ၊ part22 ၊ part23 ၊ part24 ၊ part25
souce:ညီနေမင်း

mandag den 5. april 2010

Windows 7 တွင် Crack ဖြည်ရသော Software နှင့် Game အချို့ ပြဿနာအနည်းငယ်ရှိ


Windows 7 တွင် Crack ဖိုင်ဖြည်ရသော Software အချို့နှင့် Game အချို့သွင်းရာတွင် အခက်အခဲအနည်းငယ်ရှိကြောင်း သိရသည်။

အချို့ Game များသွင်းရာတွင် .exe file မရှိကြောင်း Message ပြသည်ကိုတွေ့ရသည်။ “ကျွန်တော် Game ခွေတစ်ခွေသွင်းဖို့လုပ်တော့ အဲ့ဒီ Game က Auto run တက်လာပါတယ်။ install လုပ်တော့ .exe မပါဘူးလို့ Message ပြပါတယ်။ အဲ့ဒါနဲ့ ကျွန် တော်လည်း အခွေဝယ်တဲ့ဆိုင်မှာသွားလဲတော့ ဆိုင်ကစမ်းပြပါတယ်။ သူတို့ဆီမှာကျတော့ ရတယ်။ အဲ့ဒါနဲ့ဆိုင်ကလဲ နောက်တစ်ခွေလဲပြီးပြန်လာတော့ အဲ့ဒီအတိုင်းပဲဖြစ်နေပါတယ်။ ဆိုင်ကိုဖုန်းဆက်တော့ ဆိုင်က Windows 7 သုံးတာလားလို့မေးပါတယ်။ ကျွန်တော်လည်း Windows 7 တင်ထားတာ ဟုတ်ပါတယ်လို့ပြောတော့ ဆိုင်က User account ထဲက never notify ကိုလျှော့ချဖို့ပြောပါတယ်။ Never Notify ကိုလျှော့ချပြီး သုံးတဲ့အခါကျတော့ သွင်းလို့ရသွားတယ်” လို့ Windows 7 အသုံးပြုသူ လူငယ်တစ်ဦးမှပြောပြသည်။ “ကျွန်တော်တို့ဆိုင်မှာရှိတဲ့ Software အချို့နဲ့ Game အချို့မှာ အဲဒီလိုပဲ ပြဿနာတက်လို့ပြန်လာတဲ့သူတွေ တွေ့ရပါတယ်။ Windows 7 မှာက အဲ့ဒီ Crack ဖိုင်ဖြည်ရတဲ့ Software အချို့နဲ့ Game အချို့ကို နည်းနည်းပိတ်ထားပါတယ်။ ပြီးတော့ အချို့ Software တွေဆိုရင်သွင်းပြီး Run လို့မရတာလဲရှိပါတယ်။ အဲဒီအခါကျရင် Software ကို Run as administrator ဒါမှမဟုတ် Software ရဲ့ properties ထဲက compatibility mode ထဲမှ windows mode ကိုပြောင်းသုံးရင်လည်း အဆင်ပြေသွားတတ်ပါတယ်” လို့ National CD မှကိုမိုးမင်းဟိန်းမှပြောပြသည်။
“Windows 7 က security ပိုင်းမှာ လုံခြုံတယ်လို့ဆိုရမှာဖြစ်တယ်။ Windows 7 ကို ဘာပဲလုပ်လုပ် သေချာရဲ့လားဆိုတာကို proof လုပ်ပါတယ်။ သေချာမှသာခွင့်ပေးပြီး အချို့ Crack ဖြည့်တဲ့ Software တွေကိုသွင်းဖို့ကော၊ သုံးဖို့ပါ နည်းနည်းခက်ခဲနိုင်ပါတယ်။ အသုံးပြုတဲ့ user အချို့ကလည်း အဲဒီလို Windows 7 ကမေးနေတာကို မကြိုက်ကြပါဘူး။ File မှားပြီး ဖွင့်မိတဲ့အခါမှာဆိုရင်တော့ သူကအဆင်ပြေပါတယ်။ ပြီးတော့ online သုံးတဲ့သူတွေအတွက်ဆိုရင် ဒီလိုမေးတာက ဖြစ်သင့်ပါတယ်။ ဥပမာ- ကိုယ်က download ဆွဲထားတာတွေကို zip ဖိုင်နဲ့ရတဲ့အခါ တကယ်ဖြည်မှာလား မဖြည်ဘူးလားဆိုတာမျိုးမှာ မေးတတ်ပါတယ်။ Virus တွေဆိုတာ online ကတဆင့် အလွယ်တကူကူးတာဖြစ်လို့ သတိထားပြီးဖွင့်နိုင်တဲ့အတွက် အဆင်ပြေမှာဖြစ်ပါတယ်။ အကယ်၍ ကိုယ်ကဒီဖိုင်က virus မဟုတ်တာသေချာတယ်ဆိုရင် control panel ထဲက user account ပြီးတော့ change user account control setting မှ never notify လုပ်ထားပြီး Software ကိုသွင်းပြီးရင် Always Notify ပြန်လုပ်ရင် အဆင်ပြေနိုင်ပါတယ်။ Software သွင်းပြီး တဲ့အပြင် နောက်ပိုင်းကျရင်လည်း Windows က သေချာမသေချာမေးမှာဖြစ်တဲ့အတွက် သုံးတဲ့အခါ သတိထားပြီးသုံးနိုင်ပါတယ်လို့” MRS မှကိုဇော်လှိုင်ဘွားမှရှင်းပြသည်။

