lørdag den 28. september 2019

Unicode ကို ပြောင်းကြပါစို့

#Andriod
Contacts တွေကို Zawgyi မှ Unicode သို့ ပြောင်းမယ်ဆိုလျှင် … 
– UniZG Apk နဲ့ ပြောင်းလို့ ရပါတယ် ။ 
( Download Link : http://bit.ly/2mEjDD0 )
– mmUniToolkit Apk နဲ့ ပြောင်းလို့ ရပါတယ် ။ 
( Download Link : https://bit.ly/2k3Nkw6 )
– Connect MUX Apk နဲ့ ပြောင်းလို့ ရပါတယ် ။ 
( Download Link : https://bit.ly/2jZ1MW6 ) 
– MCF MUX Apk နဲ့လည်း ပြောင်းနိုင်ပါတယ် ။ 
( Download Link : https://bit.ly/2m3QXCY )
*SMS Messages တွေကို မှန်ကန်စွာနဲ့ ဖတ်နည်း / ပို့နည်း*
လာမယ့် October ( ၁ ) ရက်နေ့ကျလျှင် မြန်မာနိုင်ငံရှိ Operators တွေ အားလုံးက Unicode စနစ်ကို ပြောင်းလဲ အသုံးပြုကြတော့မှာ ဖြစ်ပါတယ် ။ လက်ရှိမှာဆို MPT က သူတို့ရဲ့ MPT 4U Apk နဲ့ Messages Reply တွေမှာ Unicode စနစ်ကို ပြောင်းလဲ အသုံးပြုနေပြီပဲ ဖြစ်ပါတယ် ။ ဒါကြောင့် နောက်တစ်ရက်နှစ်ရက်ဆိုလျှင် Messages အတွက် ခေါင်းစားနေရတာတွေ အကုန် ပြီးသွားပါလိမ့်မယ် ။ အခုလောလောဆယ်မှာတော့ … 
– MyanSms Apk ကို Default SMS Messages အဖြစ် အသုံးပြုန်ုင်ပါတယ် ။ 
( မိမိဆီ ပို့လာတဲ့ Zawgyi SMS မှန်သမျှကို အလိုအလျှောက် Unicode ကို Convert ပေးပါမယ် ။ ) 
( Download Link : https://bit.ly/2kyPF2r )
– MCF MUX Apk ကိုလည်း Default SMS Messages အဖြစ် ပြောင်းလဲ အသုံးပြုလို့ ရပါမယ် ။ 
( ဒီ App က Messages Apk အနေနဲ့ အသုံးပြုနိုင်ရုံ မဟုတ် ။ Zawgyi နဲ့ ပို့လာတဲ့ SMS တွေကို ဖတ်လို့ရသလို ၊ မိမိက ပြန်ပို့တဲ့အခါမှာလည်း Zawgyi နဲ့ ပို့မလား ? Unicode နဲ့ ပို့မလား ? ဒါမှမဟုတ် နှစ်မျိုးစလုံး Dual နဲ့ပဲ ပို့မလား ? ရွေးချယ်ပေးလို့ ရပါမယ် ။ မိမိဖုန်းထဲက Contacts တွေကိုလည်း Zawgyi ကနေ Unicode ကို ပြောင်းလို့ ရပါမယ် ။ နောက်ပြီး Note ထဲက Texts တွေကိုလည်း Convert လုပ်ပေးနိုင်တဲ့ Converter ပါပါမယ် ။ ) 
( Download Link : https://bit.ly/2m3QXCY )
*သုံးနေကြ Keyboards တွေနဲ့ Unicode ရိုက်နည်း*
