Viser opslag med etiketten Iphone. Vis alle opslag
Viser opslag med etiketten Iphone. Vis alle opslag

søndag den 22. august 2010

How to install Zawgyi on JailBroken iPod/iPhones

အခုရေးမယ့် Guide က Jailbroken လုပ်ထားတဲ့ iPod Touch နဲ့ iPhones တွေပေါ်မှာ Zawgyi Font ကို install လုပ်တဲ့ နည်းဖြစ်ပါတယ်။ Zawgyi font နဲ့ ရေးထားတဲ့ webpages တွေကို ဖတ်လို့ရအောင်ပါ။ အခု guide က Windows ပေါ်မှာ လုပ်နည်းကိုပဲ ရေးသွားပါမယ်။ iPod/iPhone ကတော့ ဘယ် generation မဆို JB ဖြစ်ရင် လုပ်လို့ရပါတယ်။
Font ကို install လုပ်ဖို့ iPod ပေါ်မှာ OpenSSH တင်ထားဖို့ လိုပါမယ်။ OpenSSH ကို Cydia ကနေ install လုပ်လိုက်ပါ။ ပြီးရင် Windows အတွက် WinSCP ကို ဒီကနေ download လုပ်ပြီး Install လိုက်ပါ။ iPod ရဲ့ FontCache file ကို edit လုပ်ဖို့ pledit.exe ကိုလဲ ဒီကနေ download လုပ်ထားပါ။ တင်မယ့် Zawgyi font file ကိုလဲ အဆင်သင့် လုပ်ထားပါ။ တစ်ခု သတိထားရမှာက font extension က .ttf လိုမျိုး အကုန်လုံး အသေးနဲ့ ဖြစ်ရပါမယ်။ .TTF ဖြစ်နေရင် rename လုပ်ထားလိုက်ပါ။
Step by step ကို Screen shot ရိုက်ပြီး ပြချင်ပေမယ့် ကျွန်တော့် iPod ကို မနေ့ကပဲ Original Firmware ပြန်တင်ထားလို့ SSH နဲ့ ၀င်လို့မရတော့ပါဘူး။
WinSCP ကို သုံးပြီး iPod ထဲကို ၀င်ဖို့ Wireless Connection တစ်ခုရှိဖို့ လိုပါမယ်။ Access Point (or) Ad-Hoc နဲ့ Connection တစ်ခု လုပ်လိုက်ပါ။ iPod ရဲ့ IP ကိုလဲ မှတ်ထားပါ။
WinSCP ကို run လိုက်ပါ။ Hostname: ဆိုတဲ့ နေရာမှာ iPod ရဲ့ IP address ကို ထည့်ရပါမယ်။ Port က တော့ 22 ပါပဲ။ Username နေရာမှာ “root” နဲ့ password က “alpine” လို့ ထည့်ပေးလိုက်ပါ။ (quotes ” ” တွေ မပါပဲထည့်ရမှာပါ) ပြီးရင် Login ကို နှိပ်ပေးလိုက်ပါ။

Login successful ဖြစ်သွားရင် WinSCP ထဲက ညာဖက်မှာ iPod ရဲ့ System file တွေကို တွေ့ရမှာပါ။ ဘယ်ဖက်က PC ထဲက ဖိုင်တွေ ဖြစ်ပါတယ်။ အဲဒီ ညာဖက်က file directory တွေအပေါ်နားမှာ Directory ပြောင်းတဲ့ Dropdown button လေးတစ်ခု ရှိပါတယ်။ သူ့ကို နှိပ်ပြီး “\” ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် iPod ရဲ့ root ထဲကို ရောက်သွားပါပြီ။







/fonts ကို ပြန်ဝင်လိုက်ပြီး CGFontCache.plist ဆိုတဲ့ ဖိုင်ကို စက်ထဲကို ကူးထည့်လိုက်ပါ။ အဲဒီ ဖိုင်ကို edit မလုပ်ခင်မှာ backup အရင် လုပ်ထားလိုက်ပါ။



pledit.exe နဲ့ CGFontCache.plist ကို ဖွင့်လိုက်ပါ။ ကျွန်တော်တို့ Zawgyi အတွက် entry ၂ ခု လုပ်ပေးဖို့ လိုပါမယ်။ Zawgyi ဆိုတော့ Z နဲ့စလို့ List ရဲ့ အောက်ဆုံးက Z နေရာမှာ ထည့်ရမှာပါ။ (နမူနာ CGFOntCache.plist ကို download လုပ်ဖို့ ထည့်ပေးထားပါတယ်။) အောက်မှ ပြထားတဲ့ code ကို ရှာလိုက်ပါ။



