Viser opslag med etiketten Hacking. Vis alle opslag
Viser opslag med etiketten Hacking. Vis alle opslag

mandag den 29. marts 2010

Wifi Hacking tools

လေ့လာလို့ရအောင် တင်ပေးလိုက်တာပါ . တစ်ခြား ဘာရည်ရွယ်ချက်မှ မပါပါဘူး . လေ့လာတာတော့ ကို့ဟာကိုပဲ ကျုပ်ကျက်လိကြပါ . တစ်ခြားဟာလေးတွေလဲ လေ့လာလို့ရအောင် တင်ပေးပါဦးမယ် . အဆင်ပြေကြပါစေဗျာ ... ကျွန်တော်တော့ မစမ်းရသေးဘူး . အခုတစ်လော နာမည်ကြီးနေတဲ့ AIO ကိုလဲ ကိုပါ ထည့်ပေးထားတယ် . အသစ်ရလာရင် တင်ပေးပါဦးမယ် . ကို့ဟာကို စမ်းကြပါ . ကျွန်တော်ကတော့ သိပ်ဝါသနာမပါဘူး . ကို့ရုံးခန်းနဲ့ကို ဆိုတော့ ဘာ password မှာလဲ မလိုဘူးလေ . password က ကို့လက်ထဲမှာဆိုတော့ သိပ်စိတ်မပါဘူး . လိုက်စမ်းရမှာ .

Download mediafireDownload ifile.it

ဒါက အခုနောက်ပေါ် Wireless Hack Tools (2009) software ပါ .. စမ်းချင်ရင် Download လုပ်လိုက်ပါ . ကြိုပြောထားပါတယ် . ကိုညီနေမင်းက လက်လှမ်းမီ သလောက်ကလေး တွေ့တဲ့ software များကို ဝေမျှနေခြင်းသာ ဖြစ်ပါသည်။ သူများတွေပြောပြောနေတဲ့ Hacker မဟုတ်သလို ဘာကာ မှလဲ မဟုတ်ပါ . Joker တော့ ဖြစ်ချင်ဖြစ်မယ် ပြောမရဘူး . ကြိုပြောထားမှ မဟုတ်ရင် နေရင်းထိုင်ရင်းနဲ့ ဆွဲစိခံနေရဦးမယ် .. ဆွဲစိတော့ မခံနိုင်ဘူး . မတောက်တခေါက်ပညာလေးနဲ့ ပါသွားရင် ရင်ကျိုးရချည်ရဲ့ . ထိုင်းနိုင်ငံမှာဆိုရင်တော့ ချကြဗျာသိလား . သူများနိုင်ငံမှာပဲဟာ . ထိုင်းကလူတွေက နဲနဲဒူတယ်ဗျ . ဗျင်းသာဗျင်း . မသနားနဲ့ . သူတို့က ကို့နိုင်ငံသားကိုလဲ သနားတာမဟုတ်ဘူး . ကျွန်တော်ကတော့ အားပေးတယ် . ကိုယ့်နိုင်ငံမှာတော့ မလုပ်ကြပါနဲ့လို့ . ဘာပဲလုပ်လုပ်ပေါ့ .


Download Wireless Hack Tools (2009)

Download mediafireDownload ifile.it

source:ညီနေမင်း

søndag den 21. marts 2010

CPE 17 Autorun Killer 1.8.0

USB နဲ့ ပတ်သက်ပြီး Security အနေနဲ့ USB Security Tool ကို ဒီမှာ ဖော်ပြပြီး ဖြစ်ပါတယ်။ မိမိကိုယ်တိုင်လဲ USB Security Tool ကို သုံးနေဆဲပါ။ တော်တော်လဲ အဆင်ပြေနေတယ် ဆိုရမယ်။ အဲဒါလေးကြောင့် USB ပေါက်တွေကိုလဲ စိတ်ချလက်ချ ထိုးနေတယ်။ ဟီး။

အခု နေရာတော်တော်များများက သိတဲ့ USB Stick မှာ ဗိုင်းရပ်စ် ကင်းမကင်း စစ်တဲ့ အရာလေး တစ်ခု ဖော်ပြ လိုက်ပါတယ်။ အားလုံး သိပြီးသားပါ။ ပေါ့ပေါ့ပါးပါးနဲ့ သုံးစွဲလို့ ရပါတယ်။ CPE 17 Autorun Killer လေးပါ။ ဒီဆော့ဝဲလ်လေး run ထားပြီး USB ထိုးလိုက်ရင် ဗိုင်းရပ်စ် မရှိရင် Your drives is Clean လို့ ပြမှာပါ။ ဒီမှာသာ Download ပေတော့။
source:မောင်စေတနာ

