søndag den 11. oktober 2009

Drives များ ဖျောက်ထားခြင်း

ပထမဆုံး Microsoft က ထုတ်တဲ့ TweakUI ဆိုတဲ့ Free Software သုံးပြီး Windows XP မှာ ဖျောက်ကြည့်ရအောင်။ အရင်ဆုံး လိုတဲ့ TweakUI ကို ဒီနေရာ က ယူလိုက်ပါ။ ပြီးရင် Install လုပ်လိုက်ပါ။ ပြီးသွားရင် TweakUI ကို ဖွင့်ပြီး My Computer ကို သွားပါ။ အဲဒီမှာ အောက်မှာ ပြထားတဲ့အတိုင်း Drives တွေ တွေ့  ရပါ လိမ့်မယ်။

Uncheck/check လုပ်ပြီး ဖျောက်ချင်တာတွေ ဖျောက် လို့ ရပါပြီ။ ပြီးရင် My Computer ထဲကို ပြန်ကြည့်လိုက်ပါ။ ဖျောက်ထားတဲ့ Drive တွေ ပျောက်နေပါလိမ့်မယ်။ Software က XP အတွက်ပါ။ နောက်ထပ် Command Prompt ကနေ ဖျောက်လို့  ရပါသေးတယ်။
______________________________
Start > Run ကို သွားပြီး "Diskpart" လို့ ရိုက်ပါ။ OK ပေးလိုက်ပါ။ List Volume လို့ ရိုက်ပြီး Enter ခေါက်ပါ။ အောက်ကပုံကို ကြည့်ပါ။

မိမိ ကွန်ပျူတာမှာရှိတဲ့ Drives တွေနဲ့ ပတ်သတ်ပြီး Letter တွေ Volume တွေ တွေ့ ပါမယ်။ အဲဒီမှာ ဖျောက်ချင်တဲ့ Drive ရဲ့ Letter ကို ရိုက်ထဲ့ပေးရပါမယ်။ ကျွန်တော့မှာရှိတဲ့ထဲက F ကို ဖျောက်ကြည့်ပါမယ်။ ပုံမှာပြထားတဲ့အတိုင်း F ရဲ့ Volume က 4 ဖြစ်တဲ့အတွက် Select Volume 4 လို့ ရိုက်ပါမယ်။ Enter ခေါက်ပါမယ်။ Selected လုပ်ပြီးတဲ့ အကြောင်း ပြောပါမယ်။

ပီးရင် Remove Letter F လို့ ရိုက်ပြီး Enter ခေါက်ပါမယ်။ အောက်က ပုံကို ကြည့်ပါ။ ဖျောက်ပြီးကြောင်း ပြောပါလိမ့် မယ်။

ကွန်ပျူတာကို Restart ပေးလိုက်ပါ။ ပြီးရင်တော့ My Computer ကို ပြန်ကြည့်လိုက်ရင် ဖျောက်ထားတဲ့ Drive ပျောက်နေပါလိမ့်မယ်။ ပြန်ပေါ်စေချင်တယ်ဆိုရင်တော့ Remove နေရာမှာ Assign ပြောင်းပေး ကြည့်နိုင်ပါတယ်။ကိုရင်ပြည့်စုံ:

Ingen kommentarer:

Send en kommentar