mandag den 5. april 2010

Desktop နှင့် Laptop ကွန်ပျူတာများအတွက် data များကိုအလိုအလျောက် backup လုပ်နိုင်မည်




Desktop နှင့် Laptop ကွန်ပျူတာများအတွက် အလိုအလျောက် backup လုပ်ပေးနိုင်သော စနစ်တစ်ခုကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
၎င်းစနစ်ကို automatic data backup system (ADB system) အဖြစ်သတ်မှတ်ထားပြီး ယင်းစနစ်သည် အလွယ်တကူ အချက်အလက်များကို သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။ အသုံးပြုမည်ဆိုပါက ကွန်ပျူတာအမျိုးအစားပေါင်းစုံအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ “ဒီစနစ်က သုံးသူတွေကို အကျိုးအများကြီးဖြစ်ထွန်းစေပါတယ်။ ကိုယ့်ကွန်ပျူတာထဲမှာရှိတဲ့ data တွေကို အလိုအလျောက် သိမ်းဆည်းပေးသွားမှာဖြစ်ပါတယ်။ သူ့ရဲ့အလုပ်လုပ်ပုံက ကွန်ပျူတာ user တွေအသုံးပြုနေစဉ် အနှောက်အယှက်မရှိ backup လုပ်ပေးနိုင်ပါတယ်။ တစ်နည်းပြောရရင် backup လုပ်ဖို့အတွက် user computer ကိုသွားစရာမလိုပါဘူး။ လွယ်ကူစွာအသုံးပြုနိုင်တဲ့ 1-click backup ကိုလည်း ထည့်ပေးထားပါတယ်။ Desktop/Notebook တို့တွင်သိမ်းထားသော အရေးကြီး data များကို 1-click backup ဖြင့် click တစ်ချက်နှိပ်ရုံဖြင့် memory stick, external hard disk များသို့ သူ့အလိုလို back up လုပ်ပေးနိုင်ပါတယ်။ 1-click backup မှာ notebook ဖြင့်ခရီးသွားနေသူ
တွေ အလွန်အသုံးဝင်ပါတယ်” ဟု Penguin millennium မှပြောပြသည်။ ယခုစနစ်တစ်ခုသည် data များကို server backup hard disk အပြင် သယ်ယူ၍လွယ်ကူနိုင်သော USB external hard disk, NAS စသော removeable storage media အားလုံးတွင် ထည့်သွင်းထားနိုင်မည်ဖြစ်သည်။ လူသားများထက် စိတ်ချရမှုရှိပြီး အလိုအလျောက် သိမ်းဆည်းပေးသွားမည်ဖြစ်သည်။ Data များကို သက်ဆိုင်သူမှအပ အခြားသူများမကြည့်နိုင်အောင် username/password computer machine ID, file permission စသော Security Control အဆင့်ဆင့်ပါဝင်ကြောင်းသိရသည်။source:
mminternetjournal

Ingen kommentarer:

Send en kommentar