torsdag den 18. februar 2010

iPhone နှင့် Nokia ဖုန်းများ သုံးစွဲသူအလိုက်ကြိုက်နှစ်သက်မှုကွာခြား

iPhone နှင့် Nokia ဖုန်းများ ကြိုက်နှစ်သက်သူများသည် သုံးစွဲ သူများ၏ အသုံးဝင်မှုနှင့်ကြိုက်နှစ် သက်မှုအပေါ်မူတည်ပြီး ကွာခြား မှုများရှိကြောင်းသိရှိရသည်။ iPhone ကိုကြိုက်နှစ်သက်သူများသည် iPhone Function များ ထူး ခြားမှုများ Multimedia စနစ်များ ကြောင့် ကြိုက်နှစ်သက်ကြသော် လည်း အချို့ Nokia ကြိုက်နှစ် သက်သူများမှာတော့ iPhone ထက် Software ထည့်သွင်းရာမှာ လွတ်လပ်မှုရှိခြင်း၊ လိုင်းအားကောင်း ခြင်း၊ Function များမှာလည်း iPhone နှင့်မခြားမတိန်းမယိမ်းရှိ လာခြင်းကြောင့် Nokia ကိုကြိုက် နှစ်သက်သူများရှိလာခဲ့သည်။ သို့ သော် iPhone ၏အဓိကအားသာ ချက်ဖြစ်သော မှတ်ဉာဏ်များစွာပါ ၀င်မှု ပါဝင်သော Function များ၏ စွမ်းဆောင်ရည်မြင့်မားမှုနှင့် Wi-Fi စနစ်တွင် Nokia ဖုန်းများထက် အားသာချက်များရှိခဲ့သော်လည်း နောက်ပိုင်းတွင် Nokia ဖုန်းများ ကလည်း iPhone ကို ယှဉ်နိုင်လာ ခဲ့သည်။ ထို့ကြောင့် unlock, Jailbreak လုပ်ပြီးသုံးနေရသော iPhone ထက် Nokia သည် အား သာချက်ပိုမိုရှိလာခြင်းဖြစ်ကြောင်း သိရသည်။
““Nokia“ ဖုန်းတွေက iPhone ထွက်တုန်းက ယှဉ်နိုင်မှုမရှိခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းထွက်လာတဲ့ ၅၈၀၀ ကစလို့ အဲဒီနောက်က ဖုန်း တွေက iPhone ကို အစစအရာ ရာယှဉ်လာနိုင်ခဲ့ပါတယ်။ အဓိက အားသာချက်ကတော့ Nokia ဖုန်း တွေကိုဝယ်ရင် ဘယ်လိုဖုန်းကိုမှ unlock လုပ်စရာမလိုပါဘူး။ ဆော့ဖ်ဝဲထည့်ရင်လည်း အဆင် ပြေပါတယ်။ လိုင်းလည်းကောင်း ပါတယ်။ iPhone ကတော့ အရမ်း ကောင်းပါတယ်။ ဒါပေမယ့် ဒီနိုင်ငံ မှာသုံးဖို့အတွက် အဆင့်တွေက အ ရမ်းကိုများပါတယ်။ Unlock လုပ် ရမယ်။ ဆော့ဖ်ဝဲတွေဂိမ်းတွေထည့် ဖို့ Jailbreak လုပ်ရမယ်။ နောက် iTunes Software တစ်ခု ထဲကို သုံးပြီးသား Software တွေကို ထည့်သွင်းနိုင်ပါတယ်။ Nokia က တော့ PC Suit သုံးပြီးထည့် သွင်း ရင်ရနိုင်တယ်။ သူကိုအထောက် အပံ့ပေးတဲ့ Software ကို သုံးလိုက် ရင် ရနိုင်ပါတယ်။ ဒါတွေဟာ သြုငေ ရဲ့အားသာချက်ဘဲဖြစ်ပါ တယ်”” ဟု မိုဘိုင်းဖုန်းစိတ်ဝင်စား သည့် စီးပွားရေးသမားတစ်ဦးဖြစ် သူ ကိုစိုးမြင့်နိုင်ကရှင်းပြသည်။
““iPhone“ ရဲ့အားသာချက်က Interface ဘဲဖြစ်ပါတယ်။ သူ့ရဲ့ Multimedia သုံးရတာအရမ်းကို ကောင်းတယ်။ သူ့ကိုစသုံးတုန်းက Touch ကြောင့်သုံးပါတယ်။ ဆော့ဖ် ၀ဲတွေကိုသုံးရတာအရမ်းကောင်း တယ်။ ဂိမ်းမှာလည်းအရမ်းကောင်း ပါတယ်။ ဒီဟန်းဆက်ကိုကိုင်ရင် လူရှိန်တယ်ဆိုတာကလည်း အား သာချက်ဖြစ်နေပါတယ်”” ဟု iPhone ကိုင်သူ လူငယ်တစ်ဦးမှ ရှင်းပြသည်။
iPhone နှင့် Nokia ဖုန်းများ မှာ ပြည်တွင်း မိုဘိုင်းဈေးကွက်တွင် အဓိကအားပြိုင် လျက်ရှိပြီး နည်း ပညာများကို လေ့လာသူများက iPhone ကို အများဆုံးကြိုက် နှစ် သက်ကြပြီး နည်းပညာနှင့် သိပ်မ ရင်းနှီးဘဲ ဟန်းဆက်ကောင်း ကောင်းသုံးလိုသူများသည် သြုငေ ဖုန်းများကို ပိုမိုစိတ်ဝင်စားစွာ ၀ယ် ယူကြကြောင်း သိရသည်။
source:mminternetjournal

Ingen kommentarer:

Send en kommentar