lørdag den 25. september 2010

ညီအစ်ကိုများရဲ့ ကျေးဇူးတင်မှုကို အသိအမှတ်ပြုပေးချင်ရင် မဲပေးပြီး ထုတ်ဖော်လို့ ရပါတယ်

ဒါကိုလဲ မနေ့ကမှ ညီငယ်တစ်ယောက်က ပြောပြလို့ သိရတာလေးပါ. ကျွန်တော်ကို ခင်မင်ကြတဲ့ ညီအစ်ကိုများ အတွက် ကျွန်တော့်ရဲ့ ကူညီမှုကို အသိအမှတ် ပြုချင်တယ်ဆိုရင်တော့

http://www.mmblogpress.org/to-vote/

မှာသွားပြီးတော့ ရင်ထဲက ကျေးဇူးတင်မှုအတွက် မဲဆန္ဒပေးပြီးထုတ်ဖော်လို့ ရပါတယ် . ဆန္ဒရှိခဲ့လျှင် ကျွန်တော့်ရဲ့ ၀ဘ်ဆိုက်လိပ်စာလေးကို အဲ့ဒီ့ link လေးကနေ မဲပေးပြီး ရွေးချယ်ချင် ရွေးချယ်လို့ ရပါတယ် . မဲပေးချင်သူရဲ့ နာမည်နှင့် email address တော့ ပေးခဲ့ဖို့လိုပါလိမ့်မယ် . မဟုတ်ရင် volt လုပ်မှုက မအောင်မြင်တာပါဘူး . အားလုံးရဲ့ကြိုးစားမှုတွေကို အဲ့လိုမျိုးဆိုက်လေးတွေက အမာခံ လုပ်ပေးနေတာဆိုတော့ ရေးတဲ့သူတွေအားလုံးလဲ အားရှိတာပေါ့ . အားလုံးပဲ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်မိပါတယ် .
volt လုပ်နည်း
(၁) မိမိနှစ်သက်သည့် Link ကို အမှန်ခြစ်ပေးလိုက်ပြီး volt ကို နှိပ်ပါ . (ပုံ-၁)
(၂) အောက်ဆုံးတွင် ရှိသည့် form ကို ဖြည့်ပေးလိုက်ပါ . ဖြည့်သည့်နေရာတွင် သူပေးထားသည့် code ကို ရိုက်ထည့်ပေးရပါမယ် . (ပုံ-၂)
(၃) volt ပေးသည့် လုပ်ငန်းစဉ် အောင်မြင်ကြောင်း မေးလ်ရောက်ရှိကြောင်း အတည်ပြုသည့် စာကို တွေ့ရမှာ ဖြစ်ပါသည်။ ထိုမှသာ volt ပေးခြင်း အောင်မြင်ပါသည် (ပုံ-၃)






  • အဲ့ဒီ့ဆိုက်က စာတွေကို မမြင်ရဘူးဆိုရင်တော့ အောက်က Ayar font ကို Download လုပ်ပါ ..
  • zawgyi unicode ကိုပဲ ဆက်သုံးချင်သူများ အတွက်တော့ အပေါ်ဆုံးက fonts (၆)မျိုးကို Download လုပ်ပြီး Start >> control panel >> fonts ထဲကို သွားထည့်ပါ .
  • ဧရာ unicode ကို သုံးချင်သူများကတော့ အောက်က ကိုအဆင်ပြေတဲ့ unicode ကို Download လုပ်ပြီး သုံးပါ . ကျွန်တော်ကတော့ လတ်တလော ဇော်ဂျီ ယူနီကုတ်ကိုပဲ ဆက်သုံးနေဦးမှာပါ .

ဟိုတစ်ရက်က ကျွန်တော့်ကို ဘယ်သူလဲ မသိဘူးမေးပါတယ် . တိုင်းရင်းသားဖောင့် လိုချင်ပါတယ်တဲ့ . အဲ့ဒီ့အတွက်ပါ တစ်ခါတည်းပြောလိုက်ပါ့မယ် . တိုင်းရင်းသားဖောင့်အတွက် ဧရာဖောင့်က အသင့်တော်ဆုံးပါ .

source:ညီနေမင်း

Ingen kommentarer:

Send en kommentar