Drive A ကနေ Z အထိ ပိတ်မယ်

ဒီဆော့ဝဲလ်က မိမိမှာ ရှိနေတာ ကြာပြီ။ ဆိုင်ကနေ (၅၀၀)နဲ့ ၀ယ်ထားတာ။ ဟီး။ မိမိအတွက် သိပ်အသုံးမ၀င်တာနဲ့ စာဖတ်သူတွေကိုလဲ မေ့နေတာ။ ဟိုတစ်နေ့က ညီလေးတစ်ယောက်က အွန်လိုင်းဆိုင်မှာ တစ်ချို့ User တွေက ဆော့ဝဲလ်တွေ သွင်းလိုက်၊ ဖျက်လိုက် လုပ်သွားလို့ ကာကွယ်တဲ့နည်း ပေးပါဆိုလို့ ဖော်ပြပေးလိုက်ပါတယ်။

ဒီဆော့ဝဲလ်သုံးမယ်ဆိုရင် သူရဲ့ လုပ်ဆောင်ချက်တွေကို သိအောင် ရှင်းလင်းပြမယ်။
(၁) Drive A ကနေ Z အထိ Hide, Lock, Disallow Autorun စတာတွေ လုပ်လို့ရတယ်။
(၂) HDDs, Floppy, CD/DVD, RAM Disks စတာတွေကိုလဲ Disallow Autorun လုပ်လို့ရတယ်။

ဥပမာ- မိမိတို့ စက်ရဲ့ Data (D:) ကို ဖျောက်ထားတာတို့၊ Lock ချမယ်ဆိုရင် Password ပေးပြီး Security လုပ်ထားလို့ရတာပေါ့။ နောက်ပြီး CD/DVD တွေ၊ HDD တွေ ကိုလဲ ပိတ်ထားလို့ ရပါတယ်။ ဒါဆိုရင် အတိုင်းအတာ တစ်ခုထိ ကာကွယ်လို့ ရသွားပြီပေါ့။ ဒီမှာ Download ယူ။ အဆင်ပြေပါစေ။
source:မောင်စေတနာ

Open With ပြဿနာ

မိမိတို့ရဲ့ ကွန်ပျူတာမှာ ဖြစ်တတ်တဲ့ ပြဿနာတစ်ရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ My Computer ထဲက Local Disk (C:) တို့ (D:) တို့ ဖွင့်တဲ့အခါ Open မဖြစ်ပဲ Open With Box ပေါ်တဲ့ စက်တွေအတွက် ဖြေရှင်းရမယ့် နည်းလမ်းလေးတွေပါ။ အေက်က ပြထားတဲ့ ပုံလို ဖြစ်ခဲ့ရင်ပေါ့။
ဒီလို ပြုလုပ်ရပါလိမ့်မယ်။

၁) Start မှ Run ။ ပြီးရင် cmd ကို ရိုက်ဖွင့်ပါ။
၂) cmd box ပေါ်လာလျှင် cd\ ကို ရိုက်ပြီး enter ခေါက်ပါ။
၃) attrib -r -h -s autorun.inf ကို ရိုက်ပြီး enter ခေါက်ပါ။
၎) del autorun.inf ကို ရိုက်ပြီး enter ခေါက်ပါ။ Yes or No မေးခွန်းတွင် Y ကို နှိပ်လိုက်ပါ။
၅) ပြီးလျှင် d: ကို ရိုက်၍ enter ခေါက်ပါ။ ပြီးလျှင် အဆင့်(၃)နှင့် (၄)တွင် လုပ်ခဲ့သည့်အတိုင်း ပြန်လုပ်ပါ။
(အကယ်၍ Local Disk သည် (C:) (D:) (E:) တို့ ရှိခဲ့လျှင် အထက်က ပြသည့်နည်းအတိုင်း ပြုလုပ်ပါ။ d: နေရာတွင် e: ကို ပြုလုပ်သွားရမည် ဖြစ်သည်။)
၆) Restart ပြုလုပ်ပါ။
source:မောင်စေတနာ

lørdag den 20. marts 2010

G-talk Multiple

Google Talk ကို ပုံမှန်ဆိုရင် account နှစ်ခု တစ်ပြိုင်နက် ၀င်လို့မရပါဘူး။ account နောက်တစ်ခု ပြောင်းသုံးချင်ရင် အရင်ဝင်ထားတဲ့ account ကို sign out လုပ်ပြီးမှ နောက် account တစ်ခု ၀င်လို့ရပါတယ်။

Google Talk ကို account တစ်ခုထက်ပိုပြီး တစ်ပြိုင်နက် ၀င်ချင်ရင် ဒီလိုလုပ်ရင်ရပါတယ်။
Start > All Programs > Google Talk > Right click Google Talk > Properties
Shortcut tab ကို ၀င်ပါ။
Target မှာ "C:\Program Files\Google\Google Talk\googletalk.exe" /nomutex လို့ ထည့်ပါ။

