Windows Vista မှာ Start ကနေ သွားကြည့်လိုက်ရင် အောက်ကအတိုင်း Sleep Mode ကို တွေ့ မှာပါ။

ဒါပေမယ့် အများစုကတော့ အဲဒီ Sleep ကို သုံးတာ မတွေ့ ရပါဘူး..ဘေးက Arrow ကို သုံးပြီး Restart/Shutdown လုပ်ကြပါတယ်။ အဲဒီတော့ Arrows ကို သွားနေစရာမလိုပဲ Shutdown Button လေးကို Sleep Mode နေရာမှာ အစားထိုးထားလိုက်လို့ ရပါတယ်။ Windows Key + R နဲ့  Run ခေါ်လိုက်ပါ။ ပြီးရင် ... powercfg.cpl ,1 လို့ ရိုက်ပါ။

Powers Options ကို ရောက်သွားပါလိမ့်မယ်။ Power Buttons and Lid ကို ရှာပါ။ Start Menu Power Button ကို သွားလိုက်ပါ။ ပြီးရင် Sleep နေရာမှာ Shutdown ပြောင်းပေးလိုက်ပါ။

Apply>OK ပေးလိုက်ပါ။ အခုဆိုရင် Sleep Mode နေရာမှာ Shutdown Button ရောက်သွားပါပြီ။

Ingen kommentarer:
Send en kommentar