<key>Zapfino</key>

<string>/System/Library/Fonts/Cache/Zapfino.ttf</string>



ပြီးရင် သူ့ရဲ့အောက်မှာ ကပ်ပြီး အဲဒီ ပုံစံအတိုင်းပဲ အပေါ်က Key ကွင်းထဲမှာ Zawgyi-One လို့ ထည့်ပြီး အောက်က String နေရာမှာက Zawgyi ရဲ့ path ကို ထည့်ပေးလိုက်ပါ။ ဒါဆိုရင် ဒီလို ဖြစ်သွားပါပြီ။



<key>Zapfino</key>

<string>/System/Library/Fonts/Cache/Zapfino.ttf</string>

<key>Zawgyi-One</key>

<string>/System/Library/Fonts/Cache/Zawgyi-One.ttf</string>




နောက် တစ်ဆင့်ကို ဆက်သွားပါမယ်။ အပေါ်က အတိုင်းလိုပါပဲ CGFontCache ရဲ့ အောက်ဆုံးမှာ entry တစ်ခု ထည့်ပေးရပါမယ်။ အောက်မှာပြထားသလို ရှာပြီး ဖြည့်လိုက်ပါ။




<key>Zapfino</key>

<dict>

<key>Plain</key>

<string>Zapfino</string>

</dict>

<key>Zawgyi-One</key>

<dict>

<key>Plain</key>

<string>Zawgyi-One</string>

</dict>



တစ်ခု သတိထားရမှာက အခု code ရဲ့ အောက်ဆုံးက </dict> အပြီးမှာ နောက်ထပ် </dict> ၂ ခု နဲ့ </plist> ဆိုတာ တစ်ခု ရှိသေးတာပါ။


Edit ပြီးသွားရင်တော့ ပြင်ထားတဲ့ အခု CGFontCache ကို iPod ထဲက CGFontCache နဲ့ replace လုပ်ပြီး iPod ကို reboot ချလိုက်ရင် ဇော်ဂျီကို install လုပ်တာ ပြီးပါပြီ။ တခြား မြန်မာ ဖောင့်တွေကိုလဲ ဒီနည်းနဲ့ စမ်းပြီး Install လုပ်ကြည့်လို့ရပါတယ်။ တစ်ခုခု မှားသွားလို့ရှိခဲ့ရင်လဲ backup လုပ်ထားတဲ့ CGFontCache ကို ပြန်ထည့်လိုက်ရုံပါပဲ။
Download Sample CGFontCache