søndag den 4. april 2010

E-mail ရှိ Data များပျက်ဆီးမှုမှ ကာကွယ်နိုင်မည့်ဆော့ဖ်ဝဲ ထုတ်လုပ်



ရုံးသုံး E-mail များ ပျက်ဆီးခြင်းမှကာကွယ်နိုင်သော ဆော့ဖ်ဝဲတစ်ခုကို မြန်မာကွန်ပျူတာပညာရှင်များ ရေးသားနိုင်ခဲ့ကြောင်းသိရသည်။
ယင်းစနစ်သည် Organization ရှိ e-mail အသုံးပြုသူတိုင်းရဲ့ e-mail များ၏ အ၀င်အထွက်တွေအားလုံးကို မိနစ်ပိုင်းမျှပင် နောက်မကျစေဘဲ real time backup လုပ်ပေးနိုင်သော အဆင့်မြင့် e-mail backup system တစ်ခုဖြစ်ကြောင်း သိရသည်။ အရေးကြီး e-mail များပျက်ဆီးသွားပါက ပြန်ရနိုင်ရန် အကောင်းဆုံး အာမခံချက်ပေးနိုင်မည်ဖြစ်သော စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။ စနစ်ကို RTEB System (Real Time E-mail Backup System) ဟုခေါ်ပြီး ၎င်းကိုအသုံးပြုခြင်းဖြင့် e-mail သုံးသူတိုင်း၏ နေ့စဉ်အချက်အလက်များကို backup လုပ်ပေးထားမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်း၏ e-mail အ၀င်အထွက်အားလုံးကို daily, monthly, yearly archive အဖြစ် မှတ်တမ်းထားရှိနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်။ အကြောင်းတစ်စုံတစ်ရာကြောင့် အဝေးတစ်နေရာသို့ရောက်နေပါက မိမိ၏လုပ်ငန်းသုံး e-mail သို့ပို့လိုက်သော mail များကို မိမိ၏ personal email သို့ ယာယီ/အမြဲ Auto Forward လုပ်နိုင်မည်ဖြစ်သည်။ E-mail Backup များကိုသိမ်းဆည်းပါက USB External Hard Disk, network, Access Storage များတွင် လိုသလို ဖြန့်ကျက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ “RTEB System ကိုအသုံးပြုတဲ့အခါမှာ Attach File များပို့ရာတွင် ပုံမှန်ထက် 50-90% အထိ ပိုမြန်စေနိုင်မှာဖြစ်ပါတယ်။ E-mail အပို့အယူလုပ်ရာတွင် message မည်မျှပင်များပြီး attach file များနေပါစေ မိနစ်ပိုင်းအတွင်း ပြီးနိုင်မှာဖြစ်ပါတယ်။ Internet Connection ပျက်နေစဉ်တွင်လည်း e-mail ပို့နိုင်မှာဖြစ်ပါတယ်။ Internet Connection မကောင်းစဉ်မှာ RTEB System ကပို့လိုက်တဲ့ e-mail တွေကို ယာယီလက်ခံပေးထားပြီး connection ကောင်းတာနဲ့ ချက်ချင်းပို့ပေးမှာ ဖြစ်ပါတယ်။ E-mail receive လုပ်စဉ် Connection ပြတ်သွားပါက ၀င်ပြီးသော e-mail ကိုထပ်ခါတလဲလဲ ပြန်ဝင်စရာမလိုပါဘူး။ Internet Connection မည်မျှပင်ဆိုးစေကာမူ ထပ်ခါတလဲလဲ Send/receive လုပ်စရာမလိုပါဘူး။ Size ကြီးသော attach file တွေကြောင့် သူ့နောက်မှာရှိနေတဲ့ အရေးကြီး e-mail တွေ အ၀င်နောက်ကျမှုမျိုးမဖြစ်အောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်”ဟု PENGUIN MILLENNIUM မှ ဦးဝင်းတိုးကရှင်းပြသည်။ စီးပွားရေးလုပ်ငန်းများတွင် e-mail သည်ခေတ်စားလာခြင်းကြောင့် လျှင်မြန်မှုနှုင့် ယုံကြည်စိတ်ချရမှုသည် အလွန်အရေးပါလာသောကြောင့် ယင်းစနစ်သည် အထောက်အကူတစ်ခုဖြစ်လာနိုင်ကြောင်း သိရသည်။