အချို့ယူစာတွေက ချက်ချင်း Unicode လက်ကွက်နဲ့ အသားကျဖို့ မဖြစ်နိုင်ပါဘူး ။ ကျနော်ကိုယ်တိုင်တောင်မှ မဖြစ်ခဲ့ပါဘူး ။ အခုမှ သုံးရင်း သုံးရင်း အဆင်ပြေ ချောမွေ့လာတာပါ ။ အခုမှ စသုံးကြည့်မယ့် သူတွေ ၊ Unicode လက်ကွက်နဲ့ အသားမကျသေးလို့ စိတ်အနှောင့်အယှက် ဖြစ်နေတဲ့သူတွေအနေဖြင့် ZawDeCode လက်ကွက်ကို အသုံးပြုနိုင်ပါတယ် ။ အဆိုပါ ZawDeCode လက်ကွက်က Zawgyi ရိုက်သလိုပဲ ရိုက်ရမှာပါ ။ ပါတ်ဆင့်တွေ ရိုက်ရင်လည်း Zawgyi ရိုက်သလိုပါပဲ ။ ( Unicode လက်ကွက်နဲ့ ရိုက်နည်းလေးကိုလည်း မကြာမကြာဆိုသလို လေ့လာပြီး လေ့ကျင့်စေချင်ပါတယ် ။ ) 
တကယ်က Unicode လက်ကွက်ဆိုတာက စိတ်ပျက်ဖို့ကောင်းတဲ့ နည်းစနစ် မဟုတ်ပါဘူး ။ ငယ်ငယ်က ကျနော်တို့ သင်ခဲ့ရဖူးတဲ့ မြန်မာစာ ရေးထုံးနည်းအတိုင်း ရိုက်ရတဲ့ လက်ကွက်စနစ်ပဲ ဖြစ်ပါတယ် ။ ဥပမာဗျာ ” မြ ” ဆိုတာကို ကျနော်တို့ စာအုပ်မှာ ချရေးမယ်ဆိုပါက ” မ ” ကို အရင်ရေး ၊ ပြီးမှ ” ရရစ် ” ကို ဆွဲရတာ မဟုတ်လားဗျ ။ အခု Unicode လက်ကွက်မှာလည်း အာ့လို ရိုက်ရတာပဲ ဖြစ်ပါတယ် ။ ပါတ်ဆင့်တွေကို ရိုက်မှသာ ” ဝိရာမ ” လို့ခေါ်တဲ့ Unicode လက်ကွက်ထဲက ( အစက်လေးနဲ့ ဝလုံးအောက်က အပေါင်းလေး ) ဒါလေးကို နှိပ်ပေးပြီး ရိုက်ရမှာပါ ။ ဥပမာပေါ့ ” မင်္ဂလာပါ ” ကို ရိုက်မယ်ဗျာ ။မင် ပြီးရင် ဝိရာမကိုရိုက် ၊ နောက် ဂလာ ( မရေးငသတ် ၊ ပြီးလျှင် ဝိရာမ ( အစက်လေးနဲ့ ဝလုံးအောက်က အပေါင်းလေး ) ကိုရိုက် ၊ ဂငယ်ကို ရိုက် ၊ ဒါဆို Auto ( မင်္ဂ ) ဖြစ်ပြီ ။ ကျန်တဲ့ လာကို ရိုက်လိုက်တော့ မင်္ဂလာပါပေါ့ ။ 
ပြောတော့တာ ခက်တယ် ရှုပ်တယ် ထင်ရတာ ။ တကယ်ရေးကြည့်တော့ လွယ်လွယ်လေးရယ်ဗျ ။ ကျနော်ဆို တစ်ပါတ်ပဲ ရှိသေးတယ် ။ အဲဒီ Unicode လက်ကွက်နဲ့ ရိုက်နေတာ ။ အခုဆို Zawgyi နဲ့ ရိုက်တုန်းကလိုပဲ မြန်မှမြန်ပဲ ဖြစ်နေပြီ ။ 
*ဘယ် Keyboards တွေကို အသုံးပြုရမလဲ* 
အများကြီး ရှိပါတယ် ။ လက်လှမ်းမှီတာလေးတွေကို ပြောပြပါမယ် ။ 
– TTKeyboard ပါ ။ 
( ZawDeCode နဲ့ Zawgyi ရိုက်သလို ရိုက်လို့ရသလို ၊ MyanSan နဲ့လည်း Unicode လက်ကွက်အတိုင်း အသုံးပြုနိုင်ပါမယ် ။ Voice Control ကိုလည်း အသုံးပြုလို့ ရပါမယ် ။ မြင်သမျှ တွေ့သမျှ Zawgyi စာတွေကိုလည်း Keyboard ပေါ်က ခလုတ်လေးကို တစ်ချက်နှိပ်ပြီး Unicode ကို ပြောင်းပေးနိုင်ပါတယ် ။ Texts တွေအပေါ် Cursor လေး ချပေးဖို့ပဲ လိုအပ်တာပါ ။ ကျနော့်အကြိုက်ဆုံး Keyboard လေးပဲ ဖြစ်ပါတယ် ။ iOS ပေါ်မှာရော , Android ပေါ်မှာပါ ဒီကီးဘုတ်လေးကိုပဲ သုံးပါတယ် ။ ) 
