søndag den 22. september 2019

Excel တွင် မြန်မာနံပါတ် ပြောင်းလဲရန်

Excel မှာ မြန်မာ ဂဏန်း ကို ငွေကြေးသင်္ကေတ အဖြစ် comma ဖြတ်သုံးရင် အလိုလျောက် အင်္ဂလိပ် ဂဏန်းပြောင်းသွားပါတယ်။ ဆိုလိုတာက comma ကိုလက်နဲ့ရိုက်ထည့် တာကို ပြောတာမဟုတ်ဘူး။ Home tab အောက်က Number ribbon မှာ comma ပုံလေးကို နှိပ်လိုက်ရင် အင်္ဂလိပ် ဂဏန်းပြောင်းသွားတာပါ။ ဒီတော့- ဘယ်လိုလုပ်ရမလဲ?

  1. သင်ထည့်ချင်သော cell ကွက်မှာ မြန်မာ ဂဏန်း ငွေကြေးပမာဏတခု ရိုက်ထည့်လိုက်ပါ။ ဥပမာ- ၁၆၇၈၀ ကျပ်ဆိုပါတော့ ဒါကို select လုပ်ထားပြီး Number ribbon ရဲ့ ညာဘက်ထောင့်က မျှားအောက်စိုက်လေးကို နှိပ်လိုက်ရင် Format Cell dialog box ကျလာပါမယ်။
  2. Number tab က Category: မှာ Custom ကိုရွေး ညာဘက် အကွက်ထဲက အောက်ခြေနားလောက်မှာ [$-10000455]0 ကိုရှာပြီး click ရွေးလိုက် Type: box မှာ ပြင်ပေးရပါမယ်။
  3. [$-10000455]#,##0.00 ဆိုပြီးပြင်ပေးပါ။ ရလဒ်က ကိန်းစဉ်ကို comma ဖြတ်မယ် ဒသမ ၂ နေရာ ထားမယ်ပေါ့။ ပြင်ပြီးရင် Enter ခေါက်လိုက်ရင် သင်လိုချင်သော ၁၆,၇၈၀.၀၀ ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
  4. ဒီနေရာမှာ ဗဟုသုတ အဖြစ် အဲဒီကုဒ်က [$-10000455] ဘာလဲဆိုတော့ နံပါတ်တွေကို သုံးပိုင်း ပေါင်းထားတယ် (10)(00)(0455) ရှေ့ဆုံးအပိုင်းက Numeral Shape Code မြန်မာနံပါတ်က 10 ပါ။ အလယ်အပိုင်းက Calender Type ပါ Gregorian ပြက္ခဒိန်-01, ကိုးရီးယားပြက္ခဒိန်-05, ထိုင်းပြက္ခဒိန်-07 စသည်ဖြင့်ပေါ့။ 00 က မသတ်မှတ်တဲ့သဘောပါ။ နောက်ဆုံးပိုင်းလေးလုံးတွဲက Locale and Language Code ပါ 0455 က မြန်မာ code နံပါတ်ဖြစ်ပါတယ်။
  5. Date format ပြောင်းချင်ရင် cell ကွက် မှာ =now() လို့ရိုက်ထည့်ရင် လက်ရှိ ရက်စွဲ နှင့် အချိန်ကို ပြပေးမှာပါ။ ခုနအတိုင်း Custom မှာ [$-10000455]dd-mm-yyyy လို့ပြင်ပေးပါ။ မြန်မာ ရက်စွဲရပါလိမ့်မည်။

Ingen kommentarer:

Send en kommentar