Viser opslag med etiketten Window 7. Vis alle opslag
Viser opslag med etiketten Window 7. Vis alle opslag

søndag den 27. november 2011

Window 7 မှာ ၀င်းဒိုးတွေ ထပ်နေတဲ့ ပြဿနာ ဘယ်လိုရှင်းမလဲ

ကျွန်တော်တို့ Windows 7 သုံးတဲ့ သူငယ်ချင်း အတော်များများ ကြုံခဲ့ရတဲ့ နည်းလေးပါ။ အကြောင်းကတော့ Windows တင်ခဲ့စဉ်မှာ မှုလ တင်ခဲ့ပြီးသာ Windows ကို Delete လုပ် ပြီ Format မရိုက်ခဲ့လို့ ကြုံရတဲ့ ပြဿနာဖြစ်ပါတယ်။ ကြုံရတာက မိမိ C partition ထဲမှာ Windows folder တွေ မိမိ အကြိမ်တင်ရင် တင်ခဲ့သလောက် Windows တွေ ထပ်နေတက်ပါတယ်။ အကြောင်းက အပေါ်မှာ ပြောခဲ့သလို Windows တင်တဲ့ အချိန်မှာ မှုလ Windows ကို Format မရိုက်ခဲ့လို ဖြစ်ပါတယ်။ ဒါကြောင့် Harddisk ထဲမှာ မလိုအပ်ဘဲ နေရာတွေ ပြည့်နေပြီ မိမိက ဘာမှ အများကြီး သုံးပြီးသာ ဖြစ်နေတက်ပါတယ်။ အကြိမ်ရေ နည်းတဲ့ အခါမှာ ပြဿနာ မဟုတ်ပေမဲ့ အကြိမ်ရေး များလာတဲ့ အခါမှာ ပြဿနာ တက်လာတက်ပါတယ်။ ဘယ်လို ဖြစ်ရတာလဲဆိုတော့ ကျွှန်တော်တို့ Window 7 မှာ computer ဖွင့်လိုက်တဲ့အခါ window start up လုပ်နေစဉ် အတွင်းမှာ မိမိဘယ် Window နဲ့ boot တက်မလဲ ဆိုတာကို ရွေးချယ်ပေးရတဲ့ Boot option အပိုင်းရှိပါတယ်။ Window တခုတည်း ဆိုရင်တော့ သူကအချိန် အနည်းငယ်ပဲ ပေါ်လာပီး မိမိတင်ထားတဲ့ Window 7 အတိုင်းဆက် အလုပ်လုပ်ပါတယ်။ တကယ်လို့ ကိုယ်ကအရင်က Window XP တင်ခဲ့ပြီး Window 7 ပြောင်းသုံးတဲ့အခါ အရင်Window Xp ကို Format မရိုက်မိဘဲ Window ဆက်တင်မိတဲ့ အခါမျိုးမှာဆိုရင် Boot တက်တဲ့အခါ Window Version နှစ်ခုထဲက တစ်ခုခုကို ရွေးပေးဖို့ Boot option လုပ်နေစဉ်မှာ ပေါ်လာတတ်ပါတယ်။ အခုနပြောသလို အခြေအနေမျိုးမှာ စက်ဖွင့်တဲ့အခါတိုင်း ကိုယ်ကရွေးပေးနေရပါတယ်။ မရွေးပေးဘဲ သူ့ဘာသာ Boot တက်ရင်တော့ နောက်ဆုံးတင်ထားတဲ့ Window 7 အတိုင်းပဲ အလုပ်ဆက်လုပ်ပါတယ်။ ဒါပေမယ့် ကျွှန်တော်တို့ အဲ့ဒီအရင်က Window ( Xp ဒါမှမဟုတ် Vista တခုခုပေါ့ ) လက်ရှိသုံးနေတဲ့ Window 7 မတင်ခင် အရင် Window တခုခုကို Earlier Version Of Window လို့ခေါ်ပါတယ်။ အယ့်ဒီ Earlier Version အပိုင်းကြီးကို Boot တက်တဲ့အခါ မမြင်ရအောင် Remove လုပ်ပစ်ထားလိုက်ရင် နောက်ဆို ရွေးပေးစရာ မလိုတော့ပါဘူး။ စက်ဖွင့်လိုက်တိုင်း သူ့ဘာသာ မြန်မြန်ဆန်ဆန်ပ Window7 တက်လာပါလိမ့်မယ်။ကျွှန်တော်တို့ ပြောနေတာအရမ်း များသွားပီ။ ကျွန်တော်တို့ အလွယ်မြင်အောင် အောက်က ပုံကိုကြည့်လိုက်ပါ။ အောက်မှာတော့ Windows က နှစ်ခုသာ ပြထားပါတယ်။ ဒီထပ်ပိုနေတဲ့ စက်တွေကို တွေ့ခဲ့ဘူးပါတယ်။ အောက်မှာ ရှင်းတဲ့ နည်းကို ကျွန်တော် အသေးစိတ်တင်ပြပေးထားပါတယ်။ အောက်က ပုံကို အရင်ကြည့်ကြည့်ပါ။


