onsdag den 19. august 2009

အချစ် နဲ့ ဘဝ

အချစ်နဲ့ဘ၀ ကို ပိုင်းခြားသိမြင်နိုင်ဖို့ လိုကောင်းလိုမယ်လို့ လည်းထင်မိပါတယ်.. တစ်ချို့တွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုတတ်ကြတယ် သူတို့ဘ၀အတွက် ပြည့်စုံမှုရှိရင်တော့ အကြောင်းမဟုတ်ဘူးပေါ့ များသောအားဖြင့်တော့ လူငယ်တွေမှာ ဘ၀အတွက် ပြည့်စုံတဲ့ အာမခံချက်တွေ မရရှိကြသေးတာတော့အမှန်ပါ..။ ဘ၀နဲ့ပတ်သတ်လာရင် ယောင်္ကျားလေးနဲ့ မိန်းကလေးမှာ မိန်းကလေးက ကိုယ်ယူမဲ့ ယောင်္ကျားကို အားကိုးလို့ရမရ သူ့ဘ၀အတွက် အာမခံချက်ပေးနိုင်မပေးနိုင်ကို ကြည့်တတ်ကြပါတယ်..။ တစ်ချို့တွေက အချစ်မှာ မျက်စိမပါဘူးဆိုတဲ့ စကားလုံးကို ပိုင်ဆိုင်လိုက်ရတဲ့နောက် ကောင်းကောင်းဆိုးဆိုးရင်ဆိုင်မယ် လို့ဆုံးဖြတ်ကာ သူတို့ဘ၀တွေကို တည်ဆောက်ကြတယ်..။ တစ်ချို့တွေကတော့ ကိုယ့်အတွက် ကြည့်ကြတယ် ဒီလူနဲ့ယူရင် ငါ့ဘ၀ကြီးက ပြောင်းလည်းမှာလည်းမဟုတ်ဘူး အနေဆင်းရဲမယ် အစားဆင်းရဲမယ်ပေါ့…။ ဒီလိုစဉ်းစားပြီး ဆုံးဖြတ်သွားတာ လက်တွေ့ပါပဲ သူငယ်ချင်းတစ်ယောက် ခံစားလိုက်ရတာကိုတွေ့ရတော့ စိတ်မကောင်းဖြစ်လို့ သူ့ကိုစွန့်သွားတဲ့ ကောင်မလေးကို သွားပြီး ဘာကြောင့်လက်မခံနိုင်တာလဲ ဘာကြောင့် ဖြတ်သွားတာလဲလို့ မေးကြည့်တော့ ကျမတို့က မိန်းမသားဆိုတော့ ကိုယ်အားထားရမဲ့ သူကို အားကိုးလို့ရမရ ကြည့်ရမယ်လေ…။ သူ့ကိုကျမ ချစ်လို့ပဲရတယ် ဘ၀အတွက် လက်တွဲမယ်လို့စဉ်းစားလို့မရဘူးလေ သူ့ဘ၀အတွက်တောင် သူမပြည်စုံနိုင်သေးဘူးလေ ကျမက ဘာဖြစ်ဖြစ်ရင်ဆိုင်ဖို့ သတ္တိမရှိတာမဟုတ်ပါဘူး… ဘာပဲဖြစ်ဖြစ် မိန်းမသားဆိုတာ ကိုယ်ချစ်တဲ့သူကို အားကိုးချင်ကျတာပါပဲလေ အားကိုးလို့မရင် ဘာကြောင့်ယောင်္ကျားယူနေမလည်း… တဲ့…။ အကောင်းဆုံးကတော့ ကျနော့်အမြင်ပြောရရင် ကိုယ့်ဘ၀အတွက် အာမခံချက်မရှိသေးပဲနဲ့ ကိုယ်ချစ်တဲ့သူကို ခေါ်ထားမယ် လက်တွဲမယ်ဆိုရင် တစ်ချိန်က မိဘနားမှာ တောက်တောက်ပြောင်ပြောင်နဲ့ နေခဲ့ရတဲ့ မိန်းကလေး ကိုယ့်လက်ထဲရောက်မှ ပင်ပန်းဆင်းရဲမှုတွေကို ခံစားနေရမယ်ဆိုရင် ကောင်းပါ့မလားလေ…။ ကျနော်တို့တွေဟာ လူငယ်တွေဖြစ်ကြတဲ့အတွက် အမှားပေါင်းများစွာကိုလည်း ကျူးလွန်နိုင်သလို ဖြတ်ကနဲပေါ် ဇက်ကနဲ လုပ်တတ်ကြပါတယ် ဖြတ်ကနဲပေါ် ဇက်ကနဲ လုပ်တိုင်းကောင်းတယ်လို့တော့ မယူဆစေချင်..။ အဲ့လိုလုပ်ခြင်းဖြင့် အမှားတွေကိုရင်ဆိုင်နိုင်ရသလို ကောင်းခြင်းတွေကိုလည်း ပိုင်ဆိုင်ရနိုင်တယ်လေ…။ အချစ်နဲ့ဘ၀ မှာ ဒဿဂီရိမင်းလို သူပိုင်တဲ့ကမ္ဘာကြီးကို စွန့်လွတ်လိုက်ရမယ်ဆိုရင်တော့ ကျောင်းစာရဲ့ ( ၅ ) တန်းစာထဲက အင်္ဂလိပ်ဘာသာထဲမှာ သင်ရတဲ့ The Moon In The well ထဲက Foolish Men လို့ ဖြစ်နေမှာတော့ သေချာပါ၏




ဘ၀အတွက် မရေရာမှုတွေနောက်မှာ
ကပ်ပါလာတာကတော့
ပျော်ရွှင်မှု့တွေကို ဖျက်ဆီးမဲ့
နတ်ဆိုးပါပဲ

Ingen kommentarer:

Send en kommentar