source:
mminternetjournal

onsdag den 31. marts 2010

အွန်လိုင်းမှတဆင့် သီချင်းတိုက်ရိုက် ခံစားမှုပေးကြရအောင်

အွန်လိုင်းမှတဆင့် မိမိအသိမိတ်ဆွေများကို သီချင်း. ဗွီဒီယို. ဓါတ်ပုံများကို ဒါရိုက် ကြည့်ရု့ ခံစားဖို့ ပို့ချင်တယ်ဆိုရင်လုပ်လို့ရအောင် နည်းလေးပါ. ၀ပ်ဆိုဒ် အကူနှင့်ပေါ့. ဆိုဒ်ထဲကို ၀င်လိုက်ရင် အောက်ပါအတိုင်းတွေ့ရမှာပါ.




singup လုပ်ပြီ အကောင့်ဖွင့်ပါ. မိမိအကောင့် ရလို့ ရှိရင် မိမိနေရာလေးမှာ တင်ချင်တာတင်လို့ရပါပြီ. အောက်ကပုံလေးက
Browse ကတဆင့် မိမိကွန်ပျူတာထဲက တင်ချင်တာကို ဖွင့်ပါ. ပြီးရင် upload ပေါ့. တင်လို့အထဲကို ရောက်သွားရင် မိမိတင်ထားတဲ့ ဟာကို ကလစ်လိုက်ပါ. အောက်ကပုံလေးလို.
တွေ့ပါလိမ့်မယ်. ယင်းအထဲက Embed ကိုရွေးလိုက်ရင် မြင်ရတဲ့အတိုင်း တွေ့မှာပါ. ဒါဆိုရပါပြီ ကုဒ်တွေကို copy ယူပြီး သုံးနိုင်ပါပြီ. ယင်းကုဒ်တွေကို gtalk မှာလည်းထည့်ပြီး မိတ်ဆွေများကို ပေးပို့နိုင်ပါတယ်. လိပ်စာကိုကလစ်လိုက်ရင် လင့်တစ်ခုကျလာပြီး window media player လိုဖွင့်ကြည့်နိုင်ပါတယ်. ဒီကုဒ်တွေကိုပဲ ning.com \ blog တွေမှာလည်းသုံးနိုင်ပါတယ်. အဲလိုသုံးမယ်ဆိုရင် အလျား နဲ့ အနံ ကို မိမိဥာဏ်ရှိသလို ချိန်ပြီမှသုံးတာ ပိုအဆင်ပြေပါတယ်. နောက်ပြီ လိုင်းသိပ်မကောင်းတဲ့နေရာတွေမှာသုံးရတာအဆင်ပြေအောင် ဖိုင်ဆိုဒ်ကို အတက်နိုင်ဆုံးငယ်ပြီ တင်ရင် ပိုအဆင်ပြေပါတယ်. ဒီဆိုဒ်ထဲမှာ မိမိအတွက်နေရာလွတ်က 10GB free ပေးထားပါတယ်. သုံးပြီးသားကို ပြန်လည်ဖျက်လို့လည်းရပါတယ်. သီချင်းအပြင် 