torsdag den 18. februar 2010

iPhone များတွင် Zawgyi မြန်မာဖောင့် ထည့်သွင်းနိုင်မည်

iPhone များတွင် မြန်မာစာစနစ်အတွက် Zawgyi ဖောင့်အား ထည့်သွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။ ယင်းသို့ထည့်သွင်းရာတွင် Zawgyi အတွက် Font စနစ်သာထည့်သွင်းနိုင်မည်ဖြစ်ပြီး Keyboard အတွက် အသုံးပြုနိုင် မည်မဟုတ်ကြောင်းသိရသည်။
“iPhone“ ထဲကို Zawgyi font ကိုထည့်ချင်တယ်ဆိုရင်တော့ ထည့်လို့ရနိုင်ပါတယ်။ ဒါပေမယ့် Zawgyi Keyboard အတွက်ကတော့ မရနိုင်သေးပါဘူး။ ခုလောလောဆယ်တော့ ဖုန်းထဲမှာစာတွေကိုဖတ်နိုင်ဖို့အတွက်နဲ့ ၀က်ဘ် ဆိုက်တွေကို အကောင်းဆုံးဖတ်နိုင်ဖို့အတွက်ဆိုရင်တော့ အဆင်ပြေနိုင်မှာပါ။ အဲလိုထည့်တဲ့နေရာမှာတော့ ၀က်ဆိုက်ပေါ်ကနေ Zawgyi font ကိုတိုက်ရိုက် Download လုပ်ပြီးထည့်လို့ရနိုင်မှာ မဟုတ်ပါဘူး။ ပထမဦးဆုံးအနေနဲ့ Zawgyi font ကို ကိုယ်ကြိုက်တဲ့ဆိုက်တစ်ခုကနေ Download လုပ်ရပါမယ်။ ပြီးရင်တော့ File Transfer Protocol လို့ခေါ်တဲ့ FTP Server ထဲကို Download လုပ်ထားတဲ့ဖိုင်ကို အရင်ဆုံးထည့်ရပါမယ်။ ပြီးရင်တော့ကိုယ့်ဖုန်းမှာ Wi-Fi စနစ်ရှိတယ်ဆိုရင် Wi-Fi နဲ့ FTP Server ကိုချိတ်ဆက်ပြီး အဲဒီ Server ထဲကမှတဆင့် ဖုန်းထဲကို Download လုပ်ရပါမယ်။ ဖုန်းထဲကို Font Folder ရောက်လာပြီဆိုရင်တော့ အဲဒီ Folder ကိုဖုန်းထဲကို Install လုပ်လိုက်ရင် ရပါပြီ” ဟု ကိုစည်သူအောင်မှပြောသည်။
iPhone ထဲတွင် Office Application အတွက် Zawgyi font အားအသုံးပြုရန်ခက်ခဲသော်လည်း ၀က်ဘ်ဆိုက်များအားကြည့်ရှုခြင်းနှင့် Reader စနစ်များအတွက်မူ များစွာအဆင်ပြေနိုင်ကြောင်းသိရသည်။
source:mminternetjournal

søndag den 29. november 2009

iPhone ကိုယ်တိုင် Unlock လုပ်ခြင်း (မြန်မာ ebook)

အရင်ထဲက ကျနော် တစ်ခုပြီးတစ်ခု တင်ပေးခဲ့ပါတယ်။ Unlock လုပ်ဖို့အတွက်ပေါ့။ ဒါပေမယ့် မြန်မာလို မရေးနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ လက်တွေ့လုပ်ဖို့ မရှိလို့ပါ။ စာဖတ်ပြီးသက်သက်လည်း ရမ်းမရေးချင်ဘူးလေ။ အခုရေးထားတဲ့ pdf က မြန်မာလို ရေးထားတာဖြစ်ပြီး၊ ကျနော့် အစ်ကိုကြီး ကိုကိုရဲ ရဲ့ လက်ရာဖြစ်ပါတယ်။ သူ့ရဲ့ Knowledge Bridge Magazine အတွက်ရေးပြီး ကျနော့်ဆီ လှမ်းပို့ပေးတာပါ။ ကြာပါပြီ ... မတင်ဖြစ်လိုက်တာပါ။ သူ့ဘလော့လည်း မရှိတော့တဲ့အပြင် ကျနော်လည်း တင်ထားချင်တာကြောင့် အားလုံးအတွက် အဆင်ပြေအောင်တင်ထားပေးလိုက်ပါတယ်။

Download Mediafire (မြန်မာ ebook . Unlock iPhone)

Download ifile (မြန်မာ ebook . Unlock iPhone)

ဝင်းဒိုးကိုသုံးပြီး အလွယ်တကူ unlock လုပ်နိုင်ဖို့ ရှင်းလင်းစွာ ရေးထားတဲ့အတွက် တန်ဖိုးရှိပါတယ်။ iPhone ကိုယ်ပိုင်မရှိတာတောင် ဖတ်ကြည့်ပြီး တတ်ထားသင့်တဲ့ ပညာတစ်ခုပါ။ ဒါတွေ မရေးခဲ့ခင်က ရန်ကုန်မှာ unlock တစ်ခါလုပ်ရင် မြန်မာငွေ ရှစ်သောင်းခွဲ ပေးခဲ့ရပါတယ်။း)

