(Network World Middle East Via Acquire Media New Edge) ဟာ Microsoft နဲ့ပူးပေါင်းပြီး Software giant ရဲ့ upcoming Windows 7 OS ကို ပြုလုပ်ခဲ့ပါတယ်။ ၎င်းရဲ့ ရည်ရွယ်ချက်ကတော့ မြန်ဆန်တဲ့ Application တွေရဲ့ Performance တွေအတွက် Multithreaded နဲ့ Multicore Intel Chips တွေရဲ့ ကောင်းကျိုးတွေကို ယူဆောင်ဖို့ပဲ ဖြစ်ပါတယ်။
Micorsoft နဲ့ Intel ဟာ ပူးပေါင်းပြီး Windows 7 ကို Resources Available တွေသတ်မှတ်ရာမှာ ပိုပြီးကောင်းမွန်လာအောင် Break Up Application တွေကို Multiple Chip Cores နဲ့ Thread တွေပေါ်မှာ အလုပ်လုပ်နိုင်အောင် စသည့် စွမ်းဆောင်ရည်အမျိုးမျိုးပေးနိုင်လာအောင် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြပါတယ်။
SMT Parking ဆိုတဲ့ Feature တစ်မျိုးဟာ Windows 7 ကို Better Performance on Hyperthreaded Multicore Intel Processor တွေ အတွက် Intel Hyperthreading မှ နည်းပညာတွေကို ရယူဖို့အတွက် ခွင့်ပြုပေးထားတယ်လို့ Intel Alliance Manager တစ်ယောက်ဖြစ်တဲ့ "Joakim Lialias" က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Microsoft Web Site တစ်ခုပေါ်မှာ ရေးသားခဲ့တယ်။
၎င်း SMT Parking ဟာ User တွေကို Break Up Tasks များ (ဥပမာ- Video Encoding) နဲ့ Multiple Task Execution Threads ပေါ်မှာ Image တွေကို Fillter လုပ်ရာမှာ ကူညီပေးပါလိမ့်မယ်.... လို့ Intel ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ "George Alfs" က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ၎င်းပုဂ္ဂိုလ်ကပဲ "သင့်မှာ CUP ရဲ့ Core တွေများများရှိလေ ပိုကောင်းလေပဲ" လို့လည်း ပြောကြားခဲ့ပါသေးတယ်။ Intel Chips တွေဟာ New Nehalem Architecture ပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ ထို Nehalem ဟာ Threads Per Cores နှစ်ခုကို Run ဖို့လည်း တတ်နိုင်ပါတယ်။ နောက်ဆုံးမှာ Intel's Laptop နဲ့ Desktop Chip တွေဟာ Nehalem Architecture ပေါ်မှာ အခြေခံလာရလိမ့်မယ်....လို့လည်း "George Alfs" က ပြောကြားခဲ့ပါတယ်။
Microsoft နဲ့ Intel ကုမ္ပဏီနှစ်ခုဟာ Windows 7 ကို Boot လုပ်တဲ့အခါ၊ Shut Down လုပ်တဲ့အခါတွေမှာ မြန်ဆန်မှုရှိစေရန်အတွက် နည်းပညာ အားဖြင့်လည်း ပူးပေါင်းလုပ်ကိုင်ခဲ့ပါတယ်လို့ Alfs က ပြောကြားခဲ့ပါတယ်။ Driver နဲ့ BIOS Level Improvement တွေဟာ Start, Shut Down, Sleep and Resume Time တွေမှာ တိုးတက်လာနိုင်ပါတယ်။ Nehalem Microarchitecture ပေါ်မှာ အခြေခံထားတဲ့ Chips တွေဟာ အရင်တုန်းက ထုတ်ခဲ့တဲ့ Chips တွေထက် Idle State ကို ပိုမြန်မြန်သွားနိုင်ပါတယ်။ ပြီးတော့ Windows 7 ကိုလည်း ဒီလိုအားသာချက်တွေကို တတ်နိုင်အောင်၊ လက်ခံနိုင်တဲ့ Design ပုံစံလုပ်ထားတယ်လို့ George Alfs က ထပ်မံ ပြောကြားခဲ့ပါတယ်။
အခုလို Intel နဲ့ Microsoft တို့ပူးပေါင်းပြီး အတူတကွ လုပ်ကိုင်ကြတာဟာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုနောက်ပိုင်း အသုံးပြုလာကြတဲ့ PCs အများစုဟာ Intel Chips နဲ့ Microsoft's Window Operating System တွေ ဖြစ်လာတာကြောင့်ပါပဲ။ ဒါဟာ Company နှစ်ခု ပူးပေါင်းလုပ်ကိုင်ရခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။
Lialias ရဲ့ ပြောကြားချက်အရ Intel နဲ့ Microsoft ဟာ နောင်နှစ်ပေါင်း ၂၀ လောက်အထိ ပူးပေါင်းသွားကြဖို့ ရှိကြောင်းသိရပါတယ်။ Lialias ဟာ သူရဲ့ ဆောင်းပါးထဲမှာ ကျွန်တော်တို့ Company နှစ်ခုရဲ့ အဓိက ရည်မှန်းချက်ပန်းတိုင်တွေဆီကို အသီးသီး ရောက်နိုင်ဖို့အတွက်က ကိုယ့်မှာ ရှိတဲ့ Experience တွေကို အပြန်အလှန် ကောင်းစွာ နှီးနှောဖလှယ်ခြင်း ဖြစ်ကြတယ်လို့ဆိုပါတယ်။