General tab ကို ၀င်ပါ။
Google Talk ဆိုတဲ့ နေရာမှာ Google Talk Multiple လို့ ပြောင်းပါ။
ဒီလိုလုပ် ပြီးပြီဆိုရင်တော့ account နှစ်ခု တစ်ပြိုင်နက် ၀င်လို့ရသွားပါပြီ။
source:ညီနေမင်း

onsdag den 17. marts 2010

How To Disable Search In Windows 7

ကဲ့ဒီနေ့တော့ Windows 7 မှာ Search တွေကို Disable လုပ်တဲ့နည်းလေးပါ။ ကျွန်တော်ပြောချင်တာက Start Menu အပေါ်က Search ပါတခါထဲပြောက်သွားပါ့မယ်ခင်ဗျား။ ပထမဦးဆုံး Start Menu ကိုသွားပြီး Control Panel ကိုသွားပါ။ ပြီးရင် Programs and Features ကိုသွားပါ။
ပြီးရင် Programs တွေကို Uninstall လုပ်နိုင်တဲ့ Windows ကြလာပြီး ဘယ်ဘာက်ထောင့် အပေါ်ဆုံးက Turn Windows features on or off ကိုသွားလိုက်ပါ။
ပြီးရင် ခဏစောင့်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီထဲမှာ Features တွေများတယ်ဆိုတော့ နဲနဲ Loading Time ကြာပါတယ်။ နောက်ပြီး Folders တွေ တန်းစိပြီး ကြလာပါ့မယ်ခင်ဗျား။ ပြီးရင် ဟို့ အောက်ဆုံးကို Scroll Down ဆွဲချလိုက်ပါ။ ပြီးရင် Windows Search ဆိုတဲ့ Folder ကိုတွေ့ရင် အမှတ်ချစ်ထားတာ တွေ့ရင် ပြန်ပြီး ဖြုတ်လိုက်ပါ။
အပေါ်က အမှတ်ချစ်ထားတာကို ဖြုတ်လိုက်တာနဲ့ အောက်မှာ ပြထားတဲ့ ပုံအတိုင်း Alert ပေါ်လာပါ့မယ်ခင်ဗျား။ အဲ့ဒီ Alert ကလဲ ဘာမှ မဟုတ်ပါဘူး။ သူပြောတာက ဒီ Windows Search ကို Disable လုပ်ရင် အခြားသော အစိတ် အပိုင်းမှာ ရှိတဲ့ Features တွေကို ပါ ထိခိုက်စေပါတယ်တဲ့။ ဒါပေမဲ့ စိတ်မပူပါနဲ့ လုပ်သာလုပ်လိုက်ပါ။
ပြီးရင် Ok ကိုဘဲဆက်နှိပ်လိုက်ပါ။ နောက်တခါ Ok ကိုဆက်နှိပ်ရင် သူအလုပ်လုပ်နေတာကို တွေ့ရပါ့မယ်ခင်ဗျား။ အဲ့ဒါကိုလဲ ခဏစောင့်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ Features ကို Enable လုပ်နေလို့ပါ။
အားလုံးပြီးသွားရင်တော့ Restart Now ဆိုတာကိုပြောပါ့မယ်။ ဘာဖြစ်လို့ Restart လုပ်ရတဲ့ဆိုတော့ ကျွန်တော်တို့ Windows Search ကို ရဖို့ အတွက်ပါ။ Restart လုပ်ပြီး ရင် Search Menu လို့ ၊ Search တို့မှာ ဘာမှ မတွေ့ရတာကိုတွေ့ရပါ့မယ်။

tirsdag den 16. marts 2010

IDM အမြဲတမ်း သုံးနိုင်ဖို့

ကျွန်တော် Internet Download Manager Software ကို တစ်ခါ ဖော်ပြပေးဖူးပါတယ်။ သို့သော်လည်း ရက်(၃၀)သာ အသုံးပြု၍ ရသည့်အတွက် တောင်းပန်ပါတယ်။ သုံးလို့ ကောင်းတုန်း ရှိသေးတယ် .... ကုန်ပြီ ဆိုပြီး တက်လာတဲ့ Message box ကြောင့် စိတ်အနှောင့်ယှက် ဖြစ်ကြရမှာပါ။ ဒီတစ်ခါတော့ အမြဲတမ်း သုံးလို့ရအောင် လုပ်ပုံ လုပ်နည်းနဲ့ အတူ ပြန်လည် တင်ပေးလိုက်ပါတယ်။ ဆော့ဝဲကို အရင်ဆုံး ဒေါင်းလုပ် ယူပါ။ ဆော့ဝဲလ်က ဒီမှာပါ IDM Software ။ အောက်ပါအတိုင်း ပြုလုပ်ပါ။
အဆင့်(၁)။ ပထမဦးစွာ idman512.exe ကို Install လုပ်ပါ။အဆင့်(၂)။ Install လုပ်ပြီးပါက Start ဘားတန်းထောင့်တွင် IDM သင်္ကေတ ပုံစံလေး ပေါ်နေပါလိမ့်မည်။အဆိုပါ သင်္ကေတလေးအား Exit လုပ်၍ ပိတ်လိုက်ပါ။အဆင့်(၃)။ Start မှ All programs မှ Internet Download Manager ကို Right Click နှိပ်၍ Properties ကို ရွေးလိုက်ပါ။ Properties Box ပေါ်လာပါက Find Target batton လေးကို နှိပ်လိုက်ပါ။ IDM Box ပေါ်လာပါလိမ့်မည်။ ထိုအထဲသို့ မိမိ ဒေါင်းလုပ်ယူထားသော IDM.Patch ဖိုဒါထဲမှ ဖိုင်(၄)ခုကို Copy ယူ၍ Past ချလိုက်ပါ။အဆင့်(၄)။ ရောက်သွားပါက Patch.exe ဆိုသည့် ဖိုင်လေးကို ကလစ်လိုက်ပါ။ အောက်ပါ ပုံလေး ပေါ်လာပါ လိမ့်မည်။