source:သံလုံငယ်

fredag den 27. november 2009

iPhone နှင့် iPod တွင် ဇော်ဂျီမြန်မာစာစနစ် အသုံးပြုနိုင်ပြီး


iPhone, iPod Touch အသုံးပြုသူများ အနေဖြင့် ဇော်ဂျီလက်ကွက်နှင့် ဖောင့်များ ထည့်သွင်းအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။ iPhone, iPod Touch အတွင်းသို့ ဇော်ဂျီလက်ကွက်နှင့်ဖောင့်များထည့်သွင်းရာတွင် ဖြစ်ပေါ်လာမည့်ပြဿနာများကို လုံးဝတာဝန်ယူမည်မဟုတ်ကြောင်းကို www.saturngod.net နည်းပညာဝက်ဘ်ဆိုက်တွင် တရားဝင်ဖော်ပြထားသည်။ ထို့အပြင် ဇော်ဂျီလက်ကွက်နှင့်ဖောင့်များထည့်သွင်းခြင်းကိုလည်း အဆင့်လိုက်ဖော်ပြထားသည်။ ဇော်ဂျီလက်ကွက်နှင့် ဖောင့်များထည့်သွင်းရန်အတွက် ဖုန်း၏ Operating Sytem (OS) မှာ အနိမ့်ဆုံး 3.0 ရှိရမည်ဖြစ်ပြီး Jailbreak လုပ်ထားရန်လိုကြောင်းသိရသည်။ ဇော်ဂျီလက်ကွက်နှင့်ဖောင့် Package ကို အွန်လိုင်းမှ သွင်းရမည်ဖြစ်သဖြင့် အင်တာနက်ကွန်ရက်ရှိရန်လိုအပ်သလို Cydia ဆော့ဖ်ဝဲကိုလည်း Install လုပ်ထားရန်လိုအပ်သည်။ iPhone, iPod Touch အတွင်းသို့ ဇော်ဂျီလက်ကွက်နှင့် ဖောင့်ထည့်သွင်းသူများအနေဖြင့် ပထမအဆင့် Cydia ကိုသွားရမည်ဖြစ်သည်။ ထို့နောက် Cydia ရှိ Manage အောက်မှ Source ကိုသွားရမည်ဖြစ်ပြီး Edit မှတဆင့် Add လုပ်ရမည်ဖြစ်သည်။ Address တွင် http://cydia.macforus.com ကို ရိုက်ထည့်လိုက်ပြီဆိုပါက လက်ကွက်နှင့် Font ပါဝင်သော Package များကို Reload လုပ်မည်ဖြစ်ပြီး ပြီးဆုံးသွားပါက Sections အောက်တွင် Zawgyi Sections ပါလာမည်ဖြစ်သည်။
Zawgyi Font သည် System Font များကို Hack ပြီး မြန်မာစာလုံးများကိုထည့်သွင်းခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် Font သွင်းပြီးပါက Uninstall ပြန်လုပ်နိုင်မည်မဟုတ်ကြောင်း သိရသည်။ Uninstall ပြန်လုပ် မည်ဆိုပါက itune မှ Restore ပြန်လုပ်ရမည်ဖြစ်သည်။ Zawgyi Font Package သည် Application များအားလုံးနီးပါးတွင် မြန်မာစာပေါ်စေရန် Font များကို ပြုပြင်ထားခြင်းဖြစ်ကြောင်း ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ Zawgyi Keyboard