lørdag den 10. april 2010

USB Memory Stick ကို Password ပေးချင်တယ်ဆိုရင်ဖြင့်.....

Windows 7 ကိုတဖြည်းဖြည်းနဲ့လူသုံးများလာသလို ၊လူကြိုက်လဲများလာပါတယ်။ကျွန်တော်ကိုယ်တိုင်
လဲ Windows 7 ရဲ့ပရိတ်သတ်ဖြစ်နေပါပြီ။အခုနောက်ပိုင်း User အများစုကသူတို့ရဲ့ Memory Stick
လေးတွေကို Password လေးတွေပေးချင်ကြပုံရတယ်။ဘာဖြစ်လို့လဲဆိုတော့Memory Stick ၀ယ်ရင်
Password ပေးလို့ရလားဆိုပြီးခဏခဏမေးသံ ကြားကြားနေရပါတယ်။
ဒီကိစ္စကို Windows 7 မှာ BitLocker ဆိုတဲ့ Function နဲ့ဖြေရှင်းလို့ရပါတယ်။ဘာ Software မှသုံးစ
ရာမလိုပါဘူး။ပြုလုပ်ပုံအဆင့်ဆင့်ကိုပုံနဲ့တကွအောက်မှာဖေါ်ပြပေးထားပါတယ်ခင်ဗျာ။
ပထမဦးဆုံးအနေနှင့် မိမိ Password ပေးချင်သော Memory Stick ကို Computer မှာတပ်လိုက်ပါ။
ပြီးရင်Start >> Control Panelကိုသွားပါ။BitLocker Drive Encryption ဆိုတာကိုဖွင့်ပါ။
ပုံမှာမြင်ရတဲ့အတိုင်း Box ကျလာပါလိမ့်မယ်။
(၁)
Image and video hosting by TinyPic
အနီရောင်အ၀ိုင်းအကြီးနဲ့ပြထားတာကတော့ကျွန်တော်တို့ Password ပေးမယ့် Driveဖြစ်ပါတယ်။
အနီရောင်အ၀ိုင်းအသေးနဲ့ပြထားတဲ့ Turn on BitLocker ကို Click နှိပ်ပါ။

(၂)
Image and video hosting by TinyPic
ကိုယ်ပေးချင်တဲ့ Password ကိုပေးပါ။ပြီးရင် Next ကို နှိပ်ပါ။
(၃)
Image and video hosting by TinyPic
ကိုယ် Passwordမေ့သွားတဲ့အခါပြန်ပြီးတော့ Password Recovery ပြန်လုပ်ရန်အတွက် Recovery
Key File ကိုမှတ်ထားရန်လိုအပ်ပါတယ်။ဒါကြောင့် Print ထုတ်ထားမယ်ဆိုလည်းထုတ်ထားနိုင်ပြီး၊
ကိုယ်စက်ထဲမှာပဲ Key File အဖြစ်လဲသိမ်းထားနိုင်ပါတယ်။
Key File သိမ်းပြီးလျှင် Next ကိုနှိပ်ပါ။
(၄)
Image and video hosting by TinyPic
Start Encrypting ကို Click နှိပ်ပါ။
(၅)
Image and video hosting by TinyPic
Drive ကို Encrypting စတင်လုပ်နေပါပြီ။Drive ထဲမှာထည့်ထားသော File တွေရဲ့ Size ပေါ်မှာမူ
တည်ပြီးအချိန်ကြာပါလိမ့်မယ်။ 100% Loading ပြည့်သွားရင်ပြီးသွားပါပြီ။ပြီးရင် Memory Stick
ကိုတခြားစက်မှာတပ်ကြည့်လိုက်ပါ။Password တောင်းနေတာကိုတွေ့ရပါလိမ့်မယ်။
BitLocker နည်းပညာသုံးပြီး Password ပေးထားသော Drive ကို Windows xp ၊ VISTA နှင့်
Windows 7 မှာပဲအသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်။Memory Stick မှမဟုတ်ပါဘူး၊External Hard-
Disk ၊ Windows ထဲမှာရှိတဲ့ Hard Disk Partition တွေကိုလည်း Encrypt လုပ်ပြီး Password
ပေးထားလို့ရပါတယ်။
BitLocker နဲ့ပတ်သက်ပြီး www.myanmaritmen.com မှာလည်းရေးသားထားတာတွေ့ရပါ
တယ်။စိတ်ဝင်စားရင် ဒီမှာဝင်ကြည့်နိုင်ပါတယ်ခင်ဗျာ။
source:it- Media

Ingen kommentarer:

Send en kommentar