søndag den 21. marts 2010

ဗိုင်းရပ်စ်နဲ့ စက်လေးခြင်း

တစ်ယောက်လာလဲ အစ်ကိုရေ ... .. ကျနော်စက် ဗိုင်းရပ်စ်ကိုက်နေပြီ ထင်တယ်။ စက်ကလေးနေတယ် ... လုပ်ပါအုံး။ နောက်တစ်ယောက် လာခေါ်ရင်လဲ ဗိုင်းရပ်စ် .. ... ။ စိတ်ညစ်စရာ ကိုဗိုင်းရပ်စ်တို့ရယ် ... ။ ခဏ ခဏ ဖြေရှင်းပေးနေရတော့ ငြီးငွေ့ချင်လာတယ်။

ဒီဗိုင်းရပ်စ်က ဖြေရှင်းမှ ဖြစ်တော့မယ်။ ဗိုင်းရပ်စ်မ၀င်အောင်နဲ့ စက်သွက်လက် မြန်ဆန်ဖို့အတွက် မိမိသိသလောက် မိမိအတွေ့အကြုံများအရ ရေးသားရှင်းလင်းဖို့ စိတ်ကူးရမိပါတယ်။ ဒါနဲ့ ဒီအကြောင်းအရာကို ရေးလိုက်ပါတယ်။

ကွန်ပျူတာသုံးစွဲသူတိုင်းရဲ့ လိုအင်ဆန္ဒက ကွန်ပျူတာ မြန်ဆန်ချောမွေ့ဖို့နဲ့ ဗိုင်းရပ်စ်ကင်းစင်ဖို့ ဆိုတဲ့ ဆန္ဒဆိုရင် မှားမယ် မထင်ပါဘူး။ အဲဒီအတွက်လည်း နည်းလမ်းမျိုးစုံကို သုံးစွဲနေကြပါတယ်။ Window XP မှာ ကွန်ပျူတာ မြန်ဆန်စေဖို့အတွက် နည်းလမ်းတွေ ပေးထားပါတယ်။

အဲဒါတွေကတော့ System Tool ထဲမှာ ရှိတဲ့ Disk Cleanup , Disk Defragmenter တွေဖြစ်ပါတယ်။ အဲဒါတွေအပြင် Temp File တွေ ဖျက်ဖို့အတွက် Run Box ကနေ Prefetch တို့၊ %temp% တို့ ရိုက်ဖွင့်ပြီး Shift + Delete လုပ်ရတာလဲ အမောပဲ နေမှာပါ။

ကွန်ပျူတာ သုံးစွဲသူတိုင်း စက်မြန်ဆန်စေဖို့ အမြဲတမ်းလိုက်နာဖို့ကတော့

၁) Software တိုင်း Install မလုပ်ရန်၊ (မိမိတို့အတွက် အသုံးဝင်မှသာ Install လုပ်ရန်)
၂) Memory Stick သုံးစွဲမှုကို လျော့ချရန် (Virus ကို အလွယ်တကူ သယ်ဆောင်နိုင်သည်)
၃) တစ်ပတ် တစ်ကြိမ်ဖြစ်ဖြစ် Disk Defragmenter လုပ်ရန်၊ (Window XP တွင် ပါဝင်သည်)
၎) Error များ စစ်ဆေးရန် စသည်တို့ကို မဖြစ်မနေ လုပ်ရမှာ ဖြစ်ပါတယ်။

မိမိသိသလောက်၊ ထင်မြင်သလောက် အဓိကအချက်တွေကို ပြောခြင်း ဖြစ်ပါတယ်။ Memory Stick မသုံးစွဲဖို့က ယနေ့ခေတ်မှာ မဖြစ်နိုင်ပါဘူး။ မိမိကိုယ်တိုင်လဲ သုံးစွဲနေပါတယ်။ သို့ပေမယ့် မိမိကွန်ပျူတာမှာ ယနေ့အထိ ဗိုင်းရပ်စ်ဆိုတာ မ၀င်သေးပါဘူး။ မ၀င်အောင်လည်း ကာကွယ်မှုတွေ လုပ်ထားပါတယ်။ စနစ်တကျ သုံးစွဲပါတယ်။

ဒီလို Virus မ၀င်အောင် မိမိအနေနဲ့ ဘယ်လိုမျိုးတွေ ဆောင်ရွက်ပြီး သုံးစွဲနေတယ်ဆိုတာ ဖော်ပြပေးချင်ပါတယ်။ မိမိစက်မှာ Auto Run ကို ပိတ်ထားပါတယ်။ CD ရော Memory Stick ရော Auto မဖတ်အောင် ပိတ်ထားပါတယ်။ ပိတ်တဲ့ နည်းလမ်းကတော့