Microsoft ရဲ့ အရင်တုန်းက Operating Systems ဟာ Multicore နဲ့ Multithread Chips တွေရဲ့ ကောင်းကျိုး၊ အားသာချက်တွေသိပ်မရှိခဲ့ဖူး လို့ လေ့လာသူတွေက ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့် အခုထုတ်လိုက်တဲ့ Windows 7 ကတော့ Hardware Resources ကနေ ခွဲဝေပေးလိုက်တဲ့ Intelligent Job တွေကို ကောင်းစွာလုပ်ဆောင်နိုင်တယ်လို့ Technology strategist with In.Stat ရဲ့ "Chief" တစ်ယောက်ဖြစ်တဲ့ "Jim McGregor" က အခုလို ပြောကြားခဲ့ပါတယ်။
CUP ရဲ့ Clock Speed ကို cranking up လုပ်ခြင်းအားဖြင့် PCs ပေါ်မှာ Boosting Application Performance ဟာ အစဉ်အလာအတိုင်း ဖြစ်လာခဲ့ပါတယ်လို့ McGregor က ပြောကြားခဲ့ပါတယ်။ ၎င်းဟာ CPU ရဲ့ Core တစ်ခုခုကို execute လုပ်ဖို့အတွက် အစီအစဉ်တကျ ရေးဆွဲထားတဲ့ Software တွေကို ဦးဆောင်ပေးပြီး၊ Clock Speed ကို တိုးတက်လာစေဖို့အတွက် Boot ရဲ့ Performance ကိုလည်း ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ Intel မှာလိုမျိုးပဲ အပြင်က Chip Maker တွေက Boot လုပ်တဲ့နေရာမှာ Core တွေကို စတင်ပေါင်းထည့်လာကြပါတယ်။ အဲဒီအခါမှာ Clock Speed ရဲ့ cranking up ဟာ များပြားလာတာကြောင့် အပူချိန်လည်းပိုများလာပြီး Power လေလွင့်မှုလည်း များလာပါတယ်။
Software များဟာ Hardware တွေ develop ဖြစ်ပြီးတဲ့နောက်ပိုင်း ၃ နှစ်ကနေ ၅ နှစ်လောက်အထိကို နောက်ကျ ကျန်ရစ်နေတာပါ။ ဒါကြောင့် Software Developer တွေဟာ Hardware Improvement ကို အမှီလိုက်နိုင်အောင် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ဒီလို ကြိုးစားနေဆဲမှာတောင် ဒီနေ့အချိန်ထိ Software Application ကို အသုံးပြုကြသူများဟာ Multiple Core ရဲ့ ကောင်းကျိုးတွေကို ရယူနိုင်တဲ့ Design ကို မထုတ်နိုင်သေးပါဘူး။ ဒါပေမယ့် Windows 7 ကတော့ Developer တွေကို Multicore Chips အတွက် Application တွေကို စတင်ရေးနိုင်အောင် အားပေးနိုင်ပါတယ်။
နောင်နှစ်အနည်းငယ် ကြာပြီးနောက် Solid-State Drive တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ၎င်း Drive ဟာ Hard Drives ထက် Consider(ဆုံးဖြတ်ရာမှာ) လုပ်ရာမှာ ပိုပြီးမြန်ဆန်ပါတယ်။ Intel နဲ့ Microsoft ဟာ Read/ Write လုပ်ရာမှာ လျင်မြန်စေတဲ့ SSDs ရဲ့ Speed ကို access လုပ်ပေးနိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုများ ပြုခဲ့ကြပါတယ်။ Intel ရဲ့ အစီအစဉ်ကတော့ Windows 7 မှ Trim Command တွေကို ထောက်ပံ့ပေးတဲ့ SSDs အတွက် Firmware တွေ ဝေငှပေးဖို့ ဖြစ်ပါတယ်။ Trim Command ဆိုတာက Writing ကို အရှိန်မြှင့်ပေးတာ၊ ပြန်ဖျက်တာ စသည်ဖြင့် ဆိုလိုခြင်း ဖြစ်ပါတယ်။
Microsoft ကလည်း Windows 7 ထဲကို Direct X 11 graphics drivers ကို ထပ်မံ ပေါင်းထည့်ခဲ့ပါတယ်။ ထိုသို့ ပေါင်းထည့်ရခြင်း အကြောင်းကတော့ break up task တွေကို Multiple Core ပေါ်မှာ boot လုပ်တဲ့အခါ graphic တွေကို အသုံးပြုတဲ့အချိန်မှာ ပိုပြီး ထိရောက် အကျိုးရှိစေချင်တာကြောင့်ပဲ ဖြစ်ပါတယ်။ Intel ကတော့ June လ အစောပိုင်းကတည်းက New Graphic driver ကို ထုတ်လုပ်ခဲ့ပြီး Windows 7 နဲ့ အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၎င်းရဲ့ Driver ဟာ Driect X 10 Graphic ကိုသာ Support လုပ်နိုင်ပါတယ်။ Apple ကတော့ New Featuers တစ်ခုဖြစ်တဲ့ "Tap" နဲ့ မိတ်ဆက်၊ တင်သွင်းပေးခြင်းအားဖြင့် upcoming Mac OS X 10.6 OS, Code-Named Snow Leopard တို့ရဲ့ အခြေခံ Architecture ကို ပြောင်းလဲခဲ့ပါတယ်။ ၎င်း Tap ဟာ Multiple CPU ရဲ့ Power နဲ့ Graphic Cores တွေကို အလုပ်လုပ်ဆောင်ပေးပါတယ်။ တိုးလာတဲ့ Number အရေအတွက်ကလည်း OS ကို တစ်ပြိုင်နက်တည်း execute လုပ်ထားတဲ့ Cores တွေအတွက် Divvy up task ကို လုပ်ဖို့ရာလည်း ခွင့်ပြုထားပါတယ်။
source:ICT Reader
Ingen kommentarer:
Send en kommentar