( Download Link : http://bit.ly/2kxkUuK )
– Frozen Keyboard2 ပါ ။ 
( Zawgyi လက်ကွက်ဟောင်းနဲ့ ရိုက်လို့ရသလို ၊ Unicode လက်ကွက်နဲ့ပါ ရိုက်လို့ ရပါမယ် ။ Zawgyi နဲ့ ရိုက်ထားတဲ့ စာတွေကိုလည်း Copy လုပ်လိုက်တာနဲ့ အလိုအလျှောက် Unicode ကို Convert လုပ်ပေးပါမယ် ။ )
( Download Link : https://bit.ly/2m2FELh )
– GBoard Keyboard 
( နာမည်ကျော် Hand Writing တို့ ၊ Voice Control တို့ ပါဝင်ပါမယ် ။ သူ့မှာတော့ Unicode လက်ကွက်ကိုပဲ Support လုပ်ပါမယ် ။ ) 
( Download Link : http://bit.ly/2k8yTXO )
– Manic Myanmar Unicode Keyboard2 
( သူ့မှာလည်း Frozen Keyboard လိုမျိုး Zawgyi နဲ့ ရေးထားတဲ့ စာတွေကို Unicode ကို အလိုအလျှောက် ပြောင်းပေးမယ့် Convert Feature ပါပါတယ် ။ ) 
( Download Link : http://bit.ly/2m4Er6l )
Unicode ကို ကူးပြောင်းပြီးသူတွေပဲဖြစ်ဖြစ် ၊ အခုမှ ကူးပြောင်းဖို့ ကြိုးစားနေသူ ( စိတ်ဝင်စားသူ ) မည်သူမဆို အခု ကျနော်ပြောပြတဲ့ Keyboards လေးတွေကိုပဲ ဆောင်ထားရင် ရပါပြီ ။  
#iOS 
iOS 13 မှာ Unicode ပဲဖြစ်ဖြစ် ၊ Zawgyi ပဲဖြစ်ဖြစ်ကို Setting ထဲမှာ Change ဖို့ Built-in ပါလာပါပြီ ။ Setting >> General >> Language & Region ကို ဝင်ပြီး Add new language မှာ Burmese ကို ရှာပြီး နှိပ်လိုက်ပါ ။ အာ့ Burmese ထဲကိုပဲ ဝင်ပြီး အပေါ်က Standard ကို Select လုပ်ရင် Unicode ကို အသုံးပြုတာပါ ။ အောက်က Zawgyi ကို Select လုပ်ရင်တော့ Zawgyi ကို ရွေးတာပါ ။ ပြီးရင် ပေါ်လာမယ့်ဟာက အရေးကြီးပါတယ် ။ ဒီနေရာမှာ သေချာ ဖတ်ပါ ။ Prefer English ကို ရွေးပြီး နှိပ်လိုက်ရင် ဖုန်းရဲ့ Settings တွေ ၊ Date & Time တွေက မူလ English စာလုံးတွေနဲ့ ပြသပေးမှာပဲဖြစ်ပြီး ၊ Prefer Burmese ကို နှိပ်လိုက်လို့ကတော့ ဖုန်းရဲ့ Settings ရော ၊ Date တွေရော ၊ Time တွေရော အကုန် မြန်မာလို Change သွားမှာပဲ ဖြစ်ပါတယ် ။ သေချာ ဖတ်ပြီးမှ နှိပ်ပါ ။ 