3gp နှင့် photo များကိုတင်ရင်း မိတ်ဆွေများကို တိုက်ရိုက်ကြည့်ရှု့ခံစားမှု ပေးခိုင်လို့ရပါကြောင်း. (မသိသေးသူများကို ရည်ရွယ်ပါတယ်ခင်ဗျာ) အားလုံးအဆင်ပြေမှုရှိကြပါစေ... ဆိုဒ်လိပ်စာက

http://www.4shared.com/
ကျေးဇူး ပါမေမေ

ဒါမျိုးလေးပါနော်
source: Shinn Saw Pu

søndag den 21. marts 2010

ဗိုင်းရပ်စ်နဲ့ စက်လေးခြင်း

တစ်ယောက်လာလဲ အစ်ကိုရေ ... .. ကျနော်စက် ဗိုင်းရပ်စ်ကိုက်နေပြီ ထင်တယ်။ စက်ကလေးနေတယ် ... လုပ်ပါအုံး။ နောက်တစ်ယောက် လာခေါ်ရင်လဲ ဗိုင်းရပ်စ် .. ... ။ စိတ်ညစ်စရာ ကိုဗိုင်းရပ်စ်တို့ရယ် ... ။ ခဏ ခဏ ဖြေရှင်းပေးနေရတော့ ငြီးငွေ့ချင်လာတယ်။

ဒီဗိုင်းရပ်စ်က ဖြေရှင်းမှ ဖြစ်တော့မယ်။ ဗိုင်းရပ်စ်မ၀င်အောင်နဲ့ စက်သွက်လက် မြန်ဆန်ဖို့အတွက် မိမိသိသလောက် မိမိအတွေ့အကြုံများအရ ရေးသားရှင်းလင်းဖို့ စိတ်ကူးရမိပါတယ်။ ဒါနဲ့ ဒီအကြောင်းအရာကို ရေးလိုက်ပါတယ်။

ကွန်ပျူတာသုံးစွဲသူတိုင်းရဲ့ လိုအင်ဆန္ဒက ကွန်ပျူတာ မြန်ဆန်ချောမွေ့ဖို့နဲ့ ဗိုင်းရပ်စ်ကင်းစင်ဖို့ ဆိုတဲ့ ဆန္ဒဆိုရင် မှားမယ် မထင်ပါဘူး။ အဲဒီအတွက်လည်း နည်းလမ်းမျိုးစုံကို သုံးစွဲနေကြပါတယ်။ Window XP မှာ ကွန်ပျူတာ မြန်ဆန်စေဖို့အတွက် နည်းလမ်းတွေ ပေးထားပါတယ်။

အဲဒါတွေကတော့ System Tool ထဲမှာ ရှိတဲ့ Disk Cleanup , Disk Defragmenter တွေဖြစ်ပါတယ်။ အဲဒါတွေအပြင် Temp File တွေ ဖျက်ဖို့အတွက် Run Box ကနေ Prefetch တို့၊ %temp% တို့ ရိုက်ဖွင့်ပြီး Shift + Delete လုပ်ရတာလဲ အမောပဲ နေမှာပါ။

