Windows System File missing error တွေကြုံဘူးကြမယ် ထင်ပါတယ်။ဆိုလိုချင်တာက
Windows ထဲမှာရှိတဲ့ System File တစ်ချို့ဟာ Virus ကြောင့်ပဲဖြစ်ဖြစ်၊ File Corrupt ဖြစ်
လို့ပဲဖြစ်ဖြစ်ပျက်သွားတတ်ကြတယ်မဟုတ်လား။
ဒီလိုအချိန်မျိုးကျရင် System ဟာ ဟို File ကိုရှာမတွေ့ပါဘူး၊ဒီ File ကိုရှာမတွေ့ပါဘူး နဲ့
Message တွေခဏခဏ ပေးလာတတ်ပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ အတွက် Start >> Run
ထဲကိုသွားပြီး CMD လို့ရိုက်ပါ။Windows 7 မှာဆိုရင် Start >> All Programs >>
Accessories >> Command Prompt ကို Right Click နှိပ်ပြီး Run as Administrator ကိုဖွင့်ပြီးဝင်ပါ။Command Prompt box ကျလာပါလိမ့်မယ်။ပြီးရင် မိမိ Windows xp
ဆိုရင် Windows xp ခွေထည့်ထားပြီး၊Windows 7 ဆိုရင်Windows 7 ခွေထည့်ထားဖို့လို
ပါတယ်။ဒါမှ လိုအပ်တဲ့ File တွေ့ရင် ခွေထဲကနေ Auto ဆွဲထည့်နိုင်မှာပါ။
Command Prompt မှာ SFC /Scannow ဆိုပြီးရိုက်ပါ။

ဒီလိုပုံစံလေးပေါ့။ပထမဦးဆုံးအနေနဲ့ Windows စုံမစုံ Verification လုပ်နေပါတယ်။

ဒါဆိုရင်တော့ Windows မှာမပြည့်စုံတဲ့ System file မရှိပါဘူး။
မပြည့်စုံတဲ့ System Fileရှိနေရင်တော့ ခွေထဲကနေ လိုအပ်တဲ့ File တွေကိုဆွဲထည့်သွားပါ
လိမ့်မယ်။
source:it- Media
Ingen kommentarer:
Send en kommentar