ကိုသွင်းရာတွင် iKey Ex, Zawgyi Font နှင့်အခြားသော Dependencies များ အလိုအလျောက်သွင်းသွားမည်ဖြစ်သဖြင့် English စာတွင် Auto Correct မဖြစ်ခြင်း (3.1.2 တွင် Auto Correct အ လုပ်လုပ်ပါသည်။ သိပ်မသေချာသော်လည်း အများအားဖြင့်အလုပ်လုပ်) Keyboard အတက်နှေးခြင်း၊ အချို့သော OS 3.0 များတွင် Error တက်ခြင်း စသည့်ပြဿနာများကို ကြုံတွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် OS3.1.2 Upgrade လုပ်ပြီးမှထည့်သွင်းခြင်းသည် ပိုမိုစိတ်ချရကြောင်းသိရသည်။ Zawgyi Keyboard သွင်းပြီးပါက iPhone, iPod Touch ကို Restart ချရမည်ဖြစ်သည်။ Keyboard ထည့်သွင်းနည်းအား ၀က်ဘ်ဆိုက်တွင် Flash Video ဖြင့်ဖော်ပြပေးထားပြီး Video အတွက် Connectoin အခက်အခဲရှိသူများအနေဖြင့် ပထမအဆင့် Setting ထဲမှ iKeyEx, iKeyEx မှ Mix and Match, Mix and Match မှ Make ကိုသွားရမည်ဖြစ်သည်။ ထို့နောက် Layout ကို Zawgyi ရွေးရမည်ဖြစ်ပြီး Name အား Zawgyi ဟုပေးရမည်။ နာမည်ပေးပြီးပါက Mix and Match မှ iKeyEx, iKeyEx မှ Keyboard သို့ ပြန်သွားရမည်ဖြစ်သည်။ Keyboards သို့သွားပြီး Zawgyi ဘေးနားရှိ (+) ကိုနှိပ်ပြီးပါက Keyboard Layout သွင်းခြင်းပြီးမြောက်သွားပြီဖြစ်သည်။ Keyboard ပြောင်းချင်ပါက ကမ္ဘာလုံးပုံလေးကိုနှိပ်ကာ ပြောင်းလဲနိုင်ကြောင်း ၀က်ဘ်ဆိုက်တွင်ဖော်ပြထားသည်။ Zawgyi Keyboard အသစ်ထွက်ခဲ့သောကြောင့် Upgrade လုပ်လိုပါက Cydia သို့သွားပြီး Changes ကိုနှိပ်ရမည်ဖြစ်သည်။ ထို့နောက် Refresh ကိုနှိပ်လိုက်ပါက Upgrade ပေါ်လာမည်ဖြစ်သည်။ Upgrade ပေါ်လာပါက Upgrade လုပ်နိုင်ပြီဖြစ်သည်။ Upgrade လုပ်ဆောင်ပြီးပါက Setting ထဲမှ iKeyEx, iKeyEx မှ Keyboards, Keyboard မှ Zawgyi ကို icon နှိပ်ရမည်ဖြစ်သည်။ ထို့နောက် iKeyEx မှ Settings ကို ပြန်သွားရမည်ဖြစ်သည်။ Settings ကို ပြန်သွားပြီးပါက Mix and Match မှ Zawgyi ကို Delete နှိပ်ရမည်ဖြစ်သည်။ Delete နှိပ်ပြီးပါက Mix and Match မှ Zawgyi Keyboard အား အပေါ်တွင်ပြခဲ့သော Video အတိုင်း ပြန်လည်ထည့်သွင်း နိုင်မည်ဖြစ်သည်။

