søndag den 11. oktober 2009

RUN ၏ History များ ဖျက်ခြင်း

ကျွန်တော်တို့  ကွန်ပျူတာတွေမှာ RUN ကို သုံးပြီးတော့ Command တွေကို ဖွင့်ကြရတာတွေ ရှိပါတယ်။ ဥပမာ-Paintကို သွားဖို့  အလွယ် RUN ကနေ mspaint ရိုက်ပြီး ခေါ်သလိုပေါ့။ အဲဒါလေးတွေက RUN ရဲ့ History ထဲမှာ ကျန်နေခဲ့ပါတယ်။ စက်တစ်လုံးနဲ့ တစ်လုံး Share ယူလဲ ဒီလိုပဲ လုပ်ကြပါတယ်။အဲဒီတော့ မိမိ သုံးထားတာတွေ History ထဲမှာ ကျန် မနေခဲ့စေချင်ဘူးဆိုရင်တော့ ဖျက်ပစ်လို့ ရပါတယ်။ တစ်နည်းက Registry ကနေ ရှင်းတဲ့နည်းပါ။နောက်တစ်နည်း ကတော့ MRU-Blaster သုံးပြီး ရှင်းတဲ့နည်းပါ။ အရင်ဆုံး Registry ကနေ လုပ်ကြည့်ပါမယ်။ ထုံးစံအတိုင်းပါပဲ။ Start > Run ကို သွားပြီး Run ခေါ်လိုက်ပါ။ ပြီးရင် regedit လို့ ရိုက်ပြီး OK ပေးလိုက်ပါ။ Registry Editor ထဲ ရောက်သွားပါမယ်။HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ Explorer\RunMRU\ ထိ ရောက်အောင် သွားလိုက်ပါ။ ညာဘက်ခြမ်းမှာ History တွေကို တွေ့ ရပါမယ်။ အဲဒါတွေကို တစ်ခုချင်း Double Click ပြီး Value data တွေကို လိုက်ဖျက်ပေးလိုက်ရင် ရပါပြီ။

နောက်ထပ် MRU Blaster သုံးပြီး ဖျက်လို့ ရပါတယ်။ Software ကို ဒီနေရာ မှာ သွားယူလိုက်ပါ။ ပြီးရင် Install လုပ် လိုက်ပါ။ ပြီးရင် MRU Blaster ကို Run ပြီး Scan button ကို Click ပါ။ ပြီးရင် Clean Now button ကို Click လိုက်ရင် ရပါပြီ။ကိုရင်ပြည့်စုံ:

Ingen kommentarer:

Send en kommentar