mandag den 29. marts 2010

Solution For MGY.EXE (mgy.exe သတ်နည်း)

Mgy.exe ကို စတွေ့ရတာကတော့ 2009 ဒီဇင်ဘာမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ် 15.6 MB ရှိပါတယ်။ မကွေးဖက်ဖ်စီကို အားပေးတဲ့ ပရိတ်သတ်တစ်ယောက်ကနေ ဖြန့်တာလို့ ယူဆရပါတယ်။ မကွေးဖက်ဖ်စီ လိုဂိုနဲ့ taskbar အပေါ်နားမှာ ပေါ်လာတတ်လို့ပါ။
mgy.exe တွေ့ရတဲ့နေရာတွေကတော့ C:\ , C:\Windows\ , C:\Windows\system32 နဲ့ အခြားသော partation တွေမှာ hidden file အနေနဲ့ တွေ့ရပါတယ်။
သူရဲ့ Action ကတော့ Task Manager, Regedit, cmd, Search စတာတွေကို ပိတ်ပါတယ်။ Folder Option ကိုတော့ ဖွင့်ထားပေးပြီး Do not show hidden files and folders နဲ့ Hide protecetd operation system files ကိုတော့ ပြင်လို့မရပါဘူး။
သူ့ကိုရှင်းဖို့အတွက် သုံးမယ့်ဆော့ဖ်ဝဲလ်တွေကတော့ Task Killer, CCleaner, iRepairMan ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်တွေနဲ့ Manual သတ်နည်း ကို ဒီမှာ တင်ပေးထားပါတယ်။
ပထမဆုံး CCleaner နဲ့ task killer တွေကို install လုပ်ပါမယ်။
task killer ကို run လိုက်ပါ။ taskbar မှာ အရိုးခေါင်းပုံနဲ့ ပြထားပါလိမ့်မယ်။ အဲဒီပုံကို Right click ပေးပြီး Settings ကို ၀င်လိုက်ပါ။ Process မှာ Show full path ကို check mark ပေးလိုက်ပါ။

div class="MsoNormal">အနီနဲ့ ပြထားတဲ့ program တွေကို Disable လုပ်ပေးပါ။ ပြီးရင် Windows ကို Restart လုပ်ပေးပါ။
နောက်ဆုံးအနေနဲ့ ဆော့ဖ်ဝဲလ် install/uninstall ပိတ်ထားတာကို Group Policy ကနေပြန်ပြောင်းပါမယ်။
Administarator အနေနဲ့ Login ၀င်ပေးပါ။ Control panel ထဲက Administrative Tools ကိုသွားပါ။ LocalSecurity Setting ကိုဖွင့်ပါ။ Software Restriction Policies ကိုရွေးပါ။ အဲဒီပေါ်ကို Right Click နဲCreateNew Policies ကိုရွေးပေးပါ။

အဆင်ပြေမယ်လို့ ယူဆပါတယ်။ ကျွန်တော်လည်း အဲဒီနည်းနဲ့ စက်အတော်များများ ရှင်းပေးခဲ့ရလို့ပါ။
MysteryZillion.org မှာလည်း mgy.exe ကို သတ်နည်း အရင် ရေးခဲ့ပါသေးတယ်။ ဒီပိုစ့်ကတော့ ပုံတွေနဲ့ သေချာရှင်းပြထားတာပါ။ အဆင်ပြေကြပါစေ။

source:
IT Men
တွေ့ပြီ . . အဲဒီ mgy.exe ဆိုတဲ့ သူတောင်းစားကောင်ကို . .
File size က 15MB တဲ့ဗျာ . . ဘယ် upload ဆိုဒ်ကမှ လက်မခံဘူး . .

