Viser opslag med etiketten Gtalk. Vis alle opslag
Viser opslag med etiketten Gtalk. Vis alle opslag

mandag den 24. maj 2010

Gtalk က offline chat (သူခိုးချက်)တွေကို ဖမ်းပုံဖမ်းနည်း...

ကိုယ့်ရဲ့Gtalk က လူတယောက်ကို offline နဲ့ ထိုင်လုပ်ရတယ်၊ သူနဲ့ ချက်ရင် တော့သိတယ်၊ Invisible လုပ်ထားတာပါ။ကျွန်တော် တင်ပေးလိုက်ပါတယ် လိုချင်ရင်ဒီနေရာမှာDownload ယူလိုက်ပါ။

lørdag den 24. april 2010

Gtalk Profile

Gtalk Profile Website ဟာ ကမ္ဘာတစ်ဝန်းမှာရှိနေတဲ့ Gtalk အသုံးပြုတဲ့သူတွေရဲ့ Profile တွေကို ရှာပေးနိုင်ပါတယ်။ Profile မှာ ကိုယ်ရေးအချက်အလက် အနည်းအကျဉ်းနဲ့ Email လိပ်စာ ပါဝင်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် Profile တစ်ခုကိုလဲ ဖန်တီးလို့ရပါတယ်။ Online မိတ်ဆွေ ပေါသထက် ပေါလိုသူများ ၀င်ရောက်ကြည့်ပါကုန်။
လိပ်စာက www.gtalkprofile.com ဖြစ်ပါတယ်။

onsdag den 31. marts 2010

Gtalk မှာ ဝင်ဝင်လာတတ်သော Private Cam Virus ကိုရှင်းတဲ့ ဆော့ဝဲလ်.

Gtalk မှာ ကိုယ်က သုံးနေ၇င်းနဲ့ ကိုယ့်အကောင့်ထဲက တစ်ယောက်ယောက်က မသိပဲ..

Private Cam Virus လင့်ကို နှိပ်လိုက်မိတယ်ဆိုရင်...

သူရဲ့ထဲမှာ ရှိတဲ့ လူတွေအားလုံးကို ဒီလိုလင့်မျိုးတွေ လိုက်ပို့နေတော့တာပဲလေ...။

ဘာမှ မဖြစ်ဘူးထင်ရပေမဲ့...ကြာလာရင် စက်ရဲ့ အမြန်နှုန်းကို ကျစေတယ်..။

စက် ခဏခဏ Hang တယ်...။

ဒါတွေကို ဖြေရှင်းပေး ၊ ဖယ်ထုတ်ပေးတဲ့ ဆော့ဝဲလ်လေးပါ...။

MB အရမ်းနည်းပေမဲ့ တကယ်ထိရောက်ပါတယ်..။

ဒီမှာ ဆွဲယူလိုက်ပါ...။

ဒါမှ မဟုတ် အောက်က Attachment ကနေ ယူလိုက်ပါ...။

Attachment: ClearPrivateCamVirus.bat
source:
ko zaw

lørdag den 20. marts 2010

G-talk Multiple

Google Talk ကို ပုံမှန်ဆိုရင် account နှစ်ခု တစ်ပြိုင်နက် ၀င်လို့မရပါဘူး။ account နောက်တစ်ခု ပြောင်းသုံးချင်ရင် အရင်ဝင်ထားတဲ့ account ကို sign out လုပ်ပြီးမှ နောက် account တစ်ခု ၀င်လို့ရပါတယ်။

Google Talk ကို account တစ်ခုထက်ပိုပြီး တစ်ပြိုင်နက် ၀င်ချင်ရင် ဒီလိုလုပ်ရင်ရပါတယ်။
Start > All Programs > Google Talk > Right click Google Talk > Properties
Shortcut tab ကို ၀င်ပါ။
Target မှာ "C:\Program Files\Google\Google Talk\googletalk.exe" /nomutex လို့ ထည့်ပါ။

General tab ကို ၀င်ပါ။
Google Talk ဆိုတဲ့ နေရာမှာ Google Talk Multiple လို့ ပြောင်းပါ။
ဒီလိုလုပ် ပြီးပြီဆိုရင်တော့ account နှစ်ခု တစ်ပြိုင်နက် ၀င်လို့ရသွားပါပြီ။
source:ညီနေမင်း

tirsdag den 9. februar 2010

ချက်ကြီးအတွက် ဆေးတစ်ခွက်


ဒါကတော့ ခုနကလေးပဲ ညီငယ်တစ်ယောက် မေးလိုက်လို့ တစ်ခြားသူတွေလဲ မေးနေမှာစိုးလို့ တင်ပေးလိုက်တာပါ . idle ဆိုကာကတော့ gtalk ကိုသုံးနေသော အကောင့်ပိုင်ရှင်ဟာ ကွန်ပျူတာနှင့်အဝေးကို ရောက်နေတယ် (ကီးဘုတ်နှင့်မောက်စ်ကို မကိုင်ဘဲ ခဏလောက်ထားရင် မီးလေးက ၀ါသွားတာကိုဆိုလိုတာပါ) ။ ကွန်ပျူတာနားမှာ မရှိဘူးပေါ့ . အဲ့လိုမျိုး မီးအ၀ါရောင်ဟာ ကီးဘုတ်နှင့် မောက်စ်ကို မထိဘဲ အကြာကြီးဖြစ်မှ မီးက၀ါတာပါ . မဟုတ်ရင် စိမ်းနေပါတယ် . အဲ့ဒါကို ကွန်ပျူတာကို သုံးနေရင်းနှင့် မီးကို ၀ါလိုင်းဖို့ (တနည်းအားဖြင့် idle လုပ်ဖို့) အတွက် ဆိုလိုတာပါ . လိုချင်သူများ အောက်မှာ Download လုပ်ယူလိုက်ပါ . လုပ်နည်းကလွယ်ပါတယ် .အခုပုံလေးအတိုင်းပေါ့ . Task Bar ညာဖက်အခြမ်းမှာ gtalk ကို သုံးထားရင် သူ့ရဲ့ icon လေး ရှိပါတယ် . အဲဒီ့ Icon လေးကို rightclick ပေးလိုက်ပြီးတော့ Always Idle ကို အမှန်ခြစ်ပေးလိုက်ပါ မီးဝါသွားပါလိမ့်မယ်. အဆင်ပြေပါစေဗျာ .

