Sunday, November 27, 2011

Window 7 မှာ ၀င်းဒိုးတွေ ထပ်နေတဲ့ ပြဿနာ ဘယ်လိုရှင်းမလဲ

ကျွန်တော်တို့ Windows 7 သုံးတဲ့ သူငယ်ချင်း အတော်များများ ကြုံခဲ့ရတဲ့ နည်းလေးပါ။ အကြောင်းကတော့ Windows တင်ခဲ့စဉ်မှာ မှုလ တင်ခဲ့ပြီးသာ Windows ကို Delete လုပ် ပြီ Format မရိုက်ခဲ့လို့ ကြုံရတဲ့ ပြဿနာဖြစ်ပါတယ်။ ကြုံရတာက မိမိ C partition ထဲမှာ Windows folder တွေ မိမိ အကြိမ်တင်ရင် တင်ခဲ့သလောက် Windows တွေ ထပ်နေတက်ပါတယ်။ အကြောင်းက အပေါ်မှာ ပြောခဲ့သလို Windows တင်တဲ့ အချိန်မှာ မှုလ Windows ကို Format မရိုက်ခဲ့လို ဖြစ်ပါတယ်။ ဒါကြောင့် Harddisk ထဲမှာ မလိုအပ်ဘဲ နေရာတွေ ပြည့်နေပြီ မိမိက ဘာမှ အများကြီး သုံးပြီးသာ ဖြစ်နေတက်ပါတယ်။ အကြိမ်ရေ နည်းတဲ့ အခါမှာ ပြဿနာ မဟုတ်ပေမဲ့ အကြိမ်ရေး များလာတဲ့ အခါမှာ ပြဿနာ တက်လာတက်ပါတယ်။ ဘယ်လို ဖြစ်ရတာလဲဆိုတော့ ကျွှန်တော်တို့ Window 7 မှာ computer ဖွင့်လိုက်တဲ့အခါ window start up လုပ်နေစဉ် အတွင်းမှာ မိမိဘယ် Window နဲ့ boot တက်မလဲ ဆိုတာကို ရွေးချယ်ပေးရတဲ့ Boot option အပိုင်းရှိပါတယ်။ Window တခုတည်း ဆိုရင်တော့ သူကအချိန် အနည်းငယ်ပဲ ပေါ်လာပီး မိမိတင်ထားတဲ့ Window 7 အတိုင်းဆက် အလုပ်လုပ်ပါတယ်။ တကယ်လို့ ကိုယ်ကအရင်က Window XP တင်ခဲ့ပြီး Window 7 ပြောင်းသုံးတဲ့အခါ အရင်Window Xp ကို Format မရိုက်မိဘဲ Window ဆက်တင်မိတဲ့ အခါမျိုးမှာဆိုရင် Boot တက်တဲ့အခါ Window Version နှစ်ခုထဲက တစ်ခုခုကို ရွေးပေးဖို့ Boot option လုပ်နေစဉ်မှာ ပေါ်လာတတ်ပါတယ်။ အခုနပြောသလို အခြေအနေမျိုးမှာ စက်ဖွင့်တဲ့အခါတိုင်း ကိုယ်ကရွေးပေးနေရပါတယ်။ မရွေးပေးဘဲ သူ့ဘာသာ Boot တက်ရင်တော့ နောက်ဆုံးတင်ထားတဲ့ Window 7 အတိုင်းပဲ အလုပ်ဆက်လုပ်ပါတယ်။ ဒါပေမယ့် ကျွှန်တော်တို့ အဲ့ဒီအရင်က Window ( Xp ဒါမှမဟုတ် Vista တခုခုပေါ့ ) လက်ရှိသုံးနေတဲ့ Window 7 မတင်ခင် အရင် Window တခုခုကို Earlier Version Of Window လို့ခေါ်ပါတယ်။ အယ့်ဒီ Earlier Version အပိုင်းကြီးကို Boot တက်တဲ့အခါ မမြင်ရအောင် Remove လုပ်ပစ်ထားလိုက်ရင် နောက်ဆို ရွေးပေးစရာ မလိုတော့ပါဘူး။ စက်ဖွင့်လိုက်တိုင်း သူ့ဘာသာ မြန်မြန်ဆန်ဆန်ပ Window7 တက်လာပါလိမ့်မယ်။ကျွှန်တော်တို့ ပြောနေတာအရမ်း များသွားပီ။ ကျွန်တော်တို့ အလွယ်မြင်အောင် အောက်က ပုံကိုကြည့်လိုက်ပါ။ အောက်မှာတော့ Windows က နှစ်ခုသာ ပြထားပါတယ်။ ဒီထပ်ပိုနေတဲ့ စက်တွေကို တွေ့ခဲ့ဘူးပါတယ်။ အောက်မှာ ရှင်းတဲ့ နည်းကို ကျွန်တော် အသေးစိတ်တင်ပြပေးထားပါတယ်။ အောက်က ပုံကို အရင်ကြည့်ကြည့်ပါ။