လုပ်နည်း
1. Command Prompt လို့ခေါ်တဲ့ Cmd ကို Run as administrator နဲ့အရင် ဖွင့်လိုက်ပါ။ ရိုးရိုးအတိုင်း Wndkey+R လို့ရိုက်ပီး ပေါ်လာတဲ့ Run Box မှာ cmd လို့ရိုက်ထည့်ပီး ဖွင့်ပီးပေါ်လာတဲ့ cmd မှာဆို အလုပ်မလုပ်ပါဘူး။ ဒါကြောင့် ခုနပြောသလိုပဲ Run as administrator နဲ့ပဲ ဖွင့်လိုက်ပါ။



2.ပေါ်လာတဲ့ Cmd Box မှာ bcdedit လို့ရိုက်လိုက်ပါ။ ကျလာတဲ့ဘောက်ထဲမှာ windows Legacy os Loader ကို တွေ့ရပါလိမ့်မည်။

3.နောက်ဆုံးအနေနဲ့ ကျွှန်တော်တို့က မလိုအပ်တဲ့ အပိုင်းဖြစ်တဲ့ Windows Lagacy OS loader အပိုင်းကို Delete လုပ်ပေးရပါမယ်။ Command Prompt မှာ bcdedit /delete {ntldr} /f လို့ ရိုးရိုးလေး ရိုက်ပေးပီး Enter ရိုက်ပေးလိုက်ပါ။ အားလုံး အဆင်ပြေသွားပါပီ။

Window 7 မှာ မိမိစိတ်ကြိုက် Pin Code များဖန်တီးခြင်း

ကျွန်တော်တို့ Window 7 မှာ မိမိတို့ ကြိုက်တဲ့ Folder တွေကို Taskbar မှာ တွဲချိတ်ထားဖို့(pin) လုပ်ထားဖို့ဆိုတာ တိုက်ရိုက်လုပ်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် လုပ်လို့ရတဲ့ နည်းလေးတွေတော့ ရှိပါသေးတယ်။ မိမိအမြဲတမ်း သုံးနေကျ folder လေးတွေကို Taskbar လေးမျာ တွဲချိတ်(pin) ထားလိုက်ရင် မြန်မြန်ဆန်ဆန်နဲ့ လိုချင်တဲ့နေရာ ရောက်အောင်သွားနိုင်ပါတယ်။ မိမိသုံးနေကျ Folder တွေကို Taskbar မှာ ချိတ်ပေးလိုက်တဲ့ အတွက် Desktop ကို ရှင်းရှင်းလင်းလင်း ထားချင်သူများအတွက်လည်း အဆင်ပြေစေပါတယ်။ Window 7 သုံးနေရပေမယ့် Apple window သုံးနေရတဲ့ ပုံစံလေး မြင်တွေ့ရမယ်လို့ ဆိုထားပါတယ်။ သုံးကြည့်လိုက်ပါ။ တော်တော်လေး အဆင်ပြေပါတယ်။
1. ပထမဆုံး ဒီနေရာမှာ ဒေါင်းလုပ်ချလိုက်ပါ။
2. ဒေါင်းလုပ်ချပီးတာနဲ့ Folder ထဲမှာပါတဲ့ .exe ဆိုတဲ့ ဖိုင်လေးကို Run လိုက်ပါ။ အောက်မှာ ပြထားတဲ့ ပုံလေးကို တွေ့ရပါလိမ့်မယ်။