ကွန်ပျူတာ သုံးစွဲသူတိုင်း စက်မြန်ဆန်စေဖို့ အမြဲတမ်းလိုက်နာဖို့ကတော့

၁) Software တိုင်း Install မလုပ်ရန်၊ (မိမိတို့အတွက် အသုံးဝင်မှသာ Install လုပ်ရန်)
၂) Memory Stick သုံးစွဲမှုကို လျော့ချရန် (Virus ကို အလွယ်တကူ သယ်ဆောင်နိုင်သည်)
၃) တစ်ပတ် တစ်ကြိမ်ဖြစ်ဖြစ် Disk Defragmenter လုပ်ရန်၊ (Window XP တွင် ပါဝင်သည်)
၎) Error များ စစ်ဆေးရန် စသည်တို့ကို မဖြစ်မနေ လုပ်ရမှာ ဖြစ်ပါတယ်။

မိမိသိသလောက်၊ ထင်မြင်သလောက် အဓိကအချက်တွေကို ပြောခြင်း ဖြစ်ပါတယ်။ Memory Stick မသုံးစွဲဖို့က ယနေ့ခေတ်မှာ မဖြစ်နိုင်ပါဘူး။ မိမိကိုယ်တိုင်လဲ သုံးစွဲနေပါတယ်။ သို့ပေမယ့် မိမိကွန်ပျူတာမှာ ယနေ့အထိ ဗိုင်းရပ်စ်ဆိုတာ မ၀င်သေးပါဘူး။ မ၀င်အောင်လည်း ကာကွယ်မှုတွေ လုပ်ထားပါတယ်။ စနစ်တကျ သုံးစွဲပါတယ်။

ဒီလို Virus မ၀င်အောင် မိမိအနေနဲ့ ဘယ်လိုမျိုးတွေ ဆောင်ရွက်ပြီး သုံးစွဲနေတယ်ဆိုတာ ဖော်ပြပေးချင်ပါတယ်။ မိမိစက်မှာ Auto Run ကို ပိတ်ထားပါတယ်။ CD ရော Memory Stick ရော Auto မဖတ်အောင် ပိတ်ထားပါတယ်။ ပိတ်တဲ့ နည်းလမ်းကတော့

၁) Start မှ Run Box ကို ဖွင့်ပါ။
၂) gpedit.msc ကို ရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။
၃) ပေါ်လာလျှင် Computer Configuration အောက်က Administrative Templates ကို ဖွင့်လိုက်ပါ။
အဲဒီမှာ System ဆိုတာ ရှိပါတယ်။ ကလစ်ပေးလိုက်ပါ။ ညာဘက်တွင် Turn off Autoplay ကို ရှာပါ။ တွေ့ပါက Double Clicke လုပ်ပါ။
၎) Box ကျလာလျှင် Enabled ပေးပြီး Turn off Autoplay on: တွင် All drives ပေးလိုက်ပါ။ Apply ။ Ok ။
၅) အထက်ပါအတိုင်းပင် User Configuration အောက်က Administrative Templates ကို ဖွင့်လိုက်ပါ။
အဲဒီမှာ System ဆိုတာ ရှိပါတယ်။ ကလစ်ပေးလိုက်ပါ။ ညာဘက်တွင် Turn off Autoplay ကို ရှာပါ။ တွေ့ပါက Double Clicke လုပ်ပါ။
၆) Box ကျလာလျှင် Enabled ပေးပြီး Turn off Autoplay on: တွင် All drives ပေးလိုက်ပါ။ Apply ။ Ok ။

ဒါဆိုရင် Memory Stick ပဲ သုံးသုံး၊ CD ပဲ သုံးသုံး Auto မပေါ်တော့ပါဘူး။ Auto အပေါ်တဲ့အတွက် My Computer က ဖွင့်ရမှာ ဖြစ်ပါတယ်။

