søndag den 21. marts 2010

Task Manager အလွယ်ဖွင့်နည်း

Virus ကိုက်လိုက်တဲ့အခါကျရင် Regedit ရော၊ Task Manager ရော Folder Option တွေရော ပိတ်ပစ်လိုက်တာ မထူးဆန်းတဲ့ ကိစ္စတစ်ခုလို ဖြစ်နေပါပြီ။ မိမိ ဘလော့မှာ Regedit အလွယ်ဖွင့်နည်းကို ဖော်ပြပြီး ဖြစ်ပါတယ်။ နည်းပညာဘလော့တိုင်းမှာလဲ ဖော်ပြနေကြပါတယ်။ ဒါကြောင့် မိမိလဲ ဒါတွေကတော့ လူတိုင်း သိပြီးသားပါ မဖော်ပြတော့ပါဘူး နေခဲ့တာပါပဲ။ တကယ်တမ်း လိုအပ်သူတွေက မေးလာတော့ ရေးသား ဖော်ပြပေးလိုက်ပါတယ်။

Task Manager အလွယ်ဖွင့်နည်းပါ။ အောက်ကအတိုင်း ပြုလုပ်ပါ။

၁) အရင်ဦးစွာ Start မှ Run box တွင် gpedit.msc လို့ရိုက်ပါ။
၂) Box ကျလာလျှင် User configuration အောက်ရှိ Administrative Templates ဆိုတာ ရှိပါတယ်။
၃) အဲဒါက ကလစ်ပြီး System ၊ ပြီးရင် Ctrl + Alt + Del option ကို ကလစ်ပါ။
၎) ညာဘက်တွင် Remove Task Manager ရှိပါတယ်။
၅) အဲဒါကို Double Click လုပ်လိုက်ပါ။
၆) Box တစ်ခုကျလာလျှင် Enable ကို ရွေးပါ။ ပြီးလျှင် Apply ။
၇) အကယ်၍ ဖွင့်မရသေးပါက Disable ကို ရွေးပြီး Apply ။
၈) Ok ။
source:မောင်စေတနာ

Ingen kommentarer:

Send en kommentar