søndag den 11. oktober 2009

Change Command Window Color

Command Prompt မှာ အရောင်က အဖြူနဲ့ အမဲ ရှိပါတယ်။ အဖြူကတော့ စာသားအရောင်ပါ။ အမဲက BG အရောင်ပါ။အဲဒီအရောင်တွေကို စိတ်ကြိုက်ပြောင်းလို့ ရပါတယ်။ အရင်ဆုံး Win + R နဲ့  Run ခေါ်ပြီး CMD လို့ ရိုက်ပါ။ Command Window ပွင့်လာ ပြီဆိုရင် color g လို့ ရိုက်ပြီး Enter ခေါက်ပါ။ အောက်ကအတိုင်းတွေ့ ပါမယ်။

သူ့ မှာ 0 ကနေ 9 ၊ A ကနေ F ထိ အရောင်တွေ ရှိပါတယ်။ Press any key to continue ဆိုပြီး တွေ့ ပါမယ်။ ကြိုက်နှစ်သက်ရာ Key တစ်ခုခုကို နှိပ်ပေးလိုက်ပါ။ အဲဒီမှာ စိတ်ကြိုက်အရောင်ပြောင်းလို့ ရပါပြီ။ color x လို့ ရိုက်ပါ။ x ကတော့ ထားခြင်တဲ့ အရောင်ပေါ့။ အောက်ကပုံကို ကြည့်ပါ။

ကျွန်တော်က color 2 လို့ ရိုက်ထားပါတယ်။ အဲဒီတော့ အစိမ်းရောင်ပေါ်နေတာပါ။ အဲဒါက စာအတွက်ပါ။ BG Color ပါ ပြောင်းချင်တယ် ဆိုရင်တော့ color xy လို့ ရိုက်ပါ။ x BG Color ဖြစ်ပြီး y ကတော့ စာသားအတွက်ပါ။ အောက်ကပုံကို ကြည့်ပါ။

ကျွန်တော်က color 2A လို့ ရိုက်ထားတာပါ။ ပြန်ပြီး Restore လုပ်ချင်ရင်တော့ color လို့ ရိုက်ပါ။ နောက် Command Prompt က Properties မှာလဲ ပြောင်းလို့ ရပါတယ်။ Command Prompt ရဲ့ Title Bar မှာ Right Click ထောက် ပြီး Properties ကို သွားပါ။ အဲဒီမှာလဲ လုပ်လို့ ရပါတယ်။

Ingen kommentarer:

Send en kommentar