Patch ခလုပ်လေးကို နှိပ်ပါ။ Patch Done ဖြစ်သွားပါက IDMan.exe ကို ကလစ်လုပ်ပါ။ အမြဲတမ်း အသုံးပြု၍ ရပါပြီ။ လိုအပ်ချက်များ ရှိပါက ကျွန်တော်၏ အီးမေးလ်သို့ မေးမြန်းနိုင်ပါတယ်။

SKINS FOR WINDOWS MEDIA PLAYER

ပုံကိုကြည့်ပြီးတော့ ကိုရင်တစ်ယောက်တော့ ကြေငြာလိုင်း ပြောင်းသွားပြီလို့ တော့ မထင်ကြ ပါနဲ့ နော်။ ရှမ်းမေ စနိုး ကြေငြာတာ မဟုတ်ပါ ဘူး။ Windows Media Player အတွက် SKIN လှလှ လေးတွေ Share လုပ်တာပါ။ ရှိပြီးသားလူတွေတော့ ရှိမှာပါ။ မရှိသေးရင်တော့ Microsoft ကို သွားပြီး ကြိုက်တာလေးတွေ ရယူနိုင်ပါတယ်ခင်ဗျာ။
Download And Read More
source:ကိုရင်ပြည့်စုံ

lørdag den 13. marts 2010

Vipre Vipre Antivirus+ Anti-spyware


Vipre ဟာ antivirus Antispyware ကိုရောပြီးပေးထားတဲ့ အင်ဂျင်ဖြစ်ပါတယ်။ ဖိုင်တွေကို လုံးဝပျက်သွားအောင် ဖျက်ဖို့၊ browsing သမိုင်းကိုနောက်လူဝင် မကြည့်နိုင်အောင် ဖျက်ဖို့နဲ့ ကွန်ပျူ တာ နောက်ကွယ်မှာမသိတဲ့ ပရို ဂရမ်တွေ အလုပ်မလုပ်နိုင်ဖို့ စတဲ့ လုပ်ဆောင်ချက်တွေကို အပြည့် (Vipre Antivirus+ Anti-spyware) အ၀ပေးထားတဲ့ ပရိုဂရမ်ဖြစ်ပါ တယ်။ မကောင်းတဲ့အချက်ကတော့ Vipre မှာ ယခုလက်ရှိအထိ firewallိ ကာကွယ်မှုမပါရှိသေးတာဖြစ် ပါတယ်။ CounterSpy antispyware ဆုကို ဆွတ်ခူးသွားခဲ့တဲ့ Sunbelt Software ဟာ ယခုအခါမှာ antivirus နဲ့ပတ်သက်တဲ့အတွေ့ အကြုံနှစ်ပေါင်းနှစ်ဆယ်ကျော်ပေါ် မှာ အခြေခံပြီး ဒီဆော့ဖ်ဝဲကို ထုတ် လိုက်တာဖြစ်ပါတယ်။

Antivirus နဲ့ antispyware အင်ဂျင်တွေကို တွဲဆက်ပြီးလက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ရှင်းနိုင်ဖို့ စီမံပေး ခဲ့တာဖြစ်ပါတယ်။ Vipre ဟာ လက်ရှိဈေးကွက် ထဲမှာရှိနေတဲ့ antivirus ထုတ်ကုန် သုံးပုံနှစ်ပုံထက် ပိုမိုကောင်းမွန် ပါတယ်။ လုပ်ဆောင်ချက်ကလည်း အလွန်ကောင်းပါတယ်။ Vipre တစ်ဦးတည်းသုံးဖို့ အတွက် လိုင်စင်ယူမယ်ဆိုလျှင် တော့ ၂၉.၉၅ ဒေါ်လာတောင်းခံ ထားပါတယ်။ သုံးယောက်သုံးမယ် ဆိုလျှင်တော့ ၃၉.၉၅ ဒေါ်လာ တောင်းခံမှာဖြစ်ပြီး အိမ်မှာရှိတဲ့လူ တွေအားလုံးသုံးမယ်ဆိုလျှင်တော့ ၄၉.၉၅ ဒေါ်လာပေးချေရမှာဖြစ်ပါတယ်။