လုပ်နည်း
1. Command Prompt လို့ခေါ်တဲ့ Cmd ကို Run as administrator နဲ့အရင် ဖွင့်လိုက်ပါ။ ရိုးရိုးအတိုင်း Wndkey+R လို့ရိုက်ပီး ပေါ်လာတဲ့ Run Box မှာ cmd လို့ရိုက်ထည့်ပီး ဖွင့်ပီးပေါ်လာတဲ့ cmd မှာဆို အလုပ်မလုပ်ပါဘူး။ ဒါကြောင့် ခုနပြောသလိုပဲ Run as administrator နဲ့ပဲ ဖွင့်လိုက်ပါ။



2.ပေါ်လာတဲ့ Cmd Box မှာ bcdedit လို့ရိုက်လိုက်ပါ။ ကျလာတဲ့ဘောက်ထဲမှာ windows Legacy os Loader ကို တွေ့ရပါလိမ့်မည်။

3.နောက်ဆုံးအနေနဲ့ ကျွှန်တော်တို့က မလိုအပ်တဲ့ အပိုင်းဖြစ်တဲ့ Windows Lagacy OS loader အပိုင်းကို Delete လုပ်ပေးရပါမယ်။ Command Prompt မှာ bcdedit /delete {ntldr} /f လို့ ရိုးရိုးလေး ရိုက်ပေးပီး Enter ရိုက်ပေးလိုက်ပါ။ အားလုံး အဆင်ပြေသွားပါပီ။

Window 7 မှာ မိမိစိတ်ကြိုက် Pin Code များဖန်တီးခြင်း

ကျွန်တော်တို့ Window 7 မှာ မိမိတို့ ကြိုက်တဲ့ Folder တွေကို Taskbar မှာ တွဲချိတ်ထားဖို့(pin) လုပ်ထားဖို့ဆိုတာ တိုက်ရိုက်လုပ်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် လုပ်လို့ရတဲ့ နည်းလေးတွေတော့ ရှိပါသေးတယ်။ မိမိအမြဲတမ်း သုံးနေကျ folder လေးတွေကို Taskbar လေးမျာ တွဲချိတ်(pin) ထားလိုက်ရင် မြန်မြန်ဆန်ဆန်နဲ့ လိုချင်တဲ့နေရာ ရောက်အောင်သွားနိုင်ပါတယ်။ မိမိသုံးနေကျ Folder တွေကို Taskbar မှာ ချိတ်ပေးလိုက်တဲ့ အတွက် Desktop ကို ရှင်းရှင်းလင်းလင်း ထားချင်သူများအတွက်လည်း အဆင်ပြေစေပါတယ်။ Window 7 သုံးနေရပေမယ့် Apple window သုံးနေရတဲ့ ပုံစံလေး မြင်တွေ့ရမယ်လို့ ဆိုထားပါတယ်။ သုံးကြည့်လိုက်ပါ။ တော်တော်လေး အဆင်ပြေပါတယ်။
1. ပထမဆုံး ဒီနေရာမှာ ဒေါင်းလုပ်ချလိုက်ပါ။
2. ဒေါင်းလုပ်ချပီးတာနဲ့ Folder ထဲမှာပါတဲ့ .exe ဆိုတဲ့ ဖိုင်လေးကို Run လိုက်ပါ။ အောက်မှာ ပြထားတဲ့ ပုံလေးကို တွေ့ရပါလိမ့်မယ်။