Fb ပေါ်မှာရော ၊ Messenger မှာရော Zawgyi ဖြစ်ပါစေ Unicode ဖြစ်ပါစေ အကုန် အမှန်မြင်ရပါတယ် ။ အဲ သုံးနေတဲ့ ယူစာက မြန်မာပြည်မှာ ရှိနေဖို့ပဲ လိုတာပါ ။ အဲဒါက Fb ရဲ့ Auto Converting System ကြောင့်ပါ ။ ဇော်ဂျီစာလည်း ဖတ်လို့ ရပါမယ် ။ ယူနီစာကိုလည်း အမှန်တိုင်း မြင်ရပါမယ် ။ အမှန်တိုင်း မမြင်ရသေးဘူးဆိုရင်တော့ ဒီလိုလေး လုပ်ကြည့်လိုက်ပါ ။ မိမိ၏ Fb Account ကနေ Log out လုပ်လိုက်ပါ ။ အဲဒီနေရာမှာ အခြား Account အသစ်တစ်ခုကို ခေတ္တ Sign in လုပ်လိုက်ပါ ။ Messenger ထဲကိုလည်း Account အသစ်နဲ့ပဲ ဝင်လိုက်ပါ ။ ပြီးသွားပြီဆိုရင်တော့ အဆိုပါ Account အသစ်ကို Log out လုပ်ပြီး မူလ Account အဟောင်းကိုပဲ ပြန်ပြီး ဝင်လိုက်ပါ ။ Messenger ကိုလည်း အလားတူ အကောင့်အဟောင်းနဲ့ပဲ ပြန်ဝင်ပေးပါ ။ ပြီးရင်တော့ ဖုန်းကို Restart လုပ်ပေးလိုက်ပါ ။ ပြန်တက်လာရင် Fb ပေါ်မှာရော ၊ Messenger မှာပါ Zawgyi စာ ၊ Unicode စာတွေကို အမှန်အတိုင်း မြင်နိုင် ဖတ်နိုင်ပါပြီ ။ တစ်ခါထဲနဲ့ မမှန်သေးရင် ၂ ခါ ၊ ၃ ခါ လုပ်ကြည့် ။ Auto Converting ဖြစ်ဖို့ နည်းနည်းတော့ စောင့်ရပါတယ် ။ 
iOS 13 ၏ Built-in Keyboard မှာ Unicode မြန်မာစာ Keyboard ကိုထည့်သွင်းချင်တယ်ဆိုရင်တော့ Setting >> General >> Keyboard >> Keyboards >> Add New Keyboard >> Burmese ကို Select လုပ်ပေးလိုက်ရပါမယ် ။
ဒါဆို iOS 13 ၏ Built-in Keyboard မှာ Unicode မြန်မာစာ Keyboard ကို ထည့်သွင်းပြီးဖြစ်လို့ အသုံးပြုနိုင်ပါပြီ ။ ဒါမှမဟုတ် အရင်က အသုံးပြုနေကျ Keyboard ကိုပဲ သုံးချင်တာဆိုရင်လည်း ရပါတယ် ။ 
*Contacts တွေကို Zawgyi မှ Unicode သို့ ပြောင်းနည်း*
– Pyaung App ကို အသုံးပြုပြီး ပြောင်းပါ ။ 
( Download Link : https://apple.co/2jZa14u ) 
အပေါ်က Pyaung App နဲ့ ပြောင်းမရလျှင် Contacts တစ်ခုချင်းစီကို ဝင်ရောက်ပြီး Edit ကို နှိပ်ကာ TTKeyboard ပေါ်က Converting ခလုတ်လေးရဲ့ အကူအညီနဲ့ ပြောင်းပါ ။ 
*SMS Messages တွေကို မှန်ကန်စွာနဲ့ ဖတ်နည်း / ပို့နည်း*
တစ်ဖက်က Unicode ကို အသုံးပြုနေတဲ့သူဆိုလျှင် မိမိဖက်မှ မည်သို့မှ ပြုလုပ်စရာ မလိုအပ်ပါ ။ ဒါမှမဟုတ်ပဲ တစ်ဖက်က Zawgyi အသုံးပြုတဲ့သူဆိုလျှင်တော့ ပို့လာတဲ့ SMS ကို Tap ပြီး Copy ကို နှိပ်ကာ TTKeyboard ရဲ့ အကူအညီနဲ့ Convert လုပ်ပြီး ဖတ်ရပါမယ် ။ Operators တွေရဲ့ အဝင်စာတွေကတော့ လာမယ့် အောက်တိုဘာ ( ၁ ) ရက်နေ့ကျလျှင် အကုန် အဆင်ပြေပါပြီ ။ 
*ဘယ် Keyboards တွေကို အသုံးပြုရမလဲ* 
– TTKeyboard App တစ်ခုထဲနဲ့ပဲ လုံလောက်ပါတယ် ။
( Download Link : https://apple.co/2lBJcUw )