Upgrade လုပ်ဖို့အတွက် ၉၅.၉၅ ဒေါ်လာပေးရမှာဖြစ်ပါ တယ်။ ဆယ့်ငါးရက်လောက် အခ မဲ့ပေးသုံးထားပါတယ်။ Vipre ကို သုံးမယ်ဆိုလျှင် Windows 2000, Windows XP သို့မဟုတ် Vista တို့အပေါ်မှာ သုံးစွဲနိုင်ပါတယ်။ Windows 95,98 သို့မဟုတ် Me နှင့် Linux သို့မဟုတ် Macin-tosh တို့အပေါ်မှာတော့ အလုပ် လုပ်နိုင်စွမ်းမရှိပါဘူး။ Vipre ကို instalူ လုပ်တဲ့အခါ မှာ မိနစ်အနည်းငယ်သာကြာမှာ ဖြစ်ပြီး reboot လုပ်ဖို့ မလိုအပ်ပါ ဘူး။ ဖိုင်တွေကို install လုပ်ပြီးတဲ့ အခါမှာ wizard က ဖော်ပြပါ ခေါင်းစဉ်တွေအတွက် မေးခွန်း အနည်းငယ်မေးပါလိမ့်မယ်။ အင် တာနက်နှင့် proxy Setting? အလိုအလျောက် update ပြုလုပ် ခြင်း (default အားဖြင့် နှစ်နာရီ တစ်ကြိမ်)၊ active ကာကွယ်မှုettinှ (အဆင့်မြင့်၊ အလယ် အလတ်၊ အနိမ့်ပိုင်း) နဲ့ အချိန် ဇယားနှင့် scan့ ဖတ်မလား စသည်တို့ဖြစ်ပါတယ်။

Vipre ရဲ့ interface (မျက်နှာ စာ) ဟာ ဘယ် antivirus တွေ ထက်မဆို ရိုးရှင်းမှုရှိလှပါတယ်။ စွမ်းဆောင်ရည်မြင့်သလို သုံးစွဲရ တာလည်း လွယ်ကူမှုရှိပါတယ်။ ab လေးခုပါရှိပြီး Scan, Manage, Toolsး နဲ့ Overview Page ဆိုပြီးဖြစ်ပါတယ်။ Vipre ကို ဖယ် ရှားပစ်မယ်ဆိုလျှင်တော Windows Control Paneူ ရဲ့ Add and Remove Software ကနေ ဖယ်ရှားပစ်ရမှာဖြစ်ပါတယ်။ ဒီ ဆော့ဖ်ဝဲက uninstall လုပ် ဆောင်ချက်ကို ထည့်ပေးမထားပါ ဘူး။ အင်္ဂါရပ်များ Antivirus နဲ့ antispyware ကာကွယ်မှုတို့ကို ပေါင်းစပ်ထား တာဖြစ်ပြီး ဖိုင်ဖျက်မှု စတဲ့အခြား သော အသုံးဝင်တဲ့ tool တွေကို လည်း ထည့်ပေးထားပါတယ်။

PC Explorer သို့မဟုတ် အင်တာနက် browser cache တို့ကို ရှင်းထုတ် တာတွေကိုလည်း ထည့်ပေးထား ပါတယ်။ Firewall ကာကွယ်မှုဟာ အခြားသော antivirus software တွေမှာပါသလို မပါဝင်တာ ကတော့ အားနည်းချက်ဖြစ်နေပါ တယ်။ လုပ်ဆောင်ချက် CET, Lab ရဲ့ Windows XP့ မှာ စမ်းသပ်မှုအရVipreရ ဟာ တစ် စက္ကန့်အတွင်းမှာ iTune စမ်းသပ် မှုကို ကျော်လွှားနိုင်ခဲ့ပြီး၊ မိုက္ကရို ဆော့ဖ် Office ကို စမ်းသပ်တဲ့ အခါမှာ ၁,၃၇၈.၆, စက္ကန့်သာ ကြာတာကိုတွေ့ရပါတယ်။ Folder တစ်ခုထဲမှာ ဖိုင်တွေ အမြောက် အမြားထည့်ပြီး စမ်းသပ်တဲ့အခါ မှာတော့ ၁၂၂ စက္ကန့်သာကြာတဲ့ အချိန်မှာ အောင်မြင်စွာ လုပ် ဆောင်နိုင်ခဲ့ပါတယ်။ Vipre ရဲ့ boot အမြန်နှုန်းဟာ ၂၈.၇၃ စက္ကန့်ဖြစ်ပါတယ်။