Setting ထဲမှ General , General ထဲမှ Keyboard, Keyboard မှ Auto-Capitalization ကို Off လုပ်ထားပါက မြန်မာစာရိုက်ရာတွင် ပို၍အဆင်ပြေကြောင်းသိရသည်။source:mminternetjournal

mandag den 19. oktober 2009

iphone အား Unlock နှင့် jailbreak ခေါ် ထောင်ဖောက်ခြင်း


ထောင်ဖောက်တယ်ဆိုတာနဲ့ ကျွန်တော့်ကို တစ်မျိုးမထင်ကြနဲ့ဦး .ထောင်ဖောက် တယ်ဆိုတာက တင်စားလိုက်တာ . ကျွန်တော်တို့ apple ကနေ ထုတ်တဲ့ iphone တွေမှာက စပြီး ထုတ်ကတည်းက သတ်မှတ်ချက် တွေနဲ့ပါ . သီချင်းကို ပြန်ပြီး ကူးထည့်လို့မရအောင် လုပ်ထားတာမျိုး၊ sim card ကို သူသတ်မှတ်ထားတဲ့ နိုင်ငံမဟုတ်ရင် လိုင်းမ၀င်အောင် လုပ်တာမျိုး၊ နောက်တစ်ခုက iphone ထဲမှာ ဆော့မည့် ဂိမ်းများနှင့် အခြားသော တိုလီမိုလီများကို install လုပ်ဖို့အတွက်ကို ပိုက်ဆံသွင်းပြီး အကောင့် လုပ်ထားမှ ရမယ့်စနစ်ဖြင့် ပြုလုပ်ထားပါတယ် . အဲ့ဒါကို ကျွန်တော်တို့က အခုလို jailbreak လို့ခေါ်တဲ့ ထောင်ဖောက်နည်းကို သုံးလိုက်မယ်ဆိုရင် Sim card ကို international sim card အဖြစ် ပြောင်းလဲသွားပြီးတော့ . apple က မဟုတ်တဲ့ တစ်ခြား ပြင်ပ game တွေကိုလဲ download လုပ်ခွင့်ရရှိမှာပါ .. ကဲပထမဦးဆုံး ကျွန်တော်တို့ အောက်က နည်းအတိုင်းစမ်းကြည့်ရအောင်ဗျာ
*itunes ကို ဖွင့်ထားလိုက်ပါ . itunes မရှိရင် ဒီမှာ ရေးပေးထားပြီးသားပါ ယူလိုက်ပါ .
*iphone ကို unlock လုပ်ဖို့အတွက် iphone ကို unlock နှင့် jailbreak လုပ်ရန် နှစ်နည်းရှိပါတယ် . Redsnow နှင့် လုပ်တာရယ် . Quickpwn နှင့်လုပ်တာရယ်ပါ . အခုကတော့ redsnow ကိုအသုံးပြုပြီးတော့ unlock လုပ်နည်းကို ပြောပြပါ့မယ် .
*redsnow ကို အောက်မှာ တင်ပေးထားပါတယ် . ဒီမှာ Download လုပ်လိုက်ပါ
*ကဲပြီးသွားပြီဆိုရင်တော့ . iphone ရဲ့ fireframe တွေကို ဒေါင်းလိုက်ပါ . ကျွန်တော့် iphone က 3G ဆိုတော့ ဒုတိယက fireframe ကို ဒေါင်းလိုက်ပါတယ် .
*တစ်ကယ်တော့ ကျွန်တော်တို့ fireframe က ဘာနဲ့တူလဲဆိုရင် သူက ကျွန်တော်တို့ pc မှာ အသုံးပြုဖို့ တင်တဲ့ window operation system လိုပါပဲ . သူက iphone ကို သုံးလို့ရအောင် iPhone Firmware 3.0.1 ကို ထည့်ရတာပါ . မျက်စိထဲ မြင်အောင်လို့ပါ . အောက်မှာယူလိုက်ပါဦး .


3.0.1 ( 2G): iPhone1,1_3.0.1_7A400_Restore.ipsw

3.0.1 ( 3G): iPhone1,2_3.0.1_7A400_Restore.ipsw

3.0 3.0.1 (3GS): iPhone2,1_3.0.1_7A400_Restore.ipsw
redsnow ကို ဖွင့်ပြီး browse နေရာတွင် အပေါ်က မိမိထည့်မယ့် fireframe ကို ရွေးပြီးထည့်လိုက်ပါ .


*(၁) ပြီးတာနဲ့ ကျွန်တော်တို့ power button ကို 4 second နှိပ်ပါ ... (iphone ပိတ်သွားပါလိမ့်မယ်)
*(၂) လက်ကိုမလွှတ်သေးဘဲနဲ့ ဆက်ပြီးတော့ နှိပ်ထားပါ . power button တစ်ဖက်နှင့် နှိပ်ထားရင်းကနေ အခြားတစ်ဖက်နဲ့ home button ကို 10 second နှိပ်ထားပါ (နှစ်ခုစလုံးတွဲပြီး နှိပ်ရမှာ ဖြစ်ပါတယ်) နားမလည်ရင် သေချာပြန်ဖတ်ပါ . ဒါက အရေးကြီးပါတယ် .
*(၃) နောက်ဆုံး home button 1 ခုထဲ နှိပ်ထားပါ (power botton ကို လွှတ်လိုက်ပါ) . ဆက်နှိပ်ထားရင်းကနေ သူစပြီးတော့ install စလုပ်ပြီဆိုတာနဲ့ home button ကို လွှတ်လိုက်လို့ရပါပြီ .အဲ့ဒီ့မှာလဲ အင်္ဂလိပ်လိုရေးပေးထားပါတယ် . အဓိကက ခလုပ်နှိပ်တာ အရေးအကြီးဆုံးပါပဲ . မနှိပ်တတ်ခင်ကတော့ လက်ရဲမှာမဟုတ်ပါဘူး .
*သိပ်နားမလည်ရင် movie ကြည့် နဲ့လက်တွေ့လုပ်ထားတာလေးကို တင်ပေးလိုက်ပါတယ် . အောက်မှာ Download လုပ်ပြီး သေချာ ကြည့်လိုက်ပါ .
Download movie file(Mediaifre)

source:ညီနေမင်း