mandag den 19. oktober 2009
ID ကာကွယ်မှုစနစ်ပါဝင်တဲ့ AVG 9
နာမည်ကျော်လုံခြုံရေးဆိုင်ရာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ AVG ဟာ လျင်မြန်ပြီး ID ကာကွယ်မှုစနစ် တွေပါဝင်တဲ့ AVG Internet Security 9 နဲ့ AVG Anti-Virus 9 တို့ကိုထုတ်လုပ်လိုက်ကြောင်း သိရပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ ဒီဆော့ဖ်ဝဲဖြင့်စစ်ဆေးမှုများပြုလုပ် တဲ့အခါ ၅၀ ရာခိုင်နှုန်းပိုမိုလျင်မြန် စေပြီး boot time ဟာလည်း ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအ ထိပိုမြန်လာတယ်လို့ဆိုပါတယ်။ Memory အတွင်းနေရာယူမှုက လည်း ၁၀ရာခိုင်နှုန်းကနေ ၁၅ ရာ ခိုင်နှုန်းအထိလျော့နည်းလာကာ Internet Security version အ တွက် built-in Firewall ပါဝင် ကြောင်းသိရပါတယ်။ AVG version 9 မှာ feature အသစ်များ ပါဝင်လာပြီးစိတ်ဝင်စားစရာကောင်း တဲ့အချက်အနေဖြင့ှ်ိုနညအငအပ Theft Recovery Unit ပါဝင် လာပါတယ်။ ဒီစနစ်ကိုအမေရိကန် တွင်နေထိုင်သူများသာအသုံးပြုနိုင် မှာဖြစ်ပြီး Firefox နဲ့ Internet Explorer toolbar မှတဆင့် ID ခိုးယူမှုများကိုကာကွယ်ပေးနိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။ AVG Internet Security 9 ကိုအမေရိ ကန်ဒေါ်လာ ၄၉.၉၉ဖြင့်ရရှိနိုင် မှာဖြစ်ပြီး AVG Anit-Virus 9 ကိုတော့အမေရိကန်ဒေါ်လာ ၃၄.၉၉ဖြင့်ရရှိနိုင်မှာဖြစ်ပါတယ်။နှစ်ခုစလုံးကိုရက်ပေါင်း ၃၀အခမဲ့ အပြင် တစ်နှစ်လိုင်စင်ဖြင့်ရရှိနိုင် ပြီး AVG 9 အခမဲ့ဗားရှင်းကိုသုံးစွဲ လိုသူများအနေနဲ့ကတော့အနည်း ငယ်ကြာမြင့်စွာစောင့်ဆိုင်းရဦးမှာ ဖြစ်ကြောင်းသိရပါတယ်။source:Mminternetjournal
Abonner på:
Kommentarer til indlægget (Atom)
Ingen kommentarer:
Send en kommentar