onsdag den 19. august 2009

ချစ်ကိုကြီး အတွက် မျက်တော်ပြေ

အသက်အရွယ်အားဖြင့် ၈နှစ်ကွာခြား ညီငယ်အမိုက်အမဲလေးခဗျာ Chatting မလာ၊ ဖုန်းမြည်သံ တတီတီ မကြား၊ စောင့်မျှော်ခဲ့ရ နေ့နဲ့ညလည်း မှားခဲ့ပါပြီ…။ လူသို့ဆိုစေ အမှားတွေရှိအပ် ၊ အမှားရှိမှ အမှန်မြင်ရာ၏ ဆိုသလိုသာ…။ ပစ်ပယ်ကာ မထားပါနဲ့ အဝေးအရပ်မှာလည်း စိတ်အားငယ်လှ သိမ်ငယ်ရခြင်းကြောင့် အစားမမှန် အအိပ်မပျော် တစ်လိမ်လိမ် ပိန်တိန်တိန် မို့ အဖေပျောက်တဲ့ သားတစ်ယောက်လို အစ်ကိုပျောက်တဲ့ ညီတစ်ယောက်လို လှမ်း၍ကြည့်ပါအုံးလားလေ..။ အရင်ကဆို Chatting သံ တတိန်တိန် ဖုန်းသံ တတီတီနဲ့ သာယာခဲ့သည်မှာ ကြည်နှူးစရာအလား….။ လေးရက်မျှ စကားမပြောရတာကို နှစ်ပေါင်း၃၀၀၀လောက် ပူဆွေးငိုကြွေးရဲ့တဲ့ ကိန္နရီမောင်နှံလို ကျွန်တော်မျိုးတို့ ကိန္နရီညီအစ်ကိုတွေပါ…။ ရွှေစိတ်ရယ် မငြိုငြင်ပါနဲ့ မျက်တော်ပြေပါလေ…
ရွှေစိတ်ရယ်မငြိုငြင်ပါနဲ့စိတ်ပြေကာလှမ်းခဲ့ပါတော့လားချစ်ကိုကြီး{ ချစ်ညီလေး

Ingen kommentarer:

Send en kommentar