fredag den 19. februar 2010

Samsung Exclaim

Samsung Exclaim ကို slide နှစ်မျိုးဖြင့် အသုံးပြုနိုင်ပါတယ်။ Navigation ခလုတ်များကို အသုံးပြုရာမှာလွယ်ကူပြီး ကီးဘုတ်ကိုအသုံးပြုတဲ့အခါမှာလည်း သက်သောင့်သက်သာရှိတာကို တွေ့ရပါတယ်။ ဖုန်းခေါ်ဆိုမှုအရည်အသွေးဟာလည်း အံအားသင့်ဖွယ်ကောင်းမွန်ပြီး အသုံးပြုနေကျ media feature များပါဝင်လာတာကိုတွေ့ရပါတယ်။
Samsung Exclaim ရဲ့အားနည်းချက်များကတော့ 3.5mm နားကြပ်ပေါက်မပါဝင်လာခြင်းနဲ့ menu text တွေကသေးငယ်လွန်းခြင်းတို့ ဖြစ်ပါတယ်။ ပြင်ပစပီကာရဲ့အရည်အသွေးကလည်း အံအားသင့်ဖွယ်ရာမရှိသလို streaming video player ရဲ့ frame အရွယ်အစားကလည်း သေးငယ်လွန်းတာကိုတွေ့ရပါတယ်။

Design
Samsung Exclaim ဖုန်းရဲ့အရွယ်အစားဟာ အလျား ၄.၄၅ လက်မ၊ အနံ ၂.၂၄ လက်မနဲ့ အထူကတော့ ၀.၆၇ လက်မဖြစ်ပါတယ်။ အလေးချိန် ၄.၆၉ အောင်စရှိပြီး အိတ်ကပ်ထဲထည့်တဲ့အခါ အံဝင်ခွင်ကျဖြစ်တာကို တွေ့ရပါတယ်။ ဒီဖုန်းကို raspberry နဲ့ blueberry စတဲ့ အရောင်နှစ်မျိုးနဲ့ရရှိနိုင်ပါတယ်။
Samsung Exclaim မှာ ၂.၆ လက်မအရွယ် screen ပါဝင်ပြီး အရောင်ပေါင်း ၂၆၂,၂၀၀၀ ကို 320x 240 pixels ဖြင့် ထုတ်လွှင့်ပေးနိုင်ပါတယ်။ Screen မှဖော်ပြပေးတဲ့အရောင်များဟာ ကြည်လင်တောက်ပပြီး ဓာတ်ပုံနဲ့ဂရပ်ဖစ်များဟာလည်း စူးရှတာကိုတွေ့ရပါတယ်။
Navigation array ရဲ့နေရာဟာကျယ်ဝန်းပြီး ဒီဇိုင်းကလည်းကောင်းမွန်တာကိုတွေ့ရပါတယ်။ Navigation array ရဲ့အလယ်မှာ Ok ခလုတ်ကိုတွေ့ရမှာဖြစ်ပြီး soft key နှစ်ခု၊ Back ခလုတ်၊ speakerphone shortcut ခလုတ်၊ Talk နဲ့ End/Power ခလုတ်တို့ကိုတွေ့ရမှာဖြစ်ပါတယ်။ ဖုန်းကို အပေါ်ဘက်သို့တွန်းတင်လိုက်တဲ့အခါမှာ alphnumeric keypad ကိုတွေ့ရမှာဖြစ်ပါတယ်။ Keypad ရဲ့အရွယ်အစားဟာကြီးမားပြီး နောက်ခံအလင်းဖြင့်လည်း အသုံးပြုနိုင်တာကြောင့် စိတ်ကျေနပ်မှုရစေမှာဖြစ်ပါတယ်။ ဒီ Keypad နဲ့ မက်ဆေ့ခ်ျများကိုရိုက်နှိပ်ကာ အသုံးပြုနိုင်ပေမယ့် Exclaim မှာပါဝင်တဲ့ Full ကီးဘုတ်ကိုအသုံးပြုပြီး မက်ဆေ့ခ်ျများကိုရိုက်နှိပ်တဲ့အခါမှာ ပိုအဆင် ပြေစေတာကိုတွေ့ရပါတယ်။ Full ကီးဘုတ်ကိုအသုံးပြုချင်ရင်တော့ ဖုန်းရဲ့မျက်နှာပြင်ကို ဘေးဘယ်ဘက်သို့တွန်းထုတ်ကာ အသုံးပြုနိုင်ပါတယ်။ Full ကီးဘုတ်ရဲ့နေရာဟာ ကျယ်ဝန်းပြီး အသုံးပြုတဲ့အခါမှာ သက် သောင့်သက်သာရှိစေမှာ ဖြစ်ပါတယ်။ ကီးဘုတ်ဖြင့် မက်ဆေ့ခ်ျများကို လွယ်ကူလျှင်မြန်စွာရိုက်နှိပ်ပြီး မှန်ကန်တိကျစွာရိုက်နှိပ်မှာဖြစ်ပါတယ်။ ကီးဘုတ်မှာ Back ခလုတ်၊ Shift ခလုတ်၊ navigation arrow ခလုတ်လေးခု၊ messaging application အတွက် shortcut ခလုတ်နဲ့ ကီးဘုတ်အောက်ခြေရဲ့အလယ်မှာ ကြီးမားတဲ့ space bar တို့ကိုတွေ့ရမှာဖြစ်ပါတယ်။ ကီးဘုတ်ရဲ့ဘေးတစ်ဘက်တစ်ချက်စီမှာ display ကို အလိုအလျောက် portrait ကနေ landscape ပြောင်းလဲနိုင်မယ့်ခလုတ်တို့ကို တွေ့ရမှာဖြစ်ပါတယ်။ ဖုန်းရဲ့ဘေးဘယ်ဘက်မှာ volume rocker ကိုတွေ့ရမှာဖြစ်ပါတယ်။ ဖုန်းရဲ့ဘေးညာဘက်မှာတော့ MicroSD card slot, Micro-USB port နဲ့ ကင်မရာ shutter တို့ကို တွေ့ရမှာဖြစ်ပါတယ်။ ဖုန်းရဲ့ကျောဘက်မှာတော့ ကင်မရာမှန်ဘီလူးနဲ့ self-portrait mirror တို့ကို တွေ့ရမှာဖြစ်ပါတယ်။ ဒီဖုန်းမှာ 2.5 mm headset jack ကိုသာအသုံးပြုနိုင်မှာဖြစ်ပြီး 3.5 mm headset ကို အသုံးပြုလိုရင်တော့ adapter နဲ့တွဲသုံးဖို့ လိုအပ်မှာဖြစ်ပါတယ်။

