torsdag den 18. februar 2010

iPhone Reset Setting ပြုလုပ်မှု သတိပြုသင့်

iPhone သုံးစွဲသူများသည် အ ခြား mobile ဟန်းဆက်များကဲ့သို့ Reset Setting ကို အလွယ်တကူမပြုလုပ်သင့်ဘဲ တတ်ကျွမ်းနားလည်သူများနှင့်မေးမြန်းပြီး ပြုလုပ်သင့်ကြောင်း Aikon မိုဘိုင်းဖုန်းဆိုင်မှ အကြံပြုထားကြောင်းသိရသည်။ ယခင်မိုဘိုင်းဟန်းဆက်များတွင် Phone အသုံးပြုရပေးသွားခဲ့မည်ဆိုလျှင် Abnormal တစ်ခုခုဖြစ်နေခဲ့မည်ဆိုလျှင် Restore Function ကိုရွေးလိုက်သည်နှင့် အသုံးပြုရ အဆင်ပြေသွားစေနိုင်သည်။ သို့သော် iPhone များအတွက်တွင် ထိုသို့ပြုလုပ်လိုက်ပါက modified လုပ်ထားသည်များပျက်သွားပြီး boot looping ဖြစ်နေလျက် ဖုန်းကိုဖွင့်လိုက်ပါက ပန်းသီးပုံလေးပေါ်နေသည်မှလွဲပြီး ဆက်မတတ်သည့်အဖြစ်များဖြစ်တတ်ကြောင်း သိရသည်။
Reset Setting ဆိုသည်မှာ Factory Restore Setting ဟူ၍ Option တစ်ခုပါဝင်သည်။ Phone အသုံးပြုရပေးခြင်းဖြစ်လျင် Restore Function ကိုရွေးလိုက်လျင် ပြန်ကောင်းသွားနိုင်သည်။ ၎င်း Function မှာ ဖုန်းကိုစက်ရုံက ထုတ်သည်နှင့် Initial Setting အတိုင်း Restore လုပ်ပြီး ဖုန်းရဲ့ internal memory ကို ရှင်းထုတ်ပေးတာဖြစ်သည်။ ဖုန်းထဲမှာရှိတဲ့ user data (SMS, Contact အစရှိသဖြင့်) ပျက်သွားမှာဖြစ်ပြီး ဖုန်းကို ပုံမှန်အတိုင်းပြန်သုံးနိုင်မှာဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းကို ယနေ့ဖုန်းအသုံးပြုသူအတော်များများမှသိရှိပြီး ပြုလုပ်လျက်ရှိကြသည်။ iPhone တွင်လည်း Settings ထဲမှ General တွင် Reset အောက်မှ Reset Option တွေကို ချိန်းမိပါလိမ့်မည်။ ထို Option ကို iPhone အသုံးပြုသူများမှ လုံးဝမသိသင့်သော Setting များဖြစ်ကြောင်းသိရသည်။
iPhone ကို Reset မလုပ်သင့်ခြင်းမှာ iPhone အသုံးပြုခြင်းမှာ Apple Factory ကထုတ်ပေးသည့်အတိုင်း အသုံးပြုနေခြင်းမဟုတ်ဘဲ iPhone ကို မြန်မာပြည်တွင်အသုံးပြုနိုင်အောင် Jail Breaking unlocking, hacking for software installation အစရှိသဖြင့် modification အဆင့်ဆင့်ပြုလုပ်ပြီး အသုံးပြုနေခြင်းဖြစ်သည်။ iPhone ကို Reset all setting လုပ်လိုက်လျင် modified လုပ်ထားသည်များပျက်သွားပြီး iPhone မှ book looping ဖြစ်ကာ ပန်းသီးပုံ Run နေသည်မှလွဲပြီး မည်သည့် function မှတက်တော့မည်မဟုတ်ပေ။ ပြန်ပြီး Restore လုပ်လျင်လည်း 3G iPhone တွေမှာ WiFi မမိခြင်းပြဿနာများဖြစ်တတ်ကြောင်း သိရသည်။ 3GS ကဲ့သို့ online certificate နှင့်ထိန်းထားသော iPhone တွင် နောက်ဆုံးထုတ် Firmware ကို Restore လို့ရသောကြောင့် unlock/ jail break လုပ်၍မရသော ပြဿနာများဖြစ်လာနိုင်ကြောင်း သိရသည်။
Aikon မှပြောပြရာတွင် iPhone အသုံးပြုသူများနှင့် Phone နှင့်ပတ်သက်ပြီး Abnormal ဖြစ်သည်ဟုထင်မိလျင် အမှန်တကယ်နားလည်တက်ကျွမ်းသော Technician များနှင့်ပြသသင့်ပြီး iPhoneReset Setting များကို လုံးဝမထိသင့်ကြောင်းသိရှိရသည်။
source:mminternetjournal

Ingen kommentarer:

Send en kommentar