1. Stack Name နေရာမှာ မိမိကြိုက်နှစ်သက်ရာ နံမည်ပေးပါ။
2. Path မှာ မိမိ Pin(တွယ်ချိတ်) ထားချင်တဲ့ Folder ရှိတဲ့နေရာကို သွားပြီး ရွေးပေးလိုက်ပါ။ ဥပမာ ကျွန်တော်ဆိုရင် Control Pannel ကိုရွေးပေးထားပါတယ်။
3. Open As မှာ Grid, Auto & Stack ဆိုတာ ရှိပါတယ်။ မိမိကြိုက်နှစ်သက်ရာ တခုခုရွေးနိုင်ပါတယ်။ Direction မှာ Up,Down,Left & Right ဆိုပြီး ရှိပါတယ်။ ကြိုက်နှစ်သက်ရာ တခုရွေးပါ။ Switch to grid after မှာ မိမိ ထည့်ချင်တဲ့ Item အရေအတွက်တွေ သတ်မှတ်ပေးလို့ ရပါတယ်။
4. Force open positon မှာ X ၀င်ရိုးနဲ့ Y ၀င်ရိုးမှာ မိမိကြိုက်သလောက် သတ်မှတ်ပေးလို့ ရပါတယ်။
5. Create Stack ဆိုတာလေး လုပ်ပီးတာနဲ့ အောင်မြင်စွာ ပြီးဆုံးသွားပါပီ။
6. Create shortcut ဆိုတာလေး နှိပ်ပီး Shortcut လေး လုပ်ထားပေးလို့ ရပါတယ်။
7. အားလုံးပြီးသွားရင်တော့ OK ပေးလိုက်ပေါ့။
အားလုံး ပြီးသွားရင် မိမိ Shortcut ပေးထားတဲ့ နေရာလေးကနေ Right click ထောက်ပီး Pin to Taskbar ဆိုပီး လုပ်ပေးလိုက်တာနဲ့ အစအဆုံးအကုန်လုံး အဆင်ပြေသွားပါပီ။

onsdag den 29. juni 2011

Zawgyi Keyboard Installer 64 bit Win 7

တစ်နေ့က သူငယ်ချင်းတစ်ယောက်မေးတယ် သူ့စက်က ဇော်ဂျီကီးဘုတ်မရလို့တဲ့ သူသုံးတာက Window 764bit. 64bit မှန်သမျှ ကျနော်တို့သုံးနေကျ ရိုးရိုးဇော်ဂျီကီးဘုတ်အင်စတောလာတွေနဲ့အဆင်မပြေပါဘူး။
သူတို့အတွက် သီးသန့်လုပ်ထားတဲ့ အင်စတောလာနဲ့မှသာအဆင်ပြေပါတယ်။ အရင်ကျနော် သံလုံငယ်ဆိုက်
မှာတင်ထားတာတွေ့လိုက်တယ်။ ဒေါင်းလဲဒေါင်းလုဒ်ထားတယ်။ ဒါပေမယ့် မသုံးဖြစ်တော့ စက်ကို ဖေါမက်
ချတာနဲ့ပါသွားရော။

အခုတစ်ခုတော့တွေ့ထားတယ်။ စမ်းကြည့်စေချင်တယ်။ အဆင်ပြေလား မပြေလားတော့မသိဘူး။ ကျနော်
စက်က 7 32bit ဆိုတော့ မစမ်းဖြစ်သေးဘူး။

လုပ်နည်းလေး နည်းနည်းပြောပြလိုက်မယ်...

