torsdag den 18. februar 2010

iPhone များတွင် Zawgyi မြန်မာဖောင့် ထည့်သွင်းနိုင်မည်

iPhone များတွင် မြန်မာစာစနစ်အတွက် Zawgyi ဖောင့်အား ထည့်သွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။ ယင်းသို့ထည့်သွင်းရာတွင် Zawgyi အတွက် Font စနစ်သာထည့်သွင်းနိုင်မည်ဖြစ်ပြီး Keyboard အတွက် အသုံးပြုနိုင် မည်မဟုတ်ကြောင်းသိရသည်။
“iPhone“ ထဲကို Zawgyi font ကိုထည့်ချင်တယ်ဆိုရင်တော့ ထည့်လို့ရနိုင်ပါတယ်။ ဒါပေမယ့် Zawgyi Keyboard အတွက်ကတော့ မရနိုင်သေးပါဘူး။ ခုလောလောဆယ်တော့ ဖုန်းထဲမှာစာတွေကိုဖတ်နိုင်ဖို့အတွက်နဲ့ ၀က်ဘ် ဆိုက်တွေကို အကောင်းဆုံးဖတ်နိုင်ဖို့အတွက်ဆိုရင်တော့ အဆင်ပြေနိုင်မှာပါ။ အဲလိုထည့်တဲ့နေရာမှာတော့ ၀က်ဆိုက်ပေါ်ကနေ Zawgyi font ကိုတိုက်ရိုက် Download လုပ်ပြီးထည့်လို့ရနိုင်မှာ မဟုတ်ပါဘူး။ ပထမဦးဆုံးအနေနဲ့ Zawgyi font ကို ကိုယ်ကြိုက်တဲ့ဆိုက်တစ်ခုကနေ Download လုပ်ရပါမယ်။ ပြီးရင်တော့ File Transfer Protocol လို့ခေါ်တဲ့ FTP Server ထဲကို Download လုပ်ထားတဲ့ဖိုင်ကို အရင်ဆုံးထည့်ရပါမယ်။ ပြီးရင်တော့ကိုယ့်ဖုန်းမှာ Wi-Fi စနစ်ရှိတယ်ဆိုရင် Wi-Fi နဲ့ FTP Server ကိုချိတ်ဆက်ပြီး အဲဒီ Server ထဲကမှတဆင့် ဖုန်းထဲကို Download လုပ်ရပါမယ်။ ဖုန်းထဲကို Font Folder ရောက်လာပြီဆိုရင်တော့ အဲဒီ Folder ကိုဖုန်းထဲကို Install လုပ်လိုက်ရင် ရပါပြီ” ဟု ကိုစည်သူအောင်မှပြောသည်။
iPhone ထဲတွင် Office Application အတွက် Zawgyi font အားအသုံးပြုရန်ခက်ခဲသော်လည်း ၀က်ဘ်ဆိုက်များအားကြည့်ရှုခြင်းနှင့် Reader စနစ်များအတွက်မူ များစွာအဆင်ပြေနိုင်ကြောင်းသိရသည်။
source:mminternetjournal

Ingen kommentarer:

Send en kommentar