lørdag den 28. august 2010

Google Vioce calling Phong


Google Mail မှာ ကဗ္ဘာနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်ပြီဖြစ်သည်။ Internet လောကတွေ Search Engine (ရှာဖွေရေး အင်ဂျင် ) အနေဖြင့် ကမ္ဘာ့ထိတ်တန်း Google ကုမ္ဗဏီက အသုံးပြုသူများအဆင်ပြေအောင် ဝန်ဆောင်မှုများ အကောင်းဆုံးပေးနိုင်ခဲ့သော Google Search Engine သည် ယခု အခါတွင်လည်း Voip Colling Phone အနေဖြင့် Call Phone စီးပွာရေးနယ်ပယ်သို့ ဈေးနှုတ်သက်သာစွာ အသုံးပြုသူများရဲ့ ရှေ့ အရောက်ချပြလာပြီဖြစ်ပါသည်။
ဂူဂဲလ် ကုမ္ပဏီသည် ယမန်နေ့မှ စတင်စမ်းသပ်သုံးစွဲနေပြီး ယနေ့ တရားဝင်ဖွင့်လှစ် ကြေညာလိုက်သည့် ဂူးဂဲလ်၏ ၀န်ဆောင်မှု အသစ်တွင် မိမိ၏ ဂျီမေးလ် အကောင့်မှ နိုင်ငံအသီးသီးရှိ ကြိုးဖုန်း (landline phone)၊ မိုဘိုင်းဖုန်းများသို့ ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ယခုစတင်လိုက်သည့် ၀န်ဆောင်မှု အသစ်ဖြင့်
အမေရိကန်နှင့် ကနေဒါနိုင်ငံများသို့ အခမဲ့ခေါ်ဆိုနိုင်မည် ဖြစ်ပြီး အခြားနိုင်ငံ အသီးသီးသို့ ခေါ်ဆိုမှု နှုန်းထားများကိုမူ ဂူးဂဲလ်ဝက်ဆိုက် https://www.google.com/voice/rates တွင်ကြည့်ရှုနိုင်သည်။
မြန်မာနိုင်ငံရှိ ဖုန်းများသို့ ခေါ်ဆိုပါက တစ်မိနစ် ၃၅ ဆင့်(ကျပ် ၃၅၀ ၀န်းကျင်) ကျသင့်မည်ဖြစ်သည်။ စင်္ကာပူသို့ခေါ်ဆိုလျင် ၂ဆင့်(၂၀ ကျပ်ဝန်းကျင်) သာကျသင့်မည်ဟု သိရသည်။
ယခုဝန်ဆောင်မှုကို သုံးစွဲလိုပါက ရှေးဦးစွာ မိမိဂျီမေးလ် စဖွင့်သည့်အခါ ၀န်ဆောင်မှု အသစ်ကို သုံးစွဲလိုခြင်းရှိမရှိ မေးမြန်းသည့် မေးခွန်းပေါ်လာမည်ဖြစ်သည်။ ထို မေးခွန်းမေးသည့် new! make phone call from Gmail အားကလစ်လုပ်ပြီးနောက်ဂျီမေးလ်၏ voice and video chat ဆော့ဝဲကိုအင်စတောလ်
လုပ်ရမည် ဖြစ်သည်။ အင်စတောလ် လုပ်ပြီးနောက်တွင် အင်တာနက် ဘရောက်ဆာအား တကြိမ်ပိတ်ပြီး ပြန်ဖွင့်သည်မှ စတင်ကာ သုံးစွဲနိုင်ပြီဖြစ်သည်။



အသေးစိတ်သိချင်ပါက ဒီနေရာမှာ လင့်ကနေသွားရောက် လေ့လာနိုင်ပါသည်

Ingen kommentarer:

Send en kommentar