tirsdag den 9. marts 2010

window 7 DVD တစ်ချပ်ရလာဖို့ ဖိုင်ဖြေနည်း

ဖိုင်တွေကို ပြန်မဖြေခင် Download လုပ်ထားတဲ့ဖိုင်တွေဟာ တစ်နေရာတည်းမှာ ရှိနေရပါမယ် . တစ်ဖိုင်ကို တစ်နေရာစီ ထားထားလို့မရပါဘူး . folder တစ်ခုတည်ဆောက်ပြီး အဲ့ဒီ့ထဲမှာ (47)ပိုင်းလုံး ထည့်ထားဖို့ လိုပါတယ် .
Download လုပ်ထားတဲ့ ဖိုင်တွေအားလုံးကို စစ်လိုက်ပါ . အားလုံးပေါင်း (47) ဖိုင်ရှိရပါ့မယ် .
ရလာတဲ့ဖိုင်တွေကို select all (ctrl+a) ပေးပြီး right click >> properties နှိပ်လိုက်ပါ . (2.14 GB) ရှိရပါ့မယ် . မရှိရင် မရပါဘူး . မရှိရင် ဖိုင်တစ်ဖိုင်ဖိုင်ဟာ download လုပ်နေရင်းနဲ့ ပြုတ်ကျသွားတာမျိုး ဖြစ်နိုင်ပါတယ် . (2.14 GB) မရှိရင် တစ်ဖိုင်ချင်းစီကို right click ထောက်ပြီး လိုက်ကြည့်ပါ . (part-1) ကနေ (part-46) အထိ တစ်ဖိုင်ကို (47.6 MB) စီရှိရပါ့မယ် . မရှိတဲ့ဖိုင်ရှိရင် အဲ့ဒီ့ အပိုင်းကို ပြန်ပြီး download လုပ်ပါ . ဖိုင်ပြန်ဖြေဖို့ နှင့် DVD တစ်ချပ်ရလာဖို့ ဘာတွေလိုအပ်လဲ
လိုအပ်တာက winrar လိုမယ် . Nero version 8 နှင့် အထက်လိုအပ်ပါတယ် . winrar မရှိရင် ဒီမှာ download လုပ်ယူနိုင်ပြီး nero 8 မရှိရင်တော့ ဒီမှာ ယူနိုင်ပါတယ် .အဲ့ဒီ့ နှစ်ခုစလုံးကို download လုပ်ပြီးတာနဲ့ install လုပ်ထားလိုက်ပါ .
အပေါ်က အားလုံးအိုကေပြီဆိုရင်တော့ part(1) ကို right click ထောက်ပြီး extract here ကို နှိပ်လိုက်ပါ iso file တစ်ဖိုင်ရလာပါလိမ့်မယ် .ရလာတဲ့ iso ဖိုင်ကို double click နှိပ်လိုက်တာနဲ့ . nero နဲ့ burn မှာလားလို့ မေးလာပါလိမ့်မယ် . burn ကို နှိပ်လိုက်ပါ . DVD room က DVD ထည့်ဖို့အတွက် . ထွက်လာပါလိမ့်မယ် . ဘာမှမရှိတဲ့ DVD တစ်ချပ်ကို ထည့်ပေးလိုက်ပါ . သူ့ဟာသူ burn နေပါလိမ့်မယ်။
Source:ညီနေမင်း

GoogleHacks 1.5 & 1.6 Full (Google Search Utility)

Google မှာ ထိန်းသိမ်းထားတဲ့ Audio ,Video, Text စသဖြင့် file typeများအားလုံးကို ရှာဖွေဖို့အတွက် ပရိယာယ်အမျိုးမျိုး လှည့်ကွက်အမျိုးမျိုးသုံးနေကြရပါတယ်။ ဒါကြောင့် ခက်ခဲ့တဲ့လှည့်စားမှုတွေကို အဆုံးသတ်ပြီး လွယ်လွယ်ကူကူချောချောမွေ့မွေ့ နဲ့ ရှာဖွေနိုင်ဖို့အတွက် ဒီ application ကို တင်ပေးလိုက်ပါတယ်။
ဒီ Google Hacks ကတော့ music,books,videos,registry keys,tools,hacks နဲ့ proxy များကို Google ပေါ်မှာ အလွယ်တကူရှာဖွေနိုင်ဖို့အတွက် စီမံပြုလုပ်ထားတဲ့ ရိုးရှင်းတဲ့ utility တစ်ခုဖြစ်ပါတယ်။
Google Hacksဟာ internet ပေါ်မှာ သင်လိုချင်တဲ့ အကြောင်းအရာ file type များအားလုံးကို လွယ်ကူစွာရှာဖွေနိုင်ဖို့ google အတွက် အထူးစီမံထားတဲ့ graphical toll တစ်ခုဖြစ်ပါတယ်။ Google Hacksက allinanchor:,allintext:,allintitle:,allinurl:,break:,it defines:,filetype:,you go:,inanchor:,info:,intext:,intitle:,inurl:,Phonebook:,related:,rphonebook:,site:,ကျနော်တို့ နောက်ထပ်ပြန်သွားဖို့ သတိရနိုင်မှာမဟုတ်တဲ့ stockများ စသကဲ့သို့သော အထူးပြုလုပ်ချက်တွေကို အသုံးပြုခြင်းအားဖြင့် စီစစ်ပါတယ်။ အကယ်၍ ၄င်းက သင်လိုချင်တာတွေဟာ Googleထဲမှာထိန်းသိမ်းထားတာတွေလောက်နဲ့ မလုံလောက်သေးဘူးဆိုရင် Google Hacks က သင် ၄င်းရဲ့ extremely easy form ကို အသုံးပြုဖို့အတွက် ခွင့်ပြုပါလိမ့်မယ်။

Google Hacks 1.6 FULL




သင်ဟာ ဒီ program ကို Google ကိုအသုံးပြုဖို့အတွက် proxy တစ်ခုကဲ့သို့လည်းပဲ အသုံးပြုနိုင်ပါတယ်။
source:.notebookofstarryprince

torsdag den 4. marts 2010

အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း

တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။

torsdag den 18. februar 2010

မြန်မာဖောင့်မရှိလဲ Website/Blog ကိုဖတ်လို့ ရတယ်.

