fredag den 9. april 2010

Hard Disk ရဲ့ကျန်းမာရေးကိုဂရုစိုက်ဖို့လိုတယ်

ကိုယ်ရဲ့ အရေးကြီး Data တွေကိုထည့်ထားတဲ့ Hard Disk ကိုတော့ကျွန်တော်တို့တွေဂရုစိုက်ရပါလိမ့်
မယ်။ဘာကြောင့်လဲဆိုတော့ ပစ္စည်းတွေဆိုတာပျက်သွားရင် ပိုက်ဆံနဲ့ပေးပြီး ပြန်ဝယ်လို့ရပါတယ်။အ
နှစ်နှစ်အလလက ကိုယ့်ရဲ့အရေးကြီးလုပ်ငန်း Data တွေပျက်သွားရင်ဘယ်မှာမှ ပိုက်ဆံပေးပြီးဝယ်လို့
မရနိုင်ပါဘူး။
ဖြစ်နိုင်ရင်ကိုယ်ရဲ့ အရေးကြီး Data တွေကို ပုံမှန် Backup လုပ်တဲ့အကျင့်ကို ကျင့်သုံးစေချင်ပါတယ်။
ပစ္စည်းဆိုတာက မပျက်ဘူးဆိုတာ မရှိနိုင်ပါဘူး။Data Backup မလုပ်ထားမိတဲ့အချိန်မှာ Hard Disk
ပျက်သွားခဲ့ရင် Hard Disk ၀ယ်ခဲ့တဲ့ဆိုင်ကိုလည်း အပြစ်တင်လို့မရသလို၊ကိုယ့်စက်ကိုService လုပ်
ပေးတဲ့ Technician ကိုလည်းအပြစ်တင်လို့မရပါဘူး။
ဒါဆိုရင်ကိုယ်ရဲ့ Hard Disk ကျန်းမာရေးကိုမပြတ် Check နေဖို့လိုတာပေါ့။လွယ်လွယ်လေးပါပဲ။ပထ
ဦးဆုံးအနေနဲ့ Hard Disk ကို Check Diskအရင် Run ကြည့်ရပါမယ်။နည်းလမ်းတွေအများကြီးရှိတဲ့
အထဲက ပိုပြီးမြန်ဆန်အောင် Command Line ထဲမှာကျွန်တော် Run ပြသွားပါမယ်။
Start >> Run ထဲကိုသွားပါ။cmd လို့ရိုက်ပြီး command line ထဲကိုသွားပါ။ Command Line ထဲ
ရောက်တဲ့အခါ Chkdsk ဆိုပြီးရိုက်ပါ။
Photobucket
အဆင့်သုံးဆင့် Run တာကိုခဏ စောင့်ပေးရပါလိမ့်မယ်။Run ပြီးသွားတဲ့အခါ အခြေအနေကို ဖေါ်ပြ
ပေးပါလိမ့်မယ်။အနီအ၀ိုင်းကြီး ၀ိုင်းပြထားတာကိုကြည့်ပါ။ဒီအခြေအနေဟာဆိုရင်Hard Disk ရဲ့ကျန်း
မာရေးဟာ ကောင်းတဲ့အနေထားမှာ ရှိနေပါသေးတယ်။အဓိက Hard Disk ကိုဒုက္ခပေးနိုင်တာက
Bad Sectors တွေပါ။Bad Sectors တွေဖြစ်လာပြီဆိုရင် Windows မတက်တော့တာလဲဖြစ်နိုင်သ
လို၊ စက်တွေလေးလာတာတွေလည်းဖြစ်နိုင်ပါတယ်။နောက်ဆုံး Hard Disk ပါပျက်သွားနိုင်တဲ့အခြေ
အနေမှာပါရှိပါတယ်။
တကယ်လို့ကျွန်တော်တို့ Check Disk Run လိုက်တဲ့နေရာမှာ File Corrupt error တွေ၊Bad Sector
တွေရှိတယ်ဆိုရင် ကျွန်တော်တို့ဘယ်လိုပြန်ပြုပြင်မလဲ။Hard Disk ပျက်တဲ့အချိန်ကိုပဲထိုင်စောင့်နေရ
မှာလား။မဟုတ်ပါဘူး ပြုပြင်လို့ရမယ့်နည်းလမ်းတွေရှိပါတယ်။
ဥပမာ ဒီလို error မျိုးပါ။
Photobucket
ဒီလို error မျိုးတွေ့လာရပြီဆိုရင်တော့ Windows အတက်နှေးတာတွေ၊စက်လေးတာတွေမျိုးကြုံရ
ပါလိမ့်မယ်။ဒီ error ကိုဘယ်လိုဖြေရှင်းရမလဲဆိုရင်တော့....
source:it- Media

Ingen kommentarer:

Send en kommentar