1. Stack Name နေရာမှာ မိမိကြိုက်နှစ်သက်ရာ နံမည်ပေးပါ။
2. Path မှာ မိမိ Pin(တွယ်ချိတ်) ထားချင်တဲ့ Folder ရှိတဲ့နေရာကို သွားပြီး ရွေးပေးလိုက်ပါ။ ဥပမာ ကျွန်တော်ဆိုရင် Control Pannel ကိုရွေးပေးထားပါတယ်။
3. Open As မှာ Grid, Auto & Stack ဆိုတာ ရှိပါတယ်။ မိမိကြိုက်နှစ်သက်ရာ တခုခုရွေးနိုင်ပါတယ်။ Direction မှာ Up,Down,Left & Right ဆိုပြီး ရှိပါတယ်။ ကြိုက်နှစ်သက်ရာ တခုရွေးပါ။ Switch to grid after မှာ မိမိ ထည့်ချင်တဲ့ Item အရေအတွက်တွေ သတ်မှတ်ပေးလို့ ရပါတယ်။
4. Force open positon မှာ X ၀င်ရိုးနဲ့ Y ၀င်ရိုးမှာ မိမိကြိုက်သလောက် သတ်မှတ်ပေးလို့ ရပါတယ်။
5. Create Stack ဆိုတာလေး လုပ်ပီးတာနဲ့ အောင်မြင်စွာ ပြီးဆုံးသွားပါပီ။
6. Create shortcut ဆိုတာလေး နှိပ်ပီး Shortcut လေး လုပ်ထားပေးလို့ ရပါတယ်။
7. အားလုံးပြီးသွားရင်တော့ OK ပေးလိုက်ပေါ့။
အားလုံး ပြီးသွားရင် မိမိ Shortcut ပေးထားတဲ့ နေရာလေးကနေ Right click ထောက်ပီး Pin to Taskbar ဆိုပီး လုပ်ပေးလိုက်တာနဲ့ အစအဆုံးအကုန်လုံး အဆင်ပြေသွားပါပီ။

Saturday, November 26, 2011

Window 7 မှာ Restore Point လုပ်နည်း

ကျတော်အခု တင်ပြမယ့် နည်းလေးကတော့ Window 7 မှာ System Restore Point လုပ်တဲ့ နည်းလေးပါ။ ကျတော်က အခုလောလောဆယ် Window 7 သုံးနေတာမို့ Window 7 နဲ့ ပက်သက်တဲ့ အကြောင်းတွေ အများစု လေ့လောပီး ဝေမျှပေးပါမယ်။ Restore Point လုပ်ထားတဲ့ အတွက် ရလာမယ့် အကျိုးအပြစ် တွေကိုတော့ ကျွှန်တော့်အကို ကိုမိုးထက်မြင့်က Window XP အပိုင်းမှာ Restore လုပ်ရင် Window ကျတတ်သလား ဆိုတဲ့အပိုင်းမှာ ရှင်းပြထားခဲ့လို့ ကျတော်ဒီနေရာမှာ ထပ်ပီးမရှင်း တော့ပါဘူး။ တကယ်လို့ သီအိုရီပါ လေးပါ ဗဟုသုတအဖြစ် လေ့လာချင်ရင်တော့ ကျတော် ခုနပြောခဲတဲ့ ပို့စ်လေးကို ပြန်ဖတ်ပေးကြပါ။ ကျတော်ကတော့ အခု Window 7 မှာ Restore Point လုပ်နည်းလေး ပဲတင်ပြပေးပါ့မယ်။
ကျတော်လုပ်လို့ ရတဲ့နည်းလေးတွေ ထဲက (၂)နည်းလောက်ဝေမျှ ပေးလိုက်ပါ့တယ်။ ကြိုက်နှစ်သက်တဲ့ နည်းနဲ့ အဆင်ပြေသလို ကြည့်လုပ်ကြပါ။