Myanmar Unicode သုံးထားတဲ့ သင့်ရဲ့  website/blog ကို ဘယ် Myanmar font မှ မရှိတာတောင် ဖတ်လို့ ရသွား စရပါမယ်။ ဒီ software ကျေးဇူးနဲ့ Website ပိုင်ရှင်တိုင်း Unicode ကို စိတ်ချလက်ပြောင်းသုံးနိုင်ပါပြီး။ ကိုယ့် WebSite ကိုတခြားလူဖတ်လို့ မရမှာ စိုးရိမ်စရာမလိုတော့ပါဘူး။ ဒီ Software ကို ထီထွင်ပေးတဲ့ ဆရာကြီးနှစ်ယောက်ကို ကျေးဇူးတင်စကား စာရေးပို့ နိုင်ပါကြောင်းပါခင်ဗျာ တကယ်ကို လေးစားထိုက်ပါတယ်.


*Keith Stribley -- http://www.thanlwinsoft.org
*Wunna Ko Ko -- http://my.openoffice.org/bur/

လုပ်နည်းကတော့လွယ်ပါတယ်. ၃ ခုလုပ်ရုံပါဘဲ၊ Web page တိုင်းမှလုပ်ရမှာဆိုတော့ Wordpress,Joomla,Blog တို့ သုံးရင်တော့ Template ထဲမှာပြင်လိုက်ရုံပါပဲ၊ HTML တွေဆိုရင်တော့ စာမျက်နှာတိုင်းမှာပြင်ရပါလိမ်မယ်.။

1.<head> နဲ့ </head> ကြားထဲမှာ ဒါလေး ထည့်ထားပါ။

<!--[if IE]>

<style>vml\: * { behavior:url(#default#VML); display:inline-block }</style>

<xml:namespace ns="urn:schemas-microsoft-com:vml" prefix="vml" />

<![endif]-->

<script type="text/javascript" src="http://mut.rit- alumni.info/styles/myDetection.js"></script>

<script type="text/javascript" src="http://mut.rit- alumni.info/styles/xmlRequest.js"></script>



2. <body>tag ကို ဒီလို အစားထိုး ဘို့ လိုပါတယ်။
<body onload="myUnicode.initParse('http://mut.rit-alumni.info/styles/');">

3. invisible code လေးတစုကို footer မှာဘဲဖြစ်ဖြစ်web page ရဲ့ တနေရာမှာ ထည့်ပေးဖို့ လိုပါတယ်.။
<span class="myUniTest" id="myWidth2">ကက</span>

<span class="myUniTest" id="myWidth1">က္က</span>
source:winmyanmar

onsdag den 10. februar 2010

Driver CD ပျောက်ဆုံးနေသူများအတွက် Driver Updater Pro 2.2.8.0


အကြောင်း အမျိုးမျိုးကြောင့် window 7 ကို မသုံးနိုင်သူများ၊ window xp ကို သံယောဇဉ် မပြတ်သူများ အနေဖြင့်တော့ Driver ဆိုတာ လိုအပ်နေဦးမှာပါ . အဲ့တော့ window xp ကိုလဲ သုံးချင်တယ် Driver ကလဲ ပျောက်သွားပြီ ဆိုရင် ဘယ်လိုလုပ်မလဲ။ ကိစ္စ မရှိပါဘူး . Driver Updater ဆိုတဲ့ program ရှိပါတယ် . သူက Driver မရှိလျှင် ရှာပေးပြီးတော့ . Driver ရှိသူများအတွက် ကိုတော့ Driver များကို update လုပ်ပေးနိုင် ပါတယ် . အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် . အောက်မှာ Download လုပ်လိုက်ပါ .