Features
Samsung Exclaim မှာ ဆက်သွယ်မှုပေါင်း ၆၀၀ ခန့်ကိုမှတ်သားထားနိုင်မယ့် ဖုန်းစာအုပ်ပါဝင်တာကို တွေ့ရပါမယ်။ ဖုန်းစာအုပ်ရဲ့ entry တစ်ခုစီမှာ ဖုန်းနံပါတ်ခြောက်ခု၊ အီးမေးလ်လိပ်စာတစ်ခု၊ instant-messaging တစ်ခု၊ URL တစ်ခုနဲ့ မှတ်စုများကိုမှတ်သားထားနိုင်ပါတယ်။ ဆက်သွယ်မှုများကို အုပ်စုဖွဲ့ထားနိုင်ပြီး ဓါတ်ပုံများနဲ့တွဲခြင်း၊ ဖုန်းမြည်သံများနဲ့တွဲခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ ဆက်သွယ်ရန်လိပ်စာများကို လုံခြုံတဲ့နေရာမှာ သိမ်းထားလိုရင်တော့ sprint ရဲ့ Wireless backup ကိုအသုံးပြုကာ လုံခြုံစွာသိမ်းထားနိုင်ပါတယ်။
Samsung Exclaim မှာ 2-megapixel ကင်မရာပါဝင်ပြီး ဓါတ်ပုံများကို resolution ငါးမျိုးနဲ့ quality setting သုံးမျိုးတို့မှ နှစ်သက်ရာရွေးချယ်ကာ ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် self-timer, 10 frames, 3x zoom, mult-ishot and divided shot modes စသည်တို့ဖြင့်ရိုက်ကူးနိုင်သလို color tone ငါးမျိုး၊ white-blance setting ငါးမျိုး၊ shutter အသံလေးမျိုးတို့ဖြင့်ရိုက်ကူးနိုင်ပြီး အလင်းအမှောင်ချိန်ညှိခြင်း၊ right mode ဖြင့်ရိုက်ကူးခြင်းတို့ကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ EV-DO ဖုန်းဖြစ်တဲ့ Samsung Exclaim ဟာ Sprint Radio, Sprint Movie နဲ့ Sprint TV တို့ကိုအသုံးပြုနိုင်ပါတယ်။ Music Player ပါဝင်ပြီး MP3, AAC, AAC+ နဲ့ WMA format တွေကို အသုံးပြုနိုင်ပါတယ်။ Sprint Music စတိုးမှဒေါင်းလုပ်ပြုလုပ်ကာ PC နဲ့ဖုန်းထဲသို့ wireless မှတဆင့် ထည့်သွင်းနိုင်ပါတယ်။ ဖုန်းအတွင်း memory 512 MB ပါဝင်ပြီး 8GB အထိ တိုးချဲ့ကာအသုံးပြုနိုင်ပါတယ်။

Performance
Samsung Exclaim ကို San Francisco မှာရှိတဲ့ Sprint ဖြင့် စမ်းသပ်သုံးစွဲကြည့်တဲ့အခါမှာ ဖုန်းခေါ်ဆိုမှုအရည်အသွေးဟာ စိတ်ကျေနပ်ဖွယ်ကောင်းလောက်အောင် ကောင်းမွန်တာကိုတွေ့ရပါတယ်။ စကားပြောဆိုမှုတွေပြုလုပ်တဲ့အခါမှာ ကြည်လင်ပြတ်သားစွာကြားရပြီး အသံများကိုလည်း ကျယ်ကျယ်လောင်လောင်ကြားရတာကိုတွေ့ရပါတယ်။ အသံများကို သဘာဝအတိုင်းကြားရပြီး နောက်ခံအသံဆူညံမှုအနည်း ငယ်ရှိပေမယ့် ဒီဆူညံသံတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေနိုင်ပါဘူး။ Exclaim ရဲ့ EV-DO speed ဟာအလွန်လျှင်မြန်ပြီး 3.78 MB ပမာဏရှိတဲ့သီချင်းကို ၄၅ စက္ကန့်အတွင်း ဒေါင်းလုပ်ရယူပေးနိုင်တာကို တွေ့ရပါတယ်။ Samsung Exclaim ရဲ့ဘက်ထရီကို ၄.၇၅ နာရီကြာ မရပ်မနားပြောဆိုအသုံးပြုနိုင်ပြီး ဖုန်းရဲ့ဈေးနှုန်းကတော့အမေရိကန်ဒေါ်လာ ၃၉၉.၉၉ ဒေါ်လာဖြစ်ပါတယ်။
source:mminternetjournal

Ingen kommentarer:

Send en kommentar