torsdag den 25. marts 2010

Semantic Web ဆိုသည်မှာ

Semantic Web ဆိုသည်မှာ (a web of data) အချက်အလက်များပါဝင်သော ကွန်ယက်ကို ဆို၏။

ဥပမာ ကျွန်ုပ်၏ ဘဏ်စုငွေစာရင်းကို အင်တာနက်ပေါ်တွင်ကြည့်နိုင်၏။
ကျွန်ုပ်၏ ဓါတ်ပုံများကိုလည်း အင်တာနက်ပေါ်တွင်ကြည့်နိုင်၏။
ကျွန်ုပ်၏ မိတ်ဆွေများ၊ လုပ်ငန်းအဆက်အသွယ်များနှင့် တွေ့ဆုံရန်ချိန်းဆိုထားသည့်ရက်များကို အင်တာနက် ပြက္ခဒိန်တွင် ကြည့်နိုင်၏။

သို့သော် ကျွန်ုပ်၏ ဓါတ်ပုံများကို အင်တာနက် ပြက္ခဒိန်တွင် ကြည့်လို၏။ သို့မှသာ မည့်သည့်ရက်က ကျွန်ုပ်ဘာလုပ်ခဲ့သည်ကို
မှတ်တမ်းတင်နိုင်မည်ဖြစ်သည်။ ကျွန်ုပ်၏ ရက်အလိုက် ငွေအသွင်းအထုတ် ဘဏ်စာရင်းကို အင်တာနက် ပြက္ခဒိန်တွင် ကြည့်လို၏။
ထိုကဲ့သို့ မလုပ်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော်၊ ကျွန်ုပ်တို့တွင် အချက်အလက်အခြင်းခြင်း ဆက်သွယ်နေသော၊ ကွန်ယက်မရှိခြင်းကြောင့်
ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်၊ အချက်အလက်များ ကို သီးခြား Application များကထိန်းသိမ်းထားပြီး။ ၄င်းနားလည်သော
ပုံစံဖြင့်သာ သိမ်းဆည်းထားခြင်းကြောင့်ဖြစ်လေသည်။

Semantic Web တွင် အရေး နှစ်ချက်ရှိ၏။
၁။ ။ ကွဲပြားသော နေရာများမှ သတင်းအချက်အလက်များကို ပေါင်းစပ်ရန်၊ ဘုံကျသော အချက်အလက် ဖော်ပြမှုပုံစံ တစ်မျိုးကို
စံစနစ် အဖြစ် ထားရှိရန်လိုလာ၏။ သို့သော် မူလ အင်တာနက်ကိုကား အချက်အလက်များကို လွှဲပြောင်းဖလှယ်ပေးရေး ကိုသာ
ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်လေသည်။ (အချက်အလက် အားလုံးကို ဖော်ပြမှုပုံစံ(format) စံစနစ် တစ်မျိုးတည်းဖြင့်
ထားရှိရန် သတ်မှတ် တည်ဆောက်ထားခြင်းမဟုတ်ပေ။ ထိုသို့ ကန့်သတ်ခြင်းလည်း မရှိသေးပေ။)

၂။ ။ တည်ရှိနေသော သတင်းအချက်အလက်များသည် လူများ၊ အရာဝတ္တုများနှင့် မည်သို့မည်ပုံပတ်သက်ကြောင်းကို
သတ်မှတ်နိုင်မည့် ဘာသာစကား အရေးပင်ဖြစ်သည်။ ဆိုကြပါစို့ လူတစ်ယောက် သို့မဟုတ် စက်တစ်ခု သည်၎င်း ပတ်သက်ပုံ
များအကြောင်းကို DataBase တစ်ခုမှ အစပြုကာ လေ့လာလိုက်လျှင် ၊ကြိုးခြင်း ဆက်သွယ်မထားသည့်တိုင်၊ အကြောင်းအရာခြင်း၊
ပတ်သက်မှု ကြောင့် ဆက်စပ်နေသော၊ မဆုံးနိုင်သည့် DataBase အများ ကိုတွေ့ရှိရပေလိမ့်မည်။

Semantic Web သည် Data and Information (အချက်အလက်) များကို Application များ၊ အဖွဲ့ အစည်းများ၊ စည်းမျဉ်း
သတ်မှုများကို ကျော်ဖြတ်ကာ၊ ဝေမျှ အသုံးပြုနိုင်သော စံစနစ် တစ်ခုကို သတ်မှတ်ပေးလေသည်။
၎င်းကို W3C ၏ဦးဆောင်မှုနှင့်၊ သုသေသနသမားများ၊ လုပ်ငန်းကြီးများ၏ ပူပေါင်းပါဝင်ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်
နေကြသည်။ Semantic Web သည် Resource Description Framework (RDF) ပေါ်တွင် အခြေခံလေသည်။

(Semantic Web သည် Internet မပေါ်ခင်၊ ကမ္ဘာတည်စကပင်၊ ရှိသည်ဟုဆိုက ဆိုနိုင်ပါသည်။)
မူရင် အင်္ဂလိပ်စာနှင့် အကျယ်ကို ဤ နေရာတွင် http://www.w3.org/2001/sw/ ရှုပါ။

source:kotharthar

Ingen kommentarer:

Send en kommentar