lørdag den 13. marts 2010

Vipre Vipre Antivirus+ Anti-spyware


Vipre ဟာ antivirus Antispyware ကိုရောပြီးပေးထားတဲ့ အင်ဂျင်ဖြစ်ပါတယ်။ ဖိုင်တွေကို လုံးဝပျက်သွားအောင် ဖျက်ဖို့၊ browsing သမိုင်းကိုနောက်လူဝင် မကြည့်နိုင်အောင် ဖျက်ဖို့နဲ့ ကွန်ပျူ တာ နောက်ကွယ်မှာမသိတဲ့ ပရို ဂရမ်တွေ အလုပ်မလုပ်နိုင်ဖို့ စတဲ့ လုပ်ဆောင်ချက်တွေကို အပြည့် (Vipre Antivirus+ Anti-spyware) အ၀ပေးထားတဲ့ ပရိုဂရမ်ဖြစ်ပါ တယ်။ မကောင်းတဲ့အချက်ကတော့ Vipre မှာ ယခုလက်ရှိအထိ firewallိ ကာကွယ်မှုမပါရှိသေးတာဖြစ် ပါတယ်။ CounterSpy antispyware ဆုကို ဆွတ်ခူးသွားခဲ့တဲ့ Sunbelt Software ဟာ ယခုအခါမှာ antivirus နဲ့ပတ်သက်တဲ့အတွေ့ အကြုံနှစ်ပေါင်းနှစ်ဆယ်ကျော်ပေါ် မှာ အခြေခံပြီး ဒီဆော့ဖ်ဝဲကို ထုတ် လိုက်တာဖြစ်ပါတယ်။

Antivirus နဲ့ antispyware အင်ဂျင်တွေကို တွဲဆက်ပြီးလက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ရှင်းနိုင်ဖို့ စီမံပေး ခဲ့တာဖြစ်ပါတယ်။ Vipre ဟာ လက်ရှိဈေးကွက် ထဲမှာရှိနေတဲ့ antivirus ထုတ်ကုန် သုံးပုံနှစ်ပုံထက် ပိုမိုကောင်းမွန် ပါတယ်။ လုပ်ဆောင်ချက်ကလည်း အလွန်ကောင်းပါတယ်။ Vipre တစ်ဦးတည်းသုံးဖို့ အတွက် လိုင်စင်ယူမယ်ဆိုလျှင် တော့ ၂၉.၉၅ ဒေါ်လာတောင်းခံ ထားပါတယ်။ သုံးယောက်သုံးမယ် ဆိုလျှင်တော့ ၃၉.၉၅ ဒေါ်လာ တောင်းခံမှာဖြစ်ပြီး အိမ်မှာရှိတဲ့လူ တွေအားလုံးသုံးမယ်ဆိုလျှင်တော့ ၄၉.၉၅ ဒေါ်လာပေးချေရမှာဖြစ်ပါတယ်။

Upgrade လုပ်ဖို့အတွက် ၉၅.၉၅ ဒေါ်လာပေးရမှာဖြစ်ပါ တယ်။ ဆယ့်ငါးရက်လောက် အခ မဲ့ပေးသုံးထားပါတယ်။ Vipre ကို သုံးမယ်ဆိုလျှင် Windows 2000, Windows XP သို့မဟုတ် Vista တို့အပေါ်မှာ သုံးစွဲနိုင်ပါတယ်။ Windows 95,98 သို့မဟုတ် Me နှင့် Linux သို့မဟုတ် Macin-tosh တို့အပေါ်မှာတော့ အလုပ် လုပ်နိုင်စွမ်းမရှိပါဘူး။ Vipre ကို instalူ လုပ်တဲ့အခါ မှာ မိနစ်အနည်းငယ်သာကြာမှာ ဖြစ်ပြီး reboot လုပ်ဖို့ မလိုအပ်ပါ ဘူး။ ဖိုင်တွေကို install လုပ်ပြီးတဲ့ အခါမှာ wizard က ဖော်ပြပါ ခေါင်းစဉ်တွေအတွက် မေးခွန်း အနည်းငယ်မေးပါလိမ့်မယ်။ အင် တာနက်နှင့် proxy Setting? အလိုအလျောက် update ပြုလုပ် ခြင်း (default အားဖြင့် နှစ်နာရီ တစ်ကြိမ်)၊ active ကာကွယ်မှုettinှ (အဆင့်မြင့်၊ အလယ် အလတ်၊ အနိမ့်ပိုင်း) နဲ့ အချိန် ဇယားနှင့် scan့ ဖတ်မလား စသည်တို့ဖြစ်ပါတယ်။

Vipre ရဲ့ interface (မျက်နှာ စာ) ဟာ ဘယ် antivirus တွေ ထက်မဆို ရိုးရှင်းမှုရှိလှပါတယ်။ စွမ်းဆောင်ရည်မြင့်သလို သုံးစွဲရ တာလည်း လွယ်ကူမှုရှိပါတယ်။ ab လေးခုပါရှိပြီး Scan, Manage, Toolsး နဲ့ Overview Page ဆိုပြီးဖြစ်ပါတယ်။ Vipre ကို ဖယ် ရှားပစ်မယ်ဆိုလျှင်တော Windows Control Paneူ ရဲ့ Add and Remove Software ကနေ ဖယ်ရှားပစ်ရမှာဖြစ်ပါတယ်။ ဒီ ဆော့ဖ်ဝဲက uninstall လုပ် ဆောင်ချက်ကို ထည့်ပေးမထားပါ ဘူး။ အင်္ဂါရပ်များ Antivirus နဲ့ antispyware ကာကွယ်မှုတို့ကို ပေါင်းစပ်ထား တာဖြစ်ပြီး ဖိုင်ဖျက်မှု စတဲ့အခြား သော အသုံးဝင်တဲ့ tool တွေကို လည်း ထည့်ပေးထားပါတယ်။

PC Explorer သို့မဟုတ် အင်တာနက် browser cache တို့ကို ရှင်းထုတ် တာတွေကိုလည်း ထည့်ပေးထား ပါတယ်။ Firewall ကာကွယ်မှုဟာ အခြားသော antivirus software တွေမှာပါသလို မပါဝင်တာ ကတော့ အားနည်းချက်ဖြစ်နေပါ တယ်။ လုပ်ဆောင်ချက် CET, Lab ရဲ့ Windows XP့ မှာ စမ်းသပ်မှုအရVipreရ ဟာ တစ် စက္ကန့်အတွင်းမှာ iTune စမ်းသပ် မှုကို ကျော်လွှားနိုင်ခဲ့ပြီး၊ မိုက္ကရို ဆော့ဖ် Office ကို စမ်းသပ်တဲ့ အခါမှာ ၁,၃၇၈.၆, စက္ကန့်သာ ကြာတာကိုတွေ့ရပါတယ်။ Folder တစ်ခုထဲမှာ ဖိုင်တွေ အမြောက် အမြားထည့်ပြီး စမ်းသပ်တဲ့အခါ မှာတော့ ၁၂၂ စက္ကန့်သာကြာတဲ့ အချိန်မှာ အောင်မြင်စွာ လုပ် ဆောင်နိုင်ခဲ့ပါတယ်။ Vipre ရဲ့ boot အမြန်နှုန်းဟာ ၂၈.၇၃ စက္ကန့်ဖြစ်ပါတယ်။

Ingen kommentarer:

Send en kommentar