source:ညီနေမင်း

onsdag den 25. november 2009

Show Current Music track in Google talk for Window Vista and Window 7

ညီလေးတစ်ယောက်က လာမေးလို့ ပြောပြလိုက်တာပါ။ အရင်က Window XP မှာဆိုရင်တော့ Google talk မှာ Window Media Player နဲ့ ကိုယ့်ဖွင့်ထားတဲ့ သီချင်းခေါင်းစဉ်လေး ပေါ်နေအောင် လုပ်တာ အားလုံး သိ ပါ တယ် ။ Window Vista and Window7 မှာကျတော့ ဘယ်လိုလုပ်ရမှန်းမသိလို့ ဒီတိုင်းထားထား ရတာ ရှိပါ တယ် ။ Window7 မှာ ဆိုရင် mp3 တင်မဟုတ်တော့ဘူး ဗွီဒီယိုဖိုင်တွေ ဖွင့်ရင်တောင် အဲဒီဖွင့်ထားတဲ့ သီချင်း ခေါင်စဉ်လေး ပေါ်ပါတယ်ခင်ဗျာ။ အခုပြောပြမှာကတော့ Window Vista and Window7 သုံးနေသူများ အ တွက် Google talk မှာ Window Media Player နဲ့ သီချင်းဖွင့်ရင် သီချင်းခေါင်းစဉ်လေး ပေါ်ဖို့ အတွက်ပါ။အဆင့်(၁)။ မိမိတင်ထားတဲ့ ဂျီတော့ဆော့ဝဲလ်ကို Add/remove programs မှ uninstall လုပ်ပါ။
အဆင့်(၂)။ Google talk installation file အား Right Click ထောက်ပြီး Run as Administrator ဖြင့် Run ပါ။ This will give you higher power (called elevation) to install Google Talk so that you will see all functionality.အဆင့်(၃)။ Google talk ကို install လုပ်ပြီးသွားရင်။ Window Media Player ဖြင့် သီချင်းတစ်ပုဒ်ဖွင့်လိုက်ပါ။ Tools-- Plug-ins – Options ကိုဝင်၍ ပုံတွင်ပြထားသည့်အတိုင်း လုပ်လိုက်ပါ။ အိုကေ ပေးလိုက်ပါ ။ ဒါဆိုရင် ကျွန်တော်တို့ Window Vista and Window7 က Google Talk မှာ မိမိနားထောင်နေတဲ့ သီချင်းစာသားလေးပေါ်ပါပြီခင်ဗျာ ။

မသိသေးသူများအတွက် ရေးသားခြင်းဖြစ်ပါသည်။အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျာ ။

fredag den 6. november 2009

Portable Chat Programs 9 In 1











ဒီဟာလေးကတော့ Portable Chat Programs 9 In 1 ဆိုတဲ့ Chat Programs တွေကိုစုစည်းထားတဲ့ ဟာလေးပါ။ အားလုံးပေါင်း 9 ခုတောင်မှပါဘာတယ်ခင်ဗျား။
*Yahoo Messenger 10.0.0.881
*Windows Live Messenger 14 Full
*Google Talk
*AOL Mail
*ICQ 6.5
*Paltalk (normal install)
*Skype (normal install)
*Camfrog
*Portable Trillian Pro 3.1.14.౦

လိုချင်ရင်တော့အောက်မှာပေးထားတဲ့ Link ကနေတဆင့် Download သွားပြီးလုပ်လိုက်ပါခင်ဗျား။ ဘာ Activation မှမလိုပါဘူး။ Free ပါဘဲ။

lørdag den 24. oktober 2009

Music Status in Gtalk ( Using Winamp )









အရင်ပို့စ်မှာ Window Mediaplayer ကို အသုံးပြုပြီး Show Current Music Track လုပ်တာ ဖော်ပြပြီးဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ စီဘောက်စ်မှာ ကိုဖြိုး မေးထားတာနဲ့ Winamp ကို အသုံးပြုပြီး Show Current Music Track လုပ်တာကို ဖော်ပြပေးသွားပါမယ်။ Winamp Player ကိုတော့ ဒေါင်းလုတ်ချရပါမယ်။ ပြီးရင် နှစ်သက်ရာ သီချင်းကို Winamp Player နဲ့ ဖွင့်ပြီး Gtalk မှာ Show Current Music Track ကို ပေးလိုက်ရင် ရပါပြီ။









အကယ်၍များ Show Current Music Track က အလုပ်မလုပ်ခဲ့ဘူးဆိုရင် ---
*Go to the root directory of Winamp which is usually in C:\Program Files\Winamp\
*Select Tools->Folder Options->View (Tab) and uncheck the hide extensions for known file types and click Ok.
*Now create an empty file (Right click the mouse -> New -> Text document), so the default file would be like “New Text Document.txt”.
*Rename the above file to “winamp.m3u” and save.
*Close Winamp and Google Talk. Now open again and Your Show Current music track status should work.
Vista & Win 7 သမားများ အပေါ်နည်းအတိုင်းလုပ်လို့ မှ မရဘူးဆိုရင်တော့ Gtalk ကို Uninstall ပြန်လုပ်ပြီး Run as administrator နဲ့ ပြန်ပြီး Install လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။ Ref : http://www.sankaranand.com/


ခင်မင်စွာဖြင့်


မနောသား

Music Status in Gtalk ( Using WMP













Music .. Music ..Music .. ဆိုတဲ့ သူများအတွက် အသုံးဝင်မှာပါ။ Gtalk Status မှာ Show Current Music Track ကို အသုံးပြုလို့ မရသူများအတွက်ပေါ့။ တစ်ချို့လဲ Winamp ကို သုံးကြတယ်။ အခုဖော်ပြမှာက Windows Media Player နဲ့ အသုံးပြုတာကိုပါ။ Windows Media Player တွေမှာ Google Talk plug-in အတွက် ပါပါတယ်။ အကယ်၍များ Google Talk မှာ Show Current Music Track ကို ပေးလိုက်လို့မှ Current Music က ပေါ်မလာဘူးဆိုရင် --
*Open Windows Media Player.
*From the View menu, select Plug-ins > Options...
*From the Category section of the Plug-ins tab, select Background.
*Select the Google Talk Music Plugin checkbox.
*Click OK.











ပြီးသွားရင် Windows Media Player ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ။ Show Current Music Track အလုပ်လုပ်နေတာ မြင်တွေ့လိမ့်မယ်။ Vista & Window 7 သမားအတွက် Windows Media Player Settings ထဲမှာ Google Talk Music plug-in မတွေ့ဘူးဆိုရင် ---
*Uninstall Google Talk.
*Go To http://www.google.com/talk/
*Click Download Google Talk client near the bottom of the page.
*Save the installation file to your desktop.
*Right-click the installation file (googletalk-setup.exe) on your desktop and select Run as administrator.
*Follow the instructions to install Talk.
အဆင်ပြေပါစေ
မနောသား

fredag den 9. oktober 2009

Gtalk ကနေ ဖုန်းခေါ်ရအောင် (ရှင်းပြချက်)