ပထမနည်း
1. My Computer ကို Right Click ထောက်ပီး Open နဲ့ ဖွင့်လိုက်ပါ။ ကျလာတဲ့ Box ကလေးကနေ System Protection အပိုင်းကို သွားလိုက်ပါ။


2.System Properties ဆိုတဲ့ အထဲက System Protection အပိုင်းကို သွားလိုက်ပါ။ Create a Restore Point ဆိုတဲ့ Box လေး ထပ်ကျလာပါ လိမ့်မည်။ ကျလာတဲ့ Box လေးထဲမှာ မိမိ ကြိုက်နှစ်သက်ရာ နာမည်တခုခု ရိုက်ထည့်ပေးပါ။



3.System Protection လုပ်နေတဲ့ Box လေး အခုလို ကျလာပါလိမ့်မည်။





4.နောက်ဆုံးမှာတော့ အောင်မြင်စွာ ပြီးဆုံးသွားတဲ့ Box လေး အခုလိုကျလာ ပါလိမ့်မည်။


ဒုတိယနည်း

ကျွှန်တော်ခုန တင်ပြခဲ့တဲ့နည်းက Window 7 မှာပါတဲ့ Tools လေးတွေကို အသုံးချခဲ့တဲ့ အပိုင်းပါ။ အခုဆက်ပီး Software လေးနဲ့ အလွယ်တကူ လုပ်ချင်သူများ အတွက် အဆင်ပြေအောင် Software နဲ့လုပ်နည်းလေးပါ တပါတည်း တင်ပြပေးလိုက် ပါတယ်။ လုပ်နည်းလေးက ရိုးစင်းလို့ ကျတော် ထပ်ပြီ မရှင်းတော့ပါဘူး။ Software နဲ့လုပ်ရင် တွေ့ရမယ့် ပုံလေးတွေကို ကျတော် အောက်မှာ ပြထားပေးပါတယ်။ အဆင်ပြေကြမှာပါ။



ဒီ Box လေးမှာ မိမိ ကြိုက်တဲ့ နာမည်လေး ရိုက်ပီး Create Restore Point ဆိုတာလေး လုပ်လိုက်တာနဲ့ အောက်မှာပြထားတဲ့ ပုံလေးလိုဘဲ အိုကေသွားပါပီ။




download

Window 7 မှာ Linux တင်လို့မရတဲ့ ပြဿနာ

Window 7 မှာ Linux Ubuntu တင်လို့မရဘူးဆိုတဲ့ သူငယ်ချင်းတွေအတွက် ဝေမျှပေးလိုက်တာပါ။ ကျွန်တော် အရင်ကတော့ Windows XP မှာ တင်ပြီ သုံးနေတာပါ။ မေးတဲ့ သူက Window 7 ဆိုလို့ ကျွန်တော့ သူငယ်ချင်း စက်မှာ ပထမ တင်ကြည့်ပါတယ်။ ဒါပေမဲ့ တင်လို့မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ OS က 32 bit ဖြစ်နေလို့ ဖြစ်ပါတယ်။ ဒါနဲ့ 64 bit မှာတင်ကြည့်တော့ အဆင်ပြေသွားပါတယ်။ ဒါနဲ့ ကျွန်တော်စက်မှာဘဲ 32 bit နဲ့ တင်လို့ရအောင် ကြိုစားကြည့်တာ အဆင်ပြေသွားတယ်။ ဒါကြောင့် window 7 32 bit (86 bit ) OS သုံးထားတဲ့ သူငယ်ချင်းများ Linux Ubuntu တင်လို့မရခဲ့ရင် အောက်ပါအတိုင်း Shrink Volume ဖန်းတီပြီ တင်ရအောင် လုပ်ဆောင်ရပါမည်.။
1. Start >> My computer ကို Right click ထောက်ပြီ Manage ကို Click လိုက်ပါ။
2. Storage အောက်က Disk Management ကို click လိုက်ပါ။ မိမိ Shrink Volume လုပ်မည့် Drive တစ်ခု ပေါ်မှာ Right click ထောက်ပြီ Shrink Volume ဆိုတာကို click လိုက်ပါ။



