mandag den 24. maj 2010

ကမ္ဘာ့ဖလားပွဲတွင် ဆူပူသောင်းကျန်းမှု ကင်းစင်ရေး ဆွေးနွေး

လာမည့်လ တောင်အာဖရိကတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲသို့ လာရောက်အားပေးကြမည့် ပရိသတ်ထဲတွင်

ရောထွေး ပါဝင်လာ မည့် ဆူပူသောင်းကျန်းသူများအား စောင့်ကြည့်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အစီအစဉ်များ ချမှတ်ထားကြောင်း တောင်အာဖရိက ပြည်ထဲရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အာဂျင်တီးနားနိုင်ငံနှင့် လည်းကောင်း၊ တောင်အာဖရိက သတင်းစာအသင်းနှင့် လည်းကောင်း ညှိနှိုင်းတိုင်ပင်၍ ၄င်းတို့ထံမှ ဘောလုံးပွဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆူပူသောင်းကျန်းမှုများ ပြုလုပ်လေ့ရှိသူများ၏ စာရင်းများကို ရရှိထားပြီဖြစ်ကြောင်း ၄င်းကပြောဆိုသည်။ အချို့နိုင်ငံများတွင် ၄င်းဆူပူသောင်းကျန်းသူများအား ပြဿနာတစုံတရာ မပေါ်လျှင် ဖမ်းဆီး ထိန်းသိမ်းစောင့်ရှောက်ခြင်း မပြုရန် ဥပဒေအရ တားမြစ်ထားသည်ကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သေချာစွာ စောင့်ကြည့်ပြီးလျှင် နှောင့်နှေးမှုမရှိဘဲ အခြေအနေကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

Ingen kommentarer:

Send en kommentar