mandag den 19. oktober 2009

Easy Making Blog . 1 : Template ထည့်သွင်းခြင်း

ကျနော့်ကို တစ်ယောက်ပြီး တစ်ယောက်မေးကြတယ် ။ ကျနော့် ဘလော့ စတိုင်မျိုး ကိုယ်တိုင်လုပ်ပြီး ပြင်ချင်တယ်တဲ့ ။ တစ်ချို့ကလည်း အခုမှ ဘလော့စလုပ်ချင်တယ်တဲ့။ အစကတော့ မရေးဘူးလို့ နေတာပဲ .. သူများတွေ စနစ်တကျ ရေးထားတာတွေကို ကမောက်ကမ လုပ်ရာ ကျမှာ စိုးလို့လေ... မဂျီးမိုးကလည်း သူများတွေ ဖတ်လို့ ရအောင် မတင်ချင်နေ သူ့အတွက်ရေးပေးပါ ဆိုပြီး ပြောနေတာနဲ့ မထူးဘူး ဆိုပြီး ရေးလိုက်ပါတယ်။ ဖတ်လို့ အဆင်ပြေအောင် အပိုင်းတွေ ခွဲပြီး ပြောပြပါ့မယ်။ Programming ကို တစ်ခုမှ နားမလည်ပဲနဲ့ ကျနော့် ဘလော့လိုပဲ Flash တွေ စတိုင်တွေ အားလုံး လုပ်နိုင်အောင် ပြောပြချင်ပါတယ်။ အလွယ်ဆုံးနည်းနဲ့ ပုံတွေ အများကြီး ထည့်ရေးမှာ ဖြစ်လို့ ခလေးဆန်သွားရင် သီးခံ ပေးကြပါဦး။လေရှည်သွားပြီ ... အခု မှ စလုပ်တဲ့ လူတစ်ယောက် အနေနဲ့ စလုပ်ပါတော့မယ် ။ ရှိပြီးသား လူတွေလည်း စိတ်ဝင်စားမယ်ဆိုရင် Create New Blog လုပ်ပြီး ကလိကြည့်ရအောင် .... ပထမဆုံး http://www.thanlonnge.com/2008/09/www.blogger.com ကို သွားပြီး Gmail nick တစ်ခုနဲ့ Sign In ၀င်ပါတယ်။ Step 1 အနေနဲ့ တွေ့မှာက မိမိကလောင် နာမည် သဘောပေါ့ ... အောက်ပါအတိုင်း ဖြည့်ပြီး Continue ကို နှိပ်ပါတယ်... Step 2 အနေနဲ့ ဘလော့ ခေါင်းစဉ်လေးပေး ၊ မိမိဘလော့ အတွက် လင့်လေးကို ဖြည့်ပြီး Check လုပ်ကြည့်ပါဦး ။ စိတ်ကြိုက်ဖြစ်ပြီ ဆိုရင်တော့ Continue ....Step 3 က ဘလော့ ဒီဇိုင်းတစ်ခု ရွေးခိုင်းတာပါ ... Continue သာ ဆက်နှိပ်လိုက်ပါ.... အောက်ပါပုံအတိုင်း ပေါ်လာပါမယ် ။ ဆက်နှိပ်ပေါ့ ...... Start Blogging ကို နှိပ်လိုက်ပြီးရင် အောက်ပါအတိုင်း New Post ရေးရမယ့် နေရာကို ချက်ချင်းရောက်သွားပါတယ်။ ညာဒေါင့်က Dashboard ကိုနှိပ်လိုက်ပါ .... အောက်ပါအတိုင်း မိမိဖန်တီးထားတဲ့ ဘလော့ ရဲ့ Manage လုပ်နိုင်တဲ့ Menu တွေကို တွေ့ပါလိမ့်မယ် ... အပြာရောင်နဲ့ ဖြစ်နေတဲ့ NEW POST ဆိုတာက ပို့တစ်ခု အသစ်ရေးဖို့ အတွက်ပါ ။ 1 လို့ ကျနော် နံပါတ်တပ်ထားပေးထားတာတဲ့ Edit Posts က ရေးပြီးတဲ့ ပို့စ် အားလုံးကို Manage လုပ်နိုင်တဲ့ နေရာပါ။ 2 ဆိုတဲ့ Settings က ဘလော့ ရဲ့ Comment တွေ ၊ ခေါင်းစဉ်တွေ၊ premit တွေ ကို ပြင်ဆင်ဖို့ပါ။ 3 ဆိုတဲ့ Layout က ဘလော့ရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ နဲ့ Script တွေကို ပြင်ဆင်နိုင်တဲ့ နေရာပါ။ 4 view blog က မိမိ ဘလော့ကို ကြည့်ဖို့ပါ...ပထမဆုံး Template တစ်ခုကို ထည့်မှာ ဖြစ်တဲ့ အတွက် Layout ကို နှိပ်ပြီး Edit HTML ကို ဆက်နှိပ်ပါတယ် ... ပြီးရင် အောက်ပါ လင့်တစ်ခုခုက စိတ်ကြိုက် ဒီဇိုင်းတစ်ခုကို Download သွားချပါတယ် ... (ဒီဇိုင်းတွေ ရေးထားတာချင်းက တစ်ခုနဲ့ တစ်ခု ကွာခြားမှုတွေ ရှိပါတယ် ... အဲဒီအတွက် ကျနော် Sample တစ်ခုနဲ့ပဲ ရေးပါ့မယ် ... ဒါနဲ့လိုက်လုပ်ကြည့် နားလည်သွားပြီ ဆိုမှ မိမိကြိုက်တာကို ပြန်ပြောင်းပေါ့ ၊ အဲဒါ အဆင်ပြေမယ်ထင်ပါတယ်)
http://freeskins.blogspot.com/
http://www.charmskins.com/
http://www.finalsense.com/
http://mashable.കോം/2008
http://mashable.com/2007/09/13/blogger-templates/
http://www.blogcrowds.com/
http://btemplates.com/
http://x-template.blogspot.com/
ကျနော် charmskins က ဒီဇိုင်းတစ်ခုကို အခုအတိုင်း နှိပ်ပြီး Download ချုလိုက်ပါတယ်။ rar ဖိုင်နဲ့ ကျလာတာကို အခု အတိုင်း ဖြည်လိုက်ပါတယ်။ ဒီဘလော့ က Tamplate တွေက .txt နဲ့ပဲ ပေးတာ ဖြစ်ပါတယ် ... ။တစ်ချို့ နေရာတွေက .xml နဲ့ ပေးတာပါ ။ပြီးရင် ခုနက Edit HTML ရဲ့ အောက် Browse ကိုနှိပ်ပြီး ခုနက ချထားတဲ့ .txt ဖိုင်လေးကို ရွေးပြီး upload ကိုနှိပ်ပါတယ် .... အောက်ပါအတိုင်း widget တွေ ပျတ်သွားမယ်ဆိုတဲ့ Alert ပေးတတ်ပါတယ် .. CONFIRM & SAVE ကိုနှိပ်ပေးလိုက်ပါတယ် ... ( Widget တွေ မပျောက်အောင် Template ပြောင်းနည်းကို ဒီမှာ ရေးထားပြီး ဖြစ်ပါတယ် )ပြီးရင် View Blog ကို နှိပ်ပြီး ကြည့်လိုက်ပါ ... မိမိရွေးလိုက်တဲ့ ဒီဇိုင်းကို မြင်ရပါပြီ .... ဖတ်ရလွယ်အောင် အပိုင်းတွေ ခွဲ ရေးတာ ဖြစ်ပါတယ် ... အပိုင်း နှစ် အနေနဲ့ EOT ထည့်တာကို ရေးပါ့မယ် ...
source:သံလုံငယ်

Ingen kommentarer:

Send en kommentar