mandag den 12. oktober 2009

Chapter 3: Installing and Configuring Terminal Services (4)

Enabling Remote Desktop
default မှာ Windows Server 2008 သည် မည်သည့် Remote Desktop clients ရဲ့ connections ကိုမျှ လက်မခံပါ။ Windows Server 2008 မှာ Remote Desktop feature ကို enable ပြုလုပ်ဖို့ System Properties dialog box ရဲ့ Remote tab ကို အသုံးပြုပါ။ Control Panel မှ System မှာ Remote Settings link ကို click ပါ၊ ဒါမှမဟုတ် Run box မှာ control sysdm।cpl လို့ ရိုက်ထည့်ပါ။ System Properties dialog box ပေါ်လာတဲ့အခါ Remote tab ကို click ပါ။

အကယ်၍ RDP connections မှ high standard of security လိုအပ်တယ်ဆိုရင် Remote tab မှာ Network Level Authentication (NLA) ကို လိုအပ်တဲ့ option ကို ရွေးချယ်ပါ။ Figure 3-2 မှာ ပြသထားတယ်။ ၄င်း သည် Windows Vista or later Windows OS တစ်ခုကို run ထားတဲ့ clients များမှ လာရောက်ချိတ်ဆက် မယ့် Remote Desktop Connection ကိုသာ enable ဖြစ်စေတယ်။ ထို့အတူ၊ Remote Desktop version အားလုံးမှ လာရောက်ချိတ်ဆက်မယ့် connections များကို လက်ခံဖို့ လည်းသတ်မှတ်နိုင်တယ်။









Windows Server 2008 မှာ System Properties dialog box ကို အသုံးပြုပြီး Remote Desktop connections ကို allow လုပ်တဲ့အခါ RDP traffic အတွတ် Windows Firewall exception ကို အလိုအလျောက် create လုပ်တယ်။ ဒါကြောင့် Remote Desktop clients များမှ connections ကို ခွင့်ပြုဖို့ Firewall မှာ exceptions များကို manual သတ်မှတ်ပေးနေဖို့ မလိုအပ်ပါ။

NOTE What is Network Level Authentication?
NLA သည် Remote Desktop Protocol 6।0 ရဲ့ feature တစ်ခုဖြစ်တယ်။ computers 2 လုံးအကြား Remote Desktop connection တစ်ခု fully establish မဖြစ်မှီ user authentication ဖြစ်စေဖို့ ၄င်း NLA feature သည် သေချာစေတယ်။ RDP ရဲ့ ယခင် versions များမှာ Remote Desktop session ထဲမှ remote computer ရဲ့ Log On To Windows screen ပေါ်လာပြီးတဲ့အခါမှသာ authentication အတွတ် user သည် user name နဲ့ password ကို ရိုက်ထည့်နိုင်တယ်။ session တစ်ခုကို authenticate လုပ်ဖို့ ဆောင်ရွက်တဲ့ လုပ်ဆောင်ချက်အသီးသီးသည် server ရဲ့ resources ကို သိသိသာသာ အသုံးပြုတာမို့ ၊ RDP ယခင် versions များရဲ့ ၄င်း အပြုအမူသည် Remote Desktop-enabled နဲ့ Terminal Services-enabled computers များကို denial-of-service attacks နဲ့ တိုက်ခိုက်ခံရနိုင်စေတယ်။ ထို့အတူ default မှာ Remote Desktop Connection 6।0 (Terminal Services Client 6।0 or mstsc।exe) သည် Windows XP computers များမှာ NLA ကို support လုပ်မပေးပါ။ ဒါပေမယ့် Windows XP SP2 မှာ NLA ကို support လုပ်စေဖို့ Microsoft Web site မှ Terminal Services Client 6.0 update for Windows XP (KB925876) ကို download and install ပြုလုပ်ခြင်းဖြင့် ဆောင်ရွက်နိုင်တယ်။ crazystar

Ingen kommentarer:

Send en kommentar