ဒီကောင်က Task manager , cmd.exe , search , regedit , Administrator account စတာတွေကို ပိတ်တယ်။ Folder option ကိုတော့ပေးဖွင့်ပါရဲ့ . . ဒါပေမယ့် Show Hidden File ကိုဘယ်လိုမှပြောင်းလို့မရဘူး ။ Apply , OK လုပ်ပြီးတာနဲ့ ပြန် hidden ဖြစ်သွားရော . . .
မန်မိုရီ စတစ်ထိုးလိုက်ရင် အဲဒီ စတစ်က မနားရတော့ဘူး . . သူ့ထဲမှာ ဖိုင်တွေထိုင်ပွါးပါလေရော . .

နောက်ဆုံးတော့ Task Killer နဲ့ရှင်းရတယ်။ ကျွန်တော်သုံးတဲ့နည်းပြောပြမယ်နော် . .
[URL="http://www.softpedia.com/get/System/Launchers-Shutdown-Tools/Task-Killer.shtml"]ဒီကနေ[/URL] Task Killer 2.30 ကို ဒေါင်းပြီး တင်လိုက်တယ်။ ပြီးရင် Run လိုက်တယ်။
mgy.exe က C:\Windows\system32 , C:\windows အောက်မှာ hidden file အနေနဲ့ရှိပါတယ်။ ပြီးတော့ C:\ အောက်မှာ autorun.inf နဲ့ mgy.exe ဆိုပြီး ရှိနေပါသေးတယ်။ နောက် partition ခွဲထားရင် အဲဒီ partition ထဲမှာလဲရှိနိုင်ပါတယ်။
အရင်ဆုံး သူရှိမယ့် နေရာတွေကို ဖွင့်ထားပါ။ ပြီးရင် Folder Option မှာ Show hidden files and folder ကိုရွေး ။ Hide protected operation system files ကို check ဖြုတ် . OK မလုပ်ပါသေးနဲ့ဦး . ဒီအတိုင်း ခဏထားလိုက်ပါဦး။
စောစောက တင်ထားတဲ့ task killer ဆော့ဝဲလ်ကို run ပါ။ system tray မှာ အရိုးခေါင်းပုံနဲ့ ပေါ်နေပါမယ်။ click လိုက်ပါ။ Run နေတဲ့ process တွေမြင်ရပါမယ်။

unload လုပ်ရမှာတွေကတော့ ပုံမှာပြထားပါတယ် .. .
39753664.jpg

ကဲ . . စပါမယ် . . လက်မြန်ပါစေနော် . . .
စောစောကမှတ်ထားတဲ့ process တွေကို click လိုက်ပါ။ Program "(mgy.exe)" will be unloaded ဆိုတာပြောပါမယ် . Ok လိုက်ပါ။ မြန်မြန် unloaded လုပ်ပါ။
ပြီးရင် စောစောက Folder option ကို Apply , Ok လုပ်ပါ။ C:\Windows\system32 အောက်မှာ mgy.exe ပေါ်လာပါမယ်။ ချက်ချင်း ဖျက်ပစ်ပါ။ သူရှိတဲ့ နေရာတိုင်းကိုသွားဖျက်ပါ။ C:\ D:\ စတဲ့နေရာတွေမှာပါ။ autorun.inf နဲ့ mgy.exe နှစ်ခုလုံးဖျက်ပါ။ ပြီးတော့ စတစ်ထဲမှာ ရှိရင်လည်းဖျက်ပါ။ အဲ စတစ်ကို double click လုပ်ပြီး မ၀င်မိပါစေနဲ့ ။
ဒါဆိုရင် ဒီကောင် မလုပ်မလုပ်နိုင်တော့ပါဘူး။
နောက်ဆုံးအနေနဲ့ Run command ကိုသုံးပြီး C:\WINDOWS\system32\{271287-000021-100287-705016} ကိုသွားပါ။ နောက် အဲဒီ Folder ထဲက ဖိုင်အားလုံးဖျက်ပါ။
Start > Run ကနေ msconfig ကိုခေါ်ပါ။ startup မှာ mgy.exe ကိုဖြုတ်ပါ။

အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။

Ingen kommentarer:

Send en kommentar