tirsdag den 9. februar 2010

ချက်ကြီးအတွက် ဆေးတစ်ခွက်


ဒါကတော့ ခုနကလေးပဲ ညီငယ်တစ်ယောက် မေးလိုက်လို့ တစ်ခြားသူတွေလဲ မေးနေမှာစိုးလို့ တင်ပေးလိုက်တာပါ . idle ဆိုကာကတော့ gtalk ကိုသုံးနေသော အကောင့်ပိုင်ရှင်ဟာ ကွန်ပျူတာနှင့်အဝေးကို ရောက်နေတယ် (ကီးဘုတ်နှင့်မောက်စ်ကို မကိုင်ဘဲ ခဏလောက်ထားရင် မီးလေးက ၀ါသွားတာကိုဆိုလိုတာပါ) ။ ကွန်ပျူတာနားမှာ မရှိဘူးပေါ့ . အဲ့လိုမျိုး မီးအ၀ါရောင်ဟာ ကီးဘုတ်နှင့် မောက်စ်ကို မထိဘဲ အကြာကြီးဖြစ်မှ မီးက၀ါတာပါ . မဟုတ်ရင် စိမ်းနေပါတယ် . အဲ့ဒါကို ကွန်ပျူတာကို သုံးနေရင်းနှင့် မီးကို ၀ါလိုင်းဖို့ (တနည်းအားဖြင့် idle လုပ်ဖို့) အတွက် ဆိုလိုတာပါ . လိုချင်သူများ အောက်မှာ Download လုပ်ယူလိုက်ပါ . လုပ်နည်းကလွယ်ပါတယ် .အခုပုံလေးအတိုင်းပေါ့ . Task Bar ညာဖက်အခြမ်းမှာ gtalk ကို သုံးထားရင် သူ့ရဲ့ icon လေး ရှိပါတယ် . အဲဒီ့ Icon လေးကို rightclick ပေးလိုက်ပြီးတော့ Always Idle ကို အမှန်ခြစ်ပေးလိုက်ပါ မီးဝါသွားပါလိမ့်မယ်. အဆင်ပြေပါစေဗျာ .

source:ညီနေမင်း

fredag den 5. februar 2010

USB Safely Remove 4.2.5

ဟိုတစ်ရက်က တောင်းတားတဲ့ ညီအစ်ကိုများ အတွက်ပါ . usb stick များအတွက် စိတ်ရှုပ်နေရင် ဒါလေးကို သုံးကြည့်လိုက်ပါ အထဲမှာ serial ပါထားပြီးသားပါ . လိုချင်ရင်တော့ အောက်မှာ Download လုပ်လိုက်ပါ .

OR

source:ညီနေမင်း

tirsdag den 2. februar 2010

Internet Explorer မှာ Passowrd ခံမယ်

မိမိအိမ်မှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ်ပေါ့ဗျာ .. တစ်ခြားတစ်ယောက်ကို မိမိစက်မှာ Internet မသုံးစေချင်လို့  IE ကို Password ခံထားချင်ရင် အောက်ကအတိုင်း စမ်းကြည့်နိုင်ပါတယ်။

IE ကို Open ပြီး Tools > Internet Options ကို သွားပါ။ Content Tab > Content Advisor > Enable ပေးလိုက်ပါ။

Content Advisor Window တက်လာပါမယ်။ General Tab မှာ Create Password ကို Click ပါ။

Create Supervisor Password ဆိုပြီး Window တစ်ခု တက်လာပါမယ်။ ထားချင်တဲ့ Password ထားပေးလိုက်ပါ။

OK တို့  Apply တို့  ပေးသွားလိုက်ပါ။ အဲဒါဆို ရပါပြီ။
source:ကိုရင်ပြည့်စုံ

onsdag den 27. januar 2010

Password Recovery All In One

သူကတော့ AIO tools လိုပါပဲ . recovery tools အတော်များများကို program တစ်ခုတည်းဖြစ်အောင် ပေါင်းပြီးတော့ ရေးထားတာပါ . (1) Password Recovery all in oneList :(2) Office Password Recovery Magic 6.1.1.129 Portable(3) Password Recovery Bundle 2010 v1.30 Portable'(4) Office Password Recovery Magic v6.1.1.129(5) RAR Password Recovery Magic 6.1.1.153 ( Portable)(6) ZIP Password Recovery Magic v6.1.1.97

Download ifile.it / Download mediafire

source:ညီနေမင်း

window တင်ပြီးခါမှ HDD ကို partition ဘယ်လို ပြန်ပိုင်းမလဲ


EASEUS Partition Master Pro 4.1.1
ဒါကတော့ ကျွန်တော်တို့ window တင်ပြီးခါ ကျမှ partition ပြန်ပိုင်းချင်တယ် တစ်နည်းအားဖြင့် HDD ကို ထပ်ပြီးတော့ တစ်ပိုင်း ထပ်ခွဲချင်တာမျိုး ပေါင်းချင်တာမျိုး လုပ်ချင်တယ် အခက်အခဲ ဖြစ်နေတယ် ဆိုရင်တော့ အခု တင်ပေးလိုက်တဲ့ EASEUS Partition Master နဲ့ ပိုင်းလို့ ရပါတယ် . XP/Vista/Windows 7 32/64 bit စတဲ့ window operation system အတွက်ပါ . တစ်ခြား os တွေတော့ မရပါဘူး .
Download EASEUS
source:ညီနေမင်း

Realtek High Definition Audio Driver R2.39

အသံမလာတဲ့ ညီအစ်ကိုများရဲ့ pc ကို အခုတင်ပေးလိုက်တဲ့ realtek high definition audio driver ကိုသာတင်လိုက် မရတဲ့အသံ ထွက်လာလိမ့်မယ် .Download Driver for Windows 2000, Windows XP/2003 (32/64 bits)Download Download Driver for Windows 7/ Vista (32/64 bits)Download
source:ညီနေမင်း