fredag den 19. februar 2010

Motorola Droid

Motorola Droid မှာလှပ ကောင်းမွန်တဲ့ display ပါဝင်ပြီး Android 2.0 ကိုအသုံးပြုထားကာ Web browser ကိုလည်းလျင်မြန် စွာအသုံးပြုနိုင်တာကိုတွေ့ရပါတယ်။ Google Maps, Navigation app စတဲ့ application များကိုအ သုံးပြုနိုင်ပြီးခေါ်ဆိုမှုအရည်အသွေး ကလည်းကောင်းမွန်တာကိုတွေ့ရ ပါတယ်။ အရင်ထွက်ရှိပြီးသားဖြစ် တဲ့ Android ဖုန်းများထက်လျင် မြန်စွာအသုံးပြုနိုင်မှာဖြစ်သလိုဖုန်း ပြောတဲ့အခါမှာလည်းအချိန်ကြာ မြင့်စွာပြောဆိုနိုင်တာကိုတွေ့ရပါ တယ်။
အားနည်းချက်အနေနဲ့ကတော့ ဖုန်းမှာပါဝင်တဲ့ QWERTY ကီး ဘုတ်ဟာပါးလျပြီး သီချင်းနဲ့ဗီဒီယို များရဲ့စွမ်းဆောင်ရည်ဟာလည်းအ ခြားဖုန်းများထက်နိမ့်ကျလွန်းခြင်း တို့ပဲဖြစ်ပါတယ်။

Design
Motorola Droid မှာအလွန် ကောင်းမွန်တဲ့ WVGA display ပါဝင်ပြီးအရွယ်အစားကတော့ ၃.၇လက်မရှိပါတယ်။ အရောင် ပေါင်း ၁၆သန်းကိုဖော်ထုတ်ပြသ ပေးနိုင်ပြီး resolution ကတော့ 440x854 pixels ဖြစ်ပါတယ်။ ဖုန်းရဲ့ display ဟာအရောင်များ နဲ့ ဂရပ်ဖစ်များကိုကြည်လင်တောက်ပ စွာဖော်ထုတ်ပြသပေးနိုင်ပါတယ်။ ဖုန်းရဲ့အရွယ်အစားကတော့ အ လျား ၄.၅၆လက်မ၊ အနံ ၂.၃၆ လက်မနဲ့ အထူ ၀.၅၄လက်မဖြစ် ပြီးအလေးချိန်ကတော့ ၅.၉၆ အောင်စဖြစ်ပါတယ်။ အခြားဖုန်း များထက်ပိုလေးပေမယ့်လက်ထဲမှာ ကိုင်ထားတဲ့အခါကျစ်ကျစ်လစ်လစ် ရှိစေပါတယ်။
ဖုန်းရဲ့ display ဟာကြီးမား ကျယ်ပြန့်ပြီး touch interface ကလည်းလျင်မြန်စွာအလုပ် လုပ် နိုင်ကာတုံ့ပြန်မှုလည်းကောင်း မွန် တာကြောင့် အသုံးပြုသူများနှစ် ခြိုက်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် အကြောင်းအရာများကိုရွေးချယ်ခြင်း၊ ရှည်လျားတဲ့ list များကို scroll လုပ်ခြင်းစတဲ့အခါများမှာလည်းတုံ့ ဆိုင်းသွားခြင်းမရှိတာကိုတွေ့ရပါ တယ်။ Display ရဲ့အလင်းအမှောင်၊ နောက်ခံအလင်းနဲ့ animation တွေကိုစိတ်ကြိုက်ပြောင်းလဲအသုံးပြု နိုင်ပြီး accelerometer ပါဝင်တာ ကြောင့်လည်းဖုန်းကိုလှည့်ရုံဖြင့် display ရဲ့မြင်ကွင်းကိုချိန်ညှိအ သုံးပြုနိုင်မှာဖြစ်ပါတယ်။ အသုံးမ ပြုလိုပါက ၎င်းင်း feature ကိုပိတ် ထားနိုင်ပါတယ်။
Display ရဲ့အောက်ခြေဘက် တွင် Back, Home, Search, Menu စတဲ့ touch control လေး ခုကိုတွေ့ရမှာဖြစ်ပါတယ်။ ၎င်းင်း touch control များဟာအရွယ်အ စားမကြီးမားပေမယ့်တုံ့ပြန်နိုင်စွမ်း ကတော့ကောင်းမွန်တာကိုတွေ့ရ ပါတယ်။ ဒါပေမဲ့ Talk ခလုတ်ပါ ၀င်လာခြင်းမရှိဘဲဖုန်းခေါ်ဆိုမှုများ ပြုလုပ်လိုတဲ့အခါစိတ်ရှုပ်စရာဖြစ် နိုင်ပါတယ်။ ဥပမာအနေဖြင့် Web စာမျက်နှာများကိုကြည့်ရှုနေစဉ်အ တွင်းဖုန်းခေါ်ဆိုမှုပြုလုပ်လိုတဲ့အခါ browser ကိုပိတ်ပြီး home screen ရဲ့ widget မှတဆင့်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။
Droid မှာပါဝင်တဲ့ physical ကီးဘုတ်ကိုအသုံးပြုတဲ့အခါမှာတော့ ဖုန်းရဲ့ display ဟာအလိုအလျောက် ပြောင်းလဲသွားတာကိုတွေ့ရပါတယ်။ ကီးဘုတ်မှာပါဝင်တဲ့ခလုတ်များဟာ ကျပ်ညပ်နေပြီးတစ်ပြေးညီဖြစ်နေတာ ကြောင့်အသုံးပြုတဲ့အခါမှာအခက်အ ခဲတွေ့နိုင်ပါတယ်။ ကီးဘုတ်မှာပါ ၀င်တဲ့ခလုတ်များဟာကြီးမားပြီး နောက်ခံအလင်းပါဝင်တာကြောင့် မှောင်တဲ့နေရာတွေမှာအသုံးပြုနိုင် ပါတယ်။ ဂဏန်းနဲ့သင်္ကေတများ ကို အက္ခရာစာလုံးများပေါ်တွင် ဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပြီး ကီးဘုတ်ရဲ့အပေါ်ဆုံးတန်းရှိခလုတ် များဟာလည်း slider နဲ့ကပ်နေ ခြင်းမရှိတာကိုလည်းတွေ့ရပါတယ်။ ကီးဘုတ်ရဲ့အနားတစ်ဘက်တစ်ချက် စီတွင် Shift ခလုတ်နှစ်ခုနဲ့ Alt ခလုတ်နှစ်ခုပါဝင်လာပါတယ်။ ကြီးမားတဲ့ Space bar ပါဝင်ပြီး menu, search, back နဲ့ delete ခလုတ်တို့လည်းတွေ့ရမှာဖြစ်ပါတယ်။ Virtual ကီးဘုတ်ကိုလည်းအသုံး ပြုနိုင်ပြီးအသုံးပြုတဲ့အခါမှာလျင်မြန် တိကျတာကိုတွေ့ရပါတယ်။
အခြား physical ခလုတ်များ အနေဖြင့်ဖုန်းရဲ့ဘေးဘယ်ဘက်တွင် volume rocker ခလုတ်၊ camera shutter ခလုတ်တို့ကိုတွေ့ရ မှာဖြစ်ပါတယ်။ ဘက်ထရီအား သွင်းရန်အတွက် Micro-USB port ပါဝင်ပြီး multimedia dock ဖြင့်လည်းတွဲဖက်အသုံးပြုနိုင်ပါတယ်။ ၃.၅မီလီနားကြပ်ပေါက်ကိုတော့ဖုန်း ရဲ့ထိပ်ဘက်ပိုင်းတွင်တွေ့မြင်ရမှာ ဖြစ်ပြီး ကင်မရာမှန်ဘီလူး၊ ဖ လက်ရှ်နဲ့ စတီရီယိုစပီကာတို့ကို တော့ဖုန်းရဲ့ကျောဘက်ပိုင်းတွင်တွေ့ ရမှာဖြစ်ပါတယ်။ MicroSD card slot ကိုတော့ဘက်ထရီရဲ့ အောက်ဘက်မှာတွေ့မြင်နိုင်ပါတယ်။

FeatureMotorola Droid ဟာ Android 2.0 ကိုပထမဆုံးအသုံးပြု ထားတဲ့စမတ်ဖုန်းဖြစ်ပါတယ်။ ဒါ ကြောင့် feature အသစ်မြောက် များစွာကိုအသုံးပြုနိုင်မှာဖြစ်ပြီး interface ဟာလည်းထူးခြားကောင်း မွန်တာကိုတွေ့ရပါတယ်။ Gmail, POP3 နဲ့ IMAP account များ ကိုအသုံးပြုနိုင်ပြီး account အမျိုးမျိုးမှမက်ဆေ့ခ်ျများကိုလည်းခွဲ ခြားကာဖော်ပြထားနိုင်ပါတယ်။ HTML ၅ အထောက်အပံ့ပေးနိုင် တဲ့ Web browser ပါဝင်လာပြီး bookmark များကိုမှတ်သားထား နိုင်ကာ window အမြောက်အ များဖြင့်အသုံးပြုနိုင်ပါတယ်။ EV-DO Rev.A ကွန်ရက်ဖြင့်အသုံးပြု တဲ့အခါမှာ CNET ၀က်ဘ်ဆိုက် ကို ၁၄စက္ကန့်အတွင်းဖွင့်ပေးနိုင်ပြီး CNN ဆိုက်ကို ၈စက္ကန့်အတွင်းဖွင့် ပေးနိုင်ကာ ESPN ဆိုက်ကိုတော့ ၅စက္ကန့်အတွင်းဖွင့်ပေးနိုင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ Flash Lite ဖြင့်အသုံးပြုနိုင်မှာမဟုတ်ဘဲ 10 plaAdobe Flash yer ကိုသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Motorola Droid မှာ GPS/AGPS ကိုတပ်ဆင်ပေးထားတာ ကြောင့် Google Maps Navigation ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Built-in media player ပါဝင် ပြီး MP3, AAC, AMR-NB, WAV, MIDI, Windows Media Audio 9 စတဲ့ format တွေ ကိုအသုံးပြုနိုင်ပေမယ့် syncing software မပါဝင်တာကြောင့်သီ ချင်းများကိုလွှဲပြောင်းခြင်း၊ စီမံခြင်း တို့ကိုတော့ပြုလုပ်နိုင်မှာမဟုတ်ပါ ဘူး။ ဒါကြောင့်သီချင်းများကိုလွှဲ ပြောင်းစီမံတဲ့အခါမှာရှေးဟောင်း နည်းဖြစ်တဲ့ USB cable မှတဆင့် drag-and-drop ပြုလုပ်တဲ့နည်း လမ်းကိုသာအသုံးပြုရမှာဖြစ်ပါတယ်။
Motorola Droid နဲ့တွဲဖက် အသုံးပြုနိုင်တဲ့ multimedia dock ကိုအမေရိကန်ဒေါ်လာ ၃၀ ဖြင့်သီးသန့်ဝယ်ယူနိုင်ပါတယ်။ ၎င်းင်း multimedia dock အတွင်ီးမသငိ ကိုထည့်သွင်းပြီး ဒီဂျစ်တယ်နာရီ အဖြစ်အသုံးပြုနိုင်သလို၊ မိုးလေ၀ သအခြေအနေ၊ media player, photo gallery, alarm clock စသည်ဖြင့်အသုံးပြုနိုင်ပါတယ်။ ဗီဒီ ယိုများကိုလည်း ရိုက်ကူးနိုင်ပြီး MMS အတွက်စက္ကန့်သုံးဆယ်စာ သာရိုက်ကူးနိုင်ပြီးတော့ သာမန် ရိုက်ကူးမှုများအတွက်မိနစ်သုံးဆယ် စာရိုက်ကူးနိုင်ပါတယ်။
ကင်မရာအနေဖြင့် 5-mega-pixel ကင်မရာပါဝင်ပြီး resolution သုံးမျိုးဖြင့်ရိုက်ကူးနိုင်ပါတယ်။ LED ဖလက်ရှ်နှစ်ခုပါဝင်ပြီး auto-focus, macro setting, color effect တို့ဖြင့်ရိုက်ကူးနိုင်ပါတယ်။ဓါတ်ပုံရဲ့အရည်အသွေးကတော့ ကောင်းမွန်ပေမယ့် ပန်းရောင် ဘက်သမ်းတာကိုတွေ့ရပါတယ်။ ဓါတ်ပုံ၊ သီချင်း၊ ဗီဒီယိုများကိုဖုန်း တွင်း memory 512MB ROM နဲ့ 256MB RAM အတွင်းမှတ် သားထားနိုင်ပြီး microSD card မှတဆင့် 32GB အထိတိုးမြှင့်သုံး စွဲနိုင်ပါတယ်။
အခြေခံ feature များအနေ နဲ့ vibrate mode, text and multimedia messaging, calculator, alarm clock တို့ပါဝင် ပြီး အဆင့်မြင့် feature များအနေ နဲ့ world clock, notepad, file manager, to-do list, 802.11b Wi-Fi, USB mass storage, Google voice search, Google Talk, instant messaging, visual voice mail, PC syncing, speaker independant voice dialing နဲ့ stereo Bluetooth တို့ ပါဝင်လာပါတယ်။

Performance
Motorola Droid ဖုန်းကို dual-band (CDMA 800/1900; EV-DO Rev.A) တို့ဖြင့်အသုံး ပြုနိုင်ပါတယ်။ ဖုန်းခေါ်ဆိုမှုအ ရည်အသွေးဟာကောင်းမွန်ပြီး နောက်ခံဆူညံမှုမရှိတာကိုတွေ့ရ ပါတယ်။ စပီကာဖုန်းဖြင့်ပြောဆို တဲ့အခါမှာ ပဲ့တင်သံအနည်းငယ် ရှိပြီး voice-automated response စနစ်ကိုအသုံးပြုတဲ့အခါ မှာတော့ဘာပြဿနာမှမရှိတာကို တွေ့ရပါတယ်။ စိတ်ပျက်ဖွယ်ရာ အချက်ကတော့ dual-mode (CDMA, GSM) ကိုအသုံးမပြု နိုင်ခြင်းပဲဖြစ်ပါတယ်။
ဖုန်းရဲ့ဘက်ထရီဟာ 1400 mAh Li Ion အမျိုးအစားဖြစ်ပါ တယ်။ ဘက်ထရီရဲ့သက်တမ်းက တော့ ဖုန်းပြောဆိုမှုအတွက် ၆.၄ နာရီအကြာမရပ်မနားပြောဆိုအ သုံးပြုနိုင်ပြီး အသင့်အနေအထား အနေဖြင့် ၇နာရီ ၃၅မိနစ်အကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ingen kommentarer:

Send en kommentar