ကျွန်တော်တို့  ဖိုရမ်တွေ Blog တွေမှာ ပုံလေးနဲ့ တင်ပြချင်တဲ့အခါပဲဖြစ်ဖြစ် Print Screen သုံးပြီး ပုံကို လုပ်ယူကြပါတယ်။ အောက်ကပုံကို ကြည့်ပါ။ ကျွန်တော် ဖွင့်ထားတဲ့ Windows တွေက Desktop မှာ အကုန် ရှိနေပါတယ်။ ဒါကို ကျွန်တော်Print Screen ဖမ်းထားတာပါ။

အဲဒီထဲက ကျွန်တော်က Command Prompt ကို ပုံတင်ချင်ရင် Select Tool သုံးပြီး Cmd ပုံကို ပြန်ဖျက်ထုတ်ပေးရမှာပါ။ အဲဒီလို ပြန်မဖျက်ရအောင် Print Screen (PrtScSysRq) ကို ဒီအတိုင်း မနှိပ်ပဲ Alt Key နဲ့ တွဲနှိပ်ပေးလိုက်ရင် ရပါတယ်။ Ms Paint ကနေ Screen ဖမ်းတဲ့အခါ အောက်ကအတိုင်း အပေါ်ဆုံးက Active Window တစ်ခုထဲကိုသာScreen ဖမ်းပေးမှာပါ။

source:
ကိုရင်ပြည့်စုံ:
Ingen kommentarer:
Send en kommentar