ဒုတိယအဆင့်ကတော့ Memory Stick ထိုးသုံးတဲ့အခါ အဲဒီ Stick မှာ ဗိုင်းရပ်စ်ပါ မပါစစ်ဖို့အတွက် ဆော့ဝဲလ် လိုပါတယ်။ အဲဒါလေးကို ဒီမှာဖော်ပြပေးထားပါတယ်။ သုံးစွဲရမယ့် ဆော့ဝဲလ်ပါ။ အဲဒီဆော့ဝဲလ်ကို Stick မှာ ဗိုင်းရပ်စ် ပါတာနဲ့ ချက်ချင်း သတိပေးပါတယ်။

တတိယအဆင့်အနေနဲ့ My Computer ကို ဖွင့်တဲ့အခါ Double Click နဲ့ မဖွင့်ပဲ Window Key + E နဲ့ ဖွင့်စေချင်ပါတယ်။ အရင်ဦးဆုံး Memory Stick ကို ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်နဲ့ Scan စစ်ရပါမယ်။ စစ်ပြီး သတ်ပြီးမှ သုံးစွဲပါ။ ဗိုင်းရပ်စ်လို့ သံသယရှိတဲ့ ဖိုင်၊ Folder မှန်ရင် မကလစ်ပါနဲ့။

စတုတ္ထအဆင့်ကတော့ Computer ထဲက မိမိတို့ နေ့စဉ်သုံးစွဲနေတဲ့ ဖိုင်တွေကို Defrag လုပ်ပေးခြင်းပါပဲ။ Window XP မှာ ပါတဲ့ Defrag ကို သုံးနိုင်သလို ကောင်းမွန်တဲ့ အပြင်ဆော့ဝဲလ်တွေ ရှိပါတယ်။ အဲဒါကို ဒီမှာဖော်ပြပေးထားပါတယ်။

ပဉ္စမအဆင့်ကတော့ ကိုယ့်အတွက် အသုံးမ၀င်တဲ့ ဆော့ဝဲလ်တွေကို စက်ထဲ Install လုပ်ခြင်းပါပဲ။ စမ်းသပ်မှုတွေ အရမ်းမလုပ်စေချင်ပါဘူး။ ကိုယ်ကွန်ပျူတာအတွက် တကယ်အသုံးဝင်မှာလား မ၀င်ဘူးလား ဆန်းစစ်ပြီးမှ Install လုပ်စေခြင်းပါတယ်။ အဲဒီလို Install လုပ်ပြီးတော့လဲ ပြန်ဖျက်ကြပါတယ်။ အဲဒီအတွက် regedit ထဲမှာ register လုပ်လိုက် ဖျက်လိုက်နဲ့ ဆိုတော့ စက်ကို နှေးကွေးစေပါတယ်။ ဒါကြောင့် regedit အတွက် ဆော့ဝဲလ် လိုအပ်ပါတယ်။ အဲဒါကိုဒီမှာဖော်ပြပေးထားပါတယ်။ သုံးစွဲသင့်တဲ့ ဆော့ဝဲလ်ပါ။

ဆဌမအဆင့်ကတော့ ကိုယ့်ရဲ့စက်မှာ ဘာ Error တွေ ရှိမယ်ဆိုတာ သေချာမသိနိုင်ပါဘူး။ အဲဒီအတွက် error စစ်တဲ့ ဆော့ဝဲလ် ပြင်ပေးတဲ့ဆော့ဝဲလ် မဖြစ်မနေ သုံးစွဲရမှာ ဖြစ်ပါတယ်။ အဲဒီ ဆော့ဝဲလ်လေးကို ဒီမှာ ဖော်ပြပေးထားပါတယ်။

ဒါဆိုရင် ကွန်ပျူတာထဲကို ဗိုင်းရပ်စ်ရော ကွန်ပျူတာ လေးကွေးစေခြင်းတွေပါ ပပျောက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Task Manager အလွယ်ဖွင့်နည်း

