onsdag den 22. juni 2011

Windows 7 မှာ Appearence Fonts ဘယ်လိုချိန်းကြမလဲ



Windows 7 မှာ Appearence Fonts ကို zawgyi အဖြစ် change ဖို့ နည်းလမ်းလေးဖြစ်ပါတယ်။ ပြီးတော့ Windows 7 မှာ အဆင်ပြေမယ့် Zawgyi Keyboard ကို လိုအပ်ပါလျှင် ဒီမှာ ဒေါင်းလိုက်ပါ။ Appearence Fonts ချိန်းဖို့အတွက် အောက်မှဖော်ပြထားတဲ့ အဆင့်တွေအတိုင်း ပြုလုပ်ပါ။

1. Start မှ SearchBox တွင် run ကို ရိုက်၍ Enter ခေါက်ပါ။

2. Run Box တွင် control desktop ဟုရိုက်၍ Enter ခေါက်ပါ။

3. Personalization သို့ ရောက်ရှိမည်ဖြစ်ပြီး အောက်ဘက်အလယ်ရှိ Windows Color ကိုနှိပ်ပါ။

4. Window Color and Appearence သို့ ရောက်ရှိမည်ဖြစ်ပြီး ၎င်းမှ Advanced appearence settings... ကိုနှိပ်ပါ။

5. Window Color and Appearence Box မှ Item တွင် အောက်ပါအတိုင်းမိမိပြောင်းလိုသည်များကို ရွေးချယ်၍ Font တွင် ZawgyiOne ကိုရွေးချယ်ပါ။

-Folder နှင့် File များကို မြန်မာလိုပေါ်လိုပါက Icon ကိုရွေးပါ။

-Menu များကို မြန်မာလိုပေါ်လိုပါက Menu ကိုရွေးပါ။

စသဖြင့် ရွေးချယ်နိုင်ပါသည်။





အဆင်ပြေပါစေ

Ingen kommentarer:

Send en kommentar