Viser opslag med etiketten autorun. Vis alle opslag
Viser opslag med etiketten autorun. Vis alle opslag

søndag den 21. marts 2010

CPE 17 Autorun Killer 1.8.0

USB နဲ့ ပတ်သက်ပြီး Security အနေနဲ့ USB Security Tool ကို ဒီမှာ ဖော်ပြပြီး ဖြစ်ပါတယ်။ မိမိကိုယ်တိုင်လဲ USB Security Tool ကို သုံးနေဆဲပါ။ တော်တော်လဲ အဆင်ပြေနေတယ် ဆိုရမယ်။ အဲဒါလေးကြောင့် USB ပေါက်တွေကိုလဲ စိတ်ချလက်ချ ထိုးနေတယ်။ ဟီး။

အခု နေရာတော်တော်များများက သိတဲ့ USB Stick မှာ ဗိုင်းရပ်စ် ကင်းမကင်း စစ်တဲ့ အရာလေး တစ်ခု ဖော်ပြ လိုက်ပါတယ်။ အားလုံး သိပြီးသားပါ။ ပေါ့ပေါ့ပါးပါးနဲ့ သုံးစွဲလို့ ရပါတယ်။ CPE 17 Autorun Killer လေးပါ။ ဒီဆော့ဝဲလ်လေး run ထားပြီး USB ထိုးလိုက်ရင် ဗိုင်းရပ်စ် မရှိရင် Your drives is Clean လို့ ပြမှာပါ။ ဒီမှာသာ Download ပေတော့။
source:မောင်စေတနာ

Drive A ကနေ Z အထိ ပိတ်မယ်

ဒီဆော့ဝဲလ်က မိမိမှာ ရှိနေတာ ကြာပြီ။ ဆိုင်ကနေ (၅၀၀)နဲ့ ၀ယ်ထားတာ။ ဟီး။ မိမိအတွက် သိပ်အသုံးမ၀င်တာနဲ့ စာဖတ်သူတွေကိုလဲ မေ့နေတာ။ ဟိုတစ်နေ့က ညီလေးတစ်ယောက်က အွန်လိုင်းဆိုင်မှာ တစ်ချို့ User တွေက ဆော့ဝဲလ်တွေ သွင်းလိုက်၊ ဖျက်လိုက် လုပ်သွားလို့ ကာကွယ်တဲ့နည်း ပေးပါဆိုလို့ ဖော်ပြပေးလိုက်ပါတယ်။

ဒီဆော့ဝဲလ်သုံးမယ်ဆိုရင် သူရဲ့ လုပ်ဆောင်ချက်တွေကို သိအောင် ရှင်းလင်းပြမယ်။
(၁) Drive A ကနေ Z အထိ Hide, Lock, Disallow Autorun စတာတွေ လုပ်လို့ရတယ်။
(၂) HDDs, Floppy, CD/DVD, RAM Disks စတာတွေကိုလဲ Disallow Autorun လုပ်လို့ရတယ်။

ဥပမာ- မိမိတို့ စက်ရဲ့ Data (D:) ကို ဖျောက်ထားတာတို့၊ Lock ချမယ်ဆိုရင် Password ပေးပြီး Security လုပ်ထားလို့ရတာပေါ့။ နောက်ပြီး CD/DVD တွေ၊ HDD တွေ ကိုလဲ ပိတ်ထားလို့ ရပါတယ်။ ဒါဆိုရင် အတိုင်းအတာ တစ်ခုထိ ကာကွယ်လို့ ရသွားပြီပေါ့။ ဒီမှာ Download ယူ။ အဆင်ပြေပါစေ။
source:မောင်စေတနာ

Open With ပြဿနာ

မိမိတို့ရဲ့ ကွန်ပျူတာမှာ ဖြစ်တတ်တဲ့ ပြဿနာတစ်ရပ်ကို ဖော်ပြပေးလိုက်ပါတယ်။ My Computer ထဲက Local Disk (C:) တို့ (D:) တို့ ဖွင့်တဲ့အခါ Open မဖြစ်ပဲ Open With Box ပေါ်တဲ့ စက်တွေအတွက် ဖြေရှင်းရမယ့် နည်းလမ်းလေးတွေပါ။ အေက်က ပြထားတဲ့ ပုံလို ဖြစ်ခဲ့ရင်ပေါ့။
ဒီလို ပြုလုပ်ရပါလိမ့်မယ်။

၁) Start မှ Run ။ ပြီးရင် cmd ကို ရိုက်ဖွင့်ပါ။
၂) cmd box ပေါ်လာလျှင် cd\ ကို ရိုက်ပြီး enter ခေါက်ပါ။
၃) attrib -r -h -s autorun.inf ကို ရိုက်ပြီး enter ခေါက်ပါ။
၎) del autorun.inf ကို ရိုက်ပြီး enter ခေါက်ပါ။ Yes or No မေးခွန်းတွင် Y ကို နှိပ်လိုက်ပါ။
၅) ပြီးလျှင် d: ကို ရိုက်၍ enter ခေါက်ပါ။ ပြီးလျှင် အဆင့်(၃)နှင့် (၄)တွင် လုပ်ခဲ့သည့်အတိုင်း ပြန်လုပ်ပါ။
(အကယ်၍ Local Disk သည် (C:) (D:) (E:) တို့ ရှိခဲ့လျှင် အထက်က ပြသည့်နည်းအတိုင်း ပြုလုပ်ပါ။ d: နေရာတွင် e: ကို ပြုလုပ်သွားရမည် ဖြစ်သည်။)
၆) Restart ပြုလုပ်ပါ။
source:မောင်စေတနာ