fredag den 13. november 2009

အားလုံးအတွက် အသုံးဝင် ဝဘ်ဆိုဒ်များ

အားလုံးအတွက် အဆင်ပြေမယ့် လင့်လေးတွေ ပေးထားချင်လို့ ... သိပြီးသားတွေလည်း ဖြစ်နိုင်ပါတယ်။ အသုံးလိုတာလေးတွေ တစ်ခု တစ်လေ တွေ့သွားရင်လည်း မဆိုးဘူးလေ .. ကြည့်ပေးပါဦး ။ ကဏ္ဍလေးတွေအလိုက် စုတင်ပေးလိုက်ပါတယ် .. (ဓါတ်ပုံများကို နှိပ်ပြီး သွားပါ)

Free Download for all ...

applications မျိုးစုံ၊ ဇာတ်ကား၊ Ebook စသည်ဖြင့် အရာအားလုံး free download လုပ်နိုင်တဲ့ဆိုဒ်တစ်ခုပါ။ လိုချင်တာကို search box မှာ နာမည်ရေးပြီး အလွယ်တကူ ရိုက်ရှာနိုင်ပါတယ်။ (အဲ .. 18+ လည်း ရှိနေတဲ့အတွက် သတိပြုစေလိုပါတယ်။ အခြားအခြား အသုံးဝင်မှုများစွာရှိတဲ့အတွက် ဒီလင့်ကို ညွှန်းပေးပါတယ်။ ဒါကို ဖြန့်ဖြူးဖို့ ကျနော် ရှယ်တာ မဟုတ်ပါဘူး သတိထားစေချင်လို့ပါ)

ဂိမ်းသမား များအတွက် သတိပြုစရာ ..

ဒီဆိုဒ်ကို ဂိမ်းရဲ့ လိုလားချက်တွေနဲ့ မိမိ ကွန်ပျူတာ ကိုက်ညီအသုံးပြုနိုင်ခြင်း ရှိမရှိ စစ်ဆေးပေးပါတယ်။ မိမိဆော့မယ့် ဂိမ်းနာမည်ကို ရေးပြီးတော့ပဲဖြစ်ဖြစ် အောက်က drop down arrow လေးနဲ့ ရှာလို့ပဲဖြစ်ဖြစ်ရွေးပေးလိုက်ပါ။ ပြီးရင် RUN နှိပ်လိုက်တာနဲ့ srrapp ဆိုတဲ့ java plug-in လေး run ဖို့ တောင်းပါလိမ့်မယ်။ run နှိပ်ပေးလိုက်ပါ။ မိမိစက်နဲ့ ဂိမ်းလိုအပ်ချက် ကိုက်ညီမှု ရှိမရှိ သူ့ဘာသာ စစ်ဆေးပြီး တစ်ချက်ချင်း ဖော်ပြပါလိမ့်မယ်။

Internet Download စမ်းသပ်ခြင်း ...

Begin test ဆိုတာကို နှိပ်ပေးလိုက်ရုံနဲ့ download speed, upload speed, ping နဲ့ rating တို့ကို သူ့ဘာသာ တွက်ချက် ပြသသွားမှာဖြစ်ပါတယ်။ မိမိနက် အခြေအနေ ဘယ်လိုရှိလဲ သိချင်သူများအတွက်ပါ ... (ဒါကိုမေးဘူးကြပါတယ် ။ ပြန်ဖြေဖို့ ရေးထားပြီး publish မပေးဖြစ်ခဲ့တာပါ။ အဲဒါတွေအတွက် စိတ်မကောင်းပါဘူး)

ကွန်ပျူတာဆိုင်ရာ လေ့လာစရာများ ...

အောက်ပါလင့်များမှာ မိမိတို့ စိတ်ဝင်စားရာ ခေါင်းစဉ်အလိုက် ရှာဖွေ လေ့လာနိုင်ကြပါတယ်။ ကျနော် အချိန်တွေ များစွာ မပေးနိုင်ခြင်းကြောင့် အားမရဖြစ်နေတဲ့ သူများအတွက် ရေးသားပုံရှင်းလင်းတဲ့ ဆိုဒ်တွေ ညွှန်းပေးတာပါ။




အားလုံးအတွက် တစ်ခုခုတော့ အသုံးဝင်သွားမယ်ထင်ပါတယ် ... အဆင်ပြေကြပါစေ ...


source:သံလုံငယ်

Ingen kommentarer:

Send en kommentar