မိမိမောင်းနေကျ ဇော်ဂျီကီးဘုတ်အင်စတောလာတစ်ခုခုကိုအရင်မောင်းထားလိုက်ပါ။

ကျနော်အခုတင်ပေးတဲ့ ဇော်ဂျီကီးဘုတ်အင်စတောလာ RAR ဖိုင်ကို ဒေါင်းလုဒ်ပြီး ဖြည်လိုက်ပါ။ အဲဒီဖိုင်ထဲမှာ
Setup, ZawGyil_amd64.msi ,ZawGyil_i386.msi နှင့် ZawGyi_ia64.msi ဖိုင်များတွေ့
ရမှာပါ။ Setup ကို Run လိုက်တာနဲ့ Repare, Modifyပေါ်လာရင် repare ကိုနှိပ်။

ပြီးတော့ ZawGyil_amd64.msi ,ZawGyil_i386.msi နှင့် ZawGyi_ia64.msi သုံးခုတွင် တစ်ခုခုကို
Run လိုက်ပါ။
စမ်းကြည့်လိုက်ပါ...မရသေးရင် ကွန်ပျူတာကို Restart ပေးလိုက်။
1.ZawgyiKeyboard_L_For_Windows_7
2.ZawgyiL_i386 Download
3.ZawgyiL_ia64 Download
zawgyi-keyboard-layout  

onsdag den 22. juni 2011

Windows 7 မှာ Appearence Fonts ဘယ်လိုချိန်းကြမလဲ



Windows 7 မှာ Appearence Fonts ကို zawgyi အဖြစ် change ဖို့ နည်းလမ်းလေးဖြစ်ပါတယ်။ ပြီးတော့ Windows 7 မှာ အဆင်ပြေမယ့် Zawgyi Keyboard ကို လိုအပ်ပါလျှင် ဒီမှာ ဒေါင်းလိုက်ပါ။ Appearence Fonts ချိန်းဖို့အတွက် အောက်မှဖော်ပြထားတဲ့ အဆင့်တွေအတိုင်း ပြုလုပ်ပါ။

1. Start မှ SearchBox တွင် run ကို ရိုက်၍ Enter ခေါက်ပါ။

2. Run Box တွင် control desktop ဟုရိုက်၍ Enter ခေါက်ပါ။

3. Personalization သို့ ရောက်ရှိမည်ဖြစ်ပြီး အောက်ဘက်အလယ်ရှိ Windows Color ကိုနှိပ်ပါ။

4. Window Color and Appearence သို့ ရောက်ရှိမည်ဖြစ်ပြီး ၎င်းမှ Advanced appearence settings... ကိုနှိပ်ပါ။

5. Window Color and Appearence Box မှ Item တွင် အောက်ပါအတိုင်းမိမိပြောင်းလိုသည်များကို ရွေးချယ်၍ Font တွင် ZawgyiOne ကိုရွေးချယ်ပါ။