၁) Start မှ Run Box ကို ဖွင့်ပါ။
၂) gpedit.msc ကို ရိုက်ထည့်ပြီး ဖွင့်လိုက်ပါ။
၃) ပေါ်လာလျှင် Computer Configuration အောက်က Administrative Templates ကို ဖွင့်လိုက်ပါ။
အဲဒီမှာ System ဆိုတာ ရှိပါတယ်။ ကလစ်ပေးလိုက်ပါ။ ညာဘက်တွင် Turn off Autoplay ကို ရှာပါ။ တွေ့ပါက Double Clicke လုပ်ပါ။
၎) Box ကျလာလျှင် Enabled ပေးပြီး Turn off Autoplay on: တွင် All drives ပေးလိုက်ပါ။ Apply ။ Ok ။
၅) အထက်ပါအတိုင်းပင် User Configuration အောက်က Administrative Templates ကို ဖွင့်လိုက်ပါ။
အဲဒီမှာ System ဆိုတာ ရှိပါတယ်။ ကလစ်ပေးလိုက်ပါ။ ညာဘက်တွင် Turn off Autoplay ကို ရှာပါ။ တွေ့ပါက Double Clicke လုပ်ပါ။
၆) Box ကျလာလျှင် Enabled ပေးပြီး Turn off Autoplay on: တွင် All drives ပေးလိုက်ပါ။ Apply ။ Ok ။

ဒါဆိုရင် Memory Stick ပဲ သုံးသုံး၊ CD ပဲ သုံးသုံး Auto မပေါ်တော့ပါဘူး။ Auto အပေါ်တဲ့အတွက် My Computer က ဖွင့်ရမှာ ဖြစ်ပါတယ်။

ဒုတိယအဆင့်ကတော့ Memory Stick ထိုးသုံးတဲ့အခါ အဲဒီ Stick မှာ ဗိုင်းရပ်စ်ပါ မပါစစ်ဖို့အတွက် ဆော့ဝဲလ် လိုပါတယ်။ အဲဒါလေးကို ဒီမှာဖော်ပြပေးထားပါတယ်။ သုံးစွဲရမယ့် ဆော့ဝဲလ်ပါ။ အဲဒီဆော့ဝဲလ်ကို Stick မှာ ဗိုင်းရပ်စ် ပါတာနဲ့ ချက်ချင်း သတိပေးပါတယ်။

တတိယအဆင့်အနေနဲ့ My Computer ကို ဖွင့်တဲ့အခါ Double Click နဲ့ မဖွင့်ပဲ Window Key + E နဲ့ ဖွင့်စေချင်ပါတယ်။ အရင်ဦးဆုံး Memory Stick ကို ဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလ်နဲ့ Scan စစ်ရပါမယ်။ စစ်ပြီး သတ်ပြီးမှ သုံးစွဲပါ။ ဗိုင်းရပ်စ်လို့ သံသယရှိတဲ့ ဖိုင်၊ Folder မှန်ရင် မကလစ်ပါနဲ့။

စတုတ္ထအဆင့်ကတော့ Computer ထဲက မိမိတို့ နေ့စဉ်သုံးစွဲနေတဲ့ ဖိုင်တွေကို Defrag လုပ်ပေးခြင်းပါပဲ။ Window XP မှာ ပါတဲ့ Defrag ကို သုံးနိုင်သလို ကောင်းမွန်တဲ့ အပြင်ဆော့ဝဲလ်တွေ ရှိပါတယ်။ အဲဒါကို ဒီမှာဖော်ပြပေးထားပါတယ်။

ပဉ္စမအဆင့်ကတော့ ကိုယ့်အတွက် အသုံးမ၀င်တဲ့ ဆော့ဝဲလ်တွေကို စက်ထဲ Install လုပ်ခြင်းပါပဲ။ စမ်းသပ်မှုတွေ အရမ်းမလုပ်စေချင်ပါဘူး။ ကိုယ်ကွန်ပျူတာအတွက် တကယ်အသုံးဝင်မှာလား မ၀င်ဘူးလား ဆန်းစစ်ပြီးမှ Install လုပ်စေခြင်းပါတယ်။ အဲဒီလို Install လုပ်ပြီးတော့လဲ ပြန်ဖျက်ကြပါတယ်။ အဲဒီအတွက် regedit ထဲမှာ register လုပ်လိုက် ဖျက်လိုက်နဲ့ ဆိုတော့ စက်ကို နှေးကွေးစေပါတယ်။ ဒါကြောင့် regedit အတွက် ဆော့ဝဲလ် လိုအပ်ပါတယ်။ အဲဒါကိုဒီမှာဖော်ပြပေးထားပါတယ်။ သုံးစွဲသင့်တဲ့ ဆော့ဝဲလ်ပါ။

ဆဌမအဆင့်ကတော့ ကိုယ့်ရဲ့စက်မှာ ဘာ Error တွေ ရှိမယ်ဆိုတာ သေချာမသိနိုင်ပါဘူး။ အဲဒီအတွက် error စစ်တဲ့ ဆော့ဝဲလ် ပြင်ပေးတဲ့ဆော့ဝဲလ် မဖြစ်မနေ သုံးစွဲရမှာ ဖြစ်ပါတယ်။ အဲဒီ ဆော့ဝဲလ်လေးကို ဒီမှာ ဖော်ပြပေးထားပါတယ်။

ဒါဆိုရင် ကွန်ပျူတာထဲကို ဗိုင်းရပ်စ်ရော ကွန်ပျူတာ လေးကွေးစေခြင်းတွေပါ ပပျောက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

Ingen kommentarer:

Send en kommentar