søndag den 13. september 2009
Grub ဖြင့် vista နှင့် xp အား boot လုပ်ခြင်း
cbox 14 ထဲက k.l.t ရဲ့ မေးခွန်းလေးတွေ့လို့ပါ။ vista တင်ပြီးတော့ xp ကို boot လို့မရတော့ဘူးဆိုတာ။ Grub နဲ့ boot ကြည့်ပါလား။၁။ ကျွန်တော် ခုပြောမယ့် ဟာတွေ ကို vista မှာလုပ်ရမှာပါ။ ၂။ ပထမဆုံး vista boot file တွေကို backup လုပ်ရမယ်ဗျ။ vista တင်ထားတဲ့ drive က C:\ လို့ဘဲဆိုပါဆို့ဗျာ။ C:\ ထဲက bootmgr, config.sys ဆိုတဲ့ file တွေနဲ့ boot ဆိုတဲ့ folder ကို flash drive တစ်ခုနဲ့ copy လုပ်ထားပါ။မှားပြီးတစ်ခုခုလုပ်မိရင် flash drive နဲ့ပြန်ပြီး boot လုပ်လို့ရအောင်ပါ။အဲဒီဟာတွေက hide လုပ်ထားပါတယ်။ organize>floder and search options>view tab ထဲက show hidden files and folders ကို check, hide protected system files ကို uncheck လုပ်ပါ။၃။ Grub ကို ဒီနေရာမှာ download လုပ်ပါ။၎။ C:\ drive ထဲက bootmgr ကို bootmgrv လို့နာမည်ပြောင်းပါ။ Access denied ဖြစ်နေရင် file ရဲ့  ownership ကိုယူရပါမယ်။ Cmd(Run>cmd) ထဲမှာ ဒီ command ကို run ပါ takeown /f C:\bootmgr၅။ download လုပ်ထားတဲ့ file တွေကို C:\ ထဲကို extract လုပ်ပါ။ bootmgr နဲ့ menu.lst ဆိုတဲ့ file ၂ခုပါ။၆။ restart လုပ်လိုက်ပါ။ vista နဲ့ xp ကို grub menu က နေ ရွေးပြီး boot လို့ရပါပြီ။၇။ bootmgr နဲ့ menu.lst ဆိုတာ တကယ်တော့ grub file တွေပါ။ vista အတွက် rename လုပ်ထားတာပါ။menu.lst က လည်း vista နဲ့ xp ၂ခုတည်းအတွက် ပြင်ထားတာပါ။boot menu အရမ်းရှုပ်နေမှာစိုးလို့ပါ။ Grub က OS တွေအများကြီး boot လို့ရပါတယ်။ Grub အကြောင်း ပြည့်ပြည့်စုံစုံသိချင်ရင် ဒီနေရာ မှာ လေ့လာနိုင်ပါတယ်။
Abonner på:
Kommentarer til indlægget (Atom)
Ingen kommentarer:
Send en kommentar