-Folder နှင့် File များကို မြန်မာလိုပေါ်လိုပါက Icon ကိုရွေးပါ။

-Menu များကို မြန်မာလိုပေါ်လိုပါက Menu ကိုရွေးပါ။

စသဖြင့် ရွေးချယ်နိုင်ပါသည်။





အဆင်ပြေပါစေ

mandag den 20. juni 2011

Windows 7 Keyboard Shortcuts

Ctrl+Alt+Tab

Use the arrow keys to switch between open items.
Alt+Tab ကို အားလုံးသိကြမှာပါ။ ဖွင့်ထားတဲ့ Window တွေကို ပြောင်းချင်ရင် ကျွန်တော်တို့ သုံးခဲ့ကြတယ်။ အခု 7 မှာတော့ Ctrl+Alt+Tab ဆိုတာ ပါလာပါတယ်။ Alt+Tab လို နှိပ်ထားစရာ မလိုပါဘူး။ Ctrl+Alt+Tab ကို နှိပ်လိုက်တာနဲ့ လောလောဆယ်ဖွင့်ထားတဲ့ Window တွေကို Box တစ်ခုနဲ့ ပြပေး ထားပါလိမ့်မယ်။ ကိုယ်က ပြောင်းချင်တဲ့ဝင်းဒိုးပေါ်မှာ မောက်စ်နဲ့ တစ်ချက်နှိပ်လိုက်ရုံပါပဲ။

Ctrl+Mouse Scroll Wheel

Change the size of icons on the desktop.
Desktop ပေါ်နေတဲ့အချိန်မှာ Desktop ပေါ်က icon တွေရဲ့ အရွယ်အစားကို ပြောင်းလဲချင်ရင် Ctrl ကို ဖိထားပြီး Mouse က Scroll Wheel ကို လှိမ့်လိုက်ရုံနဲ့ ပြောင်းလဲနိုင်ပါတယ်။

Alt+Esc

Cycle through items in the order in which they were opened.
ဖွင့်ထားတဲ့ Window တွေကို တစ်ခုပြီးတစ်ခု ပြောင်းပေါ်ချင်ရင် သုံးလို့ရပါတယ်။ Alt+Tab လို ပုံစံမျိုး ပေမဲ့ Alt+Tab လို box ပေါ်မလာဘဲ တစ်ခုပြီးတစ်ခု ပြောင်းပေးသွားမှာပါ။

F4
Display the address bar list in Windows Explorer.
Windows Explore ဖွင့်ထားတဲ့အချိန်မှာ Address bar ကို ဖွင့်ချင်ရင် F4 ကို နှိပ်လိုက်ပါ။

Alt+Up Arrow

View the folder one level up in Windows Explorer
A ဆိုတဲ့ Folder လေးကို ဖွင့်လိုက်တယ်။ အဲဒီ A ထဲမှာရှိတဲ့ B ဆိုတဲ့ Folder လေးကို ဖွင့်လိုက်တယ်။ B ပွင့်သွားတယ်။ အဲဒီအချိန်မှာ A Folder အောက်ကို ပြန်ရောက်ချင်ရင် Alt နဲ့ Up arrow ကို နှိပ်လိုက်ပါ။


Windows logo Key + T
Cycle through programs on the taskbar.
Taskbar မှာ ပေါ်နေတဲ့ Program တွေ၊ Window တွေရဲ့ Preview ကို တစ်ခုချင်းစီ ကြည့်ချင်ရင် Windows logo Key နဲ့ T ကို တွဲနှိပ်လိုက်ပါ။

Windows logo Key + number

Start the program pinned to the taskbar in the position indicated by the number. If the program is already running, switch to that program.

ဆိုပါစို့။ Notepad ဖွင့်တယ်၊ ပြီးတော့ Calculator ဖွင့်ထားတယ်။ အဲဒီတော့ Taskbar မှာ Notepad icon နဲ့ Calculator ရဲ့ icon လေးပေါ်နေတယ်။ Notepad က ပထမ၊ ပြီးမှ Calculator က ဒုတိယ အနေနဲ့ ပေါ်နေတာ။ အဲဒီအချိန်မှာ Notepad ကို မြင်ကွင်းရှေ့ ပေါ်လာစေချင်ရင် Windows logo key နဲ့ 1 ကို နှိပ်ကြည့်ပါ။ Calculator ကို မြင်ကွင်းရှေ့ ရောက်စေချင်ရင်တော့ Windows logo key နဲ့ 2 ကို နှိပ်ကြည့်ပါ။