3. Shrink Box ကျလာပါမည်။ ဥပမာ- မိမိ မှုလ Hard Disk က 80 Gb ရှိတယ်ဆိုပါဆို မိမိက Linux တင်ဖို့ အတွက် 40 Gb ခွဲထုတ်မယ်ဆိုရင် 1024 * 40=40960 ရလာတဲ့ ဂဏန်းကို Enter The amount of space to shrink in MB မှာ ရိုက်ထည့်လိုက်ပါ။ပြီရင်တော့ Shrink ကို Click ပေးလိုက်ပါ။



4. Shrink ကိုနိုမ့်လိုက်တာနဲ့ အောက်ပါအတိုင်း တွေ့ရပါမည်။ Right click ထောက်ပြီ New Simple Volume ကို click လိုက်ပါ။



5. Next ကို ထပ် click လိုက်ပါ။




6. မိမိတို့ ရိုက်ခဲ့တဲ့ ဂဏန်းကို တွေ့ရပါမည်။ Next ကိုဘဲ click လိုက်ပါ။



7. ဒီနေရာမှာ မိမိက Driver Letter ကို မိမိကြိုက်နှစ်သက်ရာ ထားချင်တယ်ဆိုရင် ရွေးချယ်လိုက်ပါ။ မထားချင်ဘူး ဆိုရင်လည် Next ကို နိုမ့်လိုက်ပါ။ နောက်မှ Drive Letter ကို ပြန်ပြောင်းလဲ ရပါတယ်။



8. Format This Volumes With the Following Setting မှာ File System မှာ NTFS ဖြစ်နေပါမည်။ မဖြစ်က ပြောင်းပေးလိုက်ပါ။ အခုနောက်ပိုင်းမှာ OS တွေမှာ NTFS ဘဲ သုံးပါသည်။ ( NTFS နဲ့ FAT အကြောင်းကို တင်ပြခဲ့ပြီဖြစ်ပါတယ်။ ) Allocation unit size မှာ Default ဖြစ်နေပါမည်။ ဒီတိုင် ထားလိုက်ပါ။ Volume Label မှာ Ubuntu လို့ရိုက်လိုက်ပါ။ မရိုက်လဲ ရပါသည်။ ကွဲပြားအောင် ရေးလိုက်တာပါ။ ပြီရင် Next ကို click လိုက်ပါ။



9. ပြီးရင်တော့ Finish ကို click လိုက်ပါ။ ဒါဆိုရင် မိမိ တည်ဆောက်ခဲ့တဲ့ Shrink volume ကို Format ရိုက်လိုက်တာဖြစ်ပါတယ်။ ဒါဆိုရင် Wubi ကို Run ပြီ Ubuntu ကို Install လုပ်လိုက်ပါ။ ဘာပြဿနာမှ မတက်ဘဲ Linux ကို တင်နိုင်ပါပြီ။ (မှတ်ချက်။ ၊။Wubi နဲ့ Ubuntu Install လုပ်နည်းကို နောက် Post နဲ့ တင်ပေးပါမည်။ )အောက်မှာ Format ရိုက်ပြီတာကိုကြည့်လိုက်ပါ။ )

Blue Screen Error ဖြေရှင်းနည်း (၂)

ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်။ Blue screen တက်တက်လာလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းများအတွက် အထောက်အကူ ဖြစ်မယ်ထင်လို့ပါ။ Window XP, Vista & 7 တွေအတွက် အကုန်အသုံးပြုလို့ ရနိုင်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ပြီးလို့ အဆင်ပြေသွားလို့ ဝေမျှလိုက်ပါတယ်။ အဆင်မပြေတာများ ရှိခဲ့ရင်တော့ ကျတော့်ရဲ့ အားနည်းချက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု ကျတော်က Windows Vista နဲ့ လုပ်နည်းလေး တင်ပြပေးပါ့မယ်။ အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။

2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။ အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်….:)။