နောက်ဆုံးထွက်လာတဲ့ Updated တွေအရ Consumers တွေအတွက် Windows ရဲ့ Browser ကို အသုံးပြုခွင့်၊ EU Law နှင့် အညီ Internet Explorer ကို အသုံးပြုခွင့် အစရှိတဲ့ Microsoft ရဲ့ အစီအစဉ်တွေဟာ အရေးပါမှု နည်းပါးနေပါတယ်။
Opera Software ရဲ့ COT, Hakon Wium Lie က Micorsoft ရဲ့ Windows မှာ ထည့်သုံးတော့မယ့် IE Icon အကြောင်းကို မေးမြန်ခဲ့ပါတယ်။ Lie အနေနဲ့ ကမ္ဘာအနှံ့ Users တွေအတွက် ကိုယ်ကြိုက်ရာ Browser ကိုသုံးနိုင်တဲ့အထိ ဖြစ်လာစေချင်တယ်။ Windows တွေ Install လုပ်တဲ့အခါ Browsers List မှ ကြိုက်ရာရွေးသုံးနိုင်စေမယ့် Ballot Screen ကို Microsoft က Friday မှာ ထုတ်ခဲ့တယ်။ ဒီ Screen ဟာ Windows 7 နှင့် အတူထွက်လာမှာ ဖြစ်ပြီး Windows XP နှင့် Windows Vista အထိ Update လုပ်ထားတဲ့ Software နှင့် Download လုပ်နိုင်ပါတယ်။
User တစ်ယောက်က အလိုရှိတဲ့ Browser ကို Click လုပ်တဲ့အခါ Dowload Site ကို ရပါလိမ့်မယ်။
Lie ထပ်ပြောတာကတော့ Ballot Screen မှာ Icons ကို အသုံးပြုလာခြင်းကြောင့် IE ကို လူကြိုက်များလာနိုင်ပါတယ်။ ပြီးတော့ IE ရဲ့ Logo ဟာ Windows 7 နှင့် ပုံစံတူဖြစ်ပါတယ်။
ယေဘုယျ အားဖြင့် Blue 'e' ကို Internet နှင့်တွဲဖက်ထားပါတယ်။ ဒါပေမယ့် TechFlash က Blue 'e' ကို အသုံးပြုဖို့ သိပ်မကောင်းကြောင်းပြောခဲ့ပါတယ်။
Lie အနေနဲ့ Microsoft ရဲ့ အစီအစဉ်ကို ကြိုက်နှစ်သက်ပါတယ်။ ဒီအစီအစဉ် ဟာ EU ရဲ့ Antitrust Law အတွက် ပထမ ဆုံးကမ်းလှမ်းမှု ဖြစ်ပါတယ်။
Microsoft ရဲ့ IE နှင့် Windows ပေါင်းစပ်ထားခြင်းကို EU မှာ စတင် Complain လုပ်တဲ့အဖွဲ့ကတော့ Opera ဖြစ်ပါတယ်။ IE 8 နှင့် Windows 7 ရဲ့ နောက်ဆုံး Version ကိုဘဲ ပွင့်ပွင့်လင်းလင်း ပြောထားတာပါ။
ဒီနှစ်အစောပိုင်းမှာ IE နှင့် Windows ကို တွဲဖက်ထားခြင်းဖြင့် EU Anit-Trust Law ကို ချိုးဖောက်ရာ ရောက်နေသော်လည်း EU က Microsoft ရဲ့ ဒီအစီအစဉ် ကိုကြိုဆိုနေပါတယ်။
source: :ICT Reader
Ingen kommentarer:
Send en kommentar