Virus ကိုက်လိုက်တဲ့အခါကျရင် Regedit ရော၊ Task Manager ရော Folder Option တွေရော ပိတ်ပစ်လိုက်တာ မထူးဆန်းတဲ့ ကိစ္စတစ်ခုလို ဖြစ်နေပါပြီ။ မိမိ ဘလော့မှာ Regedit အလွယ်ဖွင့်နည်းကို ဖော်ပြပြီး ဖြစ်ပါတယ်။ နည်းပညာဘလော့တိုင်းမှာလဲ ဖော်ပြနေကြပါတယ်။ ဒါကြောင့် မိမိလဲ ဒါတွေကတော့ လူတိုင်း သိပြီးသားပါ မဖော်ပြတော့ပါဘူး နေခဲ့တာပါပဲ။ တကယ်တမ်း လိုအပ်သူတွေက မေးလာတော့ ရေးသား ဖော်ပြပေးလိုက်ပါတယ်။

Task Manager အလွယ်ဖွင့်နည်းပါ။ အောက်ကအတိုင်း ပြုလုပ်ပါ။

၁) အရင်ဦးစွာ Start မှ Run box တွင် gpedit.msc လို့ရိုက်ပါ။
၂) Box ကျလာလျှင် User configuration အောက်ရှိ Administrative Templates ဆိုတာ ရှိပါတယ်။
၃) အဲဒါက ကလစ်ပြီး System ၊ ပြီးရင် Ctrl + Alt + Del option ကို ကလစ်ပါ။
၎) ညာဘက်တွင် Remove Task Manager ရှိပါတယ်။
၅) အဲဒါကို Double Click လုပ်လိုက်ပါ။
၆) Box တစ်ခုကျလာလျှင် Enable ကို ရွေးပါ။ ပြီးလျှင် Apply ။
၇) အကယ်၍ ဖွင့်မရသေးပါက Disable ကို ရွေးပြီး Apply ။
၈) Ok ။
source:မောင်စေတနာ

regedit ကို ဖွင့်ရအောင် ပြုလုပ်နည်း

မိမိ သွင်းသမျှ ဆော့ဝဲလ်တိုင်းဟာ Regedit မှာ အကုန်ဝင်ပါတယ်။ ဗိုင်းရပ်စ်လဲ အပါအ၀င်ပေါ့။ ဗိုင်းရပ်စ်ကို Run မိရင် Regedit ထဲ ရောက်သွားတာပါပဲ။ ရောက်သွားရင် ဗိုင်းရပ်စ်က အကောင်ကြီးရင် Regedit ကို ဖွင့်မရအောင် ပိတ်လိုက်တော့တယ်။ ဒီတော့ အကြမ်းမျဉ်းအနေနဲ့ Regedit ဖွင့်မရရင် ဗိုင်းရပ်စ် ၀င်နေတယ်ဆိုတာ သိဖို့ပါပဲ။

Regedit ပြန်ဖွင့်ဖို့ မခက်ပါဘူး။ အောက်က နည်းအတိုင်း လုပ်ဆောင်သွားပါ။

၁) Start မှ Run ကို ဖွင့်ပါ။
၂) gpedit.msc ကို ရိုက်ထည့်၍ ဖွင့်ပါ။ Group Policy Box ကျလာလိမ့်မည်။
၃) User Configuration မှ Administrative Templates ကို Click လုပ်ပါ။
၎) ပြီးလျှင် System ကို Select မှတ်ပါ။ ညာဘက်အကွက်တွင် Prevent access to registry edition tools စာသားကို ရှာပါ။ တွေ့ပါက Double Click လုပ်ပါ။ Not Configured ကို Enabled လုပ်ပါ။ Apply လုပ်ပါ။ Ok ။
၅) Regedit ပြန်ဖွင့်ကြည့်ပါ။ ဖွင့်၍ မရသေးပါက Not configured ကို ပြန်ပေးပြီး Ok လုပ်ပါ။
၆) Regedit ပြန်ဖွင့်ကြည့်ပါ။ ရပါလိမ့်မည်။
စီဗုံးတွင် လာရောက်မေးမြန်းသော John လဲ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ပါတယ်။ အဆင်ပြေပါစေ။
source:မောင်စေတနာ