Pdf နှင့် မြန်မာလိုရှင်းပြထားတာလေးပါ...ရှင်းပြပုံလေးကို ကြည့်ချင်ရင်တော့ ဒီမှာ ပါ ........pdf နှင့်ရှင်းပြပုံလေးကို download လုပ်ချင်ရင်တော့ ဒီမှာ ပါ ........
ရေးသားသူ ညီနေမင်း

fredag den 2. oktober 2009

googletalk password recovery


ကဲ ဒုတိယအကြိမ် ထပ်ပြောလိုက်ပါမယ် . keygen ပါပါတယ် . တစ်ခါတည်း ထည့်ပြီးသားပါ . မပါဘူးမလုပ်ပါနဲ့ .
တင်ပေးလိုက်ပါပြီ . တောင်းထားတဲ့သူရှိလို့ပါ . မနည်းရှာလိုက်ရတယ် . keygen တစ်ခုရဖို့ . တင်ပေးလိုပါပြီ . ဘာအတွက်သုံးတယ်ဆိုတာကို မေးမယ့်မေးခွန်းထဲမှာ password နဲ့ပတ်သက်တဲ့ မေးခွန်းမျိုးတွေကို ပြန်ဖြေပေးမှာမဟုတ်ပါဘူး ဒါပေမယ့် ဘယ်လိုမျိုး cover ယူရမယ် . ဘယ်လိုမျိုး လုပ်ရင် အဲ့လိုလူမျိုးတွေကို ကျော်လွှားနိုင်မယ်ဆိုတာမျိုးကိုတော့ ဖြေပေးပါ့မယ် . လူဆိုတာလဲ အခက်သားလား . မကောင်းတာကို လုပ်မယ်ဟေ့ဆိုရင် အဖော်မလိုဘူး . ကောင်းတာလုပ်ဖို့ဆိုရင်တော့ ရှေ့ဆုံးက . မယုံရင် အင်တာနက်မှာ google ကနေ ရှာတဲ့ search word မှာ ကြည့်ကြည့်လိုက် . ထပ်ဆုံးကနေ သွားနေတာက ဘာနာမည်တွေ ဖြစ်မလဲလို့ . သိတယ်မဟုတ်လား (sexy) ဆိုတာမျိုးက ထပ်ဆုံးက . နည်းပညာဆိုတာကတော့ ဟိုးအောက်ဆုံးမှာ ရှိနေလိမ့်မယ် . မဟုတ်တဲ့ အကြောင်းတွေက ထိပ်ဆုံးက . ဘာမှသာ မတတ်တာ Hack မယ် hack ချင်တယ် ဆိုတဲ့သူတွေက ထိပ်ဆုံးက . ဟက်ကာဆိုတဲ့ သူတော်တော်များများက . သူတို့ကိုယ်တိုင် နာမည်ခံတာမဟုတ်ပါဘူး . သူက program တွေရေးရဲ့နဲ့ သူများရေးလိုက်ပြီးသား ပစ္စည်းတွေရဲ့ အားနည်းချက်ကို ရှာပြီး ထိုးဖောက်တာကို ဟက်ကာလို့ တစ်ခြားသူတွေက ခေါ်တာပါ . နောက်တစ်ခု ဥပမာပေးရရင် ကျွန်တော်တို့ Iphone တွေဗျာ . apple ကနေ ထုတ်တုန်းကတော့ သူထုတ်တဲ့ iphone တွေထဲမှာ ရှိတဲ့ သီချင်းတွေကို copy ကူးလို့မရအောင်လုပ်ထားသလို . apple က ထုတ်တဲ့ iphone ကို သူသတ်မှတ်ထားတဲ့နိုင်ငံကလွဲပြီး တစ်ခြားနိုင်ငံမှာ သွားသုံးလို့မရဘူး . ဖုန်းလိုင်းမမိဘူး . SIM card ထည့်လဲ လိုင်းတက်လာမှာမဟုတ်ဘူး . အဲ့ဒီ့တော့ အဲ့ဒီ့ iphone က ပစ်လိုက်ရရောလား . အရင်တုန်းကတော့ ပစ်လိုက်ရပါတယ် . အခုတော့ မပစ်ရတော့ပါဘူး . jailbreak လုပ်ပြီးတော့ ကျွန်တော်တို့ international sim card တွေ ထဲက ကိုကြိုက်တဲ့ card ကိုတောင် ထည့်လို့ရနေပါပြီ . အဲ့ဒီ့ hacker တွေရဲ့ စွမ်းဆောင်ရည်တွေပါ . သူတို့တွေက မသိနားမလည်တဲ့ ပချိပချက် program သမားတွေလောက်ကို မတိုက်ခိုက်တတ်ပါဘူး . သူတို့တိုက်ခိုက်တာက တစ်ကယ့်ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေ ကိုပါ . ကျွန်တော်တို့ ပြည်သူတွေ အတွက်အကျိုးရှိစေမယ့် စွမ်းဆောင်ရည်မျိုးကိုပေးတဲ့သူတွေကတော့ ပြည်သူတွေဖက်ကပေါ့ . လုပ်ငန်းရှင်တွေဖက်ကနေလဲ အဲ့ဒီ့ hacker တွေကို တိုက်ခိုက်ဖို့အတွက် ဒီ့ထက် version မြင့်တဲ့ ပစ္စည်းတွေကို ထပ်ထုတ်ပြီး . သူတို့ တိုက်ခိုက်ထားတဲ့ အားနည်းချက်ကို ပြန်ပြီး ပိတ်ဆို့လိုက်တယ် . အဲ့ဒီ့လိုနဲ့ လုပ်ငန်းရှင်နဲ့ hacker တွေဟာ သူတစ်ပြန်ကိုတစ်ပြန် တိုက်ခိုက်နေကြတာပါ . မြန်မာပြည်သားတွေလို gtalk လေးကို ဟက်နိုင်တာနဲ့ ဟက်ကာလို့ ကိုယ့်ကိုယ်ကို နာမည်တတ်နေတဲ့ ခပ်ပဲ့ပဲ့ hacker မျိုးတော့ အဲ့ဒီ့မှာ မရှိပါဘူး . gtalk ကို hack နိုင်တယ်ဗျ . ကျွန်တော်က မြန်မာပြည်က hacker .ပေါ့လို့သွားပြော ဟိုက ရီလိုက်လိမ့်မယ် . hacker တွေဟာ သူတို့ကို ဘယ်တော့မှ ဘယ်ကမှန်း မသိကြပါဘူး . သူ့ရဲ့ နာမည်ပြောင်တစ်ခုအနေနဲ့တောင်မှ သိဖို့ အတော်လေးကို ခက်ခဲပါတယ် . အခုတစ်လော ကျွန်တော်တွေ့နေရပါတယ် . virus လုပ်တဲ့ software လေးကို အသုံးချပြီး trojan လေးလုပ်လိုက် . မြန်မာနာမည်လေးပေးပြီး အဲ့ဒီ့ virus လုပ်တဲ့ software လေး အားကိုးနဲ့ software ထဲမှာပါတဲ့ ပုံသေနည်းတွေနဲ့ လိုက်ပြီးတော့ လုပ်နေတာ . တစ်ကယ့်ကို ရီဖို့ကောင်းပါတယ် . သရက်ချောင်း virus လား . မင်းကိုချစ်တယ် ဆိုလားမသိဘူး အတော်များပါတယ် . ကျွန်တော်ကတော့ အတော့်ကို ရီချင်တာ . ဒီလိုလူမျိုးတွေလုပ်နေတာက နွားခြေရာခွက်ထဲမှာတော့ သူတို့က အတော်ဆုံးပေါ့ . ဟဟ . ကျွန်တော့်ဆီမှာ virus လုပ်တဲ့ software တွေ ကွန်ပျူတာနဲ့တောင် ထည့်လို့မဆံ့ဘူး ရှိတယ် . ဒါပေမယ့် အခုအချိန်အထိ ဘယ်သူ့ကိုမှ မတိုက်ခိုက်ခဲ့ဖူး . သူများဖြစ်နေတာတွေကိုပဲ လိုက်ပြီး ဖြေရှင်းပေးခဲ့တာ . ကျွန်တော်ဟိုးအရင်က တစ်ယောက်ကိုပေးခဲ့ဖူးတယ် . သူက အရမ်းတောင်းပန်လို့ပါ . ကတိတွေလဲ အထပ်ထပ်ပေးလို့ ပေးလိုက်တယ် . မကြာပါဘူး အဲ့ကောင်လေး လက်တည့်စမ်းလိုက်ပါတယ် . အဲ့ဒီ့နောက်ပိုင်း ဘယ်သူ့ကိုမှ မပေးတော့တာ အခုအချိန်အထိပဲ . စိတ်ကုန်တာထက် စိတ်ပျက်တာ ပိုများတယ် . လာလိုက်ရင် gmail hack ချင်တယ် လုပ်ပေးပါ .သင်ပေးပါတဲ့ . နောက်တစ်ခုရှိပါသေးတယ် . website ကို down အောင် တိုက်ခိုက်တာပါ . ဒါတွေဟာ တစ်ကယ်တော့ သိရင်လွယ်ပါတယ် . မသိရင်သာခက်တာ . ဒါတွေကို အဟုတ်ကြီးထင်ပြီးတော့ ကိုယ့်ကိုယ်ကို အထင်ကြီးနေတတ်တဲ့ ခပ်ကြောင်ကြောင် လူတွေက ကိုယ့်မြန်မာအချင်းချင်း မသိတဲ့ လူတွေကို နှိပ်ကွပ်ဖို့ ဖြစ်လာတာတော့ အတော့်ကို ဆိုးရွားပါတယ် . ကျွန်တော် ဒီရှေ့ ဆိုင်တွေကို သွားရင် ဘာတွေ လုပ်သင့်သလဲဆိုတာကို ရေးပေးပါဦးမယ် . ဒီလိုလူမျိုးတွေ ရန်က လွတ်အောင်လို့ . ကျွန်တော် နားလည်တတ်ကျွမ်းသလောက် လက်လှမ်းမီသလောက်လေးပါ . ကဲဒီကောင်လေးကို သုံးတတ်ရင်သုံးပါ . မသုံးတတ်ရင် မသုံးပါနဲ့ . ကျွန်တော့်ကိုတော့ ပြန်မမေးပါနဲ့ . ကဲကဲအောက်မှာ download လုပ်လိုက်ပါဦး ..Download ifile.it ၊ Download mediafire ၊ Download multiuploadရေးသားသူ ညီနေမင်း

onsdag den 16. september 2009

Gtalk နဲ့  မြန်မာနိုင်ငံကို ဖုန်း Message ပို့ဖို့.......

Gtalk ကတော့ မြန်မာနိုင်ငံကို ဖုန်း Message ပို့ရတာ တော်တော်အဆင်ပြေတယ်ဗျ။ ကျွန်တော်တော့ အဲဒီက ပို့ကြည့်ကြည့်တယ် လွယ်လည်းလွယ်တယ်။ ၁၀မီနစ်လောက်ကြာရင်တော့ စောင့်ရတယ်။ ပို့ချင်တဲ့ လူများ အောက်က သေသေချာချာဖတ်ပါ။အရင်းဆုံး ကိုယ့် Gtalk မှာ gtalk@etmsms.com လို့ invite(add) လုပ်လိုက်ပါ။ အဲဒါဆိုရင် online ရောက်လာပါလိမ့်မယ်။ gtalk message box ထဲမှာ( sms 09+++++++ hello nay kg lar ) အဲလိုမျိုး ရိုက်ရပါတယ်။sms နဲ့ ဖုန်းနံပတ်အကြားမှာ Spacebar ခံရပါတယ်။ ဖုန်းနံပတ်နဲ့ hello အကြားမှာ Spacebar ခံရပါတယ်။ဒါဆိုရင် အဆင်ပြေမယ် ထင်ပါတယ်။ လုပ်ကြည့်ကြည့်ပါ။ country code တွေ ခံစရာမလိုပါဘူး။ 095217892 ဆိုတာနဲ့ရပါပြီး။ ကျွန်တော်အခုရေးလိုက်သော ဖုန်းနံပတ်များမှာ စိတ်ကူးထဲက ပေါ်လာတဲ့ ဖုန်နံပါတ်တွေပါ။ တစ်ကယ်လို့ တိုက်ဆိုင်းပြီး ဖုန်းနံပတ်တူနေတာများရှိရင် ခွင့်လွတ်ပါ။ နိုင်ငံခြားရောက်နေသူများ အားလုံးအတွက် ရည်ရွယ်ပြီး ဒီပို့လေး တင်ဖြစ်သွားတာပါ။

Gtalk ပြန်ကြားစာ

ဒီတစ်ခါ ဖော်ပြမှာကတော့ မိမိသုံးနေတဲ့ gtalk မှာ auto reply စာပြန်တဲ့ စနစ်လေး တစ်ခုပါ။ စိတ်ဝင်စားတဲ့ ဆိုရင်တော့ အောက်ပါနည်းလမ်းလေး အတိုင်းသာ လုပ်လိုက်ပါတော့။၁) http://answer.im/ ကို ဖွင့်ပါ။၂) Account အကွက်တွင် Google Talk (Jabber) ကို ရွေးချယ်ပါ။၃) ပြီးလျှင် ကိုယ့် ဂျီမေး name နှင့် password ကို ဖြည့်ပါ။ ပြီးလျှင် Login ကို နှိပ်ပါ။၎) Authorise people ကို အမှန်ခြစ်ပေးပါ။ Status တွင် မိမိကြိုက်နှစ်သက်ရာ ရွေးချယ်ပါ။ Autoresponse message: တွင် ကြိုက်နှစ်သက်ရာ စာရိုက်ပါ။၅) ပြီးလျှင် Save Changes ကိုနှိပ်ပါ။ Box တစ်ခု ကျလာလျှင် Ok ။ ပြီးလျှင် Exit ကို ရွေးပါ။ ပြီးပါပြီ။ အကယ်၍ ကိုယ်ရိုက်ထားသည့် စာများပြန်ပြင်ချင်လျှင် တစ်ကနေပြောထားသည့်အတိုင်းသာ ပြန်လုပ်ပါ။ အဆင်ပြေပါစေ။

fredag den 11. september 2009

Program Files\Google\Google Talk\googletalk.exe” /startmenu

C:\Program Files\Google\Google Talk\googletalk.exe” /startmenu အဲဒါဆိုရင် လင်ခ့်ရဲ့ နောက်ဆုံး Startmenu ရဲ့ နောက်မှာ /nomutex ဆိုတာလေးကို ထပ်ထည့်ပေးလိုက်ပါ။ ဒီလိုလေးပေါ့ -C:\Program Files\Google\Google Talk\googletalk.exe” /startmenu /nomutex
တစ်ခါတစ်လေ startmenu မဟုတ်ပဲ တခြားတစ်ခုခုဖြစ်နေတတ်တယ်။ အဲဒါမျိုးဆိုရင် အဲဒီစာသားကို ဖျက်ပြီး /nomutex ဆိုတာကို အစားထိုးပြီး ထည့်လိုက်ပါ။ တော်တော်များများမှာတော့ startmenu ဆိုတာ ပါပါတယ်။ အောက်က ပုံမှာ ကြည့်ပါ။ ကျွန်တော့်ဆီမှာတော့ Startmenu မဟုတ်ပဲ တခြားဟာရှိနေလို့ အဲဒီစာသားကို ဖျက်ပြီး /nomutex ဆိုတာကို တန်းပြီး ထည့်ထားတာပါ။ အားလုံးပြီးသွားရင်တော့ Apply , OK ပေးလိုက်ရင် Gtalk တွေကို ကြိုက်သလောက် ပွားနိုင်ပါပြီ။

Gtalk-online English Myanmar Dictionary

ကျွန်တော် သူငယ်ချင်းတွေကို ပြောပြဖို့ တစ်ခုမေ့နေတယ် gtalk ကနေ language ကို ပြောင်းတာလေကျွန်တော်လဲ သူငယ်ချင်းတစ်ယောက်ကပေးလို့ ဒီနေ့သိလိုက်ရတာပါဗျာ .....en2mm3@mmgeeks.org ဆိုတဲ့အကောင့်လေးကို ကျွန်တော်တို့ တစ်ခြားသူငယ်ချင်းတွေကို invite လုပ်သလိုမျိုးပဲလုပ်လိုက်ပါ။သူ့အကောင့်က အမြဲတမ်း မီးစိမ်းလေးပြနေပါလိမ့်မယ်။ သူ့အကောင့်ကိုမြင်ရပြီဆိုရင်တော့ ကျွန်တော်တို့ chatting လိုပဲ တစ်ခုခု ရိုက်ပြီး Enter ခေါက်ရမှာပါပဲ။ အတူတူပါပဲ။ အခုဟာကလဲ ဒီပုံစံအတိုင်းပဲလေ။ ကိုသိချင်တဲ့ အင်္ဂလိပ်စာကို ရိုက်ထည့်လိုက်ပြီး enter ခေါက်လိုက်။ en2mm@mmgeeks.org ဆိုတဲ့ဖက်ခြမ်းကနေ Auto Answer ပြန်ပေးပါလိမ့်မယ်။ ကျွန်တော် ဒီပို့စ်ရဲ့နောက်ကပဲ တစ်ခြား ဘာသာတွေကို ထပ်ပြီးတော့ထည့်ပေးပါ့မယ်။အရင်တုန်းက ကျွန်တော် ဒီပို့စ်ကိုမရေးတာ မြန်မာအင်္ဂလိပ်မပါသေးလို့ စိတ်သိပ်မ၀င်စားသေးတာလဲပါတယ်ဗျ။ ဒီနေ့မှ မထင်မှတ်ပဲ ရလိုက်တာလေ။

torsdag den 10. september 2009

Gtalk Off Line Login

ကို ကျော်သူလင်း ကလဲရှာဖွေတင်ပြပါတယ် အများကြီးပဲ .... ကျွန်တော့်ဟော်တယ် က ချက်ပုန်း လေးတွေ အတွက် တော့ special ပေါ့ ... ဒီတစ်ခါ ကျွန်တော် ကူး ပြချင်တဲ့ အကြောင်းလေးကတော့ Gtalk က ကိုယ့်ရဲ့ သူငယ်ချင်းတွေကို ကိုယ်ကတော့ မြင်ရမယ် သူတို့ ။ offline ဖြစ်နေမယ်… အဲဒါကို တစ်ချို့ကတော့ Mail ထဲကနေ invisible လုပ်ထားကြတယ်။ အခု ကျွန်တော် ဖော်ပြချင် တာကတော့ Mail ထဲကမဟူတ်ဘူး။ Gtalk Gadget လို့ ခေါ်တယ်… ဒီနေရာလေးကိုသွားလိုက်ပါ။

lørdag den 15. august 2009

Chatting သင်္ကေတများ…..

သူငယ်ချင်းတယောက်ဆီကပါ ဒါတွေနားလည်မှ ချက်တင်ထိုင်ရမယ့် သဘောမဟုတ်ပါဘူးနော်

Chatting သင်္ကေတများ

ATM = At the moment = ဒီခဏ၊ အခု၊ အခိုက်အတန့်မှာ
;-) = wink = သိတယ် မဟုတ်လား
:-{ = sad face = ၀မ်းနည်းနေတယ်။
10Q = thank you = ကျေးဇူး
24/7 = 24 hours a day, 7 days a week = တစ်ပတ်မှာခုနှစ်ရက်၊ တစ်ရက်မှာ၂၄ နာရီ
brb = be right back = အခု ပြန်လာခဲ့မယ်
B4 = before = …မတိုင်ခင်
B/C = because = ဘာဖြစ်လို့လဲဆိုတော့
afaik = as far as I known = ငါသိထားတာနဲ့ ဝေးလွန်းတယ်
asap = as soon as possible = ဖြစ်နိုင်ရင် အခုချက်ချင်း
cu18R = see you later = နောက်မှ တွေ့မယ်
u = you = သင်
esp = especially = အထူးသဖြင့်
18R = later = နောက်မှ
MYOB = mind your own business = ကိုယ့်လုပ်ငန်းကိုယ် အာရုံစိုက်ပါ
ppl = people = လူများ
FYI = for your information = မင်းရဲ့ သတင်းအတွက်
IH8U = I hate you = မင်းကိုမုန်းတယ်
wtg = way to go = သွားဖို့ နည်းလမ်း
wtrdo’n = what are you doing = ဘာလုပ်နေလဲ
wuteva = what ever = ဘာပဲဖြစ်ဖြစ်
wuz = was = N/A
xcuz = excuse = ခွင့်ပြုပါ
whoz = who is = ဘယ်သူရဲ့
xqzme = excuse me = င့ါကို ခွင့်ပြုပါ
xlnt = excellent = အကောင်းဆုံး
yw = you are welcome = ကြိုဆိုပါတယ်
yvw = you are very welcome = ကြိုဆိုပါတယ်
yt = you there = မင်းဒီမှာ လား
yrs = years = နှစ်များ
ya = yes = ဟုတ်ကဲ့
uno = you know = မင်းသိတယ်
U/I = upload = file ကို web ပေါ်တင်ခြင်း
da = the = N/A
hw = home work = အိမ်စာ
d/l = download = web ပေါ်မှ file ကို ရယူသည်
duz = does = N/A
့h/o = hold on = ဆက်လုပ်
h8 = hate = မုန်းတယ်
goin = going = သွားခြင်း
goz = go to = သွားရန်
gn = good night = မင်္ဂလာညပါ
duz = does = N/A
duznt = doesn’t = N/A
e1 = everyone = လူတိုင်း
ez = easy = အလွယ်လေး
fu = follow up = နောက်ဆက်တွဲ
gbu = god bless you = ဘုရားသခင် ကောင်းချီးပေးပါစေ
gimme = give me = ပေးပါ
gi = good job = အလုပ်ကောင်း
8 = ate = စားသည်
BB = bye bye = တာ့တာ
KK = OK = အိုကေ
obtw = oh..by the way = ဒါနဲ့ ..စကားမစပ်
lol = laugh out loud = ရယ်လိုက်ရတာ
BRB = be right back = ပြန်လာခဲ့ပါ
coz = cause = အကြောင်းက
noob = = လူသစ်
m4dskIIIZ = တစ်ခုခုတွင် အထူးကျွမ်းကျင်သည့်လူ
joo = ဗန်းစကားပြောခြင်း
IMHO = In my honest opinion = ငါ့ရဲ့ အရိုးဆုံးဆန္ဒက
b4k4 = တစ်ကိုယ်ကောင်းဆန်သူ
gg = good game = ပွဲကြီးပွဲကောင်း
pron = porn ကို ကျော်သည်
pwn = လွှမ်းမိုးခြင်း
ub3r = ကျော်လွှားရယူသည်
woot = ၀မ်းသာအံ့သြစွာ ပျော်ရွှင်မှု…
ull = you’ll = N/A
uno? = you know? = မင်းသိလား
ur = you are = မင်းဟာ…
v v = vice vesa = အပြန်အလှန်အားဖြင့်
w8 = wait = စောင့်ပါ
w/ = with = ..နှင့်..
w/e = whatever = ဘာပဲဖြစ်ဖြစ်
w-end = weekend = နောက်ဆုံးရက်သတ္တပတ်
w/o = without = မပါဘဲ
wazzup = what up? = ဘာဖြစ်တာလဲ
wanna = want to = ဆန္ဒရှိတယ်
wb = welcomeback = ပြန်လာတာ ကြိုဆိုပါတယ်
ltnc = long time no see = မတွေ့တာကြာပြီ
u’d = you had = N/A
wnwu = what new with you = ဘာသတင်းတွေ မင်းမှာရှိသလဲ
wru = who are you? = မင်းဘယ်သူလဲ
Ruok = are you ok? = အဆင်ပြေလား
PAW = parents are watching = မိဘတွေ ကြည့်နေတယ်
OIC = oh, I see = ငါသိပြီ
NP = no problem = ပြဿနာမရှိ
NO1 = no one = ဘယ်သူမျှ
NE1 = anyone = လူတစ်ယောက်မျှ
NE = any = N/A
Lv = love = အချစ်
>^,,^< = cat = ကြောင် CYA = see ya = တွေ့မယ်လေ %-) = confused = … :-> = hay = (အော်..ခေါ်တဲ့အသံ)
:- = hmm = ဟမ်!
#:-o = oh! no = အို..ဟင့်အင်း
{ } = no comment = ထင်မြင်ချက် မပေး
: - x = tongue-tied = ပါးစပ်ချုပ်ထားတယ်
: - # = my lips are sealed = ပါးစပ် ကော်ကပ်ထားတယ်
:- e = dissapointed = အားငယ်တယ်
:- (*) = sick comment = ဖျားနာနေတယ်
:^D” = great! I like it = ကောင်းတယ် ကြိုက်တယ်
:-( = totally inbelievale = မယုံကြည်နိုင်လောက်အောင် ၀မ်းနည်း
:-@ = screaming = အလွန်
(:-) = blad = ထိပ်ပြောင်ပြောင်နဲ့
:- = angry = ဒေါသဖြစ်တယ်
<3 you ="”" broken =" အသည်းကွဲနေတယ်" rose="နှင်းဆီသင်္ကေတ" v="talking=" shouting =" အော်နေတယ်">:-( = very angry=အရမ်းစိတ်ဆိုးတယ်
- = sleeping = အိပ်ပျော်နေတယ်
gt8 = great = ခမ်းနားတယ်
hb = hurry back = အမြန်ပြန်ခဲ့
hud = how you doing? = ဘယ်လို လုပ်တာလဲ
ibyp = I beg your pardon = တောင်းပန်ပါတယ်
idk = I don’t know = ငါမသိဘူး
Ilu = I love you = မင်းကိုချစ်တယ်
gonna=going to= သွားတော့မလို့…
gl=good luck=ကံကောင်းပါစေ
gm=good morning=မင်္ဂလာနံနက်ခင်း
ROFL=rolling on floor laughing=လူးလိမ့်နေအောင် ရယ်သည်
tgif=thank god it’s friday = -
w8ing=waiting = စောင့်စိုင်းခြင်း
piss–>=piss off= ထွက်သွား
runu?=Are you nuts?= မင်းရူးနေလား
BCNU=be seeing you= တွေ့ရတာ
B2B=business to business= စီးပွားရေးဆန်သော ဆက်သွယ်မှု
P2P=peer to peer= P2P connection
g2g=google to guy= google မှ မှာကြားမှု
gtg=got to go= သွားလို့ရပြီ
GR8=great= ကြီးကျယ်ခမ်းနားတယ်
g2g=guy to girl= ယောကျာ်းလေးမှ မိန်းကလေး
IYQ=I Like you= မင်းကို နှစ်သက်တယ်
HQ=hate= မုန်းတယ်
HAND=have a nice day= မင်္ဂလာရှိသော နေ့ဖြစ်ပါစေ
sos=save our doul =ကယ်ပါ
soz=sorry= ၀မ်းနည်းပါတယ်
DYLM=do you like me= မင်းငါ့ကို ကြိုက်ရဲ့လား
f2T=free to talk = လွတ်လွတ်လပ်လပ်ပေါ့
k=okay= အိုကေ
Pls=please= ကျေးဇူးပြု၍
asl=age, sex, location= အသက်၊ လိင်၊ တည်နေရာ
%-}=intoxicated= ထိန်းမနိုင် သိမ်းမရပါလား
-o=snoring= အိပ်ပျော်ရင်း ဟောက်တတ်သူ
=:-) = uncle sam = အမေရိကန် သင်္ကေတ
@:-) = using a turban = ပန်ချာပီခေါင်းပေါင်းနဲ့ပါလား
MM = Myanmar = မြန်မာသင်္ကေတ
<:- = Monk/Nun = ဘုန်းကြီး
<-) = chinese = တရုတ်သင်္ကေတ
:-{) = with a moustache = နှုတ်ခမ်းမွေးကြီးနဲ့
:-{} = lip strick = နှုတ်ခမ်းနီ
:-? = smoking a pipe = ဆေးတံသောက်နေတယ်
:-)))) = a person with multiple chins = မေးအထပ်ထပ်နဲ့လူ (အတ္တကြီးတဲ့လူ)
£$£:-) = I m rich! = လူချမ်းသာ
}:-(= = dracula = သွေးစုပ်ဖုတ်ကောင်
B-) = sunglasses = နေကာမျက်မှန်များ
B:-) = sunglasses on head = မျက်မှန်ခေါင်းပေါ်တင်ထားတယ်
oo = cock = မအား
(’}{’) = kissing lovers = ချစ်သူတွေအနမ်း
:* = kiss = အနမ်း
:o* = kiss = အနမ်း
:x = secret’s safe = လျှို့ဝှက်ချက်ရှိတယ်
o:- = Angel = နတ်သမီး
:*)? = Are you drunk? = သောက်ထားလား
:-ozz zz ZZ = bored or tired = ပျင်းနေလား၊ မောပန်းနေလား
}):(} = butterfly = လိပ်ပြာ သင်္ကေတ
e=:-) = chef = လူကြီ


ပြန်သိမ်းပေးခဲ့ပါခင်ဗျာ.....

Free Call Gtalk from every where!

Gtalk ကနေ ဖုန်းအလကား ခေါ်ကြရအောင်!!!
Original Post is Here By ဘလူးဖီးနစ်

အရင်ဖတ်ပြီးသူများ မှတ်ချက် update ကိုကြည့်ပါခင်ဗျာ
Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။ ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ ဒီမှာ စာရင်းပေးသွင်းနိုင်ပါပြီ။အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
၁။ Google Talk ကိုဖွင့်ပါ။
၂။ ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
၃။ အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။Make calls from your Google Talk
Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။Helpful Hintsဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။loတွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောငgin်းပါးလိုက်ပါရစေခင်ဗျာ။အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။

PDF နဲ့ ရယူလိုရင် ဒီက ယူပါ။မှတ်ချက်။ ဘယ်အရာမှ အလကားမရဘူး ဆိုတဲ့ အတိုင်း ဒီစံနစ်ကို သုံးတဲ့ သူတွေမှာ ဂျီတော့သမားက ပိုက်ဆံမကုန်ပေမယ့် ဖုန်းနဲ့ပြန်ဆက်ရတဲ့သူက ပိုက်ဆံဖြတ်ခံရကြောင်း ကြားသိရပါတယ်ခင်ဗျာ။ ဒါပေမယ့် ဘာပဲပြောပြော လိုအပ်ချက်ရှိလာရင်တော့ အသုံးပြုနိုင်တာမို့ အသုံးဝင်နေဦးမယ်လို့ ထင်ပါတယ်။ စီးပွားရေးသမားတွေရဲ့ လှည့်ကွက်တစ်မျိုးပဲ လို့သာ သင်ခန်းစာ ယူကြပေတော့ဗျို့ :Pမှတ်ချက် update။ ကျွန်တော်ထပ်သိရတဲ့ သတင်းအရ ပိုက်ဆံ ဖြတ်တာက ဟိုဘက်ကသုံးနေတဲ့ ဖုန်းကဒ်နဲ့ ဆိုင်တယ် ဆိုပဲဗျ။ ဒါပေမယ့် စနေ၊ တနင်္ဂနွေဆို ဘယ်နိုင်ငံ ဘယ်ကဒ် ဖြစ်ဖြစ် ပိုက်ဆံ မဖြတ်ဘူးလို့ သိရပါတယ်။ စမ်းကြည့်လိုက်ကြပါဦး။




Let's open Gtalk 1to 10

Running Multiple Instances of Google Talk

သင့်မှာ Gmail Address နှစ်ခု ရှိတယ်ဆိုကြပါဆို့။ ဒါပေမဲ့ GTalk မှာ ချက်တင် ၀င်တဲ့အခါ Primary mail နဲ့ပဲ ၀င်နေရတယ်။ နောက် mail adress တစ်ခုနဲ့ပါ တပြိုင်နက် (polygamy) ထပ်ဝင်ပြီး အားရပါးရ ချက်ချင်သေးတယ်ဆိုရင် ဒီတိုင်းလုပ်ပေးလို့ ရပါတယ်။
၁။ Destkop ပေါ်က GTalk icon ကို right click လုပ်ပါ။၂။ Properties ကိုရွေးပါ။၃။ Target(location of file) ဆိုသောနေရာကို ရှာပါ။

၎။ ထို့နောက် Target Address ၏နောက်ဆုံးတွင် space ခြားပြီး /nomutex ဆိုသော စာသားလေးကို ရိုက်ထည့်ပေးလိုက်ပါ။


၅။ ထို့နောက် Apply ကို Click လုပ်ပါ။ ပြီးလျှင် သင်၏ primary gamil address နှင့် GTalk သို့ Login လုပ်ပါ။ဒုတိယအကြိမ်ဝင်ရန်အတွက် Desktop ပေါ်တွင်ရှိသော GTalk icon ကို Click နှိပ်ပြီး secondary gmai address နှင့် username ကိုထည့်ပါ။ ဒါဆို သင့်တွင် GTalk window နှစ်ခု ပေါ်လာပြီး လက်မညောင်းမချင်း ချက်နိုင်ပါပြီ

Gtalk ကဲ့သို့အသုံးပြုနိုင်မည့် M-talk တဲ့....

မြန်မာနိုင်ငံ၏ ပထမဆုံးသော အွန်လိုင်းမှပြည်တွင်း၊ ပြည်ပဖုန်းခေါ်ဆိုခြင်း၊ အီးမေးလ်၊ ချက်တင်အသုံးပြုခြင်းများကို ၀န်ဆောင်မှုပေးမည့် Mtalk ဆားဗစ်ကို မကြာမီကာလအတွင်း အများပြည်သူသို့ စတင်သုံးစွဲခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။အဆိုပါဝန်ဆောင်မှုအား ပြည်တွင်းမှနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Myanmar Technology Gateway မှဆောင်ရွက်လျက်ရှိကြောင်းသိရသည်။Mtalk ဆားဗစ်မှာ မြန်မာပြည်တွင်း၌လူသုံးများလျက်ရှိသော Gtalk နှင့် Pfingo ကဲ့သို့ ၀န်ဆောင်မှုများအတိုင်း ၀န်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။“ Mtalk ဆားဗစ်ကို စပြီးအကောင်အထည်ဖော်ခဲ့တာကြာပါပြီ။ အဓိကရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာရှိတဲ့သူတွေအနေနဲ့ နိုင်ငံတကာသို့ အွန်လိုင်းပေါ်ကနေဖုန်းခေါ်တာတို့၊ chatting လုပ်တာတွေကို ပြည်တွင်းကနေ ၀န်ဆောင်မှုပေးချင်တာကြောင့် ဖြစ်ပါတယ်။နောက်ထပ် ၂လ၊ ၃လအတွင်းလောက်မှာ Pfingo လိုမျိုးအကောင့်ရှိရုံနဲ့ ပြည်တွင်းရော၊ ပြည်ပရော အွန်လိုင်းကနေဖုန်းခေါ်ပြောဆိုနိုင်မဲ့ဝန်ဆောင်မှုကို စတင်တော့မှာဖြစ်ပါတယ်” ဟု Myanmer Technology Gateway မှ တာဝန်ရှိသူ ဦးအောင်ကျော်စိုးဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။လက်ရှိအချိန်တွင် Mtalk Application အားစတင်သုံးစွဲရန် Download လုပ်ခွင့်ပေးထားပြီး သုံးစွဲသူ၏အမည်နောက်တစ်ခုနှင့် email Chatting အသုံးပြုနိုင်ကြောင်းသိရသည်။Mtalk ၏၀န်ဆောင်မှုတွင် ထူးခြားချက်မှာ Mtalk အသုံးပြု သူများသည် Gtalk အသုံးပြုသူများကိုပါဖိတ်ခေါ်၍ ပြောဆိုနိုင်ခြင်း၊ Mtalk မှတဆင့် နိုင်ငံတကာဖုန်းများကို တိုက်ရိုက်ခေါ်ဆိုနိုင်သည့်ဝန်ဆောင်မှုများကို ပေးသွားမည်ဖြစ်ကြောင်းသိရသည်။“ လတ်တလောမှာ အီးမေးလ်နဲ့ chatting ကိုအခမဲ့သုံးခွင့်ပေးမယ်၊ VOIP ကိုစမ်းသုံးခွင့်ပေးမယ်၊ အွန်လိုင်းပေါ်ကနေ ဖုန်းခေါ်ဆိုတဲ့စနစ်အတွက်ကိုတော့ ငွေပေးသွင်းတဲ့စနစ်နဲ့ စီစဉ်ထားပါတယ်။လောလောဆယ်ကတော့ ဘယ်လောက် ပေးသွင်းရမယ်ဆိုတာကို မသတ်မှတ်ရသေးပါဘူး” ဟုတာဝန်ရှိသူ ဦးဇော်မင်းဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။ယင်းကုမ္ပဏီ၏ Mtalk အတွက်အသုံးပြုသည့်ဆာဗာမှာ ပြည်တွင်း၌ပင်ရယူထားကြောင်းသိရသည်။Mtalk ၀န်ဆောင်မှုအား အသေးစိတ်လေ့လာလိုသူများအနေဖြင့် www.Myanmartalk.net တွင် ၀င်ရောက်လေ့လာနိုင်သလို Mtalk Application Software ကိုလည်း အခမဲ့ Download လုပ်ခွင့်ပေးထားကြောင်းသိရသည်။

Virus Alarm ! ! !

တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ အကြောင်းကြားချက်နဲ့ Email စာတစ်စောင်တစ်စောင် ၀င်လာရင် Email မှာ ပါလာတဲ့ Attached File ကို လုံးဝ(လုံးဝ) မဖွင့်မိဖို့ Sophos အမည်ရှိ ကွန်ပြူတာလုံခြုံရေး နည်း ပညာကုမ္ပဏီတစ်ခုက သတိပေးထားပါတယ်။ အဲဒီ Email မှာ မြန်မာစစ်အစိုးရရဲ့ အကြမ်းဖက် ဖမ်းဆီးနှိပ် ကွပ်မှုတွေကို ခံနေရတဲ့ ရဟန်းသံဃာတော်များနဲ့ ပြည်သူလူထုကို ထောက်ပံ့ကူညီဖို့ ဘုန်းတော်ကြီး ဒလိုင်း လားမားက မေတ္တာရပ်ခံထားပြီး ဒလိုင်းလားမားရဲ့ မူရင်းစာကို Attached File မှာ ဖွင့်ကြည့်ဖို့ ညွှန်ကြား ထားပါတယ်။
အဲဒီဖိုင်ကို ဖွင့်လိုက်ရင် ထရိုဂျန်အမျိုးအစား ဗိုင်းရပ်စ်တစ်မျိုးဟာ ကိုယ့်ရဲ့ ကွန်ပြူတာအတွင်း ၀င်ရောက်လာ ပြီး ကိုယ့်ရဲ့ စကားဝှက်တွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဘဏ်စာရင်း နံပါတ်တွေကို ယူသွား လိမ့်မယ်လို့ သတိပေးထားပါတယ်။ ဗိုင်းရပ်စ်ပါဝင်တဲ့ Attached File ရဲ့ အမည်ကတော့ ddhl burma_001.dot ဖြစ်ပါတယ်။ (Source: DVB)သုံးသပ်ချက် ။ ။ ဒီဗိုင်းရပ်စ်ကို နအဖက ငှားရမ်းထားတဲ့ ရုရှက ကွန်ပြူတာဟက်ကာများက ဖြန့်ဝေတယ်လို့ ယူဆပါတယ်။ မကြာသေးခင်ကဘဲ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ချို့ သူတို့ရဲ့ Email ကို ၀င်ကြည့်ခံရတယ်လို့ သတိပေးပါတယ်။ ဒါဟာ မြန်မာဘလော့ဂါတွေကို အစီအစဉ်ကျကျနဲ့ ဖျက်ဆီးလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ် ဆောင်နေတာ သိသာထင်ရှားပါတယ်။ ဒီသတင်းကို နီးစပ်ရာ ဘလော့ဂါတွေနဲ့ မျိုးချစ်မြန်မာလူငယ်များကို လက်ဆင့်ကမ်းပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။Best Regards,Songအကိုအမများ၊ သူငယ်ချင်းများခင်ဗျား ...ဒီလင့်ကို လုံးဝအသုံးမပြုကြပါနဲ့ခင်ဗျာ။ အထူးသဖြင့် ကိုယ့်ရဲ့ e-mail account နဲ့ login မလုပ်မိဖို့ အရေး ကြီးပါတယ်။ IT technician ညီလေးတယောက် သတိပေးတာပါ။ ဒီလင့်ကိုသုံးမိရင် ကိုယ်မသိဘဲ ကိုယ့်ရဲ့ password ကို ခိုးယူပြီး အခြားသူတွေဆီကို မေးလ်တွေ အလိုလို ပို့တတ်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ အချက် အလက်တွေကိုလည်း ခိုးယူတတ်ပါတယ်။ စုံစမ်းလို့ရသလောက်ဆိုရင် နအဖဘက်က အစီစဉ်တကျ လုပ် ဆောင်နေတယ်လို့ ယူဆရပါတယ်။ လက်လှမ်းမီသလောက်လည်း ဖြန့်ဝေပေးကြပါ။ ၀င်လာတဲ့ မေးလ်တွေ ကိုလည်း သေချာစိစစ်ပြီးမှ အကြောင်းပြန်တာမျိုး လက်ခံတာမျိုး လုပ်သင့်ပါတယ်။- http://gtalkbomber.mail2customer.com !! Dangerous site ... who know they steal your password and get mail from inbox .. to look for something that government wants ...regards,moethway
source:ွဒေါက်တာလွဏ်းဆေ