Shift+ Windows logo Key + number

Start a new instance of the program pinned to the taskbar in the position indicated by the number.
အစောကအတိုင်းပဲ။ Notepad ဖွင့်ပြီး Calculator ဖွင့်မယ်ဗျာ။ Shift ရယ် Windows logo key ရယ် 1 ရယ် နှိပ်ကြည့်လိုက်ပါ။ နောက်ထပ် Notepad အသစ်တစ်ခု ထွက်လာပါလိမ့်မယ်။ အဲဒီလိုပါပဲ။ Shift ရယ် Windows logo key ရယ် 2 ရယ် နှိပ်ကြည့်လိုက်ပါ။ Calculator အသစ် ပွင့်လာပါလိမ့်မယ်။  

fredag den 7. januar 2011

Windows 7 Service Pack 1


Window 7 ရဲ့ service pack 1 လေးပါ။ ဘာထူးခြားလာလဲလို့တော့ မမေးကြပါနဲ့။ System Properties မှာ ServicePack1ဆိုတဲ့ စာတန်းလေး ပိုလာတာရယ၊် အသေးစား Window Update လေးတွေပိုလာတာက လွဲရင် ဘာမှမထူးခြားပါဘူး။ (စတာနော်.....:D ထူးခြားမှူကိုတော့ ကိုယ်တိုင်သာခံစား ကြည့်ကြပါနော်) တင်ချင်တဲ့လူများ အားလုံးအဆင်ပြေအောင် IS0 ဖိုင်လေးရယ်၊ Image Burner ဆော့ဝဲလေးရယ် တင်ပေးလိုက်ပါတယ်။ (မတင်ချင်တဲ့လူများ ဒီနေရာနေ ဒီပို့စ်ကို ဆက်ဖတ်စရာ မလိုတော့ပါဘူး..:D)။ Image Burner လေးကို Run ပြီး DVD အခွေလွတ်ထဲမှာ ISO ဖိုင်လေးကို အရင်ဆုံး Burn ထုတ်လိုက်ပါ။ ပြီးရင် Burn လို့ရလာတဲ့ DVD ထဲမှာ Setup File လေးတွေ့ ရပါလိမ့်မယ်။ Setup လုပ်ပေးလိုက်ရင် သူ့ဘာသာ စက်က Install လုပ်ပေးပါလိမ့်မယ်။ Installing လုပ်နေစဉ် အတွင်းမှာ Shut Down ကျလိုက်ပြန်တက်လာလိုက်နဲ့ သူ့ဘာသူ အလုပ်လုပ်နေပါလိမ့်မယ်။ နောက်ဆုံးပြီးသွားရင် ပုံမှန်အတိုင်း Window တက်လာပါလိမ့်မယ်။ တက်လာတဲ့ Window ကတော့ Service pack 1 လေးပေါ့။ ကဲ လိုမယ်ထင်ရင် ဒေါင်းလိုက်ကြပါဦး။

အင်းမေ့ဘန်နာ
အပိုင်း၁
အပိုင်း၂
အပိုင်း၃
အပိုင်း၎
အပိုင်း၅
အပိုင်း၆
အပိုင်း၇
အပိုင်း၈
အပိုင်း၉
အပိုင်း၁၀

torsdag den 8. juli 2010

Address Bar ကို Window 7 taskbar မှာထည့်နည်း

အပေါ်ကပုံလိုမျိုးလေး Window 7 မှာ Adress Bar လေးထည့်ချင်ရင် Desktop က TaskBar ပေါ်မှာ Right Click
ထောက်ပြီး Toolbars>Address ကိုနှိပ်လိုက်...အောက်ကပုံအတိုင်း။
အဲဒါဆိုရင်မိမိတို့ ဖိုင်တွေကိုအလွယ်တစ်ကူ Address Bar မှာစာရိုက်ပြီးဖွင့်နိုင်ပါပြီ..ပျော်ရွှင်ကြစေဗျာ။