søndag den 19. januar 2014

Samsung Galaxy S4 မှာ မြန်မာ Font

ဒီနေ့ တင်ပေးတဲ့ နည်းပညာ ပို့(စ်)လေးကတော့ Root မလုပ်ပဲ Samsung Galaxy S4 မှာ မြန်မာ Font/မြန်မာစလုံးလေးတွေ မြင်လို့ရအောင် ထည့်သွင်းနည်း လေးကို တင်ပေးလိုက်ပါတယ်။ Samsung Galaxy S4 မှာဆိုရင် Setting >> Font Style ကနဲ့ မြန်မာ Font ကိုရွေးပြီး ထည့်သွင်းမယ်ဆိုရင် This Font Not Available ဖြစ်နေပါတယ်။ဥပမာ-ပုံကြည့်ရှု့ရန် တာမျိုးဖြစ်နေတာကြောင့် အချို့မိတ်ဆွေများက Samsung Galaxy S4 မှာ မြန်မာ Font ထည့်မရလို့ဆိုပြီး ကျနော်ကို လာမေးကြတာ မနည်းတော့ပါဘူး။ ဒါကြောင့် Samsung Galaxy S4 ဖုန်းအသုံးပြုသူတိုင်း မြန်မာ Font ကို  Root မလုပ်ပဲ လွယ်ကူစွာ ထည့်သွင်းလို့ရအောင် တင်ပေးလိုက်ပါတယ်။




အရင်ဆုံး လိုအပ်တဲ့ File များကို Download ရယူရပါမယ်။ ဒီပို့(စ်)လေးမှာ သွားပြီး လိုအပ်တဲ့ File များကို Download  ရယူကြပါ။

၁။ Ifont For Android.apk (All In One Font)

၂။ မိမိကြိုက်တဲ့ မြန်မာ Font ကို Download ရယူပါ။ ဥပမာ- Zawgyi One TTF.apk, Zawgyi One.ttf အစရှိသည့် File Font များကို ရာယူနိုင်ပါတယ်။ အပေါ်က Link မှာ အားလုံး စုံအောင်ပါရှိပါတယ်။

၃။ မိမိကြိုက်မယ့် Keyboard ကို ဒီနေရာလေးမှာ သွားပြီး Download ရယူကြပါ။

၎။ .apk File ကို Install မလုပ်တတ်တဲ့ သူတွေက ဒီနေရာလေးမှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။



အဆင့် ၁။ Setting ကို သွားပြီး My Device ထဲက Display ထဲကို ၀င်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။



Font Style ထဲက Samsung Sans ကို အမှန်ခြစ်ပေးလိုက်ပါ။ အောက်ပါကို ဆက်ကြည့်ပါ။



အဆင့် ၂။ Ifont ထဲကို ၀င်ပါ၊ ပြီးရင် Install ဆိုတဲ့ နေရာကို ၀င်ပါ၊ မှတ်ချက်။   ။ Zawgyi One TTF.apk File ကို မိမိ၏ ဖုန်းမှာ Install လုပ်ပြီးသာ ဖြစ်ရပါမယ်။ .apk File ကို မသုံးချင်ဘူးဆိုရင် .ttf File များလည်း အသုံးပြုနိုင်ပါတယ်။ အောက်ပုံ အတိုင်းပါ။



မိမိ ထည့်သွင်းထားတဲ့ SD Card ထဲက .ttf File များကို Click လိုက်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။




မိမိသည် .apk File (သို့မဟုတ်) .ttf File ပဲသုံးသုံး အပေါ်က အဆင့်ရောက်ပြီးဆိုရင် Set ကို နှိပ်ပေးလိုက်ပါ၊ Dialog Box ပေါ်လာပါလိမ့်မည်၊ ထို Dialog Box ထဲက OK Button လေးကို နှိပ်ပေးလိုက်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။


Dialog Box ထပ်ပေါ်လာလိမ့်မည် ထို Dialog Box ထဲက OK Button လေးကို ထပ်နှိပ်ပေးလိုက်ပါ။ ပြီးရင် မိမိဖုန်းကို Restart ချပေးလိုက်ပါ။ ထိုအတွက် ဖုန်း၏ Power Key ကို ဖိလိုက်ပါ ပေါ်လာတဲ့ Box ထဲ က Restart Button လေးကို နှိပ်ပြီး မိမိဖုန်း Restart ချပေးလိုက်ပါ။



အဆင့် ၃။ Keyboard အတွက် Setting >>My Device က Language and Input ထဲကို ၀င်ပြီး မိမိထည့်သွင်းထားတဲ့ မြန်မာ Keyboard ကို အမှန်ခြစ်ပေးပါ။ ပြင်ပမှ Keyboard ကိုသုံးပါက Password များ၊ Credit Card Number များအတွက်စိတ်မချရကြောင်းအသိပေးလိုက်တာပါ။ သိရှိပါကြောင်းပြောရန် OK Button ကိုနှိပ်လိုက်ပါ။ အောက်ပုံကို ဆက်ကြည့်ပါ။



 ပြီးရင် Keyboards and Input Meethods  နေရာမှာ မိမိထည့်သွင်းလိုက်တဲ့ မြန်မာ Keyboard ကိုရွေးပေးလိုက်ပါ။ အားလုံးအဆင် အဆင်ပြေကြပါစေ။

Ingen kommentarer:

Send en kommentar