mandag den 5. april 2010

Windows 7 တွင် Crack ဖြည်ရသော Software နှင့် Game အချို့ ပြဿနာအနည်းငယ်ရှိ


Windows 7 တွင် Crack ဖိုင်ဖြည်ရသော Software အချို့နှင့် Game အချို့သွင်းရာတွင် အခက်အခဲအနည်းငယ်ရှိကြောင်း သိရသည်။

အချို့ Game များသွင်းရာတွင် .exe file မရှိကြောင်း Message ပြသည်ကိုတွေ့ရသည်။ “ကျွန်တော် Game ခွေတစ်ခွေသွင်းဖို့လုပ်တော့ အဲ့ဒီ Game က Auto run တက်လာပါတယ်။ install လုပ်တော့ .exe မပါဘူးလို့ Message ပြပါတယ်။ အဲ့ဒါနဲ့ ကျွန် တော်လည်း အခွေဝယ်တဲ့ဆိုင်မှာသွားလဲတော့ ဆိုင်ကစမ်းပြပါတယ်။ သူတို့ဆီမှာကျတော့ ရတယ်။ အဲ့ဒါနဲ့ဆိုင်ကလဲ နောက်တစ်ခွေလဲပြီးပြန်လာတော့ အဲ့ဒီအတိုင်းပဲဖြစ်နေပါတယ်။ ဆိုင်ကိုဖုန်းဆက်တော့ ဆိုင်က Windows 7 သုံးတာလားလို့မေးပါတယ်။ ကျွန်တော်လည်း Windows 7 တင်ထားတာ ဟုတ်ပါတယ်လို့ပြောတော့ ဆိုင်က User account ထဲက never notify ကိုလျှော့ချဖို့ပြောပါတယ်။ Never Notify ကိုလျှော့ချပြီး သုံးတဲ့အခါကျတော့ သွင်းလို့ရသွားတယ်” လို့ Windows 7 အသုံးပြုသူ လူငယ်တစ်ဦးမှပြောပြသည်။ “ကျွန်တော်တို့ဆိုင်မှာရှိတဲ့ Software အချို့နဲ့ Game အချို့မှာ အဲဒီလိုပဲ ပြဿနာတက်လို့ပြန်လာတဲ့သူတွေ တွေ့ရပါတယ်။ Windows 7 မှာက အဲ့ဒီ Crack ဖိုင်ဖြည်ရတဲ့ Software အချို့နဲ့ Game အချို့ကို နည်းနည်းပိတ်ထားပါတယ်။ ပြီးတော့ အချို့ Software တွေဆိုရင်သွင်းပြီး Run လို့မရတာလဲရှိပါတယ်။ အဲဒီအခါကျရင် Software ကို Run as administrator ဒါမှမဟုတ် Software ရဲ့ properties ထဲက compatibility mode ထဲမှ windows mode ကိုပြောင်းသုံးရင်လည်း အဆင်ပြေသွားတတ်ပါတယ်” လို့ National CD မှကိုမိုးမင်းဟိန်းမှပြောပြသည်။
“Windows 7 က security ပိုင်းမှာ လုံခြုံတယ်လို့ဆိုရမှာဖြစ်တယ်။ Windows 7 ကို ဘာပဲလုပ်လုပ် သေချာရဲ့လားဆိုတာကို proof လုပ်ပါတယ်။ သေချာမှသာခွင့်ပေးပြီး အချို့ Crack ဖြည့်တဲ့ Software တွေကိုသွင်းဖို့ကော၊ သုံးဖို့ပါ နည်းနည်းခက်ခဲနိုင်ပါတယ်။ အသုံးပြုတဲ့ user အချို့ကလည်း အဲဒီလို Windows 7 ကမေးနေတာကို မကြိုက်ကြပါဘူး။ File မှားပြီး ဖွင့်မိတဲ့အခါမှာဆိုရင်တော့ သူကအဆင်ပြေပါတယ်။ ပြီးတော့ online သုံးတဲ့သူတွေအတွက်ဆိုရင် ဒီလိုမေးတာက ဖြစ်သင့်ပါတယ်။ ဥပမာ- ကိုယ်က download ဆွဲထားတာတွေကို zip ဖိုင်နဲ့ရတဲ့အခါ တကယ်ဖြည်မှာလား မဖြည်ဘူးလားဆိုတာမျိုးမှာ မေးတတ်ပါတယ်။ Virus တွေဆိုတာ online ကတဆင့် အလွယ်တကူကူးတာဖြစ်လို့ သတိထားပြီးဖွင့်နိုင်တဲ့အတွက် အဆင်ပြေမှာဖြစ်ပါတယ်။ အကယ်၍ ကိုယ်ကဒီဖိုင်က virus မဟုတ်တာသေချာတယ်ဆိုရင် control panel ထဲက user account ပြီးတော့ change user account control setting မှ never notify လုပ်ထားပြီး Software ကိုသွင်းပြီးရင် Always Notify ပြန်လုပ်ရင် အဆင်ပြေနိုင်ပါတယ်။ Software သွင်းပြီး တဲ့အပြင် နောက်ပိုင်းကျရင်လည်း Windows က သေချာမသေချာမေးမှာဖြစ်တဲ့အတွက် သုံးတဲ့အခါ သတိထားပြီးသုံးနိုင်ပါတယ်လို့” MRS မှကိုဇော်လှိုင်ဘွားမှရှင်းပြသည်။

Ingen kommentarer:

Send en kommentar