onsdag den 17. marts 2010

How To Disable Search In Windows 7

ကဲ့ဒီနေ့တော့ Windows 7 မှာ Search တွေကို Disable လုပ်တဲ့နည်းလေးပါ။ ကျွန်တော်ပြောချင်တာက Start Menu အပေါ်က Search ပါတခါထဲပြောက်သွားပါ့မယ်ခင်ဗျား။ ပထမဦးဆုံး Start Menu ကိုသွားပြီး Control Panel ကိုသွားပါ။ ပြီးရင် Programs and Features ကိုသွားပါ။
ပြီးရင် Programs တွေကို Uninstall လုပ်နိုင်တဲ့ Windows ကြလာပြီး ဘယ်ဘာက်ထောင့် အပေါ်ဆုံးက Turn Windows features on or off ကိုသွားလိုက်ပါ။
ပြီးရင် ခဏစောင့်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီထဲမှာ Features တွေများတယ်ဆိုတော့ နဲနဲ Loading Time ကြာပါတယ်။ နောက်ပြီး Folders တွေ တန်းစိပြီး ကြလာပါ့မယ်ခင်ဗျား။ ပြီးရင် ဟို့ အောက်ဆုံးကို Scroll Down ဆွဲချလိုက်ပါ။ ပြီးရင် Windows Search ဆိုတဲ့ Folder ကိုတွေ့ရင် အမှတ်ချစ်ထားတာ တွေ့ရင် ပြန်ပြီး ဖြုတ်လိုက်ပါ။
အပေါ်က အမှတ်ချစ်ထားတာကို ဖြုတ်လိုက်တာနဲ့ အောက်မှာ ပြထားတဲ့ ပုံအတိုင်း Alert ပေါ်လာပါ့မယ်ခင်ဗျား။ အဲ့ဒီ Alert ကလဲ ဘာမှ မဟုတ်ပါဘူး။ သူပြောတာက ဒီ Windows Search ကို Disable လုပ်ရင် အခြားသော အစိတ် အပိုင်းမှာ ရှိတဲ့ Features တွေကို ပါ ထိခိုက်စေပါတယ်တဲ့။ ဒါပေမဲ့ စိတ်မပူပါနဲ့ လုပ်သာလုပ်လိုက်ပါ။
ပြီးရင် Ok ကိုဘဲဆက်နှိပ်လိုက်ပါ။ နောက်တခါ Ok ကိုဆက်နှိပ်ရင် သူအလုပ်လုပ်နေတာကို တွေ့ရပါ့မယ်ခင်ဗျား။ အဲ့ဒါကိုလဲ ခဏစောင့်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ Features ကို Enable လုပ်နေလို့ပါ။
အားလုံးပြီးသွားရင်တော့ Restart Now ဆိုတာကိုပြောပါ့မယ်။ ဘာဖြစ်လို့ Restart လုပ်ရတဲ့ဆိုတော့ ကျွန်တော်တို့ Windows Search ကို ရဖို့ အတွက်ပါ။ Restart လုပ်ပြီး ရင် Search Menu လို့ ၊ Search တို့မှာ ဘာမှ မတွေ့ရတာကိုတွေ့ရပါ့မယ်။

Ingen kommentarer:

Send en kommentar