Viser opslag med etiketten Zawgyi-One Font. Vis alle opslag
Viser opslag med etiketten Zawgyi-One Font. Vis alle opslag

mandag den 9. april 2012

Myanmar Unicode Download - Free Alpha Zawgyi

Finished. This should be very easy. Good Luck.

Just click to download and install for free. In case you don't see the password, here "alphazawgyi".
(Password  -  "alphazawgyi")

lørdag den 25. september 2010

ညီအစ်ကိုများရဲ့ ကျေးဇူးတင်မှုကို အသိအမှတ်ပြုပေးချင်ရင် မဲပေးပြီး ထုတ်ဖော်လို့ ရပါတယ်

ဒါကိုလဲ မနေ့ကမှ ညီငယ်တစ်ယောက်က ပြောပြလို့ သိရတာလေးပါ. ကျွန်တော်ကို ခင်မင်ကြတဲ့ ညီအစ်ကိုများ အတွက် ကျွန်တော့်ရဲ့ ကူညီမှုကို အသိအမှတ် ပြုချင်တယ်ဆိုရင်တော့

http://www.mmblogpress.org/to-vote/

မှာသွားပြီးတော့ ရင်ထဲက ကျေးဇူးတင်မှုအတွက် မဲဆန္ဒပေးပြီးထုတ်ဖော်လို့ ရပါတယ် . ဆန္ဒရှိခဲ့လျှင် ကျွန်တော့်ရဲ့ ၀ဘ်ဆိုက်လိပ်စာလေးကို အဲ့ဒီ့ link လေးကနေ မဲပေးပြီး ရွေးချယ်ချင် ရွေးချယ်လို့ ရပါတယ် . မဲပေးချင်သူရဲ့ နာမည်နှင့် email address တော့ ပေးခဲ့ဖို့လိုပါလိမ့်မယ် . မဟုတ်ရင် volt လုပ်မှုက မအောင်မြင်တာပါဘူး . အားလုံးရဲ့ကြိုးစားမှုတွေကို အဲ့လိုမျိုးဆိုက်လေးတွေက အမာခံ လုပ်ပေးနေတာဆိုတော့ ရေးတဲ့သူတွေအားလုံးလဲ အားရှိတာပေါ့ . အားလုံးပဲ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်မိပါတယ် .
volt လုပ်နည်း
(၁) မိမိနှစ်သက်သည့် Link ကို အမှန်ခြစ်ပေးလိုက်ပြီး volt ကို နှိပ်ပါ . (ပုံ-၁)
(၂) အောက်ဆုံးတွင် ရှိသည့် form ကို ဖြည့်ပေးလိုက်ပါ . ဖြည့်သည့်နေရာတွင် သူပေးထားသည့် code ကို ရိုက်ထည့်ပေးရပါမယ် . (ပုံ-၂)
(၃) volt ပေးသည့် လုပ်ငန်းစဉ် အောင်မြင်ကြောင်း မေးလ်ရောက်ရှိကြောင်း အတည်ပြုသည့် စာကို တွေ့ရမှာ ဖြစ်ပါသည်။ ထိုမှသာ volt ပေးခြင်း အောင်မြင်ပါသည် (ပုံ-၃)

  • အဲ့ဒီ့ဆိုက်က စာတွေကို မမြင်ရဘူးဆိုရင်တော့ အောက်က Ayar font ကို Download လုပ်ပါ ..
  • zawgyi unicode ကိုပဲ ဆက်သုံးချင်သူများ အတွက်တော့ အပေါ်ဆုံးက fonts (၆)မျိုးကို Download လုပ်ပြီး Start >> control panel >> fonts ထဲကို သွားထည့်ပါ .
  • ဧရာ unicode ကို သုံးချင်သူများကတော့ အောက်က ကိုအဆင်ပြေတဲ့ unicode ကို Download လုပ်ပြီး သုံးပါ . ကျွန်တော်ကတော့ လတ်တလော ဇော်ဂျီ ယူနီကုတ်ကိုပဲ ဆက်သုံးနေဦးမှာပါ .

ဟိုတစ်ရက်က ကျွန်တော့်ကို ဘယ်သူလဲ မသိဘူးမေးပါတယ် . တိုင်းရင်းသားဖောင့် လိုချင်ပါတယ်တဲ့ . အဲ့ဒီ့အတွက်ပါ တစ်ခါတည်းပြောလိုက်ပါ့မယ် . တိုင်းရင်းသားဖောင့်အတွက် ဧရာဖောင့်က အသင့်တော်ဆုံးပါ .

source:ညီနေမင်း

lørdag den 21. august 2010

Download Zawgyi 64bit

Windows 7 မှာ Zawgyi ရိုက်မရလို့ဆိုတဲ့ အသံလေးတွေ ခဏခဏ ကြားနေရတယ်။ Windows 7 ကိုမှ 64bit ဖြစ်နေလို့ပါ။ အဲဒီအတွက်က Zawgyi 64bit တင်မှ အဆင်ပြေပါလိမ့်မယ်။ Zawgyi.org မှာတောင်မှ 64bit အတွက် Download Link ကို ရှာဖွေရလွယ်အောင် ပေးမထားတာမို့  ပြန်လည် ဝေမျှလိုက်ပါတယ်။ 

torsdag den 17. juni 2010

Windows and Zawgyi

ဝင်းဒိုးမှာ ဇော်ဂျီဖောင့် ကို install လုပ်တာက စပြောပေးပါ့မယ်။ XP မှာ ဆိုရင်တော့ အောက်ကပေးထားတဲ့ installer ကို Download လုပ်ပြီး run ပေးလိုက်ပါ။ Blogger day အတွက် ဆိုပြီး အမှတ်တရ ထုတ်ထားတဲ့ font and keyboard installer ဖြစ်ပါတယ်။ font ရော keyboard ရော install လုပ်ပေးမှာ ဖြစ်ပြီး၊ IE တွင် ဇော်ဂျီဖောင့် ပေါ်ရန် ပြောင်းလဲပေးခြင်း၊ အခြား installer များကဲ့သို့ password ရိုက်ပေးရမှု မရှိခြင်း၊ အခြားသော ၀င်းဒိုးမှာ ဖောင့်အတွက် ပြောင်းပေးရတဲ့ clear type ပြောင်းတာတွေ ဇော်ဂျီရွေးပေးရတာတွေကို ဒီ installer ကို run ပြီး restart လုပ်ပေးလိုက်ရုံနဲ့ အလိုလိုလုပ်ပေးပါတယ်။ အောက်မှာ ထူးခြားချက် အားလုံးကို ရေးထားပါတယ်။ ဖတ်ကြည့်ပါဦး။ ပုံအောက်က လင့်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

Image Hosting by imagefra.me

Zawgyi keyboard and font installer Download (IEZawgyiGtalkfont.exe)

အားနည်းချက်ကတော့ Vista နဲ့ Windows 7 အချို့စက်များတွင် installing မပြီးဆုံးသော ပြဿနာများကို ကြုံရပါတယ်။ ပြီးတော့ 64-bit အတွက် support မရှိပါဘူး။ အဲဒါကို ဖြေရှင်းဖို့ အရင်ဆုံး manually install အနေနဲ့ ပြောပြပါ့မယ်။ Zawgyi font Installer များ run သော်လည်း စာရိုက်လို့ မရဘူး၊ သူများရေးတာပဲ မြင်ရတယ်ဆိုသူများအတွက်ပါ။ သူများရေးတာ မြင်ရတာက မိမိမှာ ဇော်ဂျီဖောင့် ရှိနေလို့ပါ။ ကိုယ်ပြန်ရေးမရတာက မိမိ zawgyi keyboard က အဆင်မပြေဖြစ်နေလို့ပါ။ ဘာသာစကား အမျိုးမျိုးကို ရိုက်နိုင်ရန်အတွက် keyboard တွေကို add ထားလို့ ရပါတယ်။
run မှာ intal.cpl လို့ ရိုက်၍သော်လည်းကောင်း၊ သို့မဟုတ် control panel မှ Region and Language ကို နှိပ်၍သော်လည်းကောင်း သွားပါ။ ပေါ်လာတဲ့ Region and Language box မှာ အလယ် tab ဖြစ်တဲ့ keyboards and languages ကို နှိပ်ပြီး၊ change keyboards ကို နှိပ်ပါ။
Image Hosting by imagefra.me
မလိုအပ်တာများရှိနေခဲ့ရင် click နဲ့ ရွေးပြီး remove လုပ်နိုင်သလို မိမိလိုချင်တဲ့ keyboard ကိုလည်း add လုပ်နိုင်ပါတယ်။ တကယ်လို့ အောက်မှာ ပြထားတဲ့အတိုင်း zawgyi keyboards ကို run ပေးထားရဲ့ သားနဲ့ ရှိမနေခဲ့ဘူးဆိုပါစို့။ ကိုယ့်ဘာသာ ရှာပြီး add ပေးကြည့်ရအောင်။
Image Hosting by imagefra.me
ပြထားတဲ့အတိုင်း add ကို နှိပ်ပါ။ မြန်မာဘာသာ ဆိုပြီး ၀င်းဒိုးမှာ ထည့်ပေးထားခြင်း မရှိသေးတဲ့အတွက် မြန်မာဇော်ဂျီ ကီးဘုတ်များကို English (United State) အောက်မှာ ထည့်ထားပါတယ်။ ရှာပြီး check ပေးပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။
Image Hosting by imagefra.me
ခုနက add နှိပ်ခဲ့တဲ့ နေရာမှာ ဇော်ဂျီကီးဘုတ် လာဝင်နေပါပြီ။ (အခြားကီးဘုတ်တစ်ခု ထည့်ချင်တယ်ဆိုလည်း ဒီအတိုင်းပါပဲ။ ဘယ်ဘာသာစကားလဲဆိုတာကိုရှာ keyboard ဆိုတာကို check ပေးပြီး apply လိုက်ရုံပါပဲ)။ အဲဒီထည့်လိုက်တဲ့ ကီးဘုတ် အမျိုးမျိုးကို shortcut key တွေသုံးပြီး ပြောင်းရေးနိုင်အောင်အတွက် သတ်မှတ်ပေးလို့ရပါတယ်။ XP မှာတုန်းကတော့ အဲဒီ add နှိပ်ပေးရတဲ့ box ရဲ့ အောက်မှာပဲ key setting ဆိုပြီး ပါတာပါ။ Vista နဲ့ 7 အတွက်တော့ လက်ရှိပွင့်နေတဲ့ box ရဲ့ နောက်ဆုံး tab ဖြစ်တဲ့ Advanced key settings ဆိုတာကိုနှိပ်ပြီး key setting တွေ ပြောင်းပေးလို့ရပါတယ်။
Image Hosting by imagefra.me
နောက်တစ်ခုက အခုလို ဇော်ဂျီကီးဘုတ် add ပေးထားတာတောင် မိမိ taskbar မှာ keyboard icon ပေါ်မနေဘူးဆိုရင်လည်း စာရိုက်မရတာ ဖြစ်တတ်ပါတယ်။ ခုနက ဖွင့်ထားတဲ့ ဒုတိယ tab မှာ language အတွက် setting တွေ ရှိပါတယ်။ ဖတ်ကြည့်လိုက်ရင် နားလည်မှာပါ။ မိမိရဲ့ keyboard icon ကို ဘယ်မှာ ဘယ်လို ပေါ်ချင်လဲ ရွေးပေးနိုင်ပါတယ်။ တစ်နေရာရာမှာတော့ language bar ရှိမှ ကီးဘုတ်တွေပြောင်းပြီး ဘာသာအမျိုးမျိုးကိုရိုက်နိုင်မှာပါ။
Image Hosting by imagefra.me
အပေါ်ကအတိုင်း လုပ်ပေးလိုက်ရင်တော့ ဇော်ဂျီဖောင့်ကီးဘုတ်အတွက် အဆင်ပြေပြီး စာရိုက်နိုင်ပါပြီ။ ဒါပေမယ့် မိမိအသုံးပြုခဲ့တဲ့ installer နဲ့ ၀င်းဒိုး အဆင်မပြေတာရှိခဲ့ရင်တော့ ဇော်ဂျီကီးဘုတ်ကို add တဲ့အချိန်မှာ error ပြပါတယ်။ အဲဒါမျိုးဆိုရင်တော့ ဒီဝင်းဒိုးမှာ မိမိသုံးထားတဲ့ ကီးဘုတ်က ဘယ်လိုမှ အသုံးပြုလို့မရတာပါ။ (အပေါ်က manually install လုပ်ဖို့ ပြောခဲ့တာပါ။ အဆင်သင့်သုံးချင်သူများအတွက် အောက်က နည်းအတိုင်းသုံးနိုင်ပါတယ်)။ အခြို့က zawgyi အတွက်ဆိုရင် အနည်းဆုံးနှစ်မျိုးကလေ လေးမျိုးလောက်ထိ run ပေးတတ်ကြတယ်ဗျ။ အဲဒီမှာ ရှုပ်ကုန်ပြီး ပြဿနာတွေလည်း တတ်တတ်ပါတယ်။ နောက်ပြီး လက်ရှိ http://www.mandalayalpha.com/ မှာ ကီးဘုတ်အမျိုးအစား အမျိုးမျိုးနဲ့ removal တွေပါ free download ပေးပါတယ်။ ကျနော်မကြိုက်ပါဘူး။ ဘာလို့လဲတော့ မမေးနဲ့။ အပေါ်က ကျနော်ပေးခဲ့တဲ့ installer တစ်ခုထဲကိုပဲ သုံးကြည့်ပါ။ installing complete ဖြစ်တယ်ဆိုရင် သူတောင်းတဲ့အတိုင်း restart ပေးလိုက်ပါ။ နေရာတိုင်းအတွက် လုံးဝ အဆင်ပြေပါတယ်။ အကယ်၍ အခြို့ ၀င်းဒိုးမှာ installing မပြီးခဲ့ရင် အောက်က keyboard installer ကို run ပေးပါ။ (Vista နဲ့ Windows 7 မှာ ဖြစ်တတ်ပါတယ်။ 64-bit windows ဆိုရင်လည်း အခုပေးတဲ့ ကီးဘုတ်ပဲ အဆင်ပြေမှာပါ)

Zawgyi keyboard installer Download (x86 and x64-bit windows)

ကျနော်ပေးထားတာကို ဇစ်ဖြည်လိုက်ရင် Zawgyil ဆိုပြီး ဖိုဒါတွေ့လိမ့်မယ်။ အဲဒီထဲမှာ setup ဆိုတဲ့ ကမ္ဘာလုံးပုံလေးကို run ပေးပါ။ ၅ စက္ကန့် ခန့်အတွင်း complete လို့ ပြပါလိမ့်မယ်။ (loading တွေ installing တွေ ဘာမှ မပြပါဘူး)။ Finish ဆိုတာကို နှိပ်ပေးလိုက်တာနဲ့ taskbar မှာ ဇော်ဂျီကီးဘုတ် ပေါ်လာမှာ ဖြစ်ပါတယ်။ (ဒီ installer နဲ့ အလွဲအချော်ဖြစ်တာ၊ အဆင်မပြေတာ တခါမှ မတွေ့ဘူးသေးပါဘူး။ ၀င်းဒိုးအားလုံးအတွက် အဆင်ပြေပါတယ်)။ ဒီ installer က ကီးဘုတ် တစ်ခုထဲကိုသာ ထည့်သွင်းပေးတာဖြစ်လို့ ဖောင့်မပါသေးပါဘူး။ (အပေါ်က ပေးခဲ့တဲ့ installer သို့မဟုတ် အခြား Installer တွေ run ပြီးလို့ အဆင်မပြေမှ ဒါကို run တယ်ဆိုရင်တော့ ပြဿနာမရှိပါဘူး။ ဒါတစ်ခုထဲ run ထားတာ ဆိုရင်တော့ ဖောင့်ကို မိမိဘာသာ ထည့်ပေးရမှာဖြစ်ပါတယ်။

XP မှာ ဖောင့်တစ်ခုကို ထည့်သွင်းဖို့က ဖောင့်ကို copy ယူလာပြီး Control panel – Font ထဲမှာ paste ချပေးပါ။ ပြီးရင် ထည့်ပေးလိုက်တဲ့ ဖောင့်ကို double click နှိပ် (သို့) restart ချပေးမှ ဖောင့် active ဖြစ်ပါတယ်။ ဖောင့်အများကြီးကို install လုပ်ချင်တာ ဆိုရင်တော့ Control panel – Font ရဲ့ နေရာလွတ်တစ်ခုမှာ right-click လုပ်ပြီး install font ကို နှိပ်ပါ။ ပြီးရင် မိမိဖောင့်ထည့်ထားတဲ့နေရာကေို ရွေးပေးပြီး၊ select လုပ်ကာ install လို့ ပေးလိုက်လို့ရပါတယ်။

Vista နဲ့ windows 7 အတွက်တော့ အရမ်းလွယ်သွားပါပြီ။ Install လုပ်ချင်တဲ့ ဖောင့်ပေါ် right-click ထောက်ပြီး install ဆိုတာကို နှိပ်ပေးရုံပဲ။ အများကြီး install လုပ်ချင်ရင် အားလုံးကို select လုပ်ပြီး right-click ထောက် install နှိပ်ပါ။

Zawgyi font ဆိုလို့ သက်တမ်းတစ်လျှောက်မှာ ထူးခြားတဲ့ ဖောင့်တမျိုးရှိပါတယ်။ စာလုံးမှားရေးတတ်သူတွေအတွက် အတော်လေး အထောက်ကူရပါတယ်။ ဥပမာ – သုညနဲ့ ၀လုံးလိုမျိုးပေါ့။ အခြားဖောင့်တွေ အားလုံးက အတူတူပါပဲ။ အဲဒီအတွက် အလွယ်ပဲ ၀လုံးနေရာ သုညကိုပဲ ရေးလိုက်ပါတယ်။ ဒီဖောင့်မှာကျတော့ သုည အပေါက်လေး နှစ်ပေါက် လုပ်ပေးလိုက်တဲ့အတွက် ၀လုံးနဲ့ သိသိသာသာကြီး ကွာခြားသွားပါတယ်။ နောက်ပြီး “နု” ဆိုပြီးရေးမယ်ဆိုပါစို့ မိမိက န ကို အခုအတိုင်း ခြေထောက်ပါတဲ့ အရှည်ရေးမိလိုက်ရင်လည်း -ု ထည့်တဲ့ အချိန်မှာ သူ့ဘာသာ ခြေထောက်မပါတဲ့ နငယ် ဖြစ်အောင် ပြောင်းလဲပြီး နု အဖြစ်ရေးပေးသွားပါတယ်။ အထူးသဖြင့် ယရစ်တွေပေါ့။ မြန်မာစာလုံးမှာ ယရစ်တွေ အမျိုးမျိုးရှိပါတယ်။ လုံးကြီးတင်ပါ ၊ မပါ ၊ ယရစ်ကြီး၊ သေး တွေ ရှိပါတယ်။ြ-ြ-ြ-ြ- စသဖြင့်တွေ့ပါလိမ့်မယ်။ လုံးကြီးတင်ပါရဲ့သားနဲ့ အပြည့်ယရစ်နဲ့ရေးမိရင် မလှသလို၊ လုံးကြီးတင်မပါပဲနဲ့ အပွင့်နဲ့ဆိုလည်း မလှပါဘူး။ အဲလို မျိုးအတွက် ဒီဖောင့်က မိမိကြိုက်တာရေးလိုက် သူ့ဘာသာ ပြောင်းလဲသွားပေးပါတယ်။ ဒါတွေရဲ့ creator က မာ့ခ် လို့ သိရပါတယ်။ ကျနော်ပြောတာထက် အများကြီးပိုပြီး update လုပ်ထားပြီးပါပြီ။ ဒီနေရာမှာ ဖောင့်တွေအတွက် သူပြောထားတာ အများကြီးရှိပါတယ်။ လေ့လာကြည့်ပါဦး။

Zawgyi font 2009 Download

ဇော်ဂျီဖောင့်နဲ့ ကီးဘုတ်တွေအတွက် အဆင်မပြေဖြစ်နေသေးသူများအတွက် ဒီပို့စ်ကို ရေးသားပါတယ်။ အစကတော့ all about of Zawgyi ဆိုပြီး ဇော်ဂျီနဲ့ other application အားလုံးအတွက်ရေးဖို့ ရည်ရွယ်တာပါ။ ပို့စ်အရမ်းရှည်သွားမှာစိုးလို့ ၀င်းဒိုးဆိုင်ရာကို တစ်ပိုင်း ပိုင်းလိုက်ပါတယ်။ ebook ထုတ်မှပဲ အားလုံးကို တစုတစည်းတည်း ပေါင်းပြီး ထည့်ပေးပါ့မယ်။ အဆင်ပြေပါစေ …. all about of zawgyi ကို နောက်ဆက်တွဲ အနေနဲ့ ရေးပါ့မယ်။ … ဟေးဟေး … ဒီလိုပြောပေါင်းများပြီ။ ဒီနေ့ကို ရေးပါ့မယ်။

søndag den 28. februar 2010

source:သံလုံငယ်

torsdag den 18. februar 2010

မြန်မာဖောင့်မရှိလဲ Website/Blog ကိုဖတ်လို့ ရတယ်.

Myanmar Unicode သုံးထားတဲ့ သင့်ရဲ့  website/blog ကို ဘယ် Myanmar font မှ မရှိတာတောင် ဖတ်လို့ ရသွား စရပါမယ်။ ဒီ software ကျေးဇူးနဲ့ Website ပိုင်ရှင်တိုင်း Unicode ကို စိတ်ချလက်ပြောင်းသုံးနိုင်ပါပြီး။ ကိုယ့် WebSite ကိုတခြားလူဖတ်လို့ မရမှာ စိုးရိမ်စရာမလိုတော့ပါဘူး။ ဒီ Software ကို ထီထွင်ပေးတဲ့ ဆရာကြီးနှစ်ယောက်ကို ကျေးဇူးတင်စကား စာရေးပို့ နိုင်ပါကြောင်းပါခင်ဗျာ တကယ်ကို လေးစားထိုက်ပါတယ်.

*Keith Stribley -- http://www.thanlwinsoft.org
*Wunna Ko Ko -- http://my.openoffice.org/bur/

လုပ်နည်းကတော့လွယ်ပါတယ်. ၃ ခုလုပ်ရုံပါဘဲ၊ Web page တိုင်းမှလုပ်ရမှာဆိုတော့ Wordpress,Joomla,Blog တို့ သုံးရင်တော့ Template ထဲမှာပြင်လိုက်ရုံပါပဲ၊ HTML တွေဆိုရင်တော့ စာမျက်နှာတိုင်းမှာပြင်ရပါလိမ်မယ်.။

1.<head> နဲ့ </head> ကြားထဲမှာ ဒါလေး ထည့်ထားပါ။

<!--[if IE]>

<style>vml\: * { behavior:url(#default#VML); display:inline-block }</style>

<xml:namespace ns="urn:schemas-microsoft-com:vml" prefix="vml" />

<![endif]-->

<script type="text/javascript" src="http://mut.rit- alumni.info/styles/myDetection.js"></script>

<script type="text/javascript" src="http://mut.rit- alumni.info/styles/xmlRequest.js"></script>

2. <body>tag ကို ဒီလို အစားထိုး ဘို့ လိုပါတယ်။
<body onload="myUnicode.initParse('http://mut.rit-alumni.info/styles/');">

3. invisible code လေးတစုကို footer မှာဘဲဖြစ်ဖြစ်web page ရဲ့ တနေရာမှာ ထည့်ပေးဖို့ လိုပါတယ်.။
<span class="myUniTest" id="myWidth2">ကက</span>

<span class="myUniTest" id="myWidth1">က္က</span>
source:winmyanmar

onsdag den 23. december 2009

Zaw gyi ကို vista မှာ တင်တာ အဆင်ပြေစေဖို့ .

istar: အခုကျွန်တော်သုံးနေတာ window vista ပါ.. ကျွန်တော့် window မှာ ဇော်ဂျီဖောင့် ကို install လုပ်တာမရဘူးဖြစ်နေလို့ပါ .

ကျွန်တော် တင်ပေးလိုက်ပါတယ် . Vista အသုံးပြုသူများ အဆင်ပြေနေကြတဲ့ zawgyi ကို တင်ပေးလိုက်ပါတယ် . တစ်ခုနဲ့အဆင်မပြေရင် နောက်တစ်ခု ထပ်စမ်းပါ . များသောအားဖြင့်တော့ Blogger Day Zawgyi နဲ့အဆင်ပြေကြတာ များပါတယ် . အောက်မှာ ၂ ခုတင်ပေးလိုက်ပါတယ် . အဆင်မပြေရင် ပြန်အော်ခဲ့ပါ .

Blogger Day Zawgyi >> Download

ကဲ အဲ့ဒါနဲ့မှ အဆင်မပြေသေးရင် ဒီကို သွားပြီးတော့ Zawgyi Myanmar Unicode Keyboard L ကို ဒေါင်းလိုက်ပါ
source:ညီနေမင်း

onsdag den 9. december 2009

Windows 7 64bit မြန်မာ Font ပြဿနာ

Windows 7 အသုံးများနေတဲ့ အချိန်မှာ သူ့ရဲ့ ပြဿနာတွေထဲက မြန်မာ လက်ကွက် ပြဿနာလေးကို တင်ပြပေးပါမည်။ ကျွန်တော်တို့ ယ္ခုလက်ရှိမှာ Windows 7 မှာ 32bit/64bit/86bit ဆိုပြီထွက်ရှိပါတယ်။ 32bit ကို အသုံးပြုရင်တော့ AlphaZawGyi ကို Run လိုက်တာနဲ့ KeyBoard ကနေ ရိုက်လို့ရပါတယ်။ ဒါပေးမဲ့ 64bit တင်တဲ့ အခါမှာတော့ Alpha ZawGyi ကို Run လိုက်ပါတယ်။ ပြီတော့ မြန်မာဆိုဒ်တွေ ဖွင့်လိုက်တဲ့ အခါမှာ မြန်မာလို ပေါ်ပေးမဲ့ Keyboard ကနေ ရိုက်လိုက်တဲ့ အခါမှာ မြန်မာ Font က ထွက်မလာတော့ပါဘူး။ ဒါကြောင့် အဲဒီလို ကြုံလာခဲ့ရင် အောက်က နည်းနဲ့ ဖြေရှင်းလိုက်ပါ။ မြန်မာလိုရိုက်လို့ရသွားပါလိမ့်မည်။ ကျေးဇူးတင်ပါတယ်။

1.ပုံမှန်အတိုင်း AlphaZawGyi ကို Run ထားလိုက်ပါ

2.အောက်မှာ ကျွန်တော် ပေးထားတဲ့ WAR File မှ Setup.exe ကို အရင် Install လုပ်လိုက်ပါ။ (Repair ကို ရွေးပြီ RUN ပါ) ပြီရင် ZawGyil_amd64.msi ,ZawGyil_i386.msi နှင့် ZawGyi_ia64.msi ဆိုပြီရှိပါတယ်။ တစ်ခုမဟုတ် တစ်ခု Run ကြည့်လိုက်ပါ။ ပြီရင် အဆင်ပြေသွားပါမည်။ မရပါက Restart ခဏချလိုက်ပါ။ အဆင်ပြေပါမည်။
MultiuploadMediafireMegaupload
source:knowledge

mandag den 7. december 2009

အကောင်းဆုံး ဇော်ဂျီ မြန်မာ - Fonts

ပေါ်မှာကျွန်တော်ပြထားတဲ့ အတိုင်းဘဲ တခုက Blogger Day နဲ့ နောက်တခုကAlpha Zawgyi ပါခင်ဗျား။ တခါတလေကြရင် ဇော်၈ျီ မြန်မာ Font တွေကို အဆင်မပြေကြပါဘူးခင်ဗျား။ကျွန်တော်အပေါ်မှာပေးထားတဲ့ Version နှစ်ခုကလွဲရင်တခြားသော Version လေးတွေကိုက တခါတလေ ပြဿနာ ရှိတက်ပါတယ်။ဒါကြောင့် မို့လို့ လိုအပ်ရင် ကျွန်တော်ပေးထားတဲ့ဟာနဲ့ဘဲ သုံးကြပါခင်ဗျား။ နှစ်ခုလုံးအောက်မှာပေးထားပါတယ်ခင်ဗျား။
Download Zawgyi Font
source:မောင်ကျော်စွာငြိမ်း

Zawgyi Font For Windows 7 64-Bit And Other OS

Windows 7 64-Bit မှာ ဇော်ဂျီ Font ရေးလို့မရတဲ့သူတွေရော ၊ တခြားသော OS တွေမှာ ဇော်ဂျီ Font ရေးလို့မရတဲ့သူတွေရော အားလုံးအဆင့်အောက်လို့ ဒီမှာကျွန်တော်ပေးထားတဲ့ Keyboard Installer လေးနဲ့အဆင်ပြေနိုင်ပါတယ်။

ဘာဖြစ်လို့ဒါလေးကိုပေးရသလဲဆိုတော့ OS တော်တော် များများက ဇော်ဂျီ Installer နဲ့ အားလုံးအဆင်
ပြေတက်ကြပါတယ်။ ဒါပေမဲ့ Windows ပြန်တင်ပြီး ဇော်ဂျီ Font ကို Install လုပ်ပြီး သုံးတဲ့အခါမှာ တခါတလေမရကြပါဘူးခင်ဗျား။ ရလားမရလားသိ ချင်ရင်တော့ ဇော်ဂျီ Font ကို Install လုပ်ပြီး Restart လိုက်ပါခင်ဗျား။ ပြီးရင် Control Panel\Reigon and Language\Keyboards and Languages\
Change keyboards...\General ကိုသွားပြီး Alpha Zawgyi ပေါ်မှာ Double Click နှိပ်ကြည့်တဲ့အခါမှာ ကျွန်တော်အပေါ်မှာ ပြထားတဲ့ အပုံတိုင်း ဘဲ ဘာမှ မပေါ်နေဘူးဆိုရင်အခု ကျွန်တော်ပေးထားတဲ့ ဇော်ဂျီ Keyboard Installer လေး နဲ့အဆင်ပြေပါတယ်ခင်ဗျား။ ပုံမှန်ကတော့ အဲ့ဒီမှာ လေးထောင့်အကွက်လေးတွေ ပေါ် နေတက်ပါတယ်ခင်ဗျား။

ကျွန်တော်လဲ ဇော်ဂျီ Font Installer လေးနဲ့ သုံးခဲ့တာ Vista ရော ၊ Windows 7 Enerprise Edtion 32-Bit ရောအဆင်ပြေပါတယ်။ ဒါပေမဲ့ ဒီနေ့မနက် Windows 7 Ultimate Edition 64-Bit ကို Download ပြီးတင်
လိုက်တဲ့အခါ ကြတော့ ဇော်ဂျီ မြန်မာစာကို Install လုပ်ပြီး ရေးကြည့်တာ ဘာမှာကိုမပေါ် တော့ဘူးခင်ဗျ။ ပြီးတော့ ကျွန်တော်အမျိုးမျိုး စမ်းကြည့်ပါသေးတယ်။ ဒါမေဲ့ဘယ်ကောင်မှ အကြိုးမပေးပါဘူး။ ဒါကြောင့်မို့လို့ Internet ပေါ်မှာရှာရင်း ရှာရင်း တွေ့သွားတာ တာပါ။ ကျွန်တော့လိုမျိုး အဖြစ်ဆိုးတွေကို ဖြစ်နေတဲ့
သူတွေအတွက် ကျွန်တော် ပြန်ပြီး Share လိုက်ပါတယ်ခင်ဗျား။ အားလုံးဘဲလိုချင်ရင်အောက်မှာဘဲ Download
လိုက်ပါခင်ဗျား။
Download ဇော်ဂျီ-မြန်မာ Keyboard Installer

source:မောင်ကျော်စွာငြိမ်း

fredag den 27. november 2009

iPhone နှင့် iPod တွင် ဇော်ဂျီမြန်မာစာစနစ် အသုံးပြုနိုင်ပြီး

iPhone, iPod Touch အသုံးပြုသူများ အနေဖြင့် ဇော်ဂျီလက်ကွက်နှင့် ဖောင့်များ ထည့်သွင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ iPhone, iPod Touch အတွင်းသို့ ဇော်ဂျီလက်ကွက်နှင့်ဖောင့်များထည့်သွင်းရာတွင် ဖြစ်ပေါ်လာမည့်ပြဿနာများကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်းကို www.saturngod.net နည်းပညာဝက်ဘ်ဆိုက်တွင် တရားဝင်ဖော်ပြထားသည်။ ထို့အပြင် ဇော်ဂျီလက်ကွက်နှင့်ဖောင့်များထည့်သွင်းခြင်းကိုလည်း အဆင့်လိုက်ဖော်ပြထားသည်။ ဇော်ဂျီလက်ကွက်နှင့် ဖောင့်များထည့်သွင်းရန်အတွက် ဖုန်း၏ Operating Sytem (OS) မှာ အနိမ့်ဆုံး 3.0 ရှိရမည်ဖြစ်ပြီး Jailbreak လုပ်ထားရန်လိုကြောင်းသိရသည်။ ဇော်ဂျီလက်ကွက်နှင့်ဖောင့် Package ကို အွန်လိုင်းမှ သွင်းရမည်ဖြစ်သဖြင့် အင်တာနက်ကွန်ရက်ရှိရန်လိုအပ်သလို Cydia ဆော့ဖ်ဝဲကိုလည်း Install လုပ်ထားရန်လိုအပ်သည်။ iPhone, iPod Touch အတွင်းသို့ ဇော်ဂျီလက်ကွက်နှင့် ဖောင့်ထည့်သွင်းသူများအနေဖြင့် ပထမအဆင့် Cydia ကိုသွားရမည်ဖြစ်သည်။ ထို့နောက် Cydia ရှိ Manage အောက်မှ Source ကိုသွားရမည်ဖြစ်ပြီး Edit မှတဆင့် Add လုပ်ရမည်ဖြစ်သည်။ Address တွင် http://cydia.macforus.com ကို ရိုက်ထည့်လိုက်ပြီဆိုပါက လက်ကွက်နှင့် Font ပါဝင်သော Package များကို Reload လုပ်မည်ဖြစ်ပြီး ပြီးဆုံးသွားပါက Sections အောက်တွင် Zawgyi Sections ပါလာမည်ဖြစ်သည်။
Zawgyi Font သည် System Font များကို Hack ပြီး မြန်မာစာလုံးများကိုထည့်သွင်းခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် Font သွင်းပြီးပါက Uninstall ပြန်လုပ်နိုင်မည်မဟုတ်ကြောင်း သိရသည်။ Uninstall ပြန်လုပ် မည်ဆိုပါက itune မှ Restore ပြန်လုပ်ရမည်ဖြစ်သည်။ Zawgyi Font Package သည် Application များအားလုံးနီးပါးတွင် မြန်မာစာပေါ်စေရန် Font များကို ပြုပြင်ထားခြင်းဖြစ်ကြောင်း ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ Zawgyi Keyboard ကိုသွင်းရာတွင် iKey Ex, Zawgyi Font နှင့်အခြားသော Dependencies များ အလိုအလျောက်သွင်းသွားမည်ဖြစ်သဖြင့် English စာတွင် Auto Correct မဖြစ်ခြင်း (3.1.2 တွင် Auto Correct အ လုပ်လုပ်ပါသည်။ သိပ်မသေချာသော်လည်း အများအားဖြင့်အလုပ်လုပ်) Keyboard အတက်နှေးခြင်း၊ အချို့သော OS 3.0 များတွင် Error တက်ခြင်း စသည့်ပြဿနာများကို ကြုံတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် OS3.1.2 Upgrade လုပ်ပြီးမှထည့်သွင်းခြင်းသည် ပိုမိုစိတ်ချရကြောင်းသိရသည်။ Zawgyi Keyboard သွင်းပြီးပါက iPhone, iPod Touch ကို Restart ချရမည်ဖြစ်သည်။ Keyboard ထည့်သွင်းနည်းအား ၀က်ဘ်ဆိုက်တွင် Flash Video ဖြင့်ဖော်ပြပေးထားပြီး Video အတွက် Connectoin အခက်အခဲရှိသူများအနေဖြင့် ပထမအဆင့် Setting ထဲမှ iKeyEx, iKeyEx မှ Mix and Match, Mix and Match မှ Make ကိုသွားရမည်ဖြစ်သည်။ ထို့နောက် Layout ကို Zawgyi ရွေးရမည်ဖြစ်ပြီး Name အား Zawgyi ဟုပေးရမည်။ နာမည်ပေးပြီးပါက Mix and Match မှ iKeyEx, iKeyEx မှ Keyboard သို့ ပြန်သွားရမည်ဖြစ်သည်။ Keyboards သို့သွားပြီး Zawgyi ဘေးနားရှိ (+) ကိုနှိပ်ပြီးပါက Keyboard Layout သွင်းခြင်းပြီးမြောက်သွားပြီဖြစ်သည်။ Keyboard ပြောင်းချင်ပါက ကမ္ဘာလုံးပုံလေးကိုနှိပ်ကာ ပြောင်းလဲနိုင်ကြောင်း ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ Zawgyi Keyboard အသစ်ထွက်ခဲ့သောကြောင့် Upgrade လုပ်လိုပါက Cydia သို့သွားပြီး Changes ကိုနှိပ်ရမည်ဖြစ်သည်။ ထို့နောက် Refresh ကိုနှိပ်လိုက်ပါက Upgrade ပေါ်လာမည်ဖြစ်သည်။ Upgrade ပေါ်လာပါက Upgrade လုပ်နိုင်ပြီဖြစ်သည်။ Upgrade လုပ်ဆောင်ပြီးပါက Setting ထဲမှ iKeyEx, iKeyEx မှ Keyboards, Keyboard မှ Zawgyi ကို icon နှိပ်ရမည်ဖြစ်သည်။ ထို့နောက် iKeyEx မှ Settings ကို ပြန်သွားရမည်ဖြစ်သည်။ Settings ကို ပြန်သွားပြီးပါက Mix and Match မှ Zawgyi ကို Delete နှိပ်ရမည်ဖြစ်သည်။ Delete နှိပ်ပြီးပါက Mix and Match မှ Zawgyi Keyboard အား အပေါ်တွင်ပြခဲ့သော Video အတိုင်း ပြန်လည်ထည့်သွင်း နိုင်မည်ဖြစ်သည်။

Setting ထဲမှ General , General ထဲမှ Keyboard, Keyboard မှ Auto-Capitalization ကို Off လုပ်ထားပါက မြန်မာစာရိုက်ရာတွင် ပို၍အဆင်ပြေကြောင်းသိရသည်။source:mminternetjournal

lørdag den 21. november 2009

Windows 7 မှာ Font တွေဘယ်လို Change မလဲ

ကျွန်တော်တို့ Windows 7 သုံးတဲ့အခါမှာ တစ်ခါတစ်လေမှ မိမိက သူ့ရဲ့ မှုလရှိပြီသာ Daufult ကို ကိုယ်က ပြောင်းမိတဲ့အခါမှာ Desktop ပေါ်မှာ Myanmar font ပျောက်သွားတာ ကြုံဖူးကျမှာပါ။ XP မှာတော့ Desktop ပေါ်ကနေ အလွယ်တကူးသွားလို့ရပေးမဲ့ windows 7 မှာ အမြင်လေးဆန်သွားပါတယ်။ ဒါကြောင့် လိုအပ်လို့ Font တွေ Items colcor တွေကို မိမိစိတ်ကြိုက်အရောင်တွေနဲ့ ပြောင်လဲချင်တယ် Font Size တွေ ပြန်ပြောင်ချင်တယ်ဆိုရင် အောက်ပါအတိုင်း လုပ်ကြည့်လိုက်ပါ။ ကျွန်တော် Windows 7 အကြောင်းတစ်နေ့ နည်းနည်း ကျွန်တော် တက်နိုင်သမျှ တင်ပြပေးပါမည်။1. မိမိ Desktop ပေါ်မှာ Right click ထောက် Personalize ကို click လိုက်ပါ။ အောက်က ပုံကိုကြည့်လိုက်ပါ။

2. ပြီရင် windows color ကို ထပ် click လိုက်ပါ။

3. Advanced appearance settings ကို ထပ် click လိုက်ပါ။

4. အောက်ပါအတိုင်း Appearance Box ကျလာပါမည်။ Item မှာ Icon ကို ရွေးချယ်လိုက်ရုံးပါ။ (ကျန်တာတွေလဲ ကိုယ်တိုင်း လေ့လာကြည့်ပါ. အမြင်ဆန်စေပါတယ်။) ပြီရင်တော့ Apply ကို နိုပ်ပြီ OK ကို နိုပ်လိုက်ရုံပါဘဲ။

torsdag den 17. september 2009

Window Vista Ready ZawGyi Myanmar Unicode Keyboard Layout

Vista install လုပ်ပီးကတည်းက ZawGyi Keyboard ကို Install လုပ်လို့မရတော့ ညစ်နေတာ...ခုတော့ အဆင်ပြေသွားပီ... Vista User တွေအားလုံးလဲ အဆင်ပြေရအောင် Upload လုပ်ပေးလိုက် ပါမယ်..ခုလုပ်ပေးထားတဲ့ Installer မှာ Win386 (32bit) အပြင် 64 bit Window XP, 64 bit Vista ပါ အသုံးပြုလို့ ရပါတယ်။Setup.exe ကို Run ပြီး Install လုပ်နိုင်ပါတယ်။Download Window Vista Ready ZawGyi Myanmar Unicode Keyboard Layout (254 KB)Vista_Ready_ZawGyi_Myanmar_Keyboard.zipကိုနှိပ